Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ ဆုံးရှုံးမှုတန်ဖိုး အကြီးဆုံး မတော်တဆမှုကြီး ၁၂ ခု

by Thutamm
October 9, 2019
Reading Time: 2min read
0
ကမ္ဘာ့ ဆုံးရှုံးမှုတန်ဖိုး အကြီးဆုံး မတော်တဆမှုကြီး ၁၂ ခု
Share on FacebookShare on Twitter

(Unicode)

သမိုင်းတလျှောက်မှာ ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ အတူ ဆိုးရွားတဲ့ မတော်တဆမှုပေါင်းများစွာ ဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုမတော်တဆမှုတွေကနေ ဆုံးရှုံးလိုက်ရတဲ့ တန်ဖိုးအကြီးဆုံးအရာတွေကတော့ လူ့အသက်တွေဖြစ်ပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်ဆုံးရှုံးမှုတန်ဖိုးနဲ့တွက်ရင်တော့ အခုမျှဝေပေးမယ့် အောက်ပါ မတော်တဆမှု ၁၀ ခုက အကြီးမားဆုံးလို့ ဆိုရပါမယ်။

၁၂။ တိုက်တန်းနစ်သင်္ဘောနစ်မြုပ်မှု (ဒေါ်လာ သန်း ၁၅၀)

တိုက်တန်းနစ်သင်္ဘောကြီး အကြောင်းကတော့ အားလုံးသိပြီးဖြစ်မှာပါ။ အင်္ဂလန်နိုင်ငံ ဆောက်သမ်တန်ကနေ အမေရိကန် နယူးယောက်ကို လာတဲ့လမ်းမှာ မမျှော်လင့်ပဲ နစ်မြုပ်ခဲ့ရတာဖြစ်ပါတယ်။ ဒီနစ်မြုပ်မှုကြောင့် လူပေါင်း ၁၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ကျန်တာတွေကို ဖယ်ပြီး သင်္ဘောတစ်စီးတည်းရဲ့ တန်ဖိုးတင် အဲဒီခေတ်က ဂရိတ်ဗြိတိန်ပေါင် ၁.၅သန်းခန့် ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ အဲဒီတန်ဖိုးကို အခုခေတ်ဈေးနှုန်းနဲ့ တွက်ရင် ဒေါ်လာ သန်း ၁၅၀ ခန့် ကုန်ကျမှာဖြစ်ပါတယ်။

၁၁။ Wiehltal တံတားပေါ်က လောင်စာဆီတင်ကား ပေါက်ကွဲမှု (ဒေါ်လာ ၃၅၈သန်း)

၂၀၀၄ ခုနှစ် ၊ သြဂုတ်လ ၂၃ ရက်နေ့ မနက် ၁၀း၄၀ နာရီ အချိန်မှာ ဂျာမနီနိုင်ငံရဲ့ ဆုံးရှုံးမှုအကြီးဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ Wiehltal အဝေးပြေးတံတားပေါ်မှာ ကားတစ်စီး နဲ့ လောင်စာဆီကားတစ်စီး တို့ မတော်တဆတိုက်မိခဲ့တဲ့ ဖြစ်ရပ်ပါ။ လောင်စာဆီ ၃၂၀၀၀ တင်ထားတဲ့ ကားပေါက်ကွဲမှုဟာ အလွန်အမင်း ပြင်းထန်ခဲ့ပြီး တံတားကြီးကို ဆိုးဆိုးရွားရွားပျက်စီးစေခဲ့ပါတယ်။ ဒီတံတားပျက်စီးမှုကို ပြန်ပြင်ရာမှာ လက်ရှိဈေးနှုန်းနဲ့တွက်ရင် ဒေါ်လာ ၃၅၈သန်း ကုန်ကျခဲ့တာဖြစ်ပါတယ်။

၁၀။ Chatsworth ရထားတိုက်မှု (ဒေါ်လာ သန်း ၅၀၀ )

Chatsworth ဆိုတာ အင်္ဂလန်နိုင်ငံ ဒါဘီရှိုင်းယားနယ်မြေက ရွာတစ်ရွာဖြစ်ပါတယ်။ အဲဒီရွာအနီးမှာ ၂၀၀၈ခုနှစ်က ရထားအချင်းချင်း ဆိုးရွားစွာ တိုက်ခဲ့တဲ့ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ကုန်တင်ရထားနဲ့ Metrolink လူစီးရထားတို့ တိုက်မိကြတာဖြစ်ပါတယ်။ Metrolink ရထားက အချက်ပြမီး red signal ကို လစ်လျူရှု့ခဲ့မိသလို ကုန်တင်ရထား operator ကလည်း အဝင်မတ်ဆေ့တွေနဲ့ အလုပ်ရှုပ်နေခဲ့လို့ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လူပေါင်း ၂၅ယောက်အသက်ဆုံးခဲ့ရသလို ရထားဆုံးရှုံးမှု တန်ဖိုးအနေနဲ့တွက်ရင်လည်း ဒေါ်လာ သန်း ၅၀၀ ခန့် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

၉။ B-2 ရေဒါပျောက် ဗုံးကြဲလေယာဉ် ပျက်ကျမှု ( ဒေါ်လာ ၁.၄ဘီလျံ)

ဒီဖြစ်ရပ်ကတော့ အမေရိကန်ရဲ့ လေတပ်အခြေစိုက်စခန်းတစ်ခုဖြစ်တဲ့ ဂူအမ်ကျွန်းမှာ ၂၀၀၈ခုနှစ်တုန်းက ဖြစ်ပွားခဲ့တာပါ။ ယခုအချိန်အထိ ၂၁စင်းသာ ထုတ်လုပ်ရသေးတဲ့ အမေရိကန်ရဲ့ နာမည်ကျော် B2 အမျိုးအစား Spirit of Kansas လို့ခေါ်တဲ့ ဗုံးကြဲလေယာဉ်ဟာ လေယာဉ်ပြေးလမ်းအတက်မှာတင် ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်မှူးကတော့ ခုန်ထွက်နိုင်ခဲ့တဲ့ အတွက် အသက်အန္တရာယ်က လွတ်မြောက်ခဲ့ပေမယ့် ဒီလေယာဉ်အတွက် ဆုံးရှုံးလိုက်ရတဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁.၄ဘီလျံ ဖြစ်ပါတယ်။ ဒါဟာ လေယာဉ်ပျံသန်းမှု သမိုင်းမှာ ဈေးအကြီးဆုံး ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်။

၈။ Exxon Valdez သင်္ဘော ရေနံယိုစိမ့်မှု (ဒေါ်လာ ၂.၅ ဘီလျံ)

ဒီမတော်တဆမှုကတော့ ၁၉၈၉ခုနှစ်က အမေရိကန် အလက်စကားပင်လယ်ကွေ့ အနီးက Prince William Sound တဝိုက်မှာဖြစ်ပွားခဲ့တာပါ။ Tanker Exxon Valdez သင်္ဘောဟာ ကျောက်ဆောင်ပေါ်တင်မိပြီး သင်္ဘောဝမ်းဗိုက်ဘေးက ပေါက်သွားလို့ ရေနံစိမ်း ဂါလံပေါင်း ၁၁သန်းခန့်ဟာ ယိုထွက်သွားခဲ့ပြီး  မိုင်ပေါင်း ၁၃၀၀ လောက်ရှိတဲ့ ကမ်းခြေ နဲ့ စတုရန်းမိုင်ပေါင်း ၁၁၀၀၀ ရှိတဲ့ ပင်လယ်ပြင်ကို ညစ်ညမ်းပျက်စီးစေခဲ့ပါတယ်။ လူသားတို့ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေထဲက အဆိုးဆုံးဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ခဲ့ပြီး ဒါကိုပြန်လည်သန့်စင်စေဖို့အတွက် Exxon ရေနံကုမ္ပဏီဟာ ဒေါ်လာ ၂.၅ဘီလျံခန့် ကုန်ကျခဲ့ရပါတယ်။

၇။ Piper Alpha ရေနံတွင်းပေါက်ကွဲပျက်စီးမှု (ဒေါ်လာ ၃.၄ဘီလျံ)

Piper Alpha ရေနံတွင်းကတော့ စကော့တလန်နိုင်ငံ အဘားဒင်းမြို့နဲ့ မိုင် ၁၂၀ အကွာ မြောက်ပင်လယ်ထဲမှာရှိတဲ့ ရေနံတွင်းဖြစ်ပြီး တူးဖော်သူက အမေရိကန်ရေနံကုမ္ပဏီ OXY ဖြစ်ပါတယ်။ ရေနံ နဲ့ ဓာတ်ငွေ့လောကရဲ့ သမိုင်းတလျှောက် အကြီးဆုံး ဒီပေါက်ကွဲမှုကြီးဟာ မတော်တဆမှုလေးတစ်ခုကနေ ဖြစ်ခဲ့တာပါ။ ဝန်ထမ်းအချင်းချင်း တာဝန်တိကျစွာမလွှဲခဲ့တာကြောင့်ဖြစ်ပြီး နောက်အလှည့်ကျတဲ့ဝန်ထမ်းဟာ ပထမဝန်ထမ်း လုပ်သွားခဲ့တဲ့အကြောင်းကို သေချာစွာ မသိခဲ့ပါဘူး။

ဒါကြောင့်လည်း သူ့အလှည့်မှာ ပထမဝန်ထမ်းပြင်ဆင်ခဲ့တဲ့ pump ကိုပြောင်းမောင်းရာကနေ သေသေချာချာ တပ်ဆင်ထားခြင်း မရှိတဲ့ ယာယီသံပြားက တစ်ဆင့် ဓာတ်ငွေ့တွေထွက်လာပြီးနောက် spark နဲ့ထိတွေ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရေနံတွင်းတစ်ခုလုံး ပေါက်ကွဲခဲ့ရတာဖြစ်ပါတယ်။ ၁၉၈၈ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်မှာ လူပေါင်း ၁၆၇ဦး သေဆုံးခဲ့သလို အဲဒီတုန်းက အကြီးဆုံးရေနံတွင်းဖြစ်ခဲ့တဲ့ Piper Alpha အတွက်ဆုံးရှုံးမှုတန်ဖိုးက ဒေါ်လာ ၃.၄ ဘီလျံ ဖြစ်ပါတယ်။

၆။ Challenger အာကာသယာဉ်ကြီး ပေါက်ကွဲပျက်ကျမှု (ဒေါ်လာ ၅.၅ဘီလျံ)

အမေရိကန် နာဆာရဲ့ အာကာသယာဉ် Challenger ပေါက်ကွဲမှုဟာ ၁၉၈၆ ခုနှစ် ဇန်နဝါရီ ၂၈ရက်နေ့ မှာ ဖြစ်ပွားခဲ့တာပါ။ လွှတ်တင်ပြီး ၇၃စက္ကန့်အကြာမှာပေါက်ကွဲခဲ့တာ ဖြစ်ပြီး ပေါက်ကွဲမှုနဲ့အတူ လိုက်ပါသွားခဲ့တဲ့ ဝန်ထမ်း ၇ယောက်လုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အရမ်းအေးတဲ့အချိန်ဖြစ်ပြီး လွှတ်တင်ခဲ့တဲ့ Booster ဒုံးပျံဟာ O-ring လို့ခေါ်တဲ့ Joint တစ်ခု fail ဖြစ်ရာကစလို့ ဒီပေါက်ကွဲမှုကြီးဟာ ဖြစ်ပေါ်ခဲ့ရတာပါ။ အာကာသယာဉ်ပြန်လည်အစားထိုးခြင်း နဲ့ ဆုံးရှုံးမှုပြင်ဆင်စရိတ်အတွက် စုစုပေါင်းကုန်ကျမှုကတော့ ဒေါ်လာ ၅.၅ဘီလျံ ဖြစ်ပါတယ်။

၅။ Tianjin ဆိပ်ကမ်းပေါက်ကွဲမှု ( ၉ဘီလျံ)

ဒီဖြစ်ရပ်ကတော့ ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ရက်နေ့တုန်းက တရုတ်နိုင်ငံ Tianjin ဆိပ်ကမ်းမှာ ဖြစ်ပွားခဲ့ခြင်းပါ။ အန္တရာယ်ရှိတဲ့ နိုက်ထြိုဆဲလူးလို့စ် Nitrocellulose လို ဓာတု ပစ္စည်းတွေ သိုလှောင်ရာ ကုန်လှောင်ရုံ တစ်ခုမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးတောက် မီးလျှံတွေဟာ အာကာသကနေ လှမ်းမြင်ရနိုင်တဲ့အထိ ကြီးမားခဲ့ပါတယ်။ ပထမဆုံး နှစ်ကြိမ် စက္ကန့် ၃၀ အတွင်းပေါက်ကွဲခဲ့ပြီး နောက် ဒုတိယအကြိမ်မှာတော့ အမိုနီယမ်နိုက်တြိတ်တန် ၈၀၀ ထပ်မံပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးလောင်မှုကို ရက်သတ္တပတ်ကြာမြင့်တဲ့ အထိ ငြိမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။ နောက် ၃ရက်အကြာမှာတော့ ပေါက်ကွဲမှုပေါင်း ၈ကြိမ်ထပ်ဖြစ်ပါသေးတယ်။

ဒီပေါက်ကွဲမှုကြောင့် လူပေါင်း ၁၆၅ယောက်သေဆုံးကာ ၈ယောက်ပျောက်ဆုံး ၇၉၈ယောက် ဒါဏ်ရာရခဲ့ပါတယ်။ ပစ္စည်းဆုံးရှုံးမှုအနေနဲ့ကတော့ အဆောက်အအုံပေါင်း ၃၀၄လုံး ၊ ကားစီးရေ ၁၂၀၀၀ကျော် ၊ ကွန်တိန်နာပေါင်း ၇၅၀၀ကျော် ပျက်စီးခဲ့ရပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးကတော့ ဒေါ်လာ ၉ ဘီလျံ ဖြစ်ပါတယ်။

၄။  Prestige ရေနံယိုစိမ့်မှု (ဒေါ်လာ ၁၂ဘီလျံ)

၂၀၀၂ခုနှစ် နိုဝင်ဘာလမှာ လောင်စာဆီတင်သင်္ဘောတစ်စီးဖြစ်တဲ့ Prestige သင်္ဘောဟာ စပိန်နိုင်ငံ Galicia အငူမှာ နစ်မြုပ်ရာကနေ ဒီဆုံးရှုံးမှုကြီး ဖြစ်လာခဲ့တာပါ။ အဲဒီတုန်းက ဒီသင်္ဘောဟာ လောင်စာဆီတန်ပေါင်း ၇၇၀၀၀ ခန့်ကို သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ မုန်တိုင်းတစ်ခုနဲ့ တွေ့ရာကနေ နစ်မြုပ်ခဲ့ရတဲ့ ဒီသင်္ဘောဟာ ရေနံဆီဂါလံပေါင်း ၁၇.၈သန်းခန့်ကို ပင်လယ်ပြင်ထဲ ကျရောက်သွားစေခဲ့ပါတယ်။ ပင်လယ်ပြင်ရဲ့ မိုင်ထောင်ပေါင်းများစွာအကျယ်ကို ညစ်ညမ်းသွားစေခဲ့သလို စပိန် ၊ ပေါ်တူဂီ နဲ့ ပြင်သစ်က ကမ်းခြေ ၁ထောင်ကျော်ဟာလည်း ညစ်ညမ်းခဲ့ရပါတယ်။ ဒီအတွက် ပင်လယ်ပြင် ပြန်လည်သန့်ရှင်းမှု ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁၂ဘီလျံ ဖြစ်ပါတယ်။

၃။ ကိုလံဘီယာ အာကာသယာဉ်ပေါက်ကွဲမှု ( ဒေါ်လာ ၁၃ ဘီလျံ)

နာဆာရဲ့ နောက်ထပ်အာကာသယာဉ်တစ်စီးဖြစ်တဲ့ ကိုလံဘီယာအာကာသယာဉ်ဟာလည်း ၂၀၀၃ခုနှစ်မှာ ပေါက်ကွဲပျက်ကျခဲ့ရပြန်ပါတယ်။ ဒီဖြစ်စဉ်မှာလည်း အာကာသယာဉ် Challenger ပေါက်ကွဲမှုမှာလိုပဲ ဝန်ထမ်း ၇ဦး ထပ်မံသေဆုံးခဲ့ရပြန်ပါတယ်။ တောင်ပံမှာဖြစ်နေတဲ့ အပေါက်တစ်ပေါက်ကြောင့် အာကာသအတွင်း ကမ္ဘာပတ်လမ်းကြောင်းမှာ တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ဒီအာကာသယာဉ်ဟာ ပေါက်ကွဲခဲ့ရတာဖြစ်ပါတယ်။ အမေရိကန်လေကြောင်းအဖွဲ့အစည်းရဲ့ တွက်ချက်မှုအရ ဒီပေါက်ကွဲမှုရဲ့ဆုံးရှုံးမှုတန်ဖိုးဟာ ဒေါ်လာ ၁၃ဘီလျံ ဖြစ်ပါတယ်။

၂။ BP ရေနံတူးစင် ပျက်စီး ဆီယိုဖိတ်မှု (၁၈.၇ ဘီလျံ)

ရေနံ နဲ့ ဓာတ်ငွေ့လောက သမိုင်းတလျှောက်အကြီးဆုံး ဆုံးရှုံးမှုကြီးကတော့ ဗြိတိသျှရေနံတူးဖော်ရေး ကုမ္ပဏီ BP ရဲ့ဆီယိုဖိတ်မှု ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ဧပြီလမှာ မက္ကဆီကိုပင်လယ်ကွေ့မှာရှိတဲ့ ရေနံတွင်းတူးစင် Deep Water Horizon ဟာ မီးလောင်ပျက်စီးခဲ့ပြီး လူ ၁၁ဦး သေဆုံးခဲ့ပါတယ်။ ရလာဒ်အနေနဲ့ကတော့ ပင်လယ်ထဲကို ဆီယိုဖိတ်မှုဖြစ်ကာ ဆီဂါလံပေါင်း US ဂါလံ သန်း ၂၁၀ခန့်ဟာ ပင်လယ်ရေပြင်ကို ညစ်ညမ်းစေခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ငါးဖမ်းလုပ်ငန်းတွေနဲ့ ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းတွေဟာ ၄လခန့် ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။ ပင်လယ်ရေပြင်ကို ပြန်လည်သန့်စင်ရာမှာ ကုန်ကျခဲ့တဲ့ BP ကုမ္ပဏီပေးဆောင်ခဲ့ရတဲ့ စုစုပေါင်းကုန်ကျစရိတ်က ဒေါ်လာ ၁၈.၇ ဘီလျံ ဖြစ်ပါတယ်။

၁။ ချာနိုဘိုင်း နျူကလီးယားပေါက်ကွဲမှု (ဒေါ်လာ ၂၀၀ ဘီလျံ)

ယခင်ကဆိုဗီယက်ပြည်ထောင်စုဝင် ယူကရိန်း နိုင်ငံမှာ ရှိခဲ့တဲ့ ဒီကမ္ဘာ့အဆိုးရွားဆုံး နျူကလီးယားပေါက်ကွဲမှုကြီးဟာ ၁၉၈၆ခုနှစ်မှာ ဖြစ်ပွားခဲ့တာပါ။ Operatorများ ရဲ့ပေါ့ဆမှုကြောင့် ရုတ်တရက်ဓါတ်အားမြင့် တက်လာပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ စက်ရုံမီးလောင်မှုဖြစ်ပွားပြီး အပူချိန်ကြောင့် နျူကလီးယား လောင်စာ ( Reactor core ) မှာ အရည်ပျော်သွားခဲ့ပြီး ခန့်မှန်းခြေရေဒီယိုသတ္တုကြွပမာဏ (100 to 150 million curies of radiation) ခန့် လေထဲသို့လွှင့်စဉ်သွားခဲ့ပါတယ်။ လောင်နေတဲ့မီးကို ထိန်းချုပ်ရန် အချိန်- ၂ ပတ်ကြာခဲ့ကြာမြင့်ခဲ့ပြီး အဆိုးရွားဆုံး မတော်တဆမှု ကပ်ဘေးတစ်ခုဖြစ်ခဲ့ပါတယ်။

မတော်တဆမှု မှရေဒီယိုသတ္တုကြွ အမှုန်အမွှားများသည် ယူကရိန်း , ဘီလာရပ် , နှင့် ရရှား နိုင်ငံများထိပျံ့နှံခဲ့ရာ ထိုအချိန်ကလူဦးရေ – ၂ သိန်းကျော်အားဘေးလွတ်ရာသို့ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။ ယူကရိန်း နှင့် ဘီလာရပ် ဒေသများမှ လယ်မြေများစွာပျက်စီးခဲ့ရသလို လေထဲ ၊ရေထဲမှသတ္တုကြွ အမှုန်အမွှားများကြောင့် လူပေါင်း ၁သန်းကျေ်ာဟာ ဝေဒနာခံစားခဲ့ရပါတယ်။ ဓာတ်ပေါင်းဖိုရဲ့ မူလတန်ဖိုးက ၂ဘီလျံသာ ရှိခဲ့ပေမယ့် ပြန်လည်ထူထောင်ခြင်း ၊ ညစ်ညမ်းမှုများကိုသန့်စင်ခြင်း နှင့် လျှော်ကြေးပေးဆောင်မှုများနဲ့ ပေါင်းလိုက်တဲ့အခါမှာ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးဟာ ဒေါ်လာ ၂၀၀ ဘီလျံ ခန့်ဖြစ်သွားပါတယ်။

(Zawgyi)

ကမာၻ႔ ဆုံးရႈံးမႈတန္ဖိုး အႀကီးဆုံး မေတာ္တဆမႈႀကီး ၁၂ ခု

သမိုင္းတေလွ်ာက္မွာ ႀကီးမားတဲ့ဆုံးရႈံးမႈေတြနဲ႔ အတူ ဆိုး႐ြားတဲ့ မေတာ္တဆမႈေပါင္းမ်ားစြာ ျဖစ္ခဲ့ဖူးပါတယ္။ ဒီလိုမေတာ္တဆမႈေတြကေန ဆုံးရႈံးလိုက္ရတဲ့ တန္ဖိုးအႀကီးဆုံးအရာေတြကေတာ့ လူ႔အသက္ေတြျဖစ္ပါတယ္။ ဒါေပမယ့္ ကုန္က်စရိတ္ဆုံးရႈံးမႈတန္ဖိုးနဲ႔တြက္ရင္ေတာ့ အခုမွ်ေဝေပးမယ့္ ေအာက္ပါ မေတာ္တဆမႈ ၁၀ ခုက အႀကီးမားဆုံးလို႔ ဆိုရပါမယ္။

၁၂။ တိုက္တန္းနစ္သေဘၤာနစ္ျမဳပ္မႈ (ေဒၚလာ သန္း ၁၅၀)

တိုက္တန္းနစ္သေဘၤာႀကီး အေၾကာင္းကေတာ့ အားလုံးသိၿပီးျဖစ္မွာပါ။ အဂၤလန္ႏိုင္ငံ ေဆာက္သမ္တန္ကေန အေမရိကန္ နယူးေယာက္ကို လာတဲ့လမ္းမွာ မေမွ်ာ္လင့္ပဲ နစ္ျမဳပ္ခဲ့ရတာျဖစ္ပါတယ္။ ဒီနစ္ျမဳပ္မႈေၾကာင့္ လူေပါင္း ၁၅၀၀ ေက်ာ္ အသက္ဆုံးရႈံးခဲ့ရပါတယ္။ က်န္တာေတြကို ဖယ္ၿပီး သေဘၤာတစ္စီးတည္းရဲ႕ တန္ဖိုးတင္ အဲဒီေခတ္က ဂရိတ္ၿဗိတိန္ေပါင္ ၁.၅သန္းခန႔္ ဆုံးရႈံးခဲ့တာျဖစ္ပါတယ္။ အဲဒီတန္ဖိုးကို အခုေခတ္ေဈးႏႈန္းနဲ႔ တြက္ရင္ ေဒၚလာ သန္း ၁၅၀ ခန႔္ ကုန္က်မွာျဖစ္ပါတယ္။

၁၁။ Wiehltal တံတားေပၚက ေလာင္စာဆီတင္ကား ေပါက္ကြဲမႈ (ေဒၚလာ ၃၅၈သန္း)

၂၀၀၄ ခုႏွစ္ ၊ ၾသဂုတ္လ ၂၃ ရက္ေန႔ မနက္ ၁၀း၄၀ နာရီ အခ်ိန္မွာ ဂ်ာမနီႏိုင္ငံရဲ႕ ဆုံးရႈံးမႈအႀကီးဆုံး ျဖစ္ရပ္တစ္ခု ျဖစ္ခဲ့ပါတယ္။ အဲဒါကေတာ့ Wiehltal အေဝးေျပးတံတားေပၚမွာ ကားတစ္စီး နဲ႔ ေလာင္စာဆီကားတစ္စီး တို႔ မေတာ္တဆတိုက္မိခဲ့တဲ့ ျဖစ္ရပ္ပါ။ ေလာင္စာဆီ ၃၂၀၀၀ တင္ထားတဲ့ ကားေပါက္ကြဲမႈဟာ အလြန္အမင္း ျပင္းထန္ခဲ့ၿပီး တံတားႀကီးကို ဆိုးဆိုး႐ြား႐ြားပ်က္စီးေစခဲ့ပါတယ္။ ဒီတံတားပ်က္စီးမႈကို ျပန္ျပင္ရာမွာ လက္ရွိေဈးႏႈန္းနဲ႔တြက္ရင္ ေဒၚလာ ၃၅၈သန္း ကုန္က်ခဲ့တာျဖစ္ပါတယ္။

၁၀။ Chatsworth ရထားတိုက္မႈ (ေဒၚလာ သန္း ၅၀၀ )

Chatsworth ဆိုတာ အဂၤလန္ႏိုင္ငံ ဒါဘီရႈိင္းယားနယ္ေျမက ႐ြာတစ္႐ြာျဖစ္ပါတယ္။ အဲဒီ႐ြာအနီးမွာ ၂၀၀၈ခုႏွစ္က ရထားအခ်င္းခ်င္း ဆိုး႐ြားစြာ တိုက္ခဲ့တဲ့ မေတာ္တဆမႈတစ္ခုျဖစ္ခဲ့ပါတယ္။ ကုန္တင္ရထားနဲ႔ Metrolink လူစီးရထားတို႔ တိုက္မိၾကတာျဖစ္ပါတယ္။ Metrolink ရထားက အခ်က္ျပမီး red signal ကို လစ္လ်ဴရႈ႕ခဲ့မိသလို ကုန္တင္ရထား operator ကလည္း အဝင္မတ္ေဆ့ေတြနဲ႔ အလုပ္ရႈပ္ေနခဲ့လို႔ ျဖစ္ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ လူေပါင္း ၂၅ေယာက္အသက္ဆုံးခဲ့ရသလို ရထားဆုံးရႈံးမႈ တန္ဖိုးအေနနဲ႔တြက္ရင္လည္း ေဒၚလာ သန္း ၅၀၀ ခန႔္ ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။

၉။ B-2 ေရဒါေပ်ာက္ ဗုံးႀကဲေလယာဥ္ ပ်က္က်မႈ ( ေဒၚလာ ၁.၄ဘီလ်ံ)

ဒီျဖစ္ရပ္ကေတာ့ အေမရိကန္ရဲ႕ ေလတပ္အေျခစိုက္စခန္းတစ္ခုျဖစ္တဲ့ ဂူအမ္ကြၽန္းမွာ ၂၀၀၈ခုႏွစ္တုန္းက ျဖစ္ပြားခဲ့တာပါ။ ယခုအခ်ိန္အထိ ၂၁စင္းသာ ထုတ္လုပ္ရေသးတဲ့ အေမရိကန္ရဲ႕ နာမည္ေက်ာ္ B2 အမ်ိဳးအစား Spirit of Kansas လို႔ေခၚတဲ့ ဗုံးႀကဲေလယာဥ္ဟာ ေလယာဥ္ေျပးလမ္းအတက္မွာတင္ ပ်က္က်ခဲ့တာျဖစ္ပါတယ္။ ေလယာဥ္မႉးကေတာ့ ခုန္ထြက္ႏိုင္ခဲ့တဲ့ အတြက္ အသက္အႏၲရာယ္က လြတ္ေျမာက္ခဲ့ေပမယ့္ ဒီေလယာဥ္အတြက္ ဆုံးရႈံးလိုက္ရတဲ့ တန္ဖိုးကေတာ့ အေမရိကန္ေဒၚလာ ၁.၄ဘီလ်ံ ျဖစ္ပါတယ္။ ဒါဟာ ေလယာဥ္ပ်ံသန္းမႈ သမိုင္းမွာ ေဈးအႀကီးဆုံး ဆုံးရႈံးမႈလည္း ျဖစ္ပါတယ္။

၈။ Exxon Valdez သေဘၤာ ေရနံယိုစိမ့္မႈ (ေဒၚလာ ၂.၅ ဘီလ်ံ)

ဒီမေတာ္တဆမႈကေတာ့ ၁၉၈၉ခုႏွစ္က အေမရိကန္ အလက္စကားပင္လယ္ေကြ႕ အနီးက Prince William Sound တဝိုက္မွာျဖစ္ပြားခဲ့တာပါ။ Tanker Exxon Valdez သေဘၤာဟာ ေက်ာက္ေဆာင္ေပၚတင္မိၿပီး သေဘၤာဝမ္းဗိုက္ေဘးက ေပါက္သြားလို႔ ေရနံစိမ္း ဂါလံေပါင္း ၁၁သန္းခန႔္ဟာ ယိုထြက္သြားခဲ့ၿပီး  မိုင္ေပါင္း ၁၃၀၀ ေလာက္ရွိတဲ့ ကမ္းေျခ နဲ႔ စတုရန္းမိုင္ေပါင္း ၁၁၀၀၀ ရွိတဲ့ ပင္လယ္ျပင္ကို ညစ္ညမ္းပ်က္စီးေစခဲ့ပါတယ္။ လူသားတို႔ေၾကာင့္ သဘာဝပတ္ဝန္းက်င္ ပ်က္စီးမႈေတြထဲက အဆိုးဆုံးျဖစ္ရပ္ေတြထဲက တစ္ခုျဖစ္ခဲ့ၿပီး ဒါကိုျပန္လည္သန႔္စင္ေစဖို႔အတြက္ Exxon ေရနံကုမၸဏီဟာ ေဒၚလာ ၂.၅ဘီလ်ံခန႔္ ကုန္က်ခဲ့ရပါတယ္။

၇။ Piper Alpha ေရနံတြင္းေပါက္ကြဲပ်က္စီးမႈ (ေဒၚလာ ၃.၄ဘီလ်ံ)

Piper Alpha ေရနံတြင္းကေတာ့ စေကာ့တလန္ႏိုင္ငံ အဘားဒင္းၿမိဳ႕နဲ႔ မိုင္ ၁၂၀ အကြာ ေျမာက္ပင္လယ္ထဲမွာရွိတဲ့ ေရနံတြင္းျဖစ္ၿပီး တူးေဖာ္သူက အေမရိကန္ေရနံကုမၸဏီ OXY ျဖစ္ပါတယ္။ ေရနံ နဲ႔ ဓာတ္ေငြ႕ေလာကရဲ႕ သမိုင္းတေလွ်ာက္ အႀကီးဆုံး ဒီေပါက္ကြဲမႈႀကီးဟာ မေတာ္တဆမႈေလးတစ္ခုကေန ျဖစ္ခဲ့တာပါ။ ဝန္ထမ္းအခ်င္းခ်င္း တာဝန္တိက်စြာမလႊဲခဲ့တာေၾကာင့္ျဖစ္ၿပီး ေနာက္အလွည့္က်တဲ့ဝန္ထမ္းဟာ ပထမဝန္ထမ္း လုပ္သြားခဲ့တဲ့အေၾကာင္းကို ေသခ်ာစြာ မသိခဲ့ပါဘူး။

ဒါေၾကာင့္လည္း သူ႔အလွည့္မွာ ပထမဝန္ထမ္းျပင္ဆင္ခဲ့တဲ့ pump ကိုေျပာင္းေမာင္းရာကေန ေသေသခ်ာခ်ာ တပ္ဆင္ထားျခင္း မရွိတဲ့ ယာယီသံျပားက တစ္ဆင့္ ဓာတ္ေငြ႕ေတြထြက္လာၿပီးေနာက္ spark နဲ႔ထိေတြ႕ၿပီး မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး ေရနံတြင္းတစ္ခုလုံး ေပါက္ကြဲခဲ့ရတာျဖစ္ပါတယ္။ ၁၉၈၈ခုႏွစ္တုန္းက ျဖစ္ခဲ့တဲ့ ဒီျဖစ္ရပ္မွာ လူေပါင္း ၁၆၇ဦး ေသဆုံးခဲ့သလို အဲဒီတုန္းက အႀကီးဆုံးေရနံတြင္းျဖစ္ခဲ့တဲ့ Piper Alpha အတြက္ဆုံးရႈံးမႈတန္ဖိုးက ေဒၚလာ ၃.၄ ဘီလ်ံ ျဖစ္ပါတယ္။

၆။ Challenger အာကာသယာဥ္ႀကီး ေပါက္ကြဲပ်က္က်မႈ (ေဒၚလာ ၅.၅ဘီလ်ံ)

အေမရိကန္ နာဆာရဲ႕ အာကာသယာဥ္ Challenger ေပါက္ကြဲမႈဟာ ၁၉၈၆ ခုႏွစ္ ဇန္နဝါရီ ၂၈ရက္ေန႔ မွာ ျဖစ္ပြားခဲ့တာပါ။ လႊတ္တင္ၿပီး ၇၃စကၠန႔္အၾကာမွာေပါက္ကြဲခဲ့တာ ျဖစ္ၿပီး ေပါက္ကြဲမႈနဲ႔အတူ လိုက္ပါသြားခဲ့တဲ့ ဝန္ထမ္း ၇ေယာက္လုံး အသက္ဆုံးရႈံးခဲ့ရပါတယ္။ အရမ္းေအးတဲ့အခ်ိန္ျဖစ္ၿပီး လႊတ္တင္ခဲ့တဲ့ Booster ဒုံးပ်ံဟာ O-ring လို႔ေခၚတဲ့ Joint တစ္ခု fail ျဖစ္ရာကစလို႔ ဒီေပါက္ကြဲမႈႀကီးဟာ ျဖစ္ေပၚခဲ့ရတာပါ။ အာကာသယာဥ္ျပန္လည္အစားထိုးျခင္း နဲ႔ ဆုံးရႈံးမႈျပင္ဆင္စရိတ္အတြက္ စုစုေပါင္းကုန္က်မႈကေတာ့ ေဒၚလာ ၅.၅ဘီလ်ံ ျဖစ္ပါတယ္။

၅။ Tianjin ဆိပ္ကမ္းေပါက္ကြဲမႈ ( ၉ဘီလ်ံ)

ဒီျဖစ္ရပ္ကေတာ့ ၂၀၁၅ ခုႏွစ္ ၾသဂုတ္လ ၁၂ရက္ေန႔တုန္းက တ႐ုတ္ႏိုင္ငံ Tianjin ဆိပ္ကမ္းမွာ ျဖစ္ပြားခဲ့ျခင္းပါ။ အႏၲရာယ္ရွိတဲ့ ႏိုက္ႀထိဳဆဲလူးလို႔စ္ Nitrocellulose လို ဓာတု ပစၥည္းေတြ သိုေလွာင္ရာ ကုန္ေလွာင္႐ုံ တစ္ခုမွာ ေပါက္ကြဲမႈေတြ ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး မီးေတာက္ မီးလွ်ံေတြဟာ အာကာသကေန လွမ္းျမင္ရႏိုင္တဲ့အထိ ႀကီးမားခဲ့ပါတယ္။ ပထမဆုံး ႏွစ္ႀကိမ္ စကၠန႔္ ၃၀ အတြင္းေပါက္ကြဲခဲ့ၿပီး ေနာက္ ဒုတိယအႀကိမ္မွာေတာ့ အမိုနီယမ္ႏိုက္ႀတိတ္တန္ ၈၀၀ ထပ္မံေပါက္ကြဲခဲ့ပါတယ္။ ေပါက္ကြဲမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ မီးေလာင္မႈကို ရက္သတၱပတ္ၾကာျမင့္တဲ့ အထိ ၿငိမ္းႏိုင္ျခင္း မရွိခဲ့ပါဘူး။ ေနာက္ ၃ရက္အၾကာမွာေတာ့ ေပါက္ကြဲမႈေပါင္း ၈ႀကိမ္ထပ္ျဖစ္ပါေသးတယ္။

ဒီေပါက္ကြဲမႈေၾကာင့္ လူေပါင္း ၁၆၅ေယာက္ေသဆုံးကာ ၈ေယာက္ေပ်ာက္ဆုံး ၇၉၈ေယာက္ ဒါဏ္ရာရခဲ့ပါတယ္။ ပစၥည္းဆုံးရႈံးမႈအေနနဲ႔ကေတာ့ အေဆာက္အအုံေပါင္း ၃၀၄လုံး ၊ ကားစီးေရ ၁၂၀၀၀ေက်ာ္ ၊ ကြန္တိန္နာေပါင္း ၇၅၀၀ေက်ာ္ ပ်က္စီးခဲ့ရၿပီး စုစုေပါင္းဆုံးရႈံးမႈတန္ဖိုးကေတာ့ ေဒၚလာ ၉ ဘီလ်ံ ျဖစ္ပါတယ္။

၄။  Prestige ေရနံယိုစိမ့္မႈ (ေဒၚလာ ၁၂ဘီလ်ံ)

၂၀၀၂ခုႏွစ္ ႏိုဝင္ဘာလမွာ ေလာင္စာဆီတင္သေဘၤာတစ္စီးျဖစ္တဲ့ Prestige သေဘၤာဟာ စပိန္ႏိုင္ငံ Galicia အငူမွာ နစ္ျမဳပ္ရာကေန ဒီဆုံးရႈံးမႈႀကီး ျဖစ္လာခဲ့တာပါ။ အဲဒီတုန္းက ဒီသေဘၤာဟာ ေလာင္စာဆီတန္ေပါင္း ၇၇၀၀၀ ခန႔္ကို သယ္ေဆာင္လာခဲ့တာျဖစ္ပါတယ္။ မုန္တိုင္းတစ္ခုနဲ႔ ေတြ႕ရာကေန နစ္ျမဳပ္ခဲ့ရတဲ့ ဒီသေဘၤာဟာ ေရနံဆီဂါလံေပါင္း ၁၇.၈သန္းခန႔္ကို ပင္လယ္ျပင္ထဲ က်ေရာက္သြားေစခဲ့ပါတယ္။ ပင္လယ္ျပင္ရဲ႕ မိုင္ေထာင္ေပါင္းမ်ားစြာအက်ယ္ကို ညစ္ညမ္းသြားေစခဲ့သလို စပိန္ ၊ ေပၚတူဂီ နဲ႔ ျပင္သစ္က ကမ္းေျခ ၁ေထာင္ေက်ာ္ဟာလည္း ညစ္ညမ္းခဲ့ရပါတယ္။ ဒီအတြက္ ပင္လယ္ျပင္ ျပန္လည္သန႔္ရွင္းမႈ ကုန္က်စရိတ္ကေတာ့ အေမရိကန္ေဒၚလာ ၁၂ဘီလ်ံ ျဖစ္ပါတယ္။

၃။ ကိုလံဘီယာ အာကာသယာဥ္ေပါက္ကြဲမႈ ( ေဒၚလာ ၁၃ ဘီလ်ံ)

နာဆာရဲ႕ ေနာက္ထပ္အာကာသယာဥ္တစ္စီးျဖစ္တဲ့ ကိုလံဘီယာအာကာသယာဥ္ဟာလည္း ၂၀၀၃ခုႏွစ္မွာ ေပါက္ကြဲပ်က္က်ခဲ့ရျပန္ပါတယ္။ ဒီျဖစ္စဥ္မွာလည္း အာကာသယာဥ္ Challenger ေပါက္ကြဲမႈမွာလိုပဲ ဝန္ထမ္း ၇ဦး ထပ္မံေသဆုံးခဲ့ရျပန္ပါတယ္။ ေတာင္ပံမွာျဖစ္ေနတဲ့ အေပါက္တစ္ေပါက္ေၾကာင့္ အာကာသအတြင္း ကမာၻပတ္လမ္းေၾကာင္းမွာ တာဝန္ထမ္းေဆာင္ၿပီး ျပန္လာတဲ့ ဒီအာကာသယာဥ္ဟာ ေပါက္ကြဲခဲ့ရတာျဖစ္ပါတယ္။ အေမရိကန္ေလေၾကာင္းအဖြဲ႕အစည္းရဲ႕ တြက္ခ်က္မႈအရ ဒီေပါက္ကြဲမႈရဲ႕ဆုံးရႈံးမႈတန္ဖိုးဟာ ေဒၚလာ ၁၃ဘီလ်ံ ျဖစ္ပါတယ္။

၂။ BP ေရနံတူးစင္ ပ်က္စီး ဆီယိုဖိတ္မႈ (၁၈.၇ ဘီလ်ံ)

ေရနံ နဲ႔ ဓာတ္ေငြ႕ေလာက သမိုင္းတေလွ်ာက္အႀကီးဆုံး ဆုံးရႈံးမႈႀကီးကေတာ့ ၿဗိတိသွ်ေရနံတူးေဖာ္ေရး ကုမၸဏီ BP ရဲ႕ဆီယိုဖိတ္မႈ ျဖစ္ပါတယ္။ ၂၀၁၀ ခုႏွစ္ ဧၿပီလမွာ မကၠဆီကိုပင္လယ္ေကြ႕မွာရွိတဲ့ ေရနံတြင္းတူးစင္ Deep Water Horizon ဟာ မီးေလာင္ပ်က္စီးခဲ့ၿပီး လူ ၁၁ဦး ေသဆုံးခဲ့ပါတယ္။ ရလာဒ္အေနနဲ႔ကေတာ့ ပင္လယ္ထဲကို ဆီယိုဖိတ္မႈျဖစ္ကာ ဆီဂါလံေပါင္း US ဂါလံ သန္း ၂၁၀ခန႔္ဟာ ပင္လယ္ေရျပင္ကို ညစ္ညမ္းေစခဲ့ပါတယ္။ ဒီျဖစ္စဥ္ေၾကာင့္ ငါးဖမ္းလုပ္ငန္းေတြနဲ႔ ခရီးသြားလာေရးဝန္ေဆာင္မႈလုပ္ငန္းေတြဟာ ၄လခန႔္ ကေမာက္ကမ ျဖစ္ခဲ့ရပါတယ္။ ပင္လယ္ေရျပင္ကို ျပန္လည္သန႔္စင္ရာမွာ ကုန္က်ခဲ့တဲ့ BP ကုမၸဏီေပးေဆာင္ခဲ့ရတဲ့ စုစုေပါင္းကုန္က်စရိတ္က ေဒၚလာ ၁၈.၇ ဘီလ်ံ ျဖစ္ပါတယ္။

၁။ ခ်ာႏိုဘိုင္း န်ဴကလီးယားေပါက္ကြဲမႈ (ေဒၚလာ ၂၀၀ ဘီလ်ံ)

ယခင္ကဆိုဗီယက္ျပည္ေထာင္စုဝင္ ယူကရိန္း ႏိုင္ငံမွာ ရွိခဲ့တဲ့ ဒီကမာၻ႔အဆိုး႐ြားဆုံး န်ဴကလီးယားေပါက္ကြဲမႈႀကီးဟာ ၁၉၈၆ခုႏွစ္မွာ ျဖစ္ပြားခဲ့တာပါ။ Operatorမ်ား ရဲ႕ေပါ့ဆမႈေၾကာင့္ ႐ုတ္တရက္ဓါတ္အားျမင့္ တက္လာၿပီး ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။ စက္႐ုံမီးေလာင္မႈျဖစ္ပြားၿပီး အပူခ်ိန္ေၾကာင့္ န်ဴကလီးယား ေလာင္စာ ( Reactor core ) မွာ အရည္ေပ်ာ္သြားခဲ့ၿပီး ခန္႔မွန္းေျခေရဒီယိုသတၱဳႂကြပမာဏ (100 to 150 million curies of radiation) ခန္႔ ေလထဲသို႔လႊင့္စဥ္သြားခဲ့ပါတယ္။ ေလာင္ေနတဲ့မီးကို ထိန္းခ်ဳပ္ရန္ အခ်ိန္- ၂ ပတ္ၾကာခဲ့ၾကာျမင့္ခဲ့ၿပီး အဆိုး႐ြားဆုံး မေတာ္တဆမႈ ကပ္ေဘးတစ္ခုျဖစ္ခဲ့ပါတယ္။

မေတာ္တဆမႈ မွေရဒီယိုသတၱဳႂကြ အမႈန္အမႊားမ်ားသည္ ယူကရိန္း , ဘီလာရပ္ , ႏွင့္ ရရွား ႏိုင္ငံမ်ားထိပ်ံ႕ႏွံခဲ့ရာ ထိုအခ်ိန္ကလူဦးေရ – ၂ သိန္းေက်ာ္အားေဘးလြတ္ရာသို႔ေ႐ႊ႕ေျပာင္း ေပးခဲ့ရပါတယ္။ ယူကရိန္း ႏွင့္ ဘီလာရပ္ ေဒသမ်ားမွ လယ္ေျမမ်ားစြာပ်က္စီးခဲ့ရသလို ေလထဲ ၊ေရထဲမွသတၱဳႂကြ အမႈန္အမႊားမ်ားေၾကာင့္ လူေပါင္း ၁သန္းေက်္ာဟာ ေဝဒနာခံစားခဲ့ရပါတယ္။ ဓာတ္ေပါင္းဖိုရဲ႕ မူလတန္ဖိုးက ၂ဘီလ်ံသာ ရွိခဲ့ေပမယ့္ ျပန္လည္ထူေထာင္ျခင္း ၊ ညစ္ညမ္းမႈမ်ားကိုသန႔္စင္ျခင္း ႏွင့္ ေလွ်ာ္ေၾကးေပးေဆာင္မႈမ်ားနဲ႔ ေပါင္းလိုက္တဲ့အခါမွာ စုစုေပါင္း ဆုံးရႈံးမႈတန္ဖိုးဟာ ေဒၚလာ ၂၀၀ ဘီလ်ံ ခန႔္ျဖစ္သြားပါတယ္။

သုတဇုန္

 

Tags: world knowledge
Next Post
ရှေးခေတ်ဂျပန်ဘုရင်တွေရဲ့ ယူနက်စကိုစာရင်းဝင် ဂူဗိမာန်များ

ရှေးခေတ်ဂျပန်ဘုရင်တွေရဲ့ ယူနက်စကိုစာရင်းဝင် ဂူဗိမာန်များ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!