ဆန်ဆိုတာကတော့ မြက်မျိုးစိတ်ဝင်အစေ့အဆန်ဖြစ်ပြီး Oryza sativa(အာရှဆန်မျိုးစိတ်)၊ Oryza glaberrima (အာဖရိကဆန်မျိုးစိတ်)ဆိုပြီးရှိကြပါတယ်။ အဓိက ဆန်မျိုးစိတ်ကြီး (၂)မျိုးသာရှိနေတယ်ဆိုပေမယ့် ယင်းမျိုးစိတ်တွေကိုပဲထပ်မံခွဲခြားပြီး ကမ္ဘာတလွှားမှာဆန်အမျိုးအစားပေါင်း (၄၀၀၀၀)ကျော်လောက်အထိကို ရှိနေပြန်ပါတယ်။ ထုတ်လုပ်တဲ့ဆန်ရဲ့(၉၅)ရာခိုင်နှုန်းလောက် အထိကိုလူသားတွေစားသုံးကြတယ်လို့သိရပြီး ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ဟာ ဆန်(ထမင်း) အဓိက စားသုံးသူတွေဖြစ်ပါတယ်။
အဓိကအားဖြင့်တော့ အာရှ ၊ အာဖရိက နဲ့ တောင်အမေရိကဒေသတွေ မှာ ဖြစ်ပါတယ်။ ဆန်ကို ချက်ပြီးထမင်းအဖြစ်နှစ်သက်ရာဟင်းလျာတွေ နဲ့တွဲဖက်စားသုံးကြလေ့ရှိပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာထိပ်တန်း ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ နိုင်ငံ ၇ ခုရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
(၇) မြန်မာ
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာကတည်းက ဆန်စပါးကို အဓိက စိုက်ပျိုး စားသုံးခဲ့ကြပါတယ်။ ဒုတိယ ကမ္ဘာစစ်မဖြစ်မီ ကာလကတည်းက မြန်မာနိုင်ငံဟာ ဆန်စပါးတင်ပို့မှု အများဆုံး နိုင်ငံစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် တောင်သူလယ်သမားတွေဟာ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပေမယ့် ဆန်စပါး စိုက်ပျိုးတင်ပို့မှု စာရင်းမှာ မြန်မာဟာ နံပါတ် ၇ နေရာမှာ ရှိနေဆဲဖြစ်ပါတယ်။ စိုက်ပျိုးရေးဟာ မြန်မာ့စီးပွားရေးထုတ်ကုန်ကဏ္ဍ စုစုပေါင်းရဲ့ ၄ပုံ ၁ပုံခန့်ကို ရရှိနေဆဲဖြစ်ပါတယ်။ ၂၀၁၈-၁၉ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံရဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တန်ချိန်စုစုပေါင်း ၁၃.၂ သန်းခန့်ရှိခဲ့တယ်လို့ သိရပါတယ်။
(၆)ထိုင်း
ထိုင်းနိုင်ငံရဲ့ပြည်နယ်အားလုံးဟာ ဆန်စပါးကို စိုက်ပျိုးကြပါတယ်။ ထိုင်းဆန်ဆိုတဲ့ အမည်နဲ့ကမ္ဘာ့ဈေးကွက်မှာ အခိုင်အမာကိုရပ်တည်နေတာကိုတွေ့ရမှာဖြစ်ပြီး ဂျပန်နိုင်ငံတခုတည်းကိုပင် နှစ်စဉ် ဆန်တန်ချိန်(၁၀၀၀၀၀)လောက် တင်ပို့နေတာကိုတွေ့ရပါတယ်။ ဂျပန်နိုင်ငံကတော့ထိုင်းကတင် ပို့တဲ့ဆန်ကို ခရက်ကာနဲ့ ဝိုင်တွေထုတ်လုပ်ရာမှာ အဓိကထားသုံးစွဲပါတယ်။ထိုင်းအစိုးရကတော့၂၀၂၀ ခုနှစ်အတွင်း ပြည်ပနိုင်ငံတွေကို ဆန်တန်ချိန်(၇)သန်းကနေ(၈)သန်းကြားထုတ်လုပ်တင်ပို့နိုင်ဖို့ ရည်မှန်းထားကြပါတယ်။ ပြည်ပကိုဆန်ထုတ်လုပ်ရောင်းချတဲ့ဝင်ငွေက တင်ထိုင်းနိုင်ငံရဲ့နှစ်စဉ် GDP တန်ဖိုးငွေရဲ့ (၁၅)ရာခိုင်နှုန်းအထိကို နေရာယူထားနိုင်ခဲ့ပါတယ်။ (၂၀၁၈-၂၀၁၉)ခုနှစ်မှာဆိုရင် ထိုင်းနိုင်ငံရဲ့ဆန်ထုတ်လုပ်မှုဟာ မက်ဒရစ်တန်ချိန်(၂၀.၃၄)သန်းအထိကိုရှိ နေတာကိုတွေ့ရပါတယ်။
(၅) ဗီယက်နမ်
ကမ္ဘာ့ထိပ်တန်းဆန်ထုတ်လုပ်တဲ့စာရင်းမှာတော့ အရှေတောင်အာရှက ဗီယက်နမ်ဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။စိုက်ပျိုးသီးနှံကောင်းစွာဖြစ်ထွန်းတဲ့မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမြစ်နီ မြစ်မြောက်ဘက်ပိုင်းဒေသနဲ့နိုင်ငံတောင်ပိုင်းဒေသတွေမှာလယ်ယာမြေများစွာစိုက်ပျိုးကြပါတယ်။ အထူးသဖြင့်မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတဝိုက်မှာရှိတဲ့ပြည်နယ်အားလုံးမှာနေထိုင်ကြတဲ့လူဦး ရေရဲ့ (၈၀)ရာခိုင်နှုန်းခန့်ဟာလယ်သမားတွေဖြစ်ကြပါတယ်။ ဗီယက်နမ်နိုင်ငံစိုက်ပျိုးမြေရဲ့(၈၀) ရာခိုင်နှုန်းလောက်ဟာဆိုရင်စပါးစိုက်ခင်းတွေသာဖြစ်ပြီး (၂၀၁၈/၂၀၁၉)ခုနှစ်ကဆိုရင်ဆန်မက် ဒရစ်တန်ချိန်(၂၇.၇၇)လောက်အထိကိုထုတ်လုပ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ ယင်းအနက်ကတန် ချိန်(၆.၆.)တန်ကိုအိမ်နီးချင်း ဖိလစ်ပိုင်၊တရုတ်နဲ့ အာဖရိကတိုက်နိုင်ငံအချို့ကိုတင်ပို့ရောင်းချ နိုင်ခဲ့ပါတယ်။
(၄) ဘင်္ဂလားဒေ့ရှ်
(၂၀၁၈-၂၀၁၉)ခုနှစ်က ဘင်္ဂလားဒေ့ရှိနိုင်ငံဟာ ဆန်တန်ချိန်ပေါင်း(၃၄.၉၁)သန်းအထိ ထုတ်လုပ် နိုင်ခဲ့ပါတယ်။ဆန်စပါးဟာဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အဓိကစားသောက်ကုန်ဖြစ်သလိုတိုင်းပြည် GDP တန်ဖိုးရဲ့တဝက်လောက်ဟာလည်းဆန်စပါး ရောင်းဝယ်ရေးကနေရရှိနေတာလည်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံစုစုပေါင်းဝင်ငွေရဲ့(၆)ပုံ (၁) ပုံဟာဆိုရင်ဆန်စပါးလုပ်ငန်းကနေရရှိနေတာကိုတွေ့ရမှာဖြစ်ပြီး ကမ္ဘာဈေးကွက်အထိကိုထိုး ဖောက်ဝင်ရောက်နိုင်တာကိုလည်းတွေ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ် ဟာကမ္ဘာအရပ်ရပ်ကိုဆန် ထုတ်လုပ်ရောင်းချနေတာဖြစ်ပြီး (၂၀၁၇)ခုနှစ်ကဆိုရင် သိရိလင်္ကာတနိုင်ငံတည်းကိုပဲ ဆန်တန်ချိန် (၅၀၀၀၀)အထိရောင်းချခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဆန်ထွက်ရှိရာအများ ဆုံးဒေသတွေကတော့ Aman ၊ Boro ၊Aus တို့ဖြစ်ပါတယ်။
(၃) အင်ဒိုနီးရှားနိုင်ငံ
အရှေတောင်အာရှက အင်ဒိုနီးရှားနိုင်ငံဟာဆိုရင် ကမ္ဘာပေါ်မှ ာတတိယမြောက်ဆန်ထုတ်လုပ်မှု အများဆုံးနိုင်ငံတခုအဖြစ်ရှိနေပါတယ်။ နိုင်ငံရဲ့ဆန်စပါးစိုက်ပျိုးရာအများဆုံးဒေသတွေကတော့ ဂျာဗားကျွန်း၊စူမားတြားကျွန်းတို့ဖြစ်ပြီး နိုင်ငံရဲ့ဆန်စပါးထွက်ရှိနှုန်းရဲ့(၆၀)ရာခိုင်နှုန်းလောက်ကို တော့ စူမားတြားကျွန်းကနေထွက်ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့သီးနှံစိုက်ပျိုးသူ(၇၇)ရာခိုင်နှုန်း လောက်ဟာလယ်သမားတွေဖြစ်ကြပြီး စိုက်ပျိုးချိန်အမှန်ရိတ်သိမ်းချိန်အမှန်နဲ့ နှစ်စဉ်အကျိုးအမြတ်များစွာပိုင်ဆိုင်ရလေ့ရှိပါတယ်။
(၂၀၁၈-၂၀၁၉)ခုနှစ်ကဆိုရင် အင်ဒိုနီးရှားနိုင်ငံဟာ ဆန်မက်ဒရစ်တန်ချိန် (၃၆.၇၀)လောက်ကိုထုတ်လုပ်ခဲ့ပါတယ်။ နိုင်ငံရဲ့ဆန်စပါးထုတ်လုပ်ငန်းကို အဓိကနေရာကနေမြင့်တင်ပေးနေသူတွေကတော့ လယ်ယာမြေဧကများစွာပိုင်ဆိုင်တဲ့ လယ်ပိုင် ရှင်ကြီးတွေမဟုတ်ဘဲ တနိုင်တပိုင်စိုက်ပျိုးလုပ်ကိုင်ကြသူတွေသာဖြစ်တယ်လို့ မှတ်တမ်းတွေ အရသိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့(၉၀)ရာခို်င်နှုန်းသောဆန်စပါးထုတ်ကုန်တွေကတော့တနိုင်တပိုင်စိုက်ပျိုးသူလယ်သမားတွေရဲ့လုပ်ငန်းခွင်ကသာရရှိနေတာလည်းဖြစ်ပါတယ်။
(၂)အိန္ဒိယ
(၂၀၁၈-၂၀၁၉)ခုနှစ်က အိန္ဒိယနိုင်ငံရဲ့ဆန်စပါးထုတ်လုပ်မှုအရေအတွက်ဟာမက်ဒရစ်တန်၁၁၆ သန်းကျော်အထိကိုရှိနေခဲ့တာဖြစ်ပါတယ်။ အနောက်ဘန်ဂေါဒေသကတော့ အိန္ဒိယရဲ့အဓိက ဆန်စပါးထွက်ရှိရာပြည်နယ်အဖြစ်ရှိနေပြီး၂၀၁၆ခုနစ်ကဆိုရင် ပြည်နယ်တွင်းရှိနေတဲ့စိုက်ပျိုးမြေ ဟတ်တာသန်းပေါင်း ၅.၄၆ ကနေ ဆန်တန်ချိန်သန်း ၁၅.၇၅ အထိကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဘားစ်မာတီဆန်ထုတ်လုပ်ရောင်းချမှုမှာတော့ အိန္ဒိယဟာကမ္ဘာဈေးကွက်ဦးဆောင်နိုင်တဲ့အထိ ထုတ်လုပ်မှုအားကောင်းခဲ့ပြီး (၂၀၁၈-၂၀၁၉) ခုနှစ်အတွင်းကနေဆိုရင် ဘားစ်မာတီဆန်တန် ချိန်(၄.၄.)သန်းလောက်အထိကိုပြည်ပနိုင်ငံတွေကိုတင်ပို့နိုင်ခဲ့ပါတယ်။
အိန္ဒိယရဲ့နှစ်စဉ်ဆန် ထုတ်လုပ်နိင်တဲ့ပမာဏကတော့ဆန်တန်ချိန်မက်ဒရစ်တန်သန်းပေါင်း(၁၀၀)လောက်ကိုရှိနေပြီး နိုင်ငံလူဦးရေရဲ့ (၆၅)ရာခိုင်နှုန်းလောက်ဟာဆန်စားသုံးသူတွေဖြစ်ကြပါတယ်။ အိန္ဒိယဟာနိုင်ငံရဲ့ အဓိကဝင်ငွေကိုဆန်ထုတ်လုပ်ရောင်းချမှုကနေရရှိနေသလိုအိန္ဒိယနိုင်ငံရဲ့လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူဦးရေဟာ သန်း(၅၀)ကျော်အထိကိုရှိနေပါတယ်။
(၁) တရုတ်
ကမ္ဘာပေါ်မှာ ဆန်ထုတ်လုပ်မှုအများဆုံးနိုင်ငံကတော့ တရုတ်ပြည်သူသမ္မတနိုင်ငံဖြစ်ပြီး ကွဲပြားတဲ့အပင် မျိုးစိတ်(၂)ခုကနေ ပင်ပွားတဲ့ ကမ္ဘာအထမဆုံးသော ဟိုက်ဒရက်ဆန်ကိုအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့တာကလည်းတရုတ်နိုင်ငံသာဖြစ်ပါတယ်။ (၂၀၁၈-၂၀၁၉)ခုနှစ်မှာဆိုရင်တရုတ်နိုင်ငံရဲ့ ဆန်ထုတ်လုပ်မှုပမာဏဟာ မက်ဒရစ်တန်သန်းပေါင်း (၁၄၈)သန်းအထိကိုရှိနေပါတယ်။ နိုင်ငံရဲ့ အဓိကလယ်ယာစိုက်ပျိုးဒေသတွေကတော့ ယန်ဇီမြစ်နဲ့ ဆက်စပ်နေတဲ့ Jiangsu ၊ Anhui ၊ Hubei နဲ့ Sichuanပြည်နယ်တွေဖြစ်ကြပါတယ်။
တရုတ်နိုင်ငံလယ်ယာမြေတွေရဲ့(၉၅)ရာခိုင်နှုန်း လောက်ဟာ မိရိုးဖလာစိုက်ပျိုးနည်းစဉ်တွေအတိုင်းသာစိုက်ပျိုးကြလေ့ရှိပါတယ်။ ယခုနောက်ပိုင်းမှာတော့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေ၊ လယ်ယာမြေလုပ်သားရှားပါးတာတွေ နဲ့ ဓာတုပစ္စည်းအဆမတန်သုံးစွဲလေ့ရှိတဲ့ဖြစ်စဉ်တွေဟာ တရုတ်လယ်ယာမြေတွေအတွက် များစွာ သက်ရောက်မှုရှိတာကြောင့် တရုတ်အစိုးရအနေနဲ့ပြန်လည်ပြုပြင်ရေးနည်းစဉ်တွေကိုပြုလုပ်ဖို့ လို အပ်လာတဲ့အခြေအနေမှာရှိနေပါပြီ။ တရုတ်နိုင်ငံလူဦးရေရဲ့ (၆၅)ရာခိုင်နှုန်းရဲ့ အဓိကအစားအစာဟာလည်း ထမင်းပဲဖြစ်ပါတယ်။
—– — ——-
(Zawgyi)
ကမာၻေပၚက ဆန္စပါး စုိက္ပ်ဳိးထုတ္လုပ္မႈ အမ်ားဆုံးႏုိင္ငံ ၇ ႏုိင္ငံ
ဆန္ဆိုတာကေတာ့ ျမက္မ်ိဳးစိတ္ဝင္အေစ့အဆန္ျဖစ္ျပီး Oryza sativa(အာရွဆန္မ်ိဳးစိတ္)၊ Oryza glaberrima (အာဖရိကဆန္မ်ိဳးစိတ္)ဆိုျပီးရွိၾကပါတယ္။ အဓိက ဆန္မ်ိဳးစိတ္ႀကီး (၂)မ်ိဳးသာရွိေနတယ္ဆိုေပမယ့္ ယင္းမ်ိဳးစိတ္ေတြကိုပဲထပ္မံခြဲျခားျပီး ကမာၻတလႊားမွာဆန္အမ်ိဳးအစားေပါင္း (၄၀၀၀၀)ေက်ာ္ေလာက္အထိကို ရွိေနျပန္ပါတယ္။ ထုတ္လုပ္တဲ့ဆန္ရဲ့(၉၅)ရာခိုင္ႏႈန္းေလာက္ အထိကိုလူသားေတြစားသံုးၾကတယ္လို႕သိရျပီး ကမာၻ႔လူဦးေရရဲ႕ ထက္၀က္ဟာ ဆန္(ထမင္း) အဓိက စားသုံးသူေတြျဖစ္ပါတယ္။
အဓိကအားျဖင့္ေတာ့ အာရွ ၊ အာဖရိက နဲ႔ ေတာင္အေမရိကေဒသေတြ မွာ ျဖစ္ပါတယ္။ ဆန္ကို ခ်က္ျပီးထမင္းအျဖစ္နွစ္သက္ရာဟင္းလ်ာေတြ နဲ႔တြဲဖက္စားသံုးၾကေလ့ရွိပါတယ္။ ဒီေနရာမွာမ်ွေဝေပးခ်င္တာကေတာ့ ကမာၻထိပ္တန္း ဆန္စပါး စုိက္ပ်ဳိးထုတ္လုပ္မႈ အမ်ားဆုံးျဖစ္တဲ့ ႏုိင္ငံ ၇ ခုရဲ႕ အေၾကာင္းပဲ ျဖစ္ပါတယ္။
(၇) ျမန္မာ
ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံမွာ လြန္ခဲ့ေသာ ႏွစ္ရာေပါင္းမ်ားစြာကတည္းက ဆန္စပါးကို အဓိက စုိက္ပ်ဳိး စားသုံးခဲ့ၾကပါတယ္။ ဒုတိယ ကမာၻစစ္မျဖစ္မီ ကာလကတည္းက ျမန္မာႏုိင္ငံဟာ ဆန္စပါးတင္ပို႔မႈ အမ်ားဆုံး ႏုိင္ငံစာရင္းမွာ ပါ၀င္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာလည္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ေတာင္သူလယ္သမားေတြဟာ အခက္အခဲမ်ဳိးစုံ ရင္ဆုိင္ေနရေပမယ့္ ဆန္စပါး စုိက္ပ်ဳိးတင္ပုိ႔မႈ စာရင္းမွာ ျမန္မာဟာ နံပါတ္ ၇ ေနရာမွာ ရွိေနဆဲျဖစ္ပါတယ္။ စုိက္ပ်ဳိးေရးဟာ ျမန္မာ့စီးပြားေရးထုတ္ကုန္က႑ စုစုေပါင္းရဲ႕ ၄ပုံ ၁ပုံခန္႔ကို ရရွိေနဆဲျဖစ္ပါတယ္။ ၂၀၁၈-၁၉ ခုႏွစ္စာရင္းအရ ျမန္မာႏုိင္ငံရဲ႕ ဆန္စပါးစုိက္ပ်ဳိးထုတ္လုပ္မႈ တန္ခ်ိန္စုစုေပါင္း ၁၃.၂ သန္းခန္႔ရွိခဲ့တယ္လုိ႔ သိရပါတယ္။
(၆)ထိုင္း
ထိုင္းနိုင္ငံရဲ့ျပည္နယ္အားလံုးဟာ ဆန္စပါးကို စိုက္ပ်ိဳးၾကပါတယ္။ ထိုင္းဆန္ဆိုတဲဲ့ အမည္နဲ႔ကမာၻ႔ေစ်းကြက္မွာ အခိုင္အမာကိုရပ္တည္ေနတာကိုေတြ႔ရမွာျဖစ္ျပီး ဂ်ပန္နိုင္ငံတခုတည္းကိုပင္ နွစ္စဥ္ ဆန္တန္ခ်ိန္(၁၀၀၀၀၀)ေလာက္ တင္ပို႔ေနတာကိုေတြ႔ရပါတယ္။ ဂ်ပန္နိုင္ငံကေတာ့ထိုင္းကတင္ ပို႔တဲ့ဆန္ကို ခရက္ကာနဲ႔ ဝိုင္ေတြထုတ္လုပ္ရာမွာ အဓိကထားသံုးစြဲပါတယ္။ထိုင္းအစိုးရကေတာ့၂၀၂၀ ခုနွစ္အတြင္း ျပည္ပနိုင္ငံေတြကို ဆန္တန္ခ်ိန္(၇)သန္းကေန(၈)သန္းၾကားထုတ္လုပ္တင္ပို႔နိုင္ဖို႔ ရည္မွန္းထားၾကပါတယ္။ ျပည္ပကိုဆန္ထုတ္လုပ္ေရာင္းခ်တဲ့ဝင္ေငြက တင္ထိုင္းႏုိင္ငံရဲ့နွစ္စဥ္ GDP တန္ဖိုးေငြ၇ဲ့ (၁၅)ရာခိုင္နႈန္းအထိကို ေနရာယူထားနိုင္ခဲ့ပါတယ္။ (၂၀၁၈-၂၀၁၉)ခုနွစ္မွာဆိုရင္ ထိုင္းနိုင္ငံရဲ့ဆန္ထုတ္လုပ္မႈဟာ မက္ဒရစ္တန္ခ်ိန္(၂၀.၃၄)သန္းအထိကိုရွိ ေနတာကိုေတြ႔ရပါတယ္။
(၅) ဗီယက္နမ္
ကမာၻ႔ထိပ္တန္းဆန္ထုတ္လုပ္တဲ့စာရင္းမွာေတာ့ အေရွေတာင္အာရွက ဗီယက္နမ္ဟာလည္း တခုအပါအဝင္ျဖစ္ပါတယ္။စိုက္ပ်ိဳးသီးနွံေကာင္းစြာျဖစ္ထြန္းတဲ့မဲေခါင္ျမစ္ဝကြ်န္းေပၚေဒသျမစ္နီ ျမစ္ေျမာက္ဘက္ပိုင္းေဒသနဲ႔နိုင္ငံေတာင္ပိုင္းေဒသေတြမွာလယ္ယာေျမမ်ားစြာစိုက္ပိ်ဳးၾကပါတယ္။ အထူးသျဖင့္မဲေခါင္ျမစ္ဝကြ်န္းေပၚေဒသတဝိုက္မွာရွိတဲ့ျပည္နယ္အားလံုးမွာေနထိုင္ၾကတဲ့လူဦး ေရရဲ့ (၈၀)ရာခိုင္နႈန္းခန္႕ဟာလယ္သမားေတြျဖစ္ၾကပါတယ္။ ဗီယက္နမ္နိုင္ငံစိုက္ပ်ိဳးေျမရဲ့(၈၀) ရာခိုင္နႈန္းေလာက္ဟာဆိုရင္စပါးစိုက္ခင္းေတြသာျဖစ္ျပီး (၂၀၁၈/၂၀၁၉)ခုနွစ္ကဆိုရင္ဆန္မက္ ဒရစ္တန္ခ်ိန္(၂၇.၇၇)ေလာက္အထိကိုထုတ္လုပ္နိုင္ခဲ့တာကိုေတြ႔ရပါတယ္။ ယင္းအနက္ကတန္ ခ်ိန္(၆.၆.)တန္ကိုအိမ္နီးခ်င္း ဖိလစ္ပိုင္၊တရုတ္နဲ႔ အာဖရိကတိုက္နိုင္ငံအခ်ိဳ႕ကိုတင္ပို႔ေရာင္းခ် နိုင္ခဲ့ပါတယ္။
(၄) ဘဂၤလားေဒ့ရွ္
(၂၀၁၈-၂၀၁၉)ခုနွစ္က ဘဂၤလားေဒ့ရွိနိုင္ငံဟာ ဆန္တန္ခ်ိန္ေပါင္း(၃၄.၉၁)သန္းအထိ ထုတ္လုပ္ နိုင္ခဲ့ပါတယ္။ဆန္စပါးဟာဆိုရင္ ဘဂၤလားေဒ့ရွ္နိုင္ငံအတြက္ အဓိကစားေသာက္ကုန္ျဖစ္သလိုတိုင္းျပည္ GDP တန္ဖိုးရဲ့တဝက္ေလာက္ဟာလည္းဆန္စပါး ေရာင္းဝယ္ေရးကေနရရွိေနတာလည္းျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္နိုင္ငံစုစုေပါင္းဝင္ေငြရဲ့(၆)ပံု (၁) ပံုဟာဆိုရင္ဆန္စပါးလုပ္ငန္းကေနရရွိေနတာကိုေတြ႔ရမွာျဖစ္ျပီး ကမာၻေစ်းကြက္အထိကိုထိုး ေဖာက္ဝင္ေရာက္နိုင္တာကိုလည္းေတြ႔ရပါတယ္။ ဘဂၤလားေဒ့ရွ္ ဟာကမာၻအရပ္ရပ္ကိုဆန္ ထုတ္လုပ္ေရာင္းခ်ေနတာျဖစ္ျပီး (၂၀၁၇)ခုနွစ္ကဆိုရင္ သိရိလကၤာတနိုင္ငံတည္းကိုပဲ ဆန္တန္ခ်ိန္ (၅၀၀၀၀)အထိေရာင္းခ်ခဲ့ရပါတယ္။ ဘဂၤလားေဒ့ရွ္နိုင္ငံရဲ့ဆန္ထြက္ရွိရာအမ်ား ဆံုးေဒသေတြကေတာ့ Aman ၊ Boro ၊Aus တို႔ျဖစ္ပါတယ္။
(၃) အင္ဒိုနီးရွားနိုင္ငံ
အေရွေတာင္အာရွက အင္ဒိုနီးရွားနိုင္ငံဟာဆိုရင္ ကမာၻေပၚမွ ာတတိယေျမာက္ဆန္ထုတ္လုပ္မွု အမ်ားဆံုးနိုင္ငံတခုအျဖစ္ရွိေနပါတယ္။ နိုင္ငံရဲ့ဆန္စပါးစိုက္ပ်ိဳးရာအမ်ားဆံုးေဒသေတြကေတာ့ ဂ်ာဗားက်ြန္း၊စူမားၾတားကြ်န္းတို႔ျဖစ္ျပီး နိုင္ငံရဲ့ဆန္စပါးထြက္ရိွနႈန္းရဲ့(၆၀)ရာခိုင္နႈန္းေလာက္ကို ေတာ့ စူမားၾတားကြ်န္းကေနထြက္ရွိပါတယ္။ အင္ဒိုနီးရွားနိုင္ငံရဲ့သီးနွံစိုက္ပ်ိဳးသူ(၇၇)ရာခိုင္နႈန္း ေလာက္ဟာလယ္သမားေတြျဖစ္ၾကျပီး စိုက္ပ်ိဳးခ်ိန္အမွန္ရိတ္သိမ္းခ်ိန္အမွန္နဲ႔ နွစ္စဥ္အက်ိဳးအျမတ္မ်ားစြာပိုင္ဆိုင္ရေလ့ရွိပါတယ္။
(၂၀၁၈-၂၀၁၉)ခုနွစ္ကဆိုရင္ အင္ဒိုနီးရွားနိုင္ငံဟာ ဆန္မက္ဒရစ္တန္ခ်ိန္ (၃၆.၇၀)ေလာက္ကိုထုတ္လုပ္ခဲ့ပါတယ္။ နိုင္ငံရဲ့ဆန္စပါးထုတ္လုပ္ငန္းကို အဓိကေနရာကေနျမင့္တင္ေပးေနသူေတြကေတာ့ လယ္ယာေျမဧကမ်ားစြာပိုင္ဆိုင္တဲ့ လယ္ပိုင္ ရွင္ၾကီးေတြမဟုတ္ဘဲ တနိုင္တပိုင္စိုက္ပ်ိဳးလုပ္ကိုင္ၾကသူေတြသာျဖစ္တယ္လို႔ မွတ္တမ္းေတြ အရသိရပါတယ္။ အင္ဒိုနီးရွားနိုင္ငံရဲ့(၉၀)ရာခို္္င္နႈနး္ေသာဆန္စပါးထုတ္ကုန္ေတြကေတာ့တနိုင္တပိုင္စိုက္ပ်ိဳးသူလယ္သမားေတြရဲ့လုပ္ငန္းခြင္ကသာရရွိေနတာလည္းျဖစ္ပါတယ္။
(၂)အိႏၵိယ
(၂၀၁၈-၂၀၁၉)ခုနွစ္က အိႏၵိယနို္င္ငံရဲ့ဆန္စပါးထုတ္လုပ္မွုအေရအတြက္ဟာမက္ဒရစ္တန္၁၁၆ သန္းေက်ာ္အထိကိုရွိေနခဲ့တာျဖစ္ပါတယ္။ အေနာက္ဘန္ေဂါေဒသကေတာ့ အိႏၵိယရဲ့အဓိက ဆန္စပါးထြက္ရွိရာျပည္နယ္အျဖစ္ရွိေနျပီး၂၀၁၆ခုနစ္ကဆိုရင္ ျပည္နယ္တြင္းရိွေနတဲ့စိုက္ပ်ိဳးေျမ ဟတ္တာသန္းေပါင္း ၅.၄၆ ကေန ဆန္တန္ခ်ိန္သန္း ၁၅.၇၅ အထိကိုထုတ္လုပ္နိုင္ခဲ့ပါတယ္။ ဘားစ္မာတီဆန္ထုတ္လုပ္ေရာင္းခ်မႈမွာေတာ့ အိႏၵိယဟာကမာၻေစ်းကြက္ဦးေဆာင္နိုင္တဲ့အထိ ထုတ္လုပ္မႈအားေကာင္းခဲ့ျပီး (၂၀၁၈-၂၀၁၉) ခုနွစ္အတြင္းကေနဆိုရင္ ဘားစ္မာတီဆန္တန္ ခ်ိန္(၄.၄.)သန္းေလာက္အထိကိုျပည္ပနိုင္ငံေတြကိုတင္ပို႔နို္င္ခဲ့ပါတယ္။
အိႏၵိယရဲ့နွစ္စဥ္ဆန္ ထုတ္လုပ္နိင္တဲ့ပမာဏကေတာ့ဆန္တန္ခ်ိန္မက္ဒရစ္တန္သန္းေပါင္း(၁၀၀)ေလာက္ကိုရွိေနျပီး နိုင္ငံလူဦးေရရဲ့ (၆၅)ရာခိုင္နႈန္းေလာက္ဟာဆန္စားသံုးသူေတြျဖစ္ၾကပါတယ္။ အိႏၵိယဟာနိုင္ငံရဲ့ အဓိကဝင္ေငြကိုဆန္ထုတ္လုပ္ေရာင္းခ်မႈကေနရရွိေနသလိုအိႏၵိယနိုင္ငံရဲ့လယ္ယာစိုက္ပ်ိဳးေရး လုပ္ငန္းလုပ္ကိုင္သူဦးေရဟာ သန္း(၅၀)ေက်ာ္အထိကိုရွိေနပါတယ္။
(၁) တရုတ္
ကမာၻေပၚမွာ ဆန္ထုတ္လုပ္မႈအမ်ားဆံုးနုိင္ငံကေတာ့ တရုတ္ျပည္သူသမၼတနိုင္ငံျဖစ္ျပီး ကြဲျပားတဲ့အပင္ မ်ိဳးစိတ္(၂)ခုကေန ပင္ပြားတဲ့ ကမာၻအထမဆံုးေသာ ဟိုက္ဒရက္ဆန္ကိုေအာင္ျမင္စြာထုတ္လုပ္နိုင္ခဲ့တာကလည္းတရုတ္နိုင္ငံသာျဖစ္ပါတယ္။ (၂၀၁၈-၂၀၁၉)ခုနွစ္မွာဆိုရင္တရုတ္နိုင္ငံရဲ့ ဆန္ထုတ္လုပ္မႈပမာဏဟာ မက္ဒရစ္တန္သန္းေပါင္း (၁၄၈)သန္းအထိ္ကိုရွိေနပါတယ္။ နိုင္ငံရဲ့ အဓိကလယ္ယာစိုက္ပ်ိဳးေဒသေတြကေတာ့ ယန္ဇီျမစ္နဲ႔ ဆက္စပ္ေနတဲ့ Jiangsu ၊ Anhui ၊ Hubei နဲ႔ Sichuanျပည္နယ္ေတြျဖစ္ၾကပါတယ္။
တရုတ္နိုင္ငံလယ္ယာေျမေတြရဲ႕(၉၅)ရာခိုင္နႈန္း ေလာက္ဟာ မိရိုးဖလာစိုက္ပ်ိဳးနည္းစဥ္ေတြအတိုင္းသာစိုက္ပ်ိဳးၾကေလ့ရွိပါတယ္။ ယခုေနာက္ပိုင္းမွာေတာ့ရာသီဥတုေျပာင္းလဲမႈျဖစ္စဥ္ေတြ၊ လယ္ယာေျမလုပ္သားရွားပါးတာေတြ နဲ႔ ဓာတုပစၥည္းအဆမတန္သံုးစြဲေလ့ရွိတဲ့ျဖစ္စဥ္ေတြဟာ တရုတ္လယ္ယာေျမေတြအတြက္ မ်ားစြာ သက္ေရာက္မႈရွိတာေၾကာင့္ တရုတ္အစိုးရအေနနဲ ႔ျပန္လည္ျပဳျပင္ေရးနည္းစဥ္ေတြကိုျပဳလုပ္ဖို႔ လို အပ္လာတဲ့အေျခအေနမွာရွိေနပါျပီ။ တရုတ္နိုင္ငံလူဦးေရရဲ့ (၆၅)ရာခိုင္နႈန္းရဲ့ အဓိကအစားအစာဟာလည္း ထမင္းပဲျဖစ္ပါတယ္။
Discussion about this post