Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်း ၁၀ ကွင်း

by Thutamm
August 16, 2019
Reading Time: 2min read
0
ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်း ၁၀ ကွင်း
Share on FacebookShare on Twitter

ဒီတစ်ခါတော့  မိတ်ဆွေတချို့မေးထားတဲ့ ကမ္ဘာပေါ်က ဘောလုံးကွင်း ၁၀ ကွင်း အကြောင်းကို ဗဟုသုတ အနေနဲ့ မျှဝေလိုက်ပါတယ်။

၁၀ ။ Salt Lake Stadium ၊ အိန္ဒိယ (၈၅၀၀၀ဦး ဆန့်)

ဒီကွင်းကတော့ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် Bidhannagar မြို့မှာရှိတဲ့ အားကစားကွင်းဖြစ်ပါတယ်။ ဒီမြို့ရဲ့နောက်ထပ်နာမည်မည် ကတော့ salt lake ပါ။ ဒီမြို့နေရာမှာရှိခဲ့တဲ့ ဆားကန်ကို အစွဲပြုပြီး ဒီနာမည်ကို ရခဲ့တာဖြစ်ပြီး ဘောလုံးကွင်းအမည်ကိုလည်း ဒီနာမည်ပဲ ပေးထားတာဖြစ်ပါတယ်။

၁၉၈၄ခုနှစ်ကတည်းက ဖွင့်ခဲ့တဲ့ ဒီဘောလုံးကွင်းဟာ တချိန်ကတော့ ထိုင်ခုံ ၁၂၀၀၀၀ အထိရှိခဲ့တာကြောင့် ကမ္ဘာ့အကြီးဆုံးဘောလုံးကွင်းဖြစ်ခဲ့ပေမယ့် ပြန်လည်ပြုပြင်ပြီးတဲ့နောက်ပိုင်း ယခုအခါမှာတော့ ပရိသတ် ၈၅၀၀၀ ခန့်ပဲ ဆန့်တော့ပါတယ်။ ဘောလုံးကွင်းဆိုပေမယ့် အခြားအားကစားပြိုင်ပွဲတွေကိုပါ ကျင်းပလေ့ရှိတဲ့ Multi-purpose အားကစားကွင်းဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် ဖီဖာ ယူ ၁၇ နောက်ဆုံးဗိုလ်လုပွဲကို ဒီကွင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

၉။ Borg El Arab Stadium ၊ အီဂျစ် (၈၆၀၀၀ဦး ဆန့်)

ဒီကွင်းကတော့ အီဂျစ်နိုင်ငံ အလက်ဇန္ဒြီးယားမြို့ကြီးရဲ့အနောက်ပိုင်းက စက်မှုမြို့တော် Borg El Arab မှာတည်ရှိတဲ့ ဘောလုံးကွင်းဖြစ်ပါတယ်။ ပရိသတ်ပေါင်း ၈၆၀၀၀ ခန့်ဆန့်ပြီး အာဖရိကရဲ့ ဒုတိယအကြီးဆုံး ဘောလုံးကွင်းလည်း ဖြစ်ပါတယ်။

ဒီဘောလုံးကွင်းကိုတော့ ၂၀၀၇ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အီဂျစ်အမျိုးသားဘောလုံးအသင်း ရဲ့ ဘောလုံးကွင်းအပြင် အီဂျစ်နာမည်ကြီးကလပ်တွေဖြစ်တဲ့ Smouha ၊ Al Ahly နဲ့ Al Ittihad အသင်းတို့ရဲ့ ဘောလုံးကွင်းလည်းဖြစ်ပါတယ်။

၈။ Bukit Jalil National Stadium ၊မလေးရှား ( ၈၇၄၁၁ဦး ဆန့်)

မလေးရှားနိုင်ငံ ကာလမ်လမ်ပူမြို့တော်ရဲ့ တောင်ပိုင်းမြို့တော်စင်တာမှာ တည်ရှိပါတယ်။ မလေးရှားနိုင်ငံဘောလုံးအသင်းရဲ့ ဘောလုံးကွင်းဖြစ်ပြီး အခြားအားကစားပြိုင်ပွဲတွေကိုလည်း ဒီကွင်းမှာ ကျင်းပလေ့ရှိပါတယ်။

ပရိသတ်ပေါင်း ၈၇၄၁၁ ဦးဆန့်တဲ့ ဒီကွင်းဟာ အရှေ့တောင်အာရှရဲ့အကြီးဆုံးဘောလုံးကွင်းဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ နံပါတ် ၈ အကြီးဆုံး ဘောလုံးကွင်း ဖြစ်ပါတယ်။ ဒီဘောလုံးကွင်းကိုတော့ ၁၉၉၆ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

၇။ Estadio Azteca ၊ မက္ကဆီကို (၈၇၅၂၃ ဦးဆန့်)

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုမြို့မှာတည်ရှိတဲ့ ဒီဘောလုံးကွင်းဟာ မက္ကဆီကို အမျိုးသားဘောလုံးအဖွဲ့ချုပ်နဲ့ Club América ကလပ်အသင်း ၊ Cruz Azul ကလပ်အသင်း တို့ရဲ့ ဘောလုံးကွင်းဖြစ်ပါတယ်။ ဒီကွင်းမှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို နှစ်ကြိမ်ကျင်းပခဲ့ဖူးပါတယ်။

ပထမတစ်ကြိမ်ကတော့ ၁၉၇၀ မှာဖြစ်ပြီး အဲဒီဗိုလ်လုပွဲမှာ ပီလီပါဝင်တဲ့ ဘရာဇီးအသင်းဟာ အီတလီအသင်းကို ၄ဂိုး – ၁ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယတစ်ကြိမ်ကတော့ မာရာဒိုနာဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ အနောက်ဂျာမနီအသင်းကို ၃-၂ ဂိုး နဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ပရိသတ်ဦးရေ ၈၇၅၂၃ဦး ဆန့်တဲ့ ဒီဘောလုံးကွင်းကို ၁၉၆၆ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

၆။ Wembley Stadium ၊ အင်္ဂလန် (၉၀၀၀၀ ဦးဆန့်)

မြန်မာဘောလုံးပရိသတ် နဲ့ ရင်းနှီးတဲ့ ဒီဘောလုံးကွင်းကတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ တည်ရှိပါတယ်။ ဘောလုံးကွင်းဆိုပေမယ့် ရပ်ဘီ ၊ ဘောက်ဆင် နဲ့ ပြေးခုန်ပြစ် လို အခြားအားကစားပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။ အင်္ဂလန်အမျိုးသားဘောလုံးအသင်း ရဲ့ ဘောလုံးကွင်းဖြစ်ပြီး အက်အေဖလား ဗိုလ်လုပွဲကိုလည်း ဒီကွင်းမှာပဲ ကျင်းပလေ့ရှိပါတယ်။

လက်ရှိအချိန်မှာတော့ သူတို့အိမ်ကွင်းကို ပြန်လည်တည်ဆောက်နေတဲ့ တော့တင်ဟမ်ဟော့စပါး ကလပ်အသင်းရဲ့ ယာယီဘောလုံးကွင်းဖြစ်နေပါတယ်။ ပရိသတ်ဦးရေ ၉သောင်းဆန့်တဲ့ ဒီဘောလုံးကွင်းကို ၂၀၀၇ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

၅။ Rose Bowl Stadium ၊ အမေရိကန် (၉၂၅၄၂ ဦးဆန့်)

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် Pasadena မြို့မှာတည်ရှိတဲ့ ဒီကွင်းကိုတော့ Spieker Field at the Rose Bowl လို့ လူသိပိုများပါတယ်။ ၁၉၂၂ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ ဒီကွင်းဟာ အမေရိကန်ရဲ့ သမိုင်းဝင်အမှတ်အသားတစ်ခုဖြစ်ပြီး ကယ်လီဖိုးနီးယား အင်ဂျင်နီယာအသင်းရဲ့ အထင်ကရ နေရာတစ်ခုလည်း သတ်မှတ်ခံထားရပါတယ်။

ဒီဘောလုံးကွင်းမှာ ၁၉၉၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကျင်းပခဲ့ပါတယ်။ ဒီဗိုလ်လုပွဲမှာ ရိုမာရီယိုပါဝင်တဲ့ ဘရာဇီး အသင်းဟာ ရောဘတ်တိုဘက်ဂီယိုပါဝင်တဲ့ အီတလီအသင်းကို ပယ်နယ်တီမှာ ၃-၂ ဂိုး နဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ပရိသတ်ဦးရေ ၉၂၅၄၂ ဦးဆန့် တဲ့ ဒီဘောလုံးကွင်းမှာ ကောလိပ်အသင်းဘောလုံးပွဲများကျင်းပရာ ကွင်းအဖြစ် နာမည်ကြီးပါတယ်။

၄။ FNB Stadium ၊ တောင်အာဖရိက (၉၄၇၃၆ ဦးဆန့်)

နာမည်အရှည်ကောက် အနေနဲ့ First National Bank Stadium လို့ခေါ်တဲ့ ဒီကွင်းဟာ တောင်အာဖရိကနိုင်ငံ Johannesburg မြို့ဧရိယာထဲက Soweto မြို့နယ်မှာ တည်ရှိပါတယ်။ ဒီကွင်းဟာ တောင်အာဖရိက အမျိုးသားဘောလုံးအသင်း နဲ့ ကလပ်အသင်း Kaizer Chiefs F.C. တို့ရဲ့ အိမ်ကွင်းလည်းဖြစ်ပါတယ်။

၁၉၈၉ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီဘောလုံးကွင်းဟာ ပရိသတ်ဦးရေ ၉၄၇၃၆ဦး ဆန့်ကာ အာဖရိကရဲ့ အကြီးဆုံးဘောလုံးကွင်းလည်ဖြစ်ပါတယ်။ ၂၀၁၀ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ဒီကွင်းမှာကျင်းပခဲ့ပြီး အဲဒီပွဲမှာ စပိန်အသင်းဟာ နယ်သာလန်အသင်းကို အချိန်ပိုမှာ အင်နီယေစတာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

၃။ Camp Nou ၊ စပိန် (၉၉၃၅၄ ဦးဆန့်)

ကမ္ဘာ့တတိယအကြီးဆုံး ဘောလုံးကွင်းကတော့ အများစုနဲ့ရင်းနှီးတဲ့ ဘာစီလိုနာကလပ်အသင်းရဲ့ ဘောလုံးကွင်း နူးကမ့် ဖြစ်ပါတယ်။ စပိန် နဲ့ ဥရောပ ရဲ့အကြီးဆုံးကွင်းဖြစ်တဲ့ ဒီကွင်းမှာ ၁၉၈၉ UEFA ဖလား နဲ့ ၁၉၉၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေကို ကျင်းပခဲ့ဖူပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဖလားပွဲစဉ် ၊ ဥရောပဖလား နဲ့  အိုလံပစ်ပွဲစဉ်တွေကိုလည်း ကျင်းပခဲ့ဖူးပါတယ်။ ပရိသတ်ပေါင်း ၉၉၃၅၄ ဦးဆန့်တဲ့ ဒီကွင်းကို ၁၉၅၁ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာကြောင့် အခုဆိုရင် ၆၁နှစ် သက်တမ်းရှိသွားပြီ ဖြစ်ပါတယ်။

၂။ Melbourne Cricket Ground ၊ သြစတြေးလျ (၁၀၀၀၂၄ ဦးဆန့်)

ဒီကွင်းကတော့ သြစတြေးလျနိုင်ငံ ဝိတိုရိယပြည်နယ် မဲလ်ဘုန်းမြို့မှာ တည်ရှိပါတယ်။ ဘောလုံးကွင်းဖြစ်တဲ့ အပြင် မဲလ်ဘုန်းခရစ်ကတ်အသင်းရဲ့ ကွင်းလည်းဖြစ်တာကြောင့် ဒီနာမည်ရထားခြင်းဖြစ်ပါတယ်။ သြစတြေးလျကလပ် Hawthorn အသင်း နဲ့ မဲလ်ဘုန်းခရစ်ကတ်အသင်း Melbourne Stars တို့ရဲ့ အိမ်ကွင်းလည်းဖြစ်ပါတယ်။

၁၉၅၆ခုနှစ် အိုလံပစ်အားကစားပွဲ ၊ ၂၀၀၆ခုနှစ် ဓနသဟာယနိုင်ငံများ အားကစားပွဲစဉ်တွေကို ဒီကွင်းမှာ ကျင်းပခဲ့ပါတယ်။ ၁၈၅၃ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံးအားကစားကွင်းတစ်ခု ဖြစ်တာကြောင့် သြစတြေးလျရဲ့ သမိုင်းဝင် အမွေအနှစ်နေရာတစ်ခုဖြစ် သတ်မှတ်ထားခြင်းလည်း ခံရပါတယ်။

၁။ Rungrado 1st of May Stadium ၊ မြောက်ကိုရီးယား (၁၁၄၀၀၀ ဦးဆန့်)

May Day ကွင်းလို့ အများစုသိကြတဲ့ ဒီဘောလုံးကွင်းဟာ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့တော် Rungra ကျွန်းမှာတည်ရှိပါတယ်။ ကမ္ဘာ့အလုပ်သမားနေ့ မေလ ၁ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာကြောင့် မေဒေးကွင်းလို့နာမည်တွင်ခြင်းဖြစ်ပါတယ်။ ၁၉၈၉ခုနှစ် မေလ ၁ရက်နေ့မှာ ဒီကွင်းကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ၅၁ဧက ကျယ်ဝန်းတဲ့ ဒီကွင်းမှာ ၁၃ကြိမ်မြောက် ကမ္ဘာ့ကျောင်းသား နဲ့ လူငယ် စုံညီပွဲတော် (၁၉၈၉) နဲ့ ၂၀၁၇ခုနှစ် ယူ၂၃ အာရှဖလား အုပ်စုပွဲစဉ်တွေကို ကျင်းပခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ မြောက်ကိုရီးယား အမျိုးသား/သမီး ဘောလုံးအသင်း နဲ့ အခြားအားကစားအသင်းတွေရဲ့ အားကစားကွင်းအဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၁၈ခုနှစ်မှာတော့ တောင်ကိုရီးယား သမ္မတ မိုဂျေအင်း နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် တို့ဟာ တက်ရောက်လာတဲ့ မြောက်ကိုရီးယားပြည်သူပေါင်း ၁သိန်းခွဲခန့်ကို ဒီကွင်းမှာ ကိုရီးယား၂နိုင်ငံအတွက် ငြိမ်းချမ်းရေးစကားများ ပြောခဲ့ဖူးပါတယ်။

သုတဇုန်

Tags: world knowledgeworld places

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!