ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံး ဟိုတယ်တွေကိုတော့ ပိုင်ဆိုင်တဲ့ အခန်းအရေအတွက် နဲ့ ခွဲခြားသတ်မှတ်ထားတာဖြစ်ပါတယ်။ ဒီလိုသတ်မှတ်တဲ့အထဲ ကမ္ဘာ့အကြီးဆုံးဟိုတယ်ကြီး ၁၀ ခုမှာ ၆ ခုက အမေရိကန် လတ်စ်ဗီးဂတ်မှာ တည်ရှိတာပါ။ လတ်စ်ဗီးဂတ်က ဟိုတယ်ခန်းတွေကို စုစုပေါင်းလိုက်မယ်ဆိုရင် အခန်းပေါင်း ၁၅၀,၀၀၀ အထိတောင် ရှိတယ်လို့ ဆိုလေ့ရှိထားတာကြောင့် ဒါကလည်း သိပ်တော့မဆန်းလှပါဘူး။ ဒါပေမယ့် ကမ္ဘာ့အကြီးဆုံး ဟိုတယ်ကတော့ အမေရိကန်မှာ မရှိပဲ အရှေ့တောင်အာရှမှာ တည်ရှိနေပါတယ်။ ဒီတခါတော့ ကမ္ဘာပေါ်က အကြီးဆုံး အဖြစ် သတ်မှတ်ထားတဲ့ ဟိုတယ်ကြီး ၃ ခုရဲ့ အကြောင်းကို ဝေမျှသွားပါမယ်။
၃။ MGM Grand Las Vegas
ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ဟိုတယ်ကတော့ အမေရိကန် လတ်စ်ဗီးဂတ်စ် မြို့မှာတည်ရှိတဲ့ နာမည်ကျော် ဟိုတယ်ကြီးတစ်ခုဖြစ်ပါတယ်။ ဟိုတယ်ပင်မအဆောက်အအုံမှာ အထပ်ပေါင်း ၃၀ ထပ်မြင့်ပြီး အခန်းပေါင်း ၅၀၄၄ ခန်း ရှိနေပါတယ်။ ဟိုတယ်ဝန်းထဲက အခြားအဆောက်အအုံတွေမှာလည်း တည်းခိုခန်းတွေရှိနေပြီး စုပေါင်းလိုက်ရင်တော့ ၆၈၅၂ ခန်းထိ ဖြစ်သွားမှာပါ။ ဒီဟိုတယ်ကြီးကိုတော့ ၁၉၉၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်တာကြောင့် အခုဆိုရင် နှစ်ပေါင်း ၂၆နှစ် ရှိသွားပြီ ဖြစ်ပါတယ်။ အစိမ်းရောင်ဖြစ်ပြီး ဒီဇိုင်းကိုတော့ Art Deco နဲ့ ဟောလိဝုဒ်စတိုင် တည်ဆောက်အလှဆင်ထားပါတယ်။
ဒီဟိုတယ်ကိုတော့ MGM Growth Properties နဲ့ The Blackstone ကုမ္ပဏီတွေက ပိုင်ဆိုင်ကြပါတယ်။ ကာစီနိုကစားပွဲတွေကို ဦးတည် တည်ဆောက်ထားတာဖြစ်ပြီး ဒီဟိုတယ်မှာ ကာစီနိုဝိုင်းတွေလည်းရှိနေပါတယ်။ ကစားတဲ့နေရာအကျယ်ဝန်းကို စုပေါင်းလိုက်မယ်ဆိုရင် စတုရန်းပေ ၁၇၅,၁၀၀ တောင် ရှိပါသတဲ့။ ဆွဲဆောင်မှုအနေနဲ့ အဆောက်အဦးဝန်းထဲမှာ စမ်းချောင်းတွေ ၊ ရေတံခွန်ငယ်တွေ ရှိနေသလို အဆောက်အဦးအတွင်းမှာလည်း ရေကူးကန် ငါးခုရှိနေပါတယ်။
ဒါအပြင် နပန်း နဲ့ သိုင်းပြိုင်ပွဲတွေကျင်းပရာ ကစားကွင်း ၊ ချွေးထုတ်ခန်း ၊ ဟာသ အက ဖျော်ဖြေမှုများ ၊ ဒေးဗစ်ကော်ပါဖီးရဲ့ မျက်လှည့်ပွဲလိုပြပွဲတွေ ၊ ဈေးဆိုင်ပေါင်းများစွာ နဲ့ များပြားလှတဲ့ စားသောက်ဆိုင်တွေဟာ ဒီနေရာမှာ ရှိနေပါတယ်။ ဟိုတည်မှာ တည်းခ အနေနဲ့ကတော့ တညကို ၇၉ ဒေါ်လာအခန်းတွေကနေ တညကို ဒေါ်လာ ၃၅၀၀၀ လောက်အထိပေးရတဲ့ ဗီလာတွေပါ ရှိနေပါတယ်။ ဒီဟိုတယ်ဟာ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ကမ္ဘာ့အကြီးဆုံး ဟိုတယ်ဖြစ်ခဲ့ပြီး နှစ်စဉ် လူပေါင်း သန်းနဲ့ချီတည်းခို အပန်းဖြေလေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်။
၂။ Venetian Resort Las Vegas
ဒီဟိုတယ်အပန်းဖြေစခန်းကတော့ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးဟိုတယ်ဖြစ်ပြီး ပိုင်ဆိုင်သူကတော့ စင်ကာပူ Marina Bay Sands ကို ပိုင်ဆိုင်တဲ့ အမေရိကန်ရဲ့ နာမည်ကျော် ကာစီနို နဲ့ အပန်းဖြေစခန်း ကုမ္ပဏီ Las Vegas Sands ဖြစ်ပါတယ်။ ဒီဟိုတယ်ဝန်းထဲမှာတော့ The Palazzo နဲ့ The Venetian ဆိုပြီး ဟိုတယ်နှစ်ခု ပါဝင်နေပါတယ်။ The Palazzo ကတော့ အထပ်ပေါင်း ၅၃ထပ် အထိမြင့်ကာ အခန်းပေါင်း ၃၀၆၈ ခန်း ပါဝင်ပြီး ၂၀၀၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ The Venetian မှာတော့ အထပ်ပေါင်း ၃၇ထပ် ပါဝင်ပြီး အခန်းပေါင်း ၄၀၄၉ ခန်းအထိ ပါဝင်ကာ ၁၉၉၉ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ စုစုပေါင်းလိုက်ရင် အခန်းပေါင်း ၇၁၁၇ ခန်းတောင် ရှိနေပါတယ်။
ကာစီနိုကစားပွဲတွေအတွက် အဓိက ရည်ရွယ်တည်ဆောက်ထားတာဖြစ်တာကြောင့် Palazzo ဆိုရင် စုစုပေါင်း ၁၀၅,၀၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ ကာစီနိုခန်းမ နဲ့ Venetian က ကာစီနိုဧရိယာ စုစုပေါင်းကိုပေါင်းလိုက်ရင်လည်း ၁၂၀,၀၀၀ စတုရန်းပေတောင် ရှိနေပါတယ်။ ဆွဲဆောင်မှုတွေအနေနဲ့ကတော့ ရှော့ပင်းမောတွေ ၊ ပြတိုက် နဲ့ အလွန်များပြားလှတဲ့ စားသောက်ဆိုင်တွေကို ထည့်သွင်းပေးထားပါတယ်။ Venetian မှာဆိုရင် ရှော့ပင်းမောမှာဆိုရင် ဗင်းနစ်က နာမည်ကျော် Grand တူးမြောင်းကိုလည်း ထည့်သွင်းတည်ဆောက် အလှဆင်ထားပါသေးတယ်။
၁။ First World Hotel
မလေးရှားနိုင်ငံ Pahang ပြည်နယ် Genting Highlands မှာရှိတဲ့ ကမ္ဘာ့ပထမဟိုတယ် (First World Hotel) ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးဟိုတယ်ပဲ ဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးရဲ့ တာဝါ 1 ကို ၂၀၀၁ ခုနှစ် ၊ တာဝါ 2 ကို ၂၀၀၆ ခုနှစ် နဲ့ တာဝါ 2A ကို ၂၀၁၄ ခုနှစ်တို့မှာ အသီးသီးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ မူလက အခန်းစုစုပေါင်း ၆၁၁၈ ခန်းသာ ရှိခဲ့ပေမယ့် တာဝါ နောက်တလုံးနဲ့အတူ အခန်းအသစ်များကို ထပ်မံတိုးချဲ့ထည့်သွင်းခဲ့တာကြောင့် ၂၀၁၅ ခုနှစ်မှာတော့ အခန်းပေါင်း ၇၃၅၁ ခန်း အထိရှိလာခဲ့ပါတယ်။ ဒါကြောင့်လည်း ဂင်းနစ်မှတ်တမ်းရဲ့ ကမ္ဘာ့အကြီးဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒီဟိုတယ်ကြီးမှာ အဆောက်အအုံတာဝါ ၂ခု ပါဝင်ပြီး အထပ်အနေနဲ့ကတော့ ကားပါကင်အတွက် အောက်ခြေ ၈ထပ် အပါအဝင် အထပ်ပေါင်း ၃၆ထပ် ရှိပါတယ်။ အဆောက်အဦးတွေကိုတော့ ဝါ ၊ စိမ်း ၊ နီ ၊ ပြာ ၊ လိမ္မော် ၊ ခရမ်း စတဲ့ အရောင်စုံခြယ်သထားပြီး တံတိုင်းကိုတော့ စပိန်စတိုင် တည်ဆောက်ထားပါတယ်။ ပိုင်ဆိုင်သူကတော့ Genting Malaysia Berhad ကုမ္ပဏီဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကနေစလို့ လက်ရှိအချိန်ထိ ဒီဟိုတယ်မှာ တည်းခိုခဲ့သူစုစုပေါင်း ၃၅.၅ သန်း ရှိသွားပြီလို့ သိရပါတယ်။
ဒီဟိုတယ်ရဲ့အောက်ဘက် စတုရန်းပေ ၅၀,၀၀၀ ကျယ်ဝန်းတဲ့နေရာမှာ ပလာဇာတခု ၊ ကာစီနိုရုံ ၊ ကော်ဖီဆိုင် ၊ အရက်ဘား ၊ ကလေးကစားကွင်း ၊ တောအုပ်သဏ္ဍာန်အလှဆင်ထားတဲ့ အခန်းတွေ ၊ လူနေအိမ်ခန်း နဲ့ ရုံးခန်း ၊ indoor theme park တွေကိုပါ ထည့်သွင်းထားပါတယ်။ ရေကူးကန်တွေများစွာပါဝင်သလို ရေလွှာလျှောတွေလည်း ရှိနေတဲ့အပြင် theme park ထဲမှာ ကြီးမားတဲ့ ရိုလာကိုစတာကြီးတခုလည်း ပါဝင်နေပါသေးတယ်။
——— —– ———–
(Zawgyi)
ကမာၻ႔အႀကီးဆုံး ဟုိတယ္ႀကီး ၃ ခု
ကမာၻေပၚမွာရွိတဲ့ အႀကီးဆုံး ဟုိတယ္ေတြကိုေတာ့ ပုိင္ဆုိင္တဲ့ အခန္းအေရအတြက္ နဲ႔ ခြဲျခားသတ္မွတ္ထားတာျဖစ္ပါတယ္။ ဒီလုိသတ္မွတ္တဲ့အထဲ ကမာၻ႔အႀကီးဆုံးဟုိတယ္ႀကီး ၁၀ ခုမွာ ၆ ခုက အေမရိကန္ လတ္စ္ဗီးဂတ္မွာ တည္ရွိတာပါ။ လတ္စ္ဗီးဂတ္က ဟုိတယ္ခန္းေတြကို စုစုေပါင္းလုိက္မယ္ဆုိရင္ အခန္းေပါင္း ၁၅၀,၀၀၀ အထိေတာင္ ရွိတယ္လုိ႔ ဆုိေလ့ရွိထားတာေၾကာင့္ ဒါကလည္း သိပ္ေတာ့မဆန္းလွပါဘူး။ ဒါေပမယ့္ ကမာၻ႔အႀကီးဆုံး ဟုိတယ္ကေတာ့ အေမရိကန္မွာ မရွိပဲ အေရွ႕ေတာင္အာရွမွာ တည္ရွိေနပါတယ္။ ဒီတခါေတာ့ ကမာၻေပၚက အႀကီးဆုံး အျဖစ္ သတ္မွတ္ထားတဲ့ ဟုိတယ္ႀကီး ၃ ခုရဲ႕ အေၾကာင္းကို ေ၀မွ်သြားပါမယ္။
၃။ MGM Grand Las Vegas
ကမာၻေပၚမွာ တတိယအႀကီးဆုံး ဟုိတယ္ကေတာ့ အေမရိကန္ လတ္စ္ဗီးဂတ္စ္ ၿမဳိ႕မွာတည္ရွိတဲ့ နာမည္ေက်ာ္ ဟုိတယ္ႀကီးတစ္ခုျဖစ္ပါတယ္။ ဟိုတယ္ပင္မအေဆာက္အအုံမွာ အထပ္ေပါင္း ၃၀ ထပ္ျမင့္ၿပီး အခန္းေပါင္း ၅၀၄၄ ခန္း ရွိေနပါတယ္။ ဟုိတယ္၀န္းထဲက အျခားအေဆာက္အအုံေတြမွာလည္း တည္းခုိခန္းေတြရွိေနၿပီး စုေပါင္းလုိက္ရင္ေတာ့ ၆၈၅၂ ခန္းထိ ျဖစ္သြားမွာပါ။ ဒီဟုိတယ္ႀကီးကုိေတာ့ ၁၉၉၃ ခုႏွစ္ကတည္းက စတင္ဖြင့္လွစ္ခဲ့တာျဖစ္တာေၾကာင့္ အခုဆုိရင္ ႏွစ္ေပါင္း ၂၆ႏွစ္ ရွိသြားၿပီ ျဖစ္ပါတယ္။ အစိမ္းေရာင္ျဖစ္ၿပီး ဒီဇုိင္းကိုေတာ့ Art Deco နဲ႔ ေဟာလိ၀ုဒ္စတုိင္ တည္ေဆာက္အလွဆင္ထားပါတယ္။
ဒီဟုိတယ္ကိုေတာ့ MGM Growth Properties နဲ႔ The Blackstone ကုမၸဏီေတြက ပုိင္ဆုိင္ၾကပါတယ္။ ကာစီႏုိကစားပြဲေတြကို ဦးတည္ တည္ေဆာက္ထားတာျဖစ္ၿပီး ဒီဟုိတယ္မွာ ကာစီႏုိ၀ုိင္းေတြလည္းရွိေနပါတယ္။ ကစားတဲ့ေနရာအက်ယ္၀န္းကုိ စုေပါင္းလုိက္မယ္ဆုိရင္ စတုရန္းေပ ၁၇၅,၁၀၀ ေတာင္ ရွိပါသတဲ့။ ဆြဲေဆာင္မႈအေနနဲ႔ အေဆာက္အဦး၀န္းထဲမွာ စမ္းေခ်ာင္းေတြ ၊ ေရတံခြန္ငယ္ေတြ ရွိေနသလုိ အေဆာက္အဦးအတြင္းမွာလည္း ေရကူးကန္ ငါးခုရွိေနပါတယ္။
ဒါအျပင္ နပန္း နဲ႔ သုိင္းၿပဳိင္ပြဲေတြက်င္းပရာ ကစားကြင္း ၊ ေခြ်းထုတ္ခန္း ၊ ဟာသ အက ေဖ်ာ္ေျဖမႈမ်ား ၊ ေဒးဗစ္ေကာ္ပါဖီးရဲ႕ မ်က္လွည့္ပြဲလုိျပပြဲေတြ ၊ ေစ်းဆုိင္ေပါင္းမ်ားစြာ နဲ႔ မ်ားျပားလွတဲ့ စားေသာက္ဆုိင္ေတြဟာ ဒီေနရာမွာ ရွိေနပါတယ္။ ဟုိတည္မွာ တည္းခ အေနနဲ႔ကေတာ့ တညကို ၇၉ ေဒၚလာအခန္းေတြကေန တညကို ေဒၚလာ ၃၅၀၀၀ ေလာက္အထိေပးရတဲ့ ဗီလာေတြပါ ရွိေနပါတယ္။ ဒီဟုိတယ္ဟာ ၁၉၉၃ ခုႏွစ္ကေန ၂၀၀၆ ခုႏွစ္အထိ ကမာၻ႔အႀကီးဆုံး ဟိုတယ္ျဖစ္ခဲ့ၿပီး ႏွစ္စဥ္ လူေပါင္း သန္းနဲ႔ခ်ီတည္းခုိ အပန္းေျဖေလ့ရွိတဲ့ေနရာလည္းျဖစ္ပါတယ္။
၂။ Venetian Resort Las Vegas
ဒီဟုိတယ္အပန္းေျဖစခန္းကေတာ့ ကမာၻေပၚမွာ ဒုတိယအႀကီးဆုံးဟုိတယ္ျဖစ္ၿပီး ပုိင္ဆုိင္သူကေတာ့ စင္ကာပူ Marina Bay Sands ကို ပုိင္ဆုိင္တဲ့ အေမရိကန္ရဲ႕ နာမည္ေက်ာ္ ကာစီႏုိ နဲ႔ အပန္းေျဖစခန္း ကုမၸဏီ Las Vegas Sands ျဖစ္ပါတယ္။ ဒီဟိုတယ္၀န္းထဲမွာေတာ့ The Palazzo နဲ႔ The Venetian ဆုိၿပီး ဟိုတယ္ႏွစ္ခု ပါ၀င္ေနပါတယ္။ The Palazzo ကေတာ့ အထပ္ေပါင္း ၅၃ထပ္ အထိျမင့္ကာ အခန္းေပါင္း ၃၀၆၈ ခန္း ပါ၀င္ၿပီး ၂၀၀၇ ခုႏွစ္က စတင္ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ The Venetian မွာေတာ့ အထပ္ေပါင္း ၃၇ထပ္ ပါ၀င္ၿပီး အခန္းေပါင္း ၄၀၄၉ ခန္းအထိ ပါ၀င္ကာ ၁၉၉၉ ခုႏွစ္ကတည္းက ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ စုစုေပါင္းလုိက္ရင္ အခန္းေပါင္း ၇၁၁၇ ခန္းေတာင္ ရွိေနပါတယ္။
ကာစီႏုိကစားပြဲေတြအတြက္ အဓိက ရည္ရြယ္တည္ေဆာက္ထားတာျဖစ္တာေၾကာင့္ Palazzo ဆုိရင္ စုစုေပါင္း ၁၀၅,၀၀၀ စတုရန္းေပ က်ယ္၀န္းတဲ့ ကာစီႏုိခန္းမ နဲ႔ Venetian က ကာစီႏုိဧရိယာ စုစုေပါင္းကိုေပါင္းလုိက္ရင္လည္း ၁၂၀,၀၀၀ စတုရန္းေပေတာင္ ရွိေနပါတယ္။ ဆြဲေဆာင္မႈေတြအေနနဲ႔ကေတာ့ ေရွာ့ပင္းေမာေတြ ၊ ျပတုိက္ နဲ႔ အလြန္မ်ားျပားလွတဲ့ စားေသာက္ဆုိင္ေတြကို ထည့္သြင္းေပးထားပါတယ္။ Venetian မွာဆုိရင္ ေရွာ့ပင္းေမာမွာဆုိရင္ ဗင္းနစ္က နာမည္ေက်ာ္ Grand တူးေျမာင္းကိုလည္း ထည့္သြင္းတည္ေဆာက္ အလွဆင္ထားပါေသးတယ္။
၁။ First World Hotel
မေလးရွားႏုိင္ငံ Pahang ျပည္နယ္ Genting Highlands မွာရွိတဲ့ ကမာၻ႔ပထမဟုိတယ္ (First World Hotel) ဟာ ကမာၻေပၚမွာ အႀကီးဆုံးဟိုတယ္ပဲ ျဖစ္ပါတယ္။ ဒီဟိုတယ္ႀကီးရဲ႕ တာ၀ါ 1 ကို ၂၀၀၁ ခုႏွစ္ ၊ တာ၀ါ 2 ကို ၂၀၀၆ ခုႏွစ္ နဲ႔ တာ၀ါ 2A ကို ၂၀၁၄ ခုႏွစ္တုိ႔မွာ အသီးသီးဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ မူလက အခန္းစုစုေပါင္း ၆၁၁၈ ခန္းသာ ရွိခဲ့ေပမယ့္ တာ၀ါ ေနာက္တလုံးနဲ႔အတူ အခန္းအသစ္မ်ားကို ထပ္မံတုိးခ်ဲ႕ထည့္သြင္းခဲ့တာေၾကာင့္ ၂၀၁၅ ခုႏွစ္မွာေတာ့ အခန္းေပါင္း ၇၃၅၁ ခန္း အထိရွိလာခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဂင္းနစ္မွတ္တမ္းရဲ႕ ကမာၻ႔အႀကီးဆုံးဟုိတယ္အျဖစ္ သတ္မွတ္ခံခဲ့ရတာျဖစ္ပါတယ္။
ဒီဟုိတယ္ႀကီးမွာ အေဆာက္အအုံတာ၀ါ ၂ခု ပါ၀င္ၿပီး အထပ္အေနနဲ႔ကေတာ့ ကားပါကင္အတြက္ ေအာက္ေျခ ၈ထပ္ အပါအ၀င္ အထပ္ေပါင္း ၃၆ထပ္ ရွိပါတယ္။ အေဆာက္အဦးေတြကိုေတာ့ ၀ါ ၊ စိမ္း ၊ နီ ၊ ျပာ ၊ လိေမၼာ္ ၊ ခရမ္း စတဲ့ အေရာင္စုံျခယ္သထားၿပီး တံတုိင္းကိုေတာ့ စပိန္စတုိင္ တည္ေဆာက္ထားပါတယ္။ ပုိင္ဆုိင္သူကေတာ့ Genting Malaysia Berhad ကုမၸဏီျဖစ္ပါတယ္။ ၂၀၀၆ ခုႏွစ္ကေနစလုိ႔ လက္ရွိအခ်ိန္ထိ ဒီဟုိတယ္မွာ တည္းခုိခဲ့သူစုစုေပါင္း ၃၅.၅ သန္း ရွိသြားၿပီလုိ႔ သိရပါတယ္။
ဒီဟုိတယ္ရဲ႕ေအာက္ဘက္ စတုရန္းေပ ၅၀,၀၀၀ က်ယ္၀န္းတဲ့ေနရာမွာ ပလာဇာတခု ၊ ကာစီႏုိရုံ ၊ ေကာ္ဖီဆုိင္ ၊ အရက္ဘား ၊ ကေလးကစားကြင္း ၊ ေတာအုပ္သ႑ာန္အလွဆင္ထားတဲ့ အခန္းေတြ ၊ လူေနအိမ္ခန္း နဲ႔ ရုံးခန္း ၊ indoor theme park ေတြကိုပါ ထည့္သြင္းထားပါတယ္။ ေရကူးကန္ေတြမ်ားစြာပါ၀င္သလုိ ေရလႊာေလွ်ာေတြလည္း ရွိေနတဲ့အျပင္ theme park ထဲမွာ ႀကီးမားတဲ့ ရုိလာကိုစတာႀကီးတခုလည္း ပါ၀င္ေနပါေသးတယ္။
Discussion about this post