အင်္ဂလန်နိင်ငံ ၊ အိုင်ယာလန်နိုင်ငံမြောက်ပိုင်းနှင့်တကမ္ဘာလုံးရှိ ဗြိတိသျှကိုလိုနီအားလုံးပေါင်းပြီးဗြိတိသျှအင်ပါယာဟုခေါ်ဆိုခဲ့သည် ။ ထိုအင်ပါယာသည် ၁၆ -ရာစုနှောင်းပိုင်းမှစတင်ကာ၂၀-ရာစုအလယ် ထိကြာရှည်ခဲ့သည်။ အင်ပါယာ၏အမြင့်ဆုံးအချိန်သည်၁၉ – ရာစုအစပိုင်းဖြစ်သည်ဟု ဆိုသည် ။
ထိုအချိန်ကအင်ပါယာသည်ကမ္ဘာ့ကုန်းမြေဧရိယာ၏ ၂၄% ရှိကာ လူဦးရေသန်း ၄၀၀ခန့် နေထိုင်ခဲ့ကြသည် ။ ဧရိယာစတုရန်းမိုင်ပေါင်း ၁၃.၇သန်းခန့် ကျယ်ဝန်းခဲ့သည်။ တချိန်ကဗြိတိသျှအင်ပါယာကိုနေမဝင်အင်ပါယာဟုခေါ်ဆိုခဲ့သည် ။ ဗြိတိသျှအင်ပါယာကို စတင်ချဲ့ထွင်ခဲ့သူမှာဘုရင်မ Elizabeth I ( ၁၅၅၈ – ၁၆၀၃ )ဖြစ်သည် ။ ဘုရင်မသည် သူမအုပ်ချုပ်သည့်အချိန် ၁၅၈၀ခန့်တွင် အင်္ဂလိပ်လူမျိုး Sir Francis Drake ဆိုသူ၏ကမ္ဘာတလွှား ရွက်လွှင့်သွားလာပြီး နယ်မြေသစ်ရှုာဖွေမှုအားကူညီခဲ့သည်။
ဗြိတိသျှအင်ပါယာသည် ကမ္ဘာ့သမိုင်းတလျှောက် အကြီးမားဆုံး အင်ပါယာလည်းဖြစ်သည်။(မွန်ဂိုအင်ပါယာကိုမူ နယ်မြေတဆက်တည်း အကြီးဆုံးအင်ပါယာဟု သတ်မှတ်သည်။ ဗြိတိသျှတို့၏ အင်ပါယာမှာ တဆက်တည်းမဟုတ်ပဲ ဟိုတစ်စု ဒီတစ်စုကွဲနေသောကြောင့်ဖြစ်သည်)
ပထမဗြိတိသျှအင်ပါယာ
ပထမဗြိတိသျှအင်ပါယာသည်မြောက်အမေရိကဒေသမှစတင်ခဲ့သည်။ အေဒီ ၁၆၀၇ ခုနှစ်တွင်ဗြိတိသျှလူမျိုး Pilgrim သည် Jamestone အမည်ရှိကျေးရွာ လေးအားဗာဂျီးနီးယားပြည်နယ် တွင်အခြေချရောက်ရှိထူထောင်ရာမှမြောက်အမေရိကတွင်ဗြိတိသျှ ကိုလိုနီစတင်ခဲ့သည် ။ ထို့နောက်မြောက်အမေရိကကမ်းခြေတလျှောက်ရှိပြင်သစ်နှင့် စပိန်ပိုင်နယ်မြေများကိုသိမ်းယူပြီးစီးပွားရေးလုပ်ငန်းများထူထောင် ခဲ့ကြသည်။
၁၆၂၃ -ခုနှစ်တွင်ကာရေဗီယံဒေသကို၎င်း ၊ ၁၆၅၅ ခုနှစ်တွင်စပိန်ပိုင် ဂျာမေကာဒေသကို၎င်းသိမ်းယူခဲ့သည်။ ၁၇၅၈-တွင်ကနေဒါဒေသသည်ဗြိတိသျှလက်အောက်ကျရောက်ခဲ့သည်။ ဗြိတိလျှတို့အမေရိကတွင်အုပ်ချူပ်စဉ် အမေရိကန်တော်လှန်ရေး ဖြစ်ပေါ်ပြီး ၁၇၇၆ ခုနှစ်တွင်အမေရိကန်အားလွတ်လပ်ရေးပေးခဲ့ရသည်။
အမေရိကန်လွတ်လပ်ရေးပေးပြီးအချို နယ်မြေများသည် ဗြိတိသျှလက်အောက်တွင်ရှိခဲ့သော်လည်း ဗြိတိသျှဗိုလ်ချုပ် Charles Cornwallis စစ်ရှံးပြီးနောက်ဗြိတိသျှတို့၏ ပထမအင်ပါယာ သည်အမေရိကတွင်ကျရှုံးခဲ့ရသည်။ အမေရိကတွင်ကျရှုံးပြီးနောက် ဗြိတိသျှအစိုးရသည် သူ၏စီးပွားရေး အင်အားများကိုပြန်လည်စုစည်းပြီး ကနေဒါနှင့် အိန္ဒိယတွင်သြဇာခိုင်မြဲ ရန်ကြိုးစားခဲ့သည်၊
ဒုတိယ ဗြိတိသျှအင်ပါယာ
ဗြိတိသျှတို့သည်အမေရိကတွင်ပထမအင်ပါယာထူထောင်စဉ် အတွင်း ၁၇ -ရာစုအစ၌ အိန္ဒိယဒေသတွင်စီးပွားရေးအရနယ်မြေ ချဲ့ထွင်ခဲ့သည် ။ ဗြိတိသျှအရှေ့အိန္ဒိယကုမွဏီတည်ထောင်ပြီးစက်ရုံအလုပ်ရုံများ ထူထောင်ခဲ့ကြသည်။ ထိုအချိန်က အိန္ဒိယတွင် မဂိုအင်ပါယာကြီးစိုးနေချိန်ဖြစ်သည်။
၁၇၀၇တွင်မဂိုအင်ပါယာဘုရင် Aurangzeb ကွယ်လွန်ပြီး အိန္ဒိယပြည်တွင်းရေးမတည်မငြိမ်ဖြစ်လာရာ ဗြိတိသျှအရှေ့အိန္ဒိယကုမွဏီသည် စီးပွားရေးအုပ်စုအားလုံးအားစုစည်းပြီး အိန္ဒိယနိင်ငံရေးထဲဝင်ရောက်လာခဲ့သည်။ ၁၇၄၀ မှ ၁၇၅၀အတွင်းဗြိတိသျှအရှေ့အိန္ဒိယကုမွဏီသည်ပြင်သစ် ကုမ္ပဏီများနှင့် စစ်ပွဲ-၃ကြိမ်ဖြစ်ပွားပြီးအနိင်ရရှိခဲ့သည် ။ ထိုအခါဗြိတိသျှတို့သည် အိန္ဒိယတိုက်နယ်တခုလုံးအားနိင်ငံရေးအရ ပါဝါပေးနိင်သည်အထိသြဇာရှိလာခဲ့သည်။ ပြင်သစ်တို့၏အိန္ဒိယအင်ပါယာသည် ပြိုကွဲခဲ့ရသည်။
သို့သော်လည်း အိန္ဒိယတွင်မျိုးနွယ်စုများပြားခြင်း၊ ဗြိတိသျှတို့၏ ကိုလိုနီအုပ်ချုပ်မှူတလျှောက်တွင်ဒေသခံများ၏ရိုးရာယဉ်ကျေးမှု အစဉ်အလာများကိုလေးစားမှုမရှိခြင်း စသည်တို့ကြောင့်မကြာခဏ တော်လှန်ပုံကန်မှုများကိုရင်ဆိုင်ခဲ့ရသည်။ ၁၈၅၈- နောက်ပိုင်းတွင်အန္ဒိယအားဗြိတိသျှအရှေ့အိန္ဒိယကုမွဏီမှအုပ်ချုပ်မှု အဆုံးသတ်ကာဗြိတိသျှအစိုးရ၏ သီးခြားပြည်နယ် တခုအနေဖြင့်တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့သည်မြန်မာနိုင်ငံအားလည်းစစ်ပွဲ- ၃ကြိမ်ဆင်နွှဲပြီး အိန္ဒိယအစိတ်အပိုင်းအနေဖြင့်တနိုင်ငံလုံးကို၁၈၈၆ တွင် သိမ်းယူအုပ်ချုပ်ခဲ့သည်။
သြစတြေးလျှ
ဗြိတိသျတို့သည် ၁၈ – ရာစုအစမှစတင်ပြီးသြစတြေလျှသို့ခြေချခဲ့ကြသည်။ သို.သော်လဲသြစတြေလျှ၏ကျယ်ပြန့်သည့်ကုန်းမြေဧရိယာကြောင့် ကိုလိုနီလုပ်နိင်လောက်သည့် ကြီးမားသော ပါဝါကိုမတည်ဆောက်နိင်ခဲ့ကြပေ၊၁၇၈၈ နောက်ပိုင်းမှတဖြည်းဖြည်းနယ်မြေများကိုသိမ်းယူအုပ်ချုပ်ခဲ့သည်။
နပိုလီယန်စစ်ပွဲများ
သမိုင်းတွင် ပြင်သစ်နှင့်ဗြိတိသျှတို့Napoleonic wars ကို ၁၇၉၉ – ၁၈၁၅ ထိ ဖြစ်ပွားခဲ့သည်။ ဗြိတိသျှ သူရဲကောင်း Horatio Nelson သည်၁၇၉၈ သြဂုတ်လ ၌ရေကြောင်းစစ်ပွဲ ဆင်နွဲပြီးနပိုလီယံ၏အီဂျစ်အပေါ်လွှမ်းမိုးမှုကို အဆုံးသတ်စေခဲ့သည်။
၁၈၀၅ ခုနှစ်တွင်တဖန် Horatio Nelson ဦးဆောင်သည့် ဗြိတိသျှစစ်သင်္ဘောများနှင့်ပြင်သစ်၊ စပိန်ဦးဆောင်သည့်စစ်သင်္ဘောများစပိန်တောင်ပိုင်း Cape Trafalgar အငူတွင်ဖြစ်ပွားသည့် Battle of Trafalgar စစ်ပွဲသည်ဥရောပသမိုင်းတွင်ထင်ရှားသည် ။ ထိုစစ်ပွဲတွင်ဗြိတိသျှတို့အနိုင်ရရှိပြီး Mediterranean Sea ပတ်ဝန်းကျင်တလျှောက်အားဗြိတိသျှတို့ထိန်းချုပ်နိင်ခဲ့သည်၊
၁၈၁၅ တွင်ဗီယင်နာသင်္ဘောတူညီချက်အရ ပြင်သစ်ပိုင်ကိုလိုနီဖြစ်သောတောင်အာဖရိက၊ အိန္ဒိယဒေသ ၊ ဂျာဗား၊အင်ဒိုနီးရှားစသည့် နယ်မြေများအားပြင်သစ်မှ ဗြိတိသျှသို့လွှဲပေးခဲ့ရသည် ။ ဗြိတိသျှတို့သည်တရုတ်နှင့်ကုန်သွယ်မှုကို အကြောင်းပြပြီး ဘိန်းစစ်ပွဲ-၂ကြိမ်ဖြစ်ပွားကာ၁၈၄၁တွင် ဟောင်ကောင်ကိုသိမ်းယူခဲ့သည်၊
New Imperialism
ဗြိတိသျှဝန်ကြီးချုပ် Benjamin Disraeli ( ၁၈၀၄ – ၁၈၈၀ ) လက်ထက်တွင်ပိုပြီးတက်ကြွသည့်နိင်ငံခြားရေးမူဝါဒဖြစ်သည့် New Imperialism ကိုချမှတ်ခဲ့သည် ။ ဆိုလိုသည်မှာပင်လယ်ရပ်ရှားရှိ ဗြိတိသျှကိုလိုနီများအားကာကွယ် ရန်နှင့် ချဲ့ထွင်ရန်ပေလစီချမှတ်ခဲ့သည်။
၁၈၈၂ တွင်ဗြိတိသျှတပ်များအီဂျစ်ဒေသနှင့် စူးအက်တူးမြောင်းကို သိမ်းပိုက်ကာ ရေနံများကိုထိန်းချုပ်ခဲ့သည်၊ ဗြိတိသျှတို့သည်နောက်ပိုင်းတွင်ကုန်သွယ်မှုကိုအခြေခံသည့် ကိုလိုနီဒေသခံများနှင့်အဆင်ပြေမည့်နိင်ငံရေးစနစ်ကိုကျင့်သုံးခဲ့သည်။ ယင်းကို Confederated ဟုခေါ်ခဲ့သည်။ Confederated အရ ဗြိတိသျှတို့သည်စစ်တပ်ကိုဆုတ်ခွာပြီး နိုင်ငံရေး၊ နိင်ငံပြင်ပလုံချုံရေးကိုတာဝန်ယူသည့်ပေါ်လစီ ဖြင့် ကနေဒါ ၊ သြစတြေးလျှနှင့်တချို.အာဖရိကနိုင်ငံများအား အုပ်ချုပ်ခဲ့သည်။
၂၀ -ရာစု (World war I & II)
ပထမ ကမ္ဘာစစ်ဖြစ်တဲ့ ( ၁၉၁၄ – ၁၉၁၈ ) အတွင်းကိုလိုနီနိုင်ငံ များမှစစ်သားများသည် ဗြိတိသျှဖက်မှဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ စစ်ပွဲအောင်နိုင်ပြီး ဗာဆေးစာချုပ်အရ အာဖရိကရှိ ဂျာမနီအင်ပါယာ အများအပြားအားဗြိတိသျှသို့လွှဲပေးခဲ့ရသည် ။
စစ်ပွဲအောင်နိုင်သော်လည်းစစ်၏ပင်ပန်းမှု၊ ကိုလိုနီနယ်ကျယ်ပြန့် လာမှု၊ ဒေသခံတို့၏တက်ကြွလှုပ်ရှားမှု ပုန်ကန်မှုများကြာင့် ကိုလိုနီနယ်များတဖြေးဖြေးလက်လွှတ်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်( ၁၉၃၉ – ၁၉၄၅ )အပြီးတွင်ဗြိတိသျှတို့သည် စစ်ပွဲအောင်နိင်ခဲ့သော်လည်း ကိုလိုနီနယ်များကိုလွတ်လပ်ရေးပေးခဲ့ရကာ ဗြိတိသျှတို့၏ ဒုတိယအင်ပါယာ ကျရှုံးပျောက်ကွယ်ခဲ့ရလေသည် ။
Academy Facebook Page
Discussion about this post