• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် ၇ ခု ဆိုသည်မှာ

by Thutamm
December 16, 2019
Reading Time: 2min read
0
ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် ၇ ခု ဆိုသည်မှာ
Share on FacebookShare on Twitter

အရင်ပိုစ့်နှစ်ခုမှာ ရှေးဟောင်း ကမ္ဘာ့အံ့ဖွယ် ၇ ခု နဲ့ အလယ်ခေတ် ကမ္ဘာ့အံ့ဖွယ် ၇ ခု အကြောင်းကို ရေးခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ် ၇ ခု အကြောင်းကို သုတဇုန်မိတ်ဆွေများအတွက် မျှဝေသွားပါမယ်။ ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် ၇ ခု ကတော့

၁။ တရုတ်နိုင်ငံက မဟာရံတံတိုင်းကြီး
၂။ ဂျော်ဒန်နိုင်ငံမှ ပီထရာမြို့ဟောင်း
၃။ အီတလီနိုင်ငံ ရောမမြို့က ကိုလိုစီယမ်ဇာတ်ရုံကြီး
၄။ မက္ကဆီကိုနိုင်ငံ ယူကာတန်က မာယာမြို့ဟောင်း Chichen Itza

၅။ ပီရူးနိုင်ငံက အင်ကာမြို့ဟောင်း မာချူးပီချူး
၆။ အိန္ဒိယက တပ်ချ်မဟာရ်
၇။ ဘရာဇီးနိုင်ငံ ရီရိုဂျနေးရိုးက ခရစ်တော်ရုပ်တု Christ the Redeemer

တို့ဖြစ်ကြပါတယ်။ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ထဲမှာ ဂုဏ်ထူးဆောင်အနေနဲ့ ပါဝင်တာကတော့ အီဂျစ်နိုင်ငံက ဂိုင်ဇာမဟာပိရမစ်ကြီး ဖြစ်ပါတယ်။

၁။ တရုတ်နိုင်ငံက မဟာရံတံတိုင်းကြီး

အဓိပ္ပါယ်အားဖြင့် ၁၀၀၀၀ လီ ( ၁ လီ = ၁/၃ မိုင်) ရှည်လျားသော တံတိုင်းကြီးဟု အဓိပ္ပါယ်ရသည်။ တရုတ်နိုင်ငံမှ အတွဲလိုက် တည်ဆောက်ထားသော မြေကတုပ် နှင့် ကျောက်ကတုပ်များဖြစ်ပြီး ဘီစီ ၆ရာစု မှ အေဒီ ၁၆ရာစုအတွင်း တရုတ်မင်းဆက် အဆက်ဆက်တို့လက်ထက်တွင် တရုတ်အင်ပါယာ၏ မြောက်ဖက်နယ်စပ်ကို ရှုန်းနူ (Xiong-nu) တို့၏တိုက်ခိုက်မှုမှ ကာကွယ်ရန် တည်ဆောက်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ပြုခဲ့ကြသည်။

မဟာရံတံတိုင်းဟု ရည်ညွှန်းသော အချို့တံတိုင်းများမှာ ဘီစီ ၅ရာစုကပင် စတင်တည်ဆောက်ခဲ့ကြသည်။ အထင်ရှားဆုံးတံတိုင်းမှာ တရုတ်၏ ပထမဆုံးအင်ပါယာ ချင်ရှိဟွမ် (Qin Shi Huang) ၏လက်ထက် ဘီစီ ၂၂၀- ၂၀၀ကြားတွင် တည်ဆောက်ခဲ့ပြီး ယခုအခါ အနည်းငယ်သာ ကြွင်းကျန်ရစ်တော့သည်။ ထိုတံတိုင်းမှာ ယခုလက်ရှိတည်ရှိနေသော မင်မင်းဆက် ( Ming Dynasty) လက်ထက်တွင် တည်ဆောက်ခဲ့သော တံတိုင်း၏ မြောက်ဖက် အလွန်ဝေးလံသော နေရာတွင် တည်ရှိသည်။

မဟာရံတံတိုင်းကြီးသည် အရှေ့ဖက် ဆန်းဟိုင်ကွမ်း ( Shan-hai-guan) မှ အနောက်ဖက် လော့ပ်နော်(Lop Nur) အထိ မိုင်ပေါင်း ၄၀၀၀ (ကီလိုမီတာ ၆၄၀၀) ခန့် ရှည်လျားသည်။ မွန်ဂိုးလီးယားအတွင်းပိုင်း၏ တောက်ဖက်နယ်စပ်တလျှောက်ကို လခြမ်းပုံသဏ္ဌာန်ရစ်ပတ်ထားပြီး စုစုပေါင်း မိုင်ပေါင်း ၄၁၆၀ (၆၇၀၀ကီလိုမီတာ) အထိရှည်လျားသည်။ အထွဋ်အထိပ်သို့ရောက်ရှိနေသော အချိန်ကာလအတွင်းတွင် မင်တံတိုင်းကို လူပေါင်း တစ်သန်းကျော်က စောင့်ကြပ်ခဲ့သည်။ တရုတ်လူမျိုးပေါင်း ၂သန်းမှ ၃သန်းအထိ ရာစုနှစ်နှင့်ချီသော တံတိုင်းတည်ဆောက်မှု စီမံကိန်းလုပ်ငန်းအတွင်း သေဆုံးခဲ့သည်ဟု ခန့်မှန်းရသည်။

၂။ ဂျော်ဒန်နိုင်ငံမှ ပီထရာမြို့ဟောင်း

ပီထရာမြို့ဟောင်းဟာ ဂျော်ဒန်နိုင်ငံတောင်ပိုင်းမှာ တည်ရှိတဲ့ ရှေးမြို့ဟောင်းတစ်ခုဖြစ်ပါတယ်။ ဒီမြို့ဟောင်းမှာ အထင်ရှားဆုံးကတော့
ခက်ဇ်နားဘုရားကျောင်း ဖြစ်ပါတယ်။ ခက်ဇ်နားဟာ ကျောက်သားကို ထွင်းထုထားတဲ့ ဝတ်ပြုကျောင်းဆောင် တစ်ခုပါ။ Indiana Jones လို ရုပ်ရှင်ဇာတ်ကားမျိုးတွေ ရိုက်ကူးခဲ့ဖူးတဲ့ ခက်ဇ်နားဟာ ပီထရာ မြို့တော်ဟောင်းရဲ့ အံ့ချီးဖွယ် ရတနာ တစ်ပါးလည်း ဖြစ်ပါ တယ်။ အနီးမှာရှိနေတဲ့ လက်စမသတ်ရသေးတဲ့ ဂူသင်္ချိုင်း တစ်ခုကို အခြေပြု ကောက်ချက်ချတဲ့အခါ သက်တမ်း နှစ်ပေါင်း(၂၀၀၀)လောက် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ခက်ဇ်နားဟာ အပေါ်ကနေ အောက်ဘက်ကိုဆင်းသက်ပြီး ထွင်းထုတည်ဆောက်ခဲ့တယ်လို့ အဖြေထွက်လာပါတယ်။

ဒါပေမဲ့ မျက်နှာစာဘက်အပေါက်တွေရဲ့ နေရာချ ထားပုံကြောင့် ဒီကောက်ချက်ကို လမ်းကြောင်းလွဲစေမယ့် အခြေအနေမျိုး ရှိလာခဲ့ ပါသေးတယ်။မျက်နှာစာ အပိုင်းဟာ ရှေးပန်းပု လက်ရာဟောင်းတွေကို ပယ်ဖျက်ဖို့ နှောင်းလူတွေက အသစ်ဖန်တီး ထုလုပ်ဖန်တီးထားတာလို့ ယူဆရပါတယ်။ ထူးဆန်းတဲ့ ကျောက်တုံးတွေနဲ့ ချည်းဖန်တီးထားတဲ့ လက်ရာ နဲ့ ပြောင်မြောက်လှတဲ့ ရေပေးဝေမှုစနစ်တွေရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။ ကမ္ဘာ့အံဖွယ်တွေထဲက တစ်ခု အပါအဝင်လည်း ဖြစ်ပါတယ်။

၃။ အီတလီနိုင်ငံ ရောမမြို့က ကိုလိုစီယမ်ဇာတ်ရုံကြီး

ကေ်ာလိုဆီယမ်ဆိုတာ အီတလီရောမမြို့ရဲ့အလယ်ခေါင်မှာရှိတဲ့ ဧရာမကဇာတ်ရုံကြီးဖြစ်ပါတယ်။ သူ့ကို Flavian ကဇာတ်ရုံလို့လည်းခေါ်ကြပါတယ်။ ရောမ Flavian မင်းဆက်မှာ တည်ဆောက်ခဲ့လို့ဖြစ်ပါတယ်။ နီရိုဘုရင်ကြီးရဲ့ကြေးရုပ်တု(Colossus of Nero) အနီးမှာဆောက်ခဲ့တဲ့ဇာတ်ရုံဖြစ်တာကြောင့် Colosseum ဆိုတဲ့နာမည်ဖြစ်လာပါတယ်။ ဒီဇာတ်ရုံကြီးကို အေဒီ ၇၂ခုနှစ် ဘုရင် Vespasian လက်ထက်မှာ တည်ဆောက်ခဲ့ပြီး သူ့ရဲ့သား Titus လက်ထက် အေဒီ ၈၁ခုနှစ်(၉နှစ်အကြာ) မှာ ပြီစီးခဲ့ပါတယ်။ ဒီလိုတည်ဆောက်တဲ့နေရာမှာ ဂျူးလူမျိုးအစေခံ ၆သောင်းခန့်ကို သုံးခဲ့ပါတယ်။ ကျောက်တုံးနဲ့ ကွန်ကရစ်ကိုသုံးကာ တည်ဆောက်ခဲ့တဲ့ ဇာတ်ရုံကြီးဖြစ်ပြီး ဆောက်ခဲ့သမျှရှေးဟောင်း ကွန်ကရစ်ဇာတ်ရုံတွေထဲမှာ အကြီးဆုံးလည်းဖြစ်ပါတယ်။

မြေဧက ၆ဧကပေါ်မှာဆောက်လုပ်ထားတဲ့ ဇာတ်ရုံကြီးရဲ့ပုံစံဟာ ဘဲဥပုံသဏ္ဍာန်ရှိပြီး အမိုးမပါပဲ ထိုင်ခုံတန်းများကို အဝိုင်းအဆင့်ဆင့်နဲ့ တည်ဆောက်ထားခဲ့ပါတယ်။ လူပေါင်း ၅သောင်းကနေ ၈သောင်းအထိဆန့်တဲ့ ဇာတ်ရုံကြီးဖြစ်ပါတယ်။ ဇာတ်ရုံဟု ဆိုပေမယ့် ဇာတ်ပွဲတွေပြတာမဟုတ်ပဲ။ တိုက်ခိုက်ပွဲ သတ်ဖြတ်ပွဲတွေ ပြုလုပ်တာဖြစ်ပါတယ်။ စစ်သည် ၊ သုံ့ပန်း ၊ တိရစ္ဆာန်များဟာ တစ်ဦးချင်း ၊ အုပ်စုလိုက် စသည့်ဖြင့် သတ်ဖြတ်သည့်ပွဲ ၊ လူကိုခြသေ့ၤစာကျွေးပွဲတွေကို ကြည့်ရှုသူတွေက အားပေးကြတာဖြစ်ပါတယ်။ ဒီလိုတိုက်ပွဲတွေဟာ အဲဒီခေတ်က အပန်းဖြေကြည့်ရှု့စရာဖြစ်ခဲ့ပါတယ်။ အများအားဖြင့် ကျွန်တွေကို အမြဲလေ့ကျင့်စေကာ လက်နက်ကိရိယာအမျိုးမျိုးနဲ့ တိုက်ခိုက်စေတာဖြစ်ပါတယ်။ ကျွန်တွေကို သူဌေးကြီးတွေ ၊ အရာရှိကြီးတွေက ပိုင်ဆိုင်ထားပြီး ပြိုင်ပွဲမှာ နိုင်တဲ့ကျွန်ဟာ သူတို့ရဲ့ဂုဏ်ကိုတက်စေပါတယ်။

ဒီလိုတိုက်ပွဲတွေမှာ တစ်ယောက်ယောက်က လဲကျသွားပြီး အရှုံးပေးရုံနဲ့ ပွဲပြီးလေ့မရှိပါဘူး။ အဲလိုအခါမျိုးမှာ ပရိသတ်က သတ်ဖြတ်ဖို့တောင်းဆိုလေ့ရှိပြီး အနိုင်ရရှိသူဟာ မသတ်ချင်သည့်တိုင်အောင် လဲကျနေသူကို သတ်ဖြတ်ပြရပါတယ်။ တကယ်လို့မသတ်ပဲ လွှတ်ပေးပါက အနိုင်ရပေမယ့် ပရိသတ်ရဲ့အားပေးမှုကိုမရပဲ လှောင်ပြောင်မှုတွေကိုသာ ရမှာဖြစ်ပါတယ်။ အနိုင်ရသူက မသတ်ဖြတ်ပေမယ့် ရှုံးနိမ့်သူ အသက်ရှင်ဖို့အခွင့်အလမ်းက နည်းပါးပြီး သူ့ရဲ့ကံကြမ္မာဟာ သခင်က သတ်မသတ်ပေါ်မှာ မူတည်ပါတယ်။ ဒီဇာတ်ရုံကြီးမှာ ကျွန်တွေနဲ့ တိရစ္ဆာန်တွေကို ထားတဲ့နေရာတွေကိုလည်းထည့်သွင်းထားပြီး ယနေ့တိုင်မြင်တွေ့နိုင်ပါသေးတယ်။ တိုက်ခိုက်သတ်ဖြတ်ပွဲများကို နှစ်ပေါင်း ၃၉၀ ခန့်ကြာအောင် ဘုရင်အဆက်ဆက်က အစဉ်အလာတစ်ခုလို ကျင်းပခဲ့ပြီး ဒီကွင်းကြီးမှာသေဆုံးခဲ့သူပေါင်းဟာ ၄သိန်းထက်မနည်းရှိခဲ့ပြီး ၊ တိရစ္ဆာန်ပေါင်းလည်း သိန်းနဲ့ချီပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။

လူနေမှုစနစ် နဲ့ အတွေးအခေါ်များမြင့်တက်လာပြီး ခေတ်အလယ်ပိုင်းရောက်တဲ့အခါမှာတော့ သတ်ဖြတ်ပွဲတွေကို ဒီကွင်းကြီးထဲမှာမလုပ်တော့ပဲ ပုံမှန်ဖျော်ဖြေပွဲနဲ့ ဘာသာရေးပွဲများသာ ပြုလုပ်တော့ပါတယ်။ ငလျှင်ဒဏ်နဲ့ ကျောက်တုံးများခိုးယူဖျက်စီးသူများကြောင့် ယခုအခါမှာ မူလဇာတ်ရုံရဲ့ သုံးပုံ နှစ်ပုံသာ ကျန်ပါတော့တယ်။ ယနေ့တိုင် အထင်ရှားဆုံး ရှေးဟောင်း ကဇာတ်ရုံတစ်ရုံအဖြစ် ရပ်တည်နေပြီး ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် တစ်ခုအဖြစ်သတ်မှတ်ထားခံရကာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်း သန်းချီပြီးလာရောက်လေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်။

၄။ မက္ကဆီကိုနိုင်ငံ ယူကာတန်က မာယာမြို့ဟောင်း Chichen Itza

မာယာလူမျိုးလို့ ဆိုလိုက်တာနဲ့ ဉာဏ်အလွန်ထက်ပြီး တီထွင်မှုတွေကိုဖန်တီးခဲ့ပြီး သမိုင်းထဲကပျောက်ခြင်းမလှ ပျောက်သွားတဲ့ လူမျိုးစုတစ်စု အဖြစ် အားလုံးသိပြီးဖြစ်မှာပါ။ အခုဖော်ပြတဲ့ Chichen Itza မြို့တော်ဟာ ဒီမာယာလူမျိုးတွေတည်ဆောက်ခဲ့တဲ့မြို့တော်ဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၄မိုင်ပတ်လည်ကျယ်ဝန်းပါတယ်။ Mexico နိုင်ငံ၊ Yucatan ၏ မြို့တော် Merida ရဲ့ အရှေ့ဘက် ၇၅ မိုင်အကွာမှာ တည်ရှိပါတယ်။

အေဒီ ၆ရာစုကနေ ၉ရာစုကျော်အထိ အလွန်စည်ကားတဲ့မြို့ဖြစ်ခဲ့ပါတယ်။ အေဒီ ၁၀ရာစုခန့်မှာ Toltec လူမျိုးတွေရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး မာယာလူမျိုးတွေလုပ်အားနဲ့ မြို့တော်ကြီးကို ဘာသာရေးအဆောက်အအုံတွေကို ဆောက်လုပ်ခဲ့ပြီး သူတို့နဲ့အတူ လူသားယဇ်ပူဇော်ခြင်း စနစ်လည်းပါလာခဲ့ပါတယ်။ ယဇ်ပူဇော်တဲ့အခါ လူတွေကို Chichen ထိပ်ကနေပစ်ချပြီး အသက်ရှင်ကျန်ရစ်သူကိုသာ မြင့်မြတ်သူလို့ယုံကြည်ပြီးကိုးကွယ်ခဲ့ကြပါတယ်။ အေဒီ ၁၃ရာစုမှာတော့ မာယာတွေဟာ ဒီမြို့ကိုအပြီးတိုင်စွန့်ခွာခဲ့ကြပါတယ်။ ကျူးကျော်သူတွေဟာ မာယာဘုန်းတော်ကြီးတွေကို မသတ်ခဲ့ရင် ၊ စာအုပ်တွေကိုမီးမရှို့ခဲ့ရင် မာယာတွေရဲ့ သမိုင်းအထောက်အထားတွေကို ဒီထက်အများကြီးပိုသိရမှာဖြစ်ပါတယ်။

Chi ဆိုတာက ပါးစပ်၊ Chen ဆိုတာက ရေတွင်း၊ Itza ဆိုတာက အစ်ဇာလူမျိုးနွယ်စု လို့ အဓိပ္ပာယ်ရပါတယ်။ အဓိပ္ပါယ်အပြည့်အစုံကတော့ ‘at the mouth of the well of the Itza’ ဖြစ်ပါတယ်။ မတည်ဆောက်ခင်က အဲဒီနေရာမှာ တစ်နှစ်ပတ်လုံးရေရနိုင်တဲ့ တွင်းပေါက်ကြီး နှစ်ခုရှိတာကြောင့် Chichen Itza တည်ဆောက်ဖို့ ဒီနေရာကိုရွေးချယ်ခဲ့ကြတာပဲဖြစ်ါပတယ်။ ဒီအပေါက်ကြီးနှစ်ခုထဲက တစ်ခုဟာ လူသားတွေကိုယဇ်ပူဇော်ရာ နေရာလည်းဖြစ်ပါတယ်။ ဒီနေရာမှာ ယောင်္ကျား ၊ မိန်းမ ၊ ကလေးများစွာဟာ Chac ဘုရားထံ ယဇ်ပူဇော်ခြင်းကိုခံခဲ့ရပါတယ်။ Chac ဟာ မာယာလူမျိုးများရဲ့ မိုး နဲ့ မိုးကြိုးဘုရားဖြစ်ပါတယ်။

ဒီမြို့ရဲ့ အထူးခြားဆုံး အကျော်ကြားဆုံးနေရာဟာ Castillo ဖြစ်ပါတယ်။ စပိန်စကားနဲ့ ဆိုရင် ရဲတိုက်ဖြစ်ပါတယ်။ Castillo ဟာ နက္ခတ္တဗေဒ နည်းလမ်းအတိုင်းတည်ဆောက်တဲ့ ပိရမစ်ပုံစံ ၇၉ပေအမြင့် အဆောက်အဦးဖြစ်ပြီး အပြင်ဘက်မှာ လှေကား ၄ခုရှိပါတယ်။ သတင်းမီဒီယာတွေမှာ မကြာခဏဖော်ပြခံရတဲ့ပုံလည်းဖြစ်ပါတယ်။ ဒီနေရာမှာနေထိုင်ခဲ့တဲ့ မာယာလူမျိုးတွေဟာ လက်မှုပညာအတတ် ၊ ပန်းပုအတတ် ၊ ယက်ကန်းအတတ် ၊ ကျောက်မျက်အတတ် နဲ့ အိုးအတတ်တွေမှာ အလွန်ကျွမ်းကျင်သူတွေဖြစ်ပါတယ်။

အဆောက်အဦးအားလုံးကို ကျောက်တုံးတွေနဲ့သာ ဆောက်လုပ်ထားပါတယ်။ ထူးခြားတာကတော့ သူတို့ရဲ့ဘုရားကျောင်းတွေ ၊ ပိရမစ်တွေ နဲ့ အဆောက်အဦးတွေဆောက်လုပ်တဲ့နေရာမှာ ကျောက်တုံးသယ်ဖို့အတွက် ဘီးတွေကို အသုံးမပြုခဲ့တာပါ။ အဆောက်အဦးများဖျက်စီးရပြီးနောက် ကျန်ခဲ့တဲ့အထဲမှာ ကျော်ကြားတဲ့အဆောက်အဦးတွေကတော့ The Warrior’s Temple, El Castillo နဲ့ The Great Ball Court တို့ဖြစ်ပါတယ်။ Chichen Itza ဟာ ကမ္ဘာသစ်ရဲ့ အကြီးကျယ်ဆုံး အံသြဖွယ်ရာ ခုနှစ်ခုထဲမှာလည်း ထည့်သွင်းသတ်မှတ်ခံခဲ့ရသလို ၁၉၈၈မှာ UNESCO ရဲ့ ကမ္ဘာ့အမွှေအနှစ်အဖြစ်သတ်မှတ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း ၁.၄သန်းခန့် လာရောက်လည်ပတ်တဲ့နေရာလည်းဖြစ်ပါတယ်။

၅။ ပီရူးနိုင်ငံက အင်ကာမြို့ဟောင်း မာချူးပီချူး

မာချူးပီချူးဟာ ပီရူးနိုင်ငံ Cusco ဒေသ အင်ဒီးစ်တောင်တန်းပေါ်မှာ တည်ရှိတဲ့ အင်ကာအင်ပါယာ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ပါတယ်။ Machu Picchu ကို အင်ကာအင်ပါယာအင်အားကြီးထွားချိန် ၁၄၅၀ လောက်မှာ တည်ဆောက်ခဲ့ပါတယ်။ စတင်တည်ဆောက်ပြီး နှစ်ပေါင်း ၁၀၀ကျော်အကြာ ၁၅၇၀ ခုနှစ် စပိန်တွေသိမ်းပိုက်ချိန်မှာ စွန့်ပစ်ခြင်းခံခဲ့ရပါတယ်။ ဒီမြို့တော်ကို ခရစ်နှစ် ၁၄၅၀ ဝန်းကျင်လောက်မှာ အင်ကာအင်ပါယာ ဧကရာဇ် Pachacuti (၁၄၃၈-၁၄၇၂) မှ Andes တောင်တန်းတွေပေါ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

လျှို့ဝှက်ဆန်းကြယ်တဲ့ မာချူးပီချူးမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၇၉၇၀ အမြင့်မှာ တည်ရှိနေပါတယ်။ အစပိုင်းမှာ ခံတပ်အဖြစ်တည်ဆောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ အင်ကာလူမျိုးတို့ရဲ့ မြို့တော် ဖြစ်လာပြီး လူပေါင်း ၁၂၀၀ ဝန်းကျင်လောက်နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အများအားဖြင့် လက်လုပ်လက်စား သမားတွေ မင်းမှုထမ်းတွေနဲ့ အစေခံတွေ နေထိုင်ကြတယ်။ ကလေးတွေနဲ့ မိန်းမတွေဟာ ယောကျ်ားတွေထက် ဦးရေ ပိုများတယ်။

အဓိက အသယ်မွေးဝမ်းကျောင်းအဖြစ် စိုက်ပျိုးရေးကို လုပ်ကိုင်ကြတယ် ။ အဓိက ထွက်ကုန်ကတော့ အာလူးနဲ့ ပြောင်းတို့ဖြစ်တယ်။ယောကျ်ားတွေက လယ်အလုပ်ကို လုပ်ကိုင်ပြီး မိန်းမတွေကတော့ အိမ်မှာနေပြီး ရက်ကန်း ခတ်ခြင်း ၊ အိုးလုပ်ငန်းနဲ့ လက်လုပ်ပစ္စည်း များကို ပြုလုပ်ကြတယ်။ Machu Picchu မြို့ကို စိုက်ပျိုးရေးအပိုင်း၊ ဘာသာရေးအပိုင်း၊ လူနေထိုင်သည့်အပိုင်း စသဖြင့် အပိုင်းအပိုင်းလိုက် အံ့သြဖွယ် တည်ဆောက်ထားတာကိုေ တွ့ရပါတယ်။ လှေကားထစ်စိုက်ပျိုးနည်းနဲ့ တောင်စောင်းတွေပေါ်မှာ စိုက်ပျိုးရေးလုပ်ကိုင်ကြပြီး အောက်ဆုံးအပိုင်းမှာ လူနေအဆောက်အဦးများရှိပြီး အရေးအကြီးဆုံး ဘာသာရေးအဆောက်အဦးတွေကတော့တောင်ရဲ့ထိပ်ဆုံးအပိုင်းမှာ တည်ရှိပါတယ်။

အဆောက်အအုံစုစုပေါင်း ၁၅၀ကျော်ရှိပြီး ကျောက်တုံးတွေကိုထွင်းထုထားတဲ့ ကျောက်လှေကားပေါင်း ၁၀၀ခန့်ရှိပါတယ်။ တောင်ထိပ်မှ ကြည့်မယ်ဆိုရင် ဟိုးအောက်ဆုံးက စိမ်းစိုလှပတဲ့ Urubamba တောင်ကြားအလှကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အံ.သြဖွယ်တည်ဆောက်မှုပုံတွေနဲ့ Machu Picchu မြို့ မှာ ခရီးသွားတွေဟာ ထူခြားလှတဲ့ အိမ်တွေ၊ ဘုရားကျောင်းတွေ အပါအဝင် လှပတဲ့လှေကားထစ်စိုက်ပျိုးရေး စနစ်တွေကိုလည်း လေ့လာနိုင်တဲ့အပြင် လျှို့ဝှက်ဆန်းကြယ်လှတဲ့ Intihuatana ကျောက်တုံးကြီးကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

၆။ အိန္ဒိယက တပ်ချ်မဟာရ်

တာ့ဂ်ျမဟာရ် သည် အိန္ဒိယနိုင်ငံ အာဂရာမြို့ပြင်၊ အာဂရာခံတပ်၏ အ‌ရှေ့ဘက် ၁ မိုင်ခန့်‌ဝေး‌သော လှပသည့် ဥယျာဉ်တစ်ခုတွင်း၌ တည်ရှိသည်။ ကြီးကျယ်ခမ်းနားသော ဂူသင်္ချိုင်းကြီးဖြစ်ပြီး မဂိုဘုရင် ရှားဂျာဟန် က သူ၏ ကွယ်လွန်ပြီးခဲ့သော အချစ်မြတ်နိုးဆုံးဇနီး မွန်တာဇ်မဟာရာ(ဂ်ျ) (Mumtaz Mahal) အတွက်ရည်စူး၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မှတ်တမ်းမှတ်ရာများ အရ ရှားဂျာဟန်၏ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းသည် တာ့ဂ်ျမဟာကို ဆောက်လုပ်ဖြစ်ရန် စေ့ဆော်ပေးသော အချက်ဖြစ်သည်။ မမ်တက်ဇ်သေဆုံးပြီး မကြာမီတွင်ပင် တာ့ဂ်ျမဟာရ်ကို စတင်ဆောက်လုပ်ခဲ့ပြီး အဓိက ဂူသင်္ချိုင်းမှာ ၁၆၄၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ပတ်ဝန်းကျင်ရှိ အဆောက်အဦးများနှင့် ဥယျာဉ်များမှာ ၅ နှစ်အကြာတွင် ပြီးစီးခဲ့သည်။

တာ့ဂ်ျမဟာသည် မဂိုဗိသုကာပညာ၏ အကောင်းဆုံး ဥပမာတစ်ခုအဖြစ် ပြောနိုင်ပြီး အချို့က ကမ္ဘာ‌ပေါ်တွင် အလှဆုံး‌သော အ‌ဆောက်အအုံကြီးဟူ၍ ဆိုကြသည်။ တည်ဆောက်မှုစတိုင်တွင် ပါရှန်း၊ တူရကီ၊ အိန္ဒိယနှင့် အစ္စလာမ် ဗိသုကာစတိုင်၏ အစိတ်အပိုင်းများပေါင်းစပ်ပါဝင်နေသည်။ ၁၉၈၃ ခုနှစ်တွင် တာ့ဂ်ျမဟာသည် ယူနက်စကို၏ အံ့ဩလေးစားရလောက်သော အလွန်ပြောင်မြောက်သည့် ကမ္ဘာ၏အမွေခံအဆောက်အဦး ဟု သတ်မှတ်ခံရပြီး ကမ္ဘာ့အမွေအနှစ်နေရာများစာရင်းတွင် ပါဝင်လာခဲ့သည်။ ‘တာ့ဂ်ျမဟာရ်’ဟူသည်မှာ ‘နန်း များ ထွတ်‌ခေါင်’ဟု အနက်ရ၏။

တက်ဂျမဟာသည် ရှစ်‌မြှောင့်ပုံ အ‌ဆောက်အအုံကြီး ဖြစ်၍ ‌ပေ ၇ဝ မြင့်ပြီးလျှင် သဲနီ‌ကျောက် ‌အောက်‌ခြေ‌ပေါ်တွင် တည်ရှိ၏။ သို့‌သော် ယင်းထိပ်တွင် ‌ပေ ၁၂၀ မြင့်‌သော ခုံဝိုင်းကြီး တပ်ဆင်ထားပြန်သဖြင့် စုစု‌ပေါင်း ‌ပေ ၁၉၀ ခန့်မြင့်‌ပေသည်။ အ‌ဆောက်အအုံကြီးမှာ သဲနီ‌ကျောက် တံတိုင်းဖြင့် ဝန်းရံထား‌သော ရှုချင်စဖွယ် ဥယျာဉ်တစ်ခု၏ အလယ်တွင် တည်ရှိ‌လေသည်။ အတွင်းဘက်တွင် ဆင်ပြင်ထားပုံမှာ ခမ်းနား ဆန်းပြားလှ၏။ ‌ကျောက်ဖြူဂူ နှစ်ခုရှိ‌သော အခန်းကြီးကို အဖိုးတန်‌ကျောက်မျက်ရတနာ ၁၂ မျိုးဖြင့်ပြီးသည့် ခန်းဆီးများ နှင့် ကာရံထားသည်။ အတွင်းနံရံများတွင် တိရစ္ဆာန်ပုံနှင့် သစ်ပင်ပန်းပင်ပုံများ ‌ဖော်ထားသည့် မှန်စီ‌ရွှေချ လက်ရာများမှာ အလှဆုံးပင်ဖြစ်သည်ဟုဆိုသည်။

တာ့ဂ်ျမဟာ၏ အဓိကနေရာမှာ ကျောက်ဖြူသားအုတ်ဂူဖြစ်သည်။ ခုံးနေသော တံခါးပေါက်ပါရှိသည့် နှစ်ဖက်ညီအချိုးစားကျ အဆောက်အဦးပေါ်တွင်တည်ရှိပြီး အပေါ်မှ ကြီးမားသောအမိုးလုံးကြီးဖြင့် ဖုံးအုပ်ထားသည်။ တာ့ဂ်ျမဟာရ်အဆောက်အဦးအစုအဝေးကို ၁၆၄၈ ခုနှစ်ခန့်က ဆောက်လုပ်ပြီးစီးခဲ့ပြီး အူစတတ် အာမက် လာဟောရီသည် တာ့ဂ်ျမဟာရ်၏ အဓိကပုံစံထုတ်တည်ဆောက်သူဖြစ်သည်ဟု ယူဆကြသည်။ ဤ အ‌ဆောက်အအုံကြီးကို ‌ဆောက်လုပ်ရာတွင် ‌ပေါင် ၃ သန်း ‌ကျော် ကုန်ကျခဲ့သည်ဟု သိရပြီး အလုပ်သမားပေါင်း နှစ်သောင်းကျော်ဖြင့် တည်ဆောက်ကာ နှစ်ပေါင်း ၂၀ကြာအောင် ဆောက်လုပ်ခဲ့ရသည်။

ဘုရင် ရှားဂျာဟန်း စိတ်ဒဏ်ရာကြောင့် နာမကျန်းဖြစ်ပြီး အဲဒီကာလမှာပဲ သူ၏ သားတော်တစ်ပါးရဲ့ ထိန်းသိမ်းခြင်းခံလိုက် ခဲ့ရသည်။ ဂရာခံတပ်ကြီး (Agra ) မှာပဲ အကျယ်ချုပ်ချထားခြင်းခံ ရပြီး သူအကျဉ်းကျရာ နေရာ ပြတင်းပေါက်ကျဉ်းကျဉ်း လေးကနေ ချစ်သူ ဗိမာန်တက်ချ်မဟာကို ကြည့်ရင်း လွမ်းမောပြီး ကံတော်ကုန်ခဲ့ရသည်ဟု ကြေကွဲဖွယ် မှတ်တမ်းတင်ထား ခဲ့ပါသည်။

၇။ ဘရာဇီးနိုင်ငံ ရီရိုဂျနေးရိုးက ခရစ်တော်ရုပ်တု Christ the Redeemer

Christ the Redeemer ခရစ်တော်ရုပ်တုကြီးဟာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာ တည်ရှိပါတယ်။ ဒီ Christ the Redeemer ရုပ်တုကြီးတည်ဆောက်ဖို့ စိတ်ကူးကို ၁၈၅၀ခုနှစ်တည်းက Catholic ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Pedro Maria Boss က ရခဲ့တာပဲဖြစ်ပါတယ်။ ဒီစိတ်ကူးကိုထောက်ပံ့မည့်သူမလုံလောက်တာကြောင့် ၁၉၂၀ အထိအကောင်အထည်မဖော်နိုင်ခဲ့ကြပါဘူး။ ဒီဇိုင်းကို ၁၉၂၀ မှာ စတင်ရေးဆွဲခဲ့ပြီး တည်ဆောက်ရေးကိုတော့ ၁၉၂၂ခုနှစ်မှ စတင်နိုင်ခဲ့ပါတယ်။ ၁၉၃၁ခုနှစ်မှ ပြီးဆုံးခဲ့ပြီး ဆောက်လုပ်ချိန် ၉နှစ်ကြာမြင့်ခဲ့ပါတယ်။

ပြင်သစ် ကျောက်ဆစ်ဆရာ Paul Landoski ၊ ပြင်သစ် အင်ဂျင်နီယာ Albert Caquot ၊ ဘရာဇီး အင်ဂျင်နီယာ ဆင်းလ်ဗား ကော်စတာ (Heitor da Silva Costa) တို့ဦးဆောင်ကာ ပူးပေါင်းတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၂သိန်းခွဲကုန်ကျခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ခုနှစ် အမေရိကန်ဒေါ်လာ ၃.၄သန်းနဲ့ ညီမျှပါတယ်။ ဘရာဇီးရဲ့ Catholic ခရစ်ယာန်အဖွဲ့က ကုန်ကျခံခဲ့တာဖြစ်ပါတယ်။ ဒီရုပ်တုကြီးဟာ ဘရာဇီးက ခရစ်ယာန်တွေ နဲ့ ရီယိုဒီဂျနေးရိုးမြို့ရဲ့ အထိမ်းအမှတ် အမှတ်အသားတစ်ခုဖြစ်ပါတယ်။ တည်နေရာကတော့ ကွန်ကိုဗာဒို တောင်ကုန်း (Concovado mountain) ပေါ်က တီဂျူကာ အမျိုးသား ဥယျာဉ် (Tijuca National Park) အတွင်းမှာ တည်ရှိတာဖြစ်ပါတယ်။

ရုပ်တုရဲ့အမြင့် ၉၈ပေ (အောက်ခြေခုံ ၂၆ပေ မပါဝင်) ရှိပြီး ဆန့်ထားတဲ့လက်အကျယ် ၉၂ပေ ရှိပါတယ်။ အလေးချိန်ကတော့ ၆၃၅တန်နီးပါး ရှိပါတယ်။ ကမ္ဘာပေါ်က ခရစ်တော်ရုပ်တုတွေထဲမှာ နံပါ ၅ အကြီးဆုံးရုပ်တုလည်းဖြစ်ပါတယ်။ ရုပ်တုရဲ့ အဓိပ္ပါယ်ကတော့ ခရစ်တော်ဟာ သူဆီဝင်လာသူအာလုံးကို ချစ်ခြင်းမေတ္တာနဲ့ ပွေ့ဖက်ဖို့ အဆင်သင့်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ တည်ဆောက်မယ့် soapstone ကျောက်တုံးတွေကို ဆွီဒင်နိုင်ငံကနေ တင်သွင်းခဲ့တာပဲဖြစ်ပါတယ်။ ၁၉၃၁ ခုနှစ်မှာ ပြီးဆုံးခဲ့တဲ့ရုပ်တုကြီးကို ၁၉၃၁ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့မှာ တရားဝင်အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။

ဘယ်ဘက်လက်က ရီရိုဒီဂျနေးရိုးမြို့ရဲ့ တောင်ဘက်ကို ညွှန်ပြနေပြီး ညာဘက်လက်ကတော့ မြောက်ဘက်ကို ညွှန်ပြနေပါတယ်။ ၂၀၀၈ခုနှစ်မှာ ရုပ်တုကြီးကို မိုးကြိုးအပစ်ခံခဲ့ရပြီး ဦးခေါင်း ၊ မျက်ခုံးရိုး နဲ့ လက်ချောင်းများပျက်စီးသွားခဲ့တဲ့အတွက် ပြန်လည်ပြင်ဆင်ခဲ့ရပါသေးတယ်။ပြင်ဆင်တဲ့အခါမှာ သုံးတဲ့ကျောက်တုံးတွေကိုလည်း မူလရုပ်တုစတင်ဆောက်လုပ်စဉ်က သုံးခဲ့တဲ့ ကျောက်ကျင်းမှ ရယူခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်ကလည်း အပျော်တမ်း ဂရတ်ဖတီသမားတစ်ယောက်လက်သရမ်းမှုကြောင့် ရုပ်တုကြီးရဲ့ ဦးခေါင်းနဲ့ ညာဘက်လက်မှာ အရောင်တွေစွန်းထင်းခဲ့ရပြီး ပြန်လည်ပြုပြင်ရပါသေးတယ်။ ရုပ်တုကြီးကို လှည့်ပတ်ကြည့်ရှုနိုင်ရန်အတွက် စက်လှေကား ၊ ဓာတ်လှေကား နဲ့ လူလျှောက်လမ်းတွေကိုတော့ ၂၀၀၃ခုနှစ်မှာတည်းက ထည့်သွင်းခဲ့ပါတယ်။ ၂၀၀၇ခုနှစ် ဇူလိုင်၇ ရက်နေ့မှာတော့ ခေတ်သစ်ကမ္ဘာ့အံဖွယ် ၇ခု စာရင်းမှာ ထည့်သွင်းဖော်ပြခြင်းခံခဲ့ရပါတယ်။

Tags: amazingworld places
Next Post
မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု သမိုင်းထဲက သခင်သန်းထွန်း

မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု သမိုင်းထဲက သခင်သန်းထွန်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!