Tuesday, March 2, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အအေးဆုံးတိုက်ကြီး (သို့) အန္တာတိကတိုက် အကြောင်း သိကောင်းစရာ

by Thutamm
July 31, 2019
Reading Time: 5min read
0
ကမ္ဘာ့အအေးဆုံးတိုက်ကြီး (သို့) အန္တာတိကတိုက် အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

အန္တာတိကတိုက် ဟာ ကမ္ဘာ့တောင်ဘက်အစွန်ဆုံးပိုင်းမှာတည်ရှိပြီး တောင်ဝန်ရိုးစွန်းရှိတဲ့နေရာလည်းဖြစ်ပါတယ်။ အန္တာတိကတိုက်ဟာ ကမ္ဘာပေါ်ရှိ တိုက်ကြီးများတွင် ပျမ်းမျှအားဖြင့် အအေးဆုံး၊ အခြောက်သွေ့ဆုံး၊ လေတိုက်နှုန်းအများဆုံး တိုက်ကြီးလည်းဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၅.၄ သန်း ရှိပြီး အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိက တိုက်တို့ပြီးလျှင် ပဉ္စမမြောက် အကြီးဆုံးတိုက်ဖြစ်ပါတယ်။

အန္တာတိကတိုက်ကို ၁၈၂၀ခုနှစ် မတိုင်ခင်အထိဘယ်သူမှ မမြင်ဖူးသေးပါ။ ၁၈၂၀မှာ မြင်ဖူးတဲ့သူ ရှိပေမယ့် တိုက်ပေါ်ကိုတော့ ခြေမချရဲခဲ့ကြပါဘူး။ အန္တာတိကတိုက်ကို ပထမဆုံးခြေချခဲ့တဲ့သူကတော့ ၁၈၉၅ခုနှစ် မှာခြေချခဲ့တဲ့ နော်ေ၀ ဝေလငါးဖမ်းလုပ်ငန်းရှင် Henrik Johan Bull နဲ့ သူ့ရဲ့ဝန်ထမ်းတွေပဲဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

အန္တာတိက တိုက်ဟာ ကမ္ဘာပေါ်မှာ အအေးဆုံးနေရာဖြစ်ပါတယ်။ ပုံမှန်အပူချိန်မှာတောင် -၇၀ ဒီဂရီဆဲစီးယပ်စ် လောက်ရှိပါသတဲ့။ စံချိန်တင် အအေးဆုံးအပူချိန်ကတော့ ၁၉၈၃ခုနှစ် Antarctica’s Vostok စခန်းကနေတိုင်းယူရရှိခဲ့တာဖြစ်ပြီး -၈၉ ဒီဂရီဆဲစီးယပ်စ်ရှိပါတယ်။

ကမ္ဘာပေါ်က ရှိတဲ့ရေခဲစုစုပေါင်းရဲ့ ၉၀ရာခိုင်နှုန်းဟာ အန္တာတိက တိုက်မှာ ရှိပါတယ်။ အန္တာတိက တိုက်ဟာ ဥရောပတိုက်ထက် ပိုကြီးပြီး သြစတြေးလျတိုက်ထက် ၂ဆ ပိုကြီးပါတယ်။ ကမ္ဘာ့ပေါ်က ရှိသမျှ ရေချိုရဲ့ ၇၀% ကိုထိမ်းသိမ်းထားရာနေရာလည်းဖြစ်ပါတယ်။

တိုက်ဧရိယာရဲ့ ၉၈% ကို ရေခဲပြင်တွေနဲ့ ဖုန်းအုပ်ထားပါတယ်။ ရေခဲလွှာတွေရဲ့ အထူတွေကလည်း ပျမ်းမျှအားဖြင့်၂၅၀၀ မီတာ ရှိပြီး တချို့နေရာတွေမှာဆိုရင်တော့ ၄၀၀၀မီတာကျော်အထိ ထူပါတယ်။ ကျန်တဲ့ ၂ရာခိုင်နှုန်းကတော့ ရေခဲတွေဖုံးလွှမ်းခြင်းမရှိပဲ ရေညှိတွေ ၊ မှော်ပင်တွေပေါက်ရောက်နေပါတယ်။ ကမ္ဘာရေခဲပြင်စုစုပေါင်း ဧရိယာ၏ ၈၅-ရာခိုင်နှုန်းဟာ အန္တာတိက ဒေသတွင်ရှိတာကြောင့် ယင်းကို ရေခဲကန္တာရဟု တင်စားခေါ်ဝေါ်လေ့ရှိပါတယ်။

တကယ်လို့များ အန္တာတိကတိုက်က ရေခဲတွေအကုန်လုံးသာ အရေပျော်ခဲ့ရင် ကမ္ဘာ့သမုဒ္ဒရာရေပြင်တွေရဲ့ အမြင့်ဟာ ၇၀မီတာခန့် မြင့်သွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးနီးပါးရေးလွှမ်းခြင်းကို ခံကြရမှာပါ။ အန္တာတိကတိုက်မှာ မီးတောင်ပေါင်း ၁၃၈ ခုရှိပြီး အထင်ရှားဆုံးကတော့ မီးတောင်ရှင် Erebus ဖြစ်ပါတယ်။ အန္တာတိက ရေခဲပြင်များ အောက်တွင် အရည်ပျော်နေသော ရေကန်များ၊ မြစ်များရှိကြောင်း မကြာသေးမီက ဂြိုလ်တုတိုင်းတာချက်များအရ သိရပါတယ်။

ကမ္ဘာပူနွေးလာမှုကြောင့် အန္တာတိကတိုက် ရေခဲပြင်ဟာ ကမ္ဘာ့မြောက်ခြမ်းရှိ ရေခဲပြင်လောက် အရည်ပျော်မှု မများသော်လည်း ပညာရှင်တို့၏ မူလက ယူဆထားသည်ထက် ပို၍ မြန်ဆန်စွာ အရည်ပျော်လျှက်ရှိပါတယ်။ ၁၉၉၆ခုနှစ်မှ စတင်ကာ ရေခဲများ ဆုံးရှုံးလာမှု့မှာ ၇၅% အထိ ရှိနေပြီဖြစ်ကြောင်း၊ ဆက်လက်၍လည်း ပိုမိုလျင်မြန်စွာ အရည်ပျော်လျက်ရှိကြောင်း၊ အန္တာတိက အစွန်ပိုင်းရှိ ရေခဲမြစ်များ အရည်ပျော်ခြင်းမှ ပင်လယ်ရေမျက်နှာပြင်သည် နှစ်စဉ်(ဝ.၄) မီလီမီတာ မြင့်တက်လျက်ရှိကြောင်း သိရှိရပါတယ်။

အန္တာတိကတိုက်မှာ ချီလီလူမျိုးအနည်းငယ် နေထိုင်ကြတဲ့ Villa Las Estrellas မြို့တစ်မြို့ရှိပါတယ်။ အဲဒီမြို့မှာ ကျောင်း ၊ ဆေးခန်း ၊ စာတိုက် ၊ တည်းခိုခန်း ၊ အင်တာနက်တွေရှိပြီး မြို့ဆိုပေမယ့် လူဦးရေကတော့ နွေရာသီမှာ ၁၅၀ ဝန်းကျင်ခန့်နေထိုင်ပြီး ဆောင်းရာသီမှာတော့ ၈၀ခန့်သာနေထိုင်ပါတယ်။ အန္တာတိက တိုက်ဟာ လူသားတွေအမြဲမနေနိုင်တဲ့ နေရာဖြစ်ပေမယ့် လူဦးရေ ၅၀၀၀ခန့်ကတော့ သုတေသန ဆိုင်ရာလုပ်ငန်းများအတွက် အဲဒီမှာရှိနေကြပါတယ်။

အများစုကတော့ နိုင်ငံပေါင်း ၃၀ ကျော်က သိပ္ပံ နဲ့ သုတေသနပညာရှင်တွေဖြစ်ပြီး အဲဒီဒေသက မျိုးစိတ်တွေကိုလေ့လာခြင်း ၊ ကမ္ဘာကြီးပူနွေးလာမှုကို သုတေသနပြုခြင်း ၊ မီးတောင်များကိုလေ့လာခြင်း ၊ ဂြိုဟ်နက္ခတ်တွေကိုလေ့လာခြင်း ၊ ဥက္ကာပျံများ ၊ ခရမ်းလွန်ရောင်ခြည်ဖျာထွက်မှုကိုလေ့လာခြင်း စတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်နေတဲ့ သုတေသနစခန်းပေါင်း ၁၀၀ ဝန်းကျင်ခန့်ရှိပါတယ်။

တရုတ်နိုင်ငံဟာ တောင်ဝင်ရိုးစွန်းအန္တာတိကဒေသတွင် အမြင့်ဆုံးဖြစ်သော Dome A မှာ အန္တာတိကကုန်းပြင်၏ အတွင်းပိုင်းကို လေ့လာနိုင်ရန် စခန်းတစ်ခုကို တည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်။ Dome A သည် ကုန်းပြင်၏ အတွင်းပိုင်း ၁၂၀၀ ကီလိုမီတာတွင်ရှိ၍ သဘာဝအလျှောက် အအေးဆုံးနေရာဖြစ်ပြီး အမြဲတမ်း အနုတ် ၉၀ ဒီဂရီ C ဝန်းကျင်တွင် ဖြစ်ပေါ်လျှက်ရှိပါတယ်။

အန္တာတိကတိုက်မှာ ပိုလာဝက်ဝံမရှိသလို တွားသွားကောင်တွေလည်းမရှိပါဘူး။(ပိုလာဝက်ဝံတွေက အာတိတ်ဒေသမှာ နေထိုင်ကြတာပါ) အများဆုံးတွေ့ရလေ့ရှိတဲ့ တိရစ္ဆာန်တွေကတော့ ဝေလငါး ၊ ပင်ဂွင်း ၊ ဖျံ နဲ့ ငါးတွေပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့မျိုးစိတ်ဖြစ်တဲ့ အလင်းပေါက်ငါးတွေဟာ အန္တာတိကတိုက်ရဲ့ ၇၄၀မီတာ ဝန်းကျင်က ရေခဲပြင်အောက် ၁၀မီတာ အနက်မှာတွေ့ရလေ့ရှိပြီး ဒီငါးတွေဘယ်လိုအသက်ရှင်နေထိုင်ကြသလဲဆိုတာကို သိပ္ပံပညာရှင်တွေ သေသေချာချာမသိသေးပါဘူး။ အန္တာတိကတိုက်ဟာ နျူကလီးယားလိုလက်နက်ပစ္စည်းများ မစမ်းသပ်ဖို့ နိုင်ငံပေါင်း ၄၉နိုင်ငံကနေ သဘောတူလက်မှတ်ထိုးထားတဲ့ နယ်မြေလည်းဖြစ်ပါတယ်။

မကြာခဏ ရေခဲလွှာများ ပဲ့ထွက်ပြိုကျမှုများ ဆက်တိုက် ဖြစ်ပေါ် နေတာကြောင့် ယခု ရာစုအတွင်း အန္တာတိက တိုက်ရဲ့ အပူချိန် သည် (၃) ဒီဂရီ ဆဲစီးယပ်စ်ခန့် တိုးလာပြီး ထိုသို့ တိုးမြင့်လာမှုကြောင့် ပညာရှင်များ က ရေကြီး ရေလျှံမှုများ ပေါ်ပေါက် လာမည်ကို စိုးရိမ်လျှက် ရှိနေကြပါတယ်။ ရေခဲထုများ အရည်ပျော်ကျခြင်း တို့ကြောင့် ကမ္ဘာ့ ပင်လယ်သမုဒ္ဒရာ ရေမျက်နှာပြင်ကို မြင့်တက်လာစေ သလို ကမ္ဘာကြီး၏ ရာသီဥတု ကိုလည်း ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်လာ စေရန် သက်ရောက်မှု များရှိနေပါတော့တယ်။

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ထူးဆန်းသော ကမ္ဘာကျော် ဂန္ဓဝင်စာရေးဆရာကြီး (သို့) လီယိုတော်စတွိုင်း

ထူးဆန်းသော ကမ္ဘာကျော် ဂန္ဓဝင်စာရေးဆရာကြီး (သို့) လီယိုတော်စတွိုင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!