• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အကောင်းဆုံး ရေငုပ်သင်္ဘောများ

by Thutamm
October 22, 2020
Reading Time: 2min read
0
ကမ္ဘာ့အကောင်းဆုံး ရေငုပ်သင်္ဘောများ
Share on FacebookShare on Twitter

Written By ချစ်ဖေ (တောင်တွင်းမြေ)

တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်နဲ့အတူ နိုင်ငံတနိုင်ငံရဲ့ရေတပ်အတွက် အရေးကြီးဆုံးက ရေပေါ် သင်္ဘောတွေထက် ရေငုပ်သင်္ဘောတွေက အရေးပါလာပါတယ်။ဒါကလည်း စိတ်ထဲ တွေးကြည့်လိုက်ရုံနဲ့ ပုံမှန်သင်္ဘောတွေထက် ရေငုပ်သင်္ဘောတွေက အသာရနေတာ အမှန်ပါ။ ဒီတော့ ကျနော်က လက်ရှိနိုင်ငံတကာမှာ သုံးနေတဲ့ ရေငုပ်သင်္ဘောတွေထဲက အကောင်းဆုံးသင်္ဘောတွေအကြောင်းကို ပြောပြချင် ပါတယ်။

အရင်ဆုံး ရေငုပ်သင်္ဘောတွေရဲ့မြန်နှုန်းနဲ့ ပတ်သက်တဲ့ knot အကြောင်းကို ရှင်းပြချင်ပါတယ်။ တိုင်းတာရေး အသုံးပြုအ မှတ်အသားပါ။ မီတာ၊ မိုင်ကဲ့သို့ ဖြစ်ပါတယ်။ ရေမိုင်လို့ ဆိုရင်လည်း ရပါတယ်။ 1 knot ဟာ တနာရီ ၁.၁၅၁ မိုင်နှုန်းနဲ့ ညီ ပါတယ်။ ISO စနစ်မှာတော့ knot ကို kn အဖြစ်ပဲ အတိုကောက် သုံးပါတယ်။ အ ခု 1 knot မှာ ဘယ်လောက် မြန်နှုန်းရှိတယ်ဆိုတာ သိပြီဆိုတော့ အောက်မှာ ဆက်ကြည့်လို့ အဆင်ပြေပါပြီ။

(၁) Virginia Class (အမေရိကန်)

နောက်ဆုံးပေါ် နည်းပညာတွေ သုံးနိုင်အောင် ဖန်တီးထားလို့ အခုလို ကမ္ဘာ့အကောင်းဆုံးအဖြစ် သတ်မှတ်လိုက်တာပါ။ လေ ဆာနည်းပညာနဲ့ တည်နေရာရှာဖွေစနစ်တွေ၊ အကွာအဝေးတိုင်းစနစ်ကို လျှပ်စစ်နည်းပညာနဲ့ တိုင်းတာပုံစံတွေ၊ ကြည်လင်မှု အကောင်းဆုံး ပတ်လည် ကင်မရာစနစ်တွေ၊ အာရုံခံစနစ်အစုံ ပါရှိတာ တွေ့ရပါတယ်။ ၇ စီးပဲ ထုတ်လုပ် အသုံးပြုနေတာ ဖြစ် ပြီး 25 knot နှုန်းနဲ့ သွားနိုင်ပါတယ်။ Mk48 တော်ပီဒို ၄ လုံး၊ Tomahawak ဒုံးလက်နက် ၁၀၉ လုံး ပါရှိ တပ်ဆင်ထားပါ တယ်။

(၂) Akula II Class (ရုရှ)

အစီးရေ ၉ စီး ဖန်တီးထုတ်လုပ်ထားတာဖြစ်ပေမယ့် အခုတော့ ၆ စီးက အသုံးပြုလို့ မရတော့ဘူးလို့ သိရပါတယ်။ ရေ အောက်မှာ 33 knot နဲ့ သွားပြီး ရေပေါ်မှာတော့ 12 knotပဲ သွားနိုင်ပါတယ်။ အမေရိကန် ရေငုပ်သင်္ဘောတွေရဲ့ ရေအောက်မှာ ဆူညံသံထွက်တတ်ခြင်း အားနည်းချက်ကို အကောင်းဆုံး ပြင်ဆင်ထုတ် လုပ်ထားတဲ့ မော်ဒယ်လို့ သိရပါတယ်။ တော်ပီဒို ၄လုံး ထည့်ထားပြီး အခြား ဒုံးကျည် ၄၀ လောက် ပါရှိပါတယ်။ ရေမြှုပ်ဗုံး ၄၂ လုံး ချနိုင်တယ်လို့လည်း သိရပါတယ်။

(၃) Seawolf Class (အမေရိကန်)

Los Angeles မော်ဒယ်တွေနဲ့ ဆင်တူပြီး နောက်ဆုံးထုတ်လုပ်ထားတဲ့ မော်ဒယ်ပါ။ ၃ စီးပဲ ဖန်တီး အသုံးပြုနေတာပါ။ ရေ အောက်မှာ 35 knot နှုန်းနဲ့ သွားနိုင်ပြီး ရေပေါ်မှာတော့ 18 knot နှုန်းပဲ သွားပါတယ်။ တော်ပီဒို ၈လုံး တပ်ဆင်ထားပြီး အခြား ဒုံးကျည် ၅၀ လောက်ထိအောင် ထည့်သွင်း ဖန်တီးထားတယ်လို့ သိရပါတယ်။

(၄) Astute Class (အင်္ဂလန်)

အင်္ဂလန်ပိုင် ရေငုပ်သင်္ဘောတွေထဲမှာ အကြီးဆုံးနဲ နျူလက်နက် တပ်ဆင်ထားတဲ့မော်ဒယ်ပါ။ သိရသလောက် အစီးရေ ၅ စီး ဖန်တီးထုတ်လုပ်ဖို့ အစီအစဉ်ရှိပေမယ့် လက်ရှိမှာတော့ ၁စီးပဲ သုံးနေတာ တွေ့ရပါတယ်။ 29 knot နှုန်းနဲ့ သွားနိုင်ပါတယ်။ Harpoon အမည်ရှိ သင်္ဘောဖျက်ဒုံးကျည်တွေလည်း ပါရှိသလို တော်ပီဒို ၃၈ လုံး ထည့်ထားတာ တွေ့ရပြီး Tomahawk တာ ဝေးပစ်ဒုံးတွေလည်း ပါပါတယ်။

(၅) Type 093 Shang Class (တရုတ်)

ကနဦး Type 093 မော်ဒယ် ၅စီးကို အောင်မြင်အောင် ဖန်တီးနိုင်ခဲ့ပြီး စုစုပေါင်း အစီးရေ ၈ စီးထိအောင် ဖန်တီးခဲ့တာ သိရ ပေမယ့် အခုတော့ ၃စီးပဲ သုံးနေတာ တွေ့ရပါတယ်။ ရက်ပေါင်း ၈၀ လောက် ရေငုပ်နိုင်တယ်လို့ သိရပြီး ရေအောက်မှာ 35 knot နှုန်းနဲ့ သွားနိုင်ပါတယ်။ တော်ပီဒို ၆လုံး တပ်ဆင်ထားတာ တွေ့ရပြီး YJ-82 အမည်ရှိ သင်္ဘောဖျက်ဒုံးတွေလည်း ပါရှိ ပါတယ်။

(၆) Trafalgar Class (အင်္ဂလန်)

ဖန်တီးထုတ်လုပ်ထားမှု စုစုပေါင်း ၇စီး ရှိပေမယ့် လက်ရှိမှာတော့ ၆စီးကိုပဲ သုံးနေတာ တွေ့ရပါတယ်။ ရေထဲမှာ ရက်ပေါင်း ၉၀ လောက်ထိအောင် ငုပ်နေနိုင်တယ်လို့ သိရသလို ရေပေါ်မှာတင် 30 knot နှုန်းနဲ့ သွားနိုင်ပါတယ်။ Harpoon ရေပေါ်ပစ် ဒုံးကျည်တွေ၊ တော်ပီဒို ၅လုံး၊ Sonar 2076 အမည်ရှိ ဒုံးတွေ အပါအဝင် Tomahawk ဒုံးကျည်တွေ၊ Spearfish တော်ပီဒို တွေ တပ်ဆင်ပါရှိတာ တွေ့ရပါတယ်။

(၇) Sierra Class (ရုရှ)

တည်ဆောက်ထုတ်လုပ်ချိန်မှာ ၄စီး ဖန်တီးခဲ့ပေမယ့် လက်ရှိမှာတော့ ၂ စီး ကိုပဲ သုံးနေတယ်လို့ သိရပါတယ်။ ရေပေါ်မှာ 10 knot နှုန်းနဲ့ သွားနိုင်ပြီး ရေအောက်မှာတော့ 32 knot နှုန်းနဲ့ သွားပါတယ်။ Samson ဒုံးကျည်တွေ တပ်ဆင်ထားတယ်၊ တော်ပီဒို ၄ လုံးပါတယ်၊ Stallion ရေငုပ်သင်္ဘောဖျက် ဒုံးကျည်နဲ့ Starfish ဗုံးတွေ ပါတယ်လို့ သိရပါတယ်။

(၈) Victor III Class (ရုရှ)

ရုရှစစ်တပ်က သူ့ရဲ့စစ်စွမ်းအားကို တိုးမြှင့်ဖို့ အခုလိုမော်ဒယ်မျိုး ၄၈ စီးထိအောင် ထုတ်လုပ် အသုံးပြုနေပါတယ်။ တော်ပီ ဒို လက်နက်ကျည်၁၈ လုံး ပါတယ်၊ Stallion ဒုံးကျည် ၂လုံး၊ Samppson ဒုံးကျည် ၂ လုံး၊ ရေမြှုပ်ဗုံး ၆ လုံးနဲ့ Starfish ရေ ငုပ်သင်္ဘောဖျက်ဒုံး ၂လုံး ပါရှိပါတယ်။ တိုက်ခိုက်ရေး ဦးစားပေး အသုံးပြုဖို့ ဖန်တီးထားတဲ့ ရေငုပ်သင်္ဘော ဖြစ်ပါတယ်။

(၉) Rubis Class (ပြင်သစ်)

လက်ရှိ အချိန်ထိအောင် Rubis လို မော်ဒယ်မျိုး ၆ စီးပဲ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ရေအောက်မှာ 25 knot နှုန်း နဲ့သွားနိုင်ပေမယ့် ရေပေါ်မှာတော့ တခြားရေငုပ်သင်္ဘောတွေကို မီလောက်အောင် မမြန်ပါဘူးလို့ ဆိုပါတယ်။ ပြင်သစ်စစ် တပ်ကတော့ အဆိုပါ ရေငုပ်သင်္ဘောမှာ နျူလက်နက် တပ်ဆင်ထားပြီး ပစ်ခတ်ဖို့ သုံးမှာပါ။ ဒီမော်ဒယ်ဟာ လည်ပတ်သွား လာနေရင်း ချိတ်ဆက် ဆီဖြည့်နိုင်တဲ့ မော်ဒယ်မျိုး ဖြစ်ပါတယ်။

(၁၀) Los Angeles Class (အမေရိကန်)

အမေရိကန်ရေတပ်မှာ တိုက်ခိုက်ဖို့ထက် အခြားရေငုပ်သင်္ဘောတွေကို ခြေရာခံဖို့၊ အခြား ထောက်လှမ်းရေးလုပ်ငန်းတွေ အ တွက် အဓိက သုံးပါတယ်။ ရေအောက်မှာ တနာရီကို 33 knot နှုန်းနဲ့ သွားနိုင်ပြီး ရေပြင်ပေါ်မှာတော့ 20 kont နှုန်းနဲ့ပဲ သွား နိုင်ပါတယ်။ လက်ရှိကမ္ဘာမှာ အဆိုပါ Los Angeles Class အစီးရေ ၆၂ စီး ရှိပြီး အသုံးပြုနေတဲ့ အစီးရေကတော့ ၄၄ စီး ထဲ ရှိတယ်လို့ သိရပါတယ်။

By ချစ်ဖေ (တောင်တွင်းမြေ)
The Irrawaddy

Tags: knowledgemilitary
Next Post
ဒဏ္ဍာရီများထဲမှ လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း သတ္တဝါများ

ဒဏ္ဍာရီများထဲမှ လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း သတ္တဝါများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!