• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 21, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အကောင်းဆုံး ဇိမ်ခံဂျက်လေယာဉ်များ အကြောင်း

by Thutamm
August 11, 2019
Reading Time: 2min read
0
ကမ္ဘာ့အကောင်းဆုံး ဇိမ်ခံဂျက်လေယာဉ်များ အကြောင်း
Share on FacebookShare on Twitter

ရေးသားသူ – ချစ်ဖေ (တောင်တွင်းမြေ)
Irrawaddy Burmese

ကမ္ဘာမှာ လေယာဉ်ထုတ် ကုမ္ပဏီတွေ အများကြီးရှိပေမယ့် ကုမ္ပဏီတိုင်းကတော့ ဇိမ်ခံလေယာဉ် ထုတ်လုပ်မှု မရှိပါဘူး။ ဒါပေမယ့် လေယာဉ်ကောင်းကောင်း ထုတ်လုပ်နိုင်သူတွေ အနေနဲ့တော့ Gulfstream, Bombardier နဲ့ Embraer လို ကုမ္ပဏီတွေ ရှိနေပါသေးတယ်။

သူတို့က ဘိုးအင်း (Boeing) လို နာမည်ကျော် လေယာဉ်ထုတ် ကုမ္ပဏီကြီးတွေ မဟုတ် ပေမယ့် ဇိမ်ခံသီးသန့် ဂျက်လေယာဉ် ကောင်းကောင်းတွေကိုတော့ ထုတ်လုပ်ရောင်းချ အောင်မြင်နေပါတယ်။ လက်ရှိ ဈေးကွက်ထဲမှာရော ဘယ်ကုမ္ပဏီထုတ် ဘယ်လို ဇိမ်ခံ ဂျက်လေယာဉ်တွေက အကောင်းဆုံးပါလဲ။

(၈) အင်ဘရောလီဂါစီ ၅၀၀ (Embraer Legacy 500)

ခရီးတို ပြေးဆွဲမှု အတွက် ဖန်တီးထားတဲ့ အလတ်တန်းစား ကိုယ်ထည် အရွယ်ရှိ မော်ဒယ်ပါ။ တန်ဖိုး ဒေါ်လာ သန်း ၂၀ လောက်နဲ့ ရနိုင်ပါတယ်။ အတွင်းခန်း အပြင်အဆင် အားလုံးက သားရေသား စစ်စစ်၊ သစ်သားစစ်စစ်တွေကို အလွှာပါးပုံစံ ဖန်တီး အလှဆင်ထားပါတယ်။ ကြမ်းခင်းက ကျောက်သားစစ်စစ်ကို အပြားထုတ် ခင်းထားတာပါ။ လေယာဉ် အတွင်းခန်းကတော့ နည်းနည်း ကျဉ်းသလိုရှိပြီး လျှောက်လမ်းက တယောက်သွားစာပဲ ရှိပါတယ်။

(၇) ဂတ်လ်ဖ်စထရင်းမ် ဂျီ ၅၀၀ (Gulfstream G500)

တန်ဖိုး ဒေါ်လာ ၄၄ သန်း ရှိပြီး ပြီးခဲ့တဲ့ နှစ်အတွင်းကမှ စတင် ထုတ်လုပ် ရောင်းချနေတာ ဖြစ်ပြီး အခုထိ ဝယ်ယူသူတွေ လက်ထဲ မော်ဒယ် မရောက်သေးပါဘူး။ သိရသလောက်တော့ အခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ဝယ်သူတွေလက်ထဲကို အမှာစာအတိုင်း အပ်ဖို့ ရှိနေပါတယ်။ အတွင်းခန်း အပြင်အဆင်နဲ့ ထိုင်ခုံ ပုံစံ အားလုံး မှာယူသူ့ စိတ်ကြိုက် ဖန်တီးပေးမှာလို့ ဆိုပါတယ်။

ထူးခြားချက်က မော်ဒယ် အနေနဲ့ ကမ္ဘာပေါ်က ဘယ်နေရာ ရောက်ရောက် လေယာဉ်ပေါ်မှာ အင်တာနက် မြန်နှုန်းမြင့် အသုံးပြုနိုင်မှာ ဖြစ်ပြီး လက်ရှိ ပြိုင်ဘက် ဇိမ်ခံဂျက်လေယာဉ်တွေရဲ့ အင်တာနက် မြန်နှုန်းထက် အဆ ၃၀ လောက်ထိ ပိုမြန်မယ့် အင်တာနက် စနစ်ကို သုံးလို့ ရစေနိုင်မှာလို့ သိရပါတယ်။

(၆) ဂတ်လ်ဖ်စထရမ်းမ် ဂျီ ၆၅၀ အီးအာရ် (Gulfstream G650ER)

တန်ဖိုး ဒေါ်လာ ၆၆ ဒသမ ၅ သန်း တန်ပြီး ကုမ္ပဏီရဲ့ အကောင်းဆုံး ဖန်တီးမှု မော်ဒယ်တခုပါ။ ဆီအပြည့်နဲ့ ဆိုရင် ခရီးမိုင် ၇၅၀၀ ထိ ရောက်နိုင်ပါတယ်။ ဒါက ပစိတ်ဖိတ် သမုဒ္ဓရာကို ဖြတ်ပြီး ခရီးနှင်နိုင်တဲ့ သဘောပါ။

ဈေးအကြီးဆုံး သားရေးသားတွေနဲ့ အတွင်းခန်း အပြင်အဆင်၊ သစ်သား အထပ်သားနဲ့ ကျောက်သားစစ်စစ် ကြမ်းခင်း တွေနဲ့ ဖြစ်ပါတယ်။ အတွင်းခန်း တခုလုံးရဲ့ အပြင်အဆင်တွေကို စမတ်ဖုန်းက App ကနေ စိတ်ကြိုက် ပြင်ဆင် အသုံးပြုနိုင် ပါသေးတယ်။ ထိုင်ခုံတွေ စားပွဲတွေ ခေါက်သိမ်းမယ်၊ ထုတ်မယ်၊ ဗီရိုတွေ ထုတ်မယ်၊ သိမ်းမယ်၊ တီဗီတွေ ဖွင့်မယ်၊ ပိတ်မယ်၊ အားလုံး အားလုံးပေါ့။

(၅) ဘွန်းဘာဒီယာ ဂလိုဘယ် ၇၀၀၀ (Bombardier Global 7000)

အထက်မှာ ပြောထားတဲ့ G650ER လိုပဲ ခရီးဝေး သွားလာမှု အတွက် အဓိက ရည်ရွယ် ထုတ်လုပ်ထားတဲ့ မော်ဒယ်ပါပဲ။ အခုထိ အမှာစာတွေ လက်ခံရောင်းချ ထားတာ တွေ့ရပြီး အခုနှစ်ဝက်ပိုင်းမှာ ဝယ်သူ့လက်ထဲ လေယာဉ်တွေ ပေးအပ်မယ် လို့ ဆိုပါတယ်။ တစီးကို ဒေါ်လာ ၇၃ သန်းလောက် တန်ပါတယ်။

အတွင်းခန်း ကျယ်ဝန်းပြီး သီးသန့် ညစာစားပွဲတွေတောင် ပါရှိပါတယ်။ ပြီးတော့ ဖျော်ဖြေရေး အခန်း ကလည်း သီးသန့် တခန်း။ အိပ်ခန်းလည်း သီးသန့်။ ဆီအပြည့်နဲ့ ဆိုရင် ခရီးမိုင် ၈၅၀၀ ထိ ရောက်နိုင်တယ်။ ဒါဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်ကနေ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီထိအောင် တိုက်ရိုက်ရောက်နိုင်တဲ့ အကွာအဝေးပါ။

(၄) အင်ဘရောလင်နေ့ဂ်ျ ၁၀၀အီး(Embraer Linage 1000E)

ကုမ္ပဏီထုတ် မော်ဒယ်တွေထဲက ပထမဆုံး ခရီးသည်တင် မော်ဒယ်ကနေ ဇိမ်ခံ လေယာဉ်ပုံစံ ပြောင်းလဲ ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်ပါ။ ခရီးသည်တင် မော်ဒယ် E190 ကနေ အခု မော်ဒယ်ကို ပုံစံရယူ ထုတ်လုပ်ထားတာပါ။ ရေချိုးခန်းတွေ၊ အိပ်ခန်းတွေ ပါရှိမယ့် အခု မော်ဒယ်က ဒေါ်လာ ၅၃ သန်းထိအောင် တန်ပါတယ်။ အတွင်းခန်းက ဒီဇိုင်း အကောင်းဆုံးလို့တောင် ဆိုနိုင်ပါတယ်။

အိမ်ခန်း ပြူတင်းပေါက်တွေလိုပဲ အပြင်ဘက်ကို ဒီအတိုင်း မှန်သားကနေ လှမ်းမြင်နိုင်အောင် ဖန်တီးထားတဲ့ အခန်းတွေ ပါရှိပြီး Kyoto Airship က ပုံစံမျိုး ဖန်တီးထားတာပါ လို့ ကုမ္ပဏီရဲ့ ဒီဇိုင်နာချုပ် ဂျေးဘီဗာ (Jay Beever) က ပြောပါတယ်။ ဒါပေမယ့် အဆိုပါ အတွင်းခန်း အပြင်အဆင်ကို နောက်ထပ် ပုံစံ တခု ပြောင်းနိုင်သေးပြီး Hollywood Airship ရဲ့ အတွင်းခန်း အပြင်အဆင်မျိုး၊ ၁၉၃၀ ပြည့်နှစ်တွေက Tinseltown အတွင်းခန်းမျိုး ပြောင်းနိုင်သေးတယ် လို့ ဆိုပါတယ်။

(၃) အဲယားဘတ်စ် အေစီဂျေ ၃၁၉ နီယို (Airbus ACJ319Neo)

မော်ဒယ်က ဂျက်လေယာဉ် တန်းဝင် ဇိမ်ခံ မော်ဒယ် ဖြစ်ပေမယ့် သီးသန့်စီး မော်ဒယ် မဟုတ်ဘဲ အများစီး မော်ဒယ်မျိုးပါ။

အတွင်းခန်း အပြင်အဆင်ကို စိတ်ကြိုက် မထည့်ရသေး ချိန်မှာတောင် တန်ဖိုး ဒေါ်လာ ၁၀၁ ဒသမ ၅ သန်း ရှိပါတယ်။ မော်ဒယ်က ဆီအပြည့်နဲ့ ဆိုရင် မိုင် ၇၈၀၀ ထိအောင် ရောက်နိင်ပါတယ်။ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်ကနေ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာကို တိုက်ရိုက် ပျံသန်းနိုင်ပါတယ်။

(၂) ဘိုးအင်း ၇၈၇-၈ ဘီဘီဂျေ (Boeing 787-8 BBJ)

ကာဗွန်ကိုယ်ထည်သားကို အသုံးပြု ထုတ်လုပ်ထားတဲ့ မော်ဒယ် ဖြစ်ပြီး တန်ဖိုး ဒေါ်လာ ၂၂၄ သန်း ရှိပါတယ်။ ၂၀၁၆ ခုနှစ် အတွင်းက အခု မော်ဒယ်ကို ပိုင်ဆိုင်သူ တရုတ်အခြေစိုက် HNA Group က သီးသန့် ဇိမ်ခံ ဂျက်လေယာဉ် ဖြစ်ဖို့ နောက်ထပ် ဒေါ်လာသန်း ၁၀၀ ထပ်ဖြည့်ပြီး ပြင်ဆင်မှုတွေ လုပ်ထားပါ သေးတယ်။

ဒီမော်ဒယ်က ဘိုးအင်း (Boeing) ရဲ့ ပထမဆုံး သီးသန့်ဇိမ်ခံ ဂျက်လေယာဉ်လည်း ဖြစ်ပါတယ်။ အတွင်းခန်း အပြင်အဆင် အားလုံး ဝယ်ယူသူ့ စိတ်ကြိုက် ဖန်တီးထားတာပါ။ လေယာဉ် အတွင်းခန်းက စတုရန်းပေ ၂၄၀၀ ကျယ်ပါ တယ်။ ခရီးသည် ၄၀ ထိ စိတ်ကြိုက် လိုက်ပါ စီးနင်းနိုင်မှာပါ။ အိပ်ခန်းကျယ်ကျယ်တွေ၊ အပူပေးကြမ်းခင်းစနစ်တွေ၊ နှစ်ယောက် ရေချိုးခန်း (ကန်) တွေထိအောင် ပါရှိပါတယ်။

(၁) ဘိုးအင်း ၇၄၇-၈ အင်တာနေရှင်နယ် ဘီဘီဂျေ (Boeing 747-8 Intercontinental BBJ)

ကမ္ဘာပေါ်မှာ တစီးပဲ ထုတ်လုပ်ထားတဲ့ မော်ဒယ်လို့ သိရပါတယ်။ ဝယ်ယူသူရဲ့ စိတ်ကြိုက် ပြင်ဆင် ဖန်တီးမှု မလုပ်ရသေးချိန်မှာတောင် လေယာဉ်က တန်ဖိုး ဒေါ်လာ ၄၀၃ သန်း တန်ပါတယ်။

အတွင်းခန်းက စတုရန်းပေ ၄၈၀၀ ကျယ်ဝန်းပါတယ်။ အိမ်တအိမ်လိုတောင် မြင်နိုင်ပါတယ်။ အိပ်ခန်းတွေ၊ ညစာစားခန်းတွေ၊ ရုံးခန်းနေရာတွေ၊ အားလုံး ပြည့်စုံအောင် ပါရှိပါတယ်။ ထူးခြာချက်က ညစာစားခန်းကို အိပ်ခန်း အဖြစ် ပြောင်းလဲပြီး နှစ်မျိုးသုံး အခန်းပုံစံ ဖန်တီးထားတာပါ။

Irrawaddy Burmese

Tags: techworld knowledge
Next Post
တခေတ်တခါက နာမည်ကြီးခဲ့သော လူလိမ်နေအေး ဆိုတာ

တခေတ်တခါက နာမည်ကြီးခဲ့သော လူလိမ်နေအေး ဆိုတာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!