• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အသန်မာဆုံး တိရစ္ဆာန် ၁၀မျိုး အကြောင်း သိကောင်းစရာ

by Thutamm
August 15, 2019
Reading Time: 1min read
0
ကမ္ဘာ့အသန်မာဆုံး တိရစ္ဆာန် ၁၀မျိုး အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ကမ္ဘာ့အသန်မာဆုံးတိရစ္ဆာန်ဆိုလိုက်တာနဲ့ အာဖရိကဆင်တွေ၊ အသားစားကြူးတဲ့ ခြင်္သေ နဲ့ ကျားစတာတွေကိုသာ သွားမြင်မိကြမှာပါ။ အမှန်လည်း အာဖရိကဆင်တွေဟာ ကမ္ဘာပေါ်မှာအကြီးဆုံး တိရစ္ဆာန်တွေဖြစ်ကြပြီး အလွန်လည်း သန်မာကြပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရပ်ဆိုင်ရာ လေ့လာချက်တွေအရတော့ ကမ္ဘာပေါ် မှာအသန်မာဆုံးသော တိရစ္ဆာန်တွေဟာ အရွယ်အစားကြီးမားတဲ့ တိရစ္ဆာန်တွေ မဟုတ်ပဲ အလွန်သေးငယ်တဲ့တိရစ္ဆာန်တွေ သာထူးထူးဆန်းဆန်း ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီနေရာမှာ မျှဝေပေးချင်တာကတော့ တိရစ္ဆာန်တစ်ကောင်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ သယ်ဆောင်နိုင်တဲ့ အရာဝတ္ထု အချိုးအပေါ်မူတည်ပြီးတွက်ချက်တဲ့ စာရင်းအရ ကမ္ဘာအသန်မာဆုံးသော တိရစ္ဆာန် (၁၀)ကောင်ရဲ့ အမည်နဲ့ အကြောင်းအရာ အချို့ပဲဖြစ်ပါတယ်။

(၁၀) Eagle (လင်းယုန်ငှက်)

ကောင်းကင်ကနေ တစ်ဟုန်ထိုး သုတ်ချီနိုင်တဲ့ သားကောင်(သို့)အရာဝတ္ထုတစ်ခုရဲ့ အလေးချိန်ကိုမူတည်ပြီး တွက်ချက်တဲ့နှုန်းထားတွေ အရတော့ လင်းယုန်ငှက်တွေဟာ ကမ္ဘာပေါ်မှာ အသန်မာဆုံးသောငှက်တွေဖြစ်ကြပါတယ်။ လင်းယုန်ငှက်တွေမှာ အလွန်ကြီးမားတဲ့ နှုတ်သီး ၊ ချွန်ထက်တဲ့ လက်သည်းတွေပိုင်ဆိုင်ကြပြီး သူတို့ရဲ့ ခန္ဒာကိုယ်ထက် (၄)ဆလောက်လေးတဲ့ သားကောင်တွေကိုတောင် သုတ်ချီပြီး ပျံသန်းနိုင်ကြပါတယ်။

လင်းယုန်တွေဟာအမဲလိုက်ချိန်မှာ မြေခွေး၊ သမင်နဲ့တောကောင်အချို့ကိုတောင် သုတ်ချီလေ့ရှိပါတယ်။ လက်ရှိကာလမှာတော့ လင်းယုန်ငှက်ကို စွမ်းဆောင်ရည်ပြည့်ဝခြင်း၊ လွတ်လပ်ခြင်း၊ အောင်မြင်ခြင်း ဆိုင်ရာ အထိမ်းအမှတ်သင်္ကေတ အဖြစ် သုံးလေ့ရှိပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်ငှက်မျိုးစိတ်ပေါင်း(၆၀)လောက်ရှိပြီး အားလုံးနီးပါး သန်မာတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံတွေရှိကြပြီး ကြီးမားတဲ့ အတောင်ပံတွေပါရှိပါတယ်။ လင်းယုန်ငှက်တွေဟာ အမြင့်ပေ (၁၀၀၀၀)ကနေ(၁၅၀၀၀)ကြား ပျံသန်းနိုင်ကြပြီး မနားမနေပဲ နာရီပေါင်းများစွာ ပျံသန်းနိုင်တဲ့ ငှက်မျိုးနွယ်တွေလည်း ဖြစ်ကြပါတယ်။

အခြားသော ဝေဟင်ပျံငှက်တွေနဲ့ မတူညီတာကတော့ လင်းယုန်ငှက်တွေဟာ လေပြင်း မုန်တိုင်းကို နှစ်သက်မှုရှိပြီး မုန်တိုင်းလေနဲ့အတူ လွန်စွာမြင့်မားတဲ့ အမြင့်ကို ပျံသန်းကြ လေ့ရှိတာပဲ ဖြစ်ပါတယ်။ လင်းယုန်တွေဟာ စူးရှတဲ့အမြင်စွမ်းအားကိုလည်း ပိုင်ဆိုင်ကြ သူဖြစ်ပြီး သူတို့တွေရဲ့ မျက်စိအတွင်းက ဆဲလ်တွေဟာ လူတွေထက်ပိုပြီး အလင်းရောင်ကို လျင်မြန်စွာတုံ့ပြန်နိုင်ကြပါတယ်။ဒါကြောင့် လင်းယုန်တွေဟာ သူတို့ရဲ့ သားကောင်ကို လွန်စွာကွာဝေးတဲ့ အနေအထားကနေ မြင်တွေ့နိုင်ပါတယ်။

(၉) Anaconda

ကမ္ဘာပေါ်မှာတော့ Anaconda မြွေ အမျိုးအစားကို Green- Anaconda၊ yellow- Anaconda၊ darky-spotted Anaconda(အနက်အပြောက်တွေ ပါတဲ့) နဲ့ Bolivian Anaconda ဆိုပြီး (၄)မျိုးခွဲခြားထားပါတယ်။ ဒီအထဲမှာတော့ Green- Anaconda တွေဟာ အကြီးမားဆုံးနဲ့ အလေးချိန်အရှိဆုံး မြွေမျိုးစိတ်တွေဖြစ်ပြီး အလျားပေ(၃၀) ထက်မကရှိနိုင်ပြီး အလေးချိန်ကတော့ ပျှမ်းမျှ(၂၂၇) ကီလိုဂရမ် ရှိကြပါတယ်။

Anaconda မြွေမျိုးစိတ်တွေဟာ အဆိပ်မရှိတဲ့မြွေမျိုးဖြစ်ပြီး သူတို့ရဲ့ ကြီးမားတဲ့ ခန္ဒာကိုယ်ကိုအသုံးပြုပြီး သားကောင်ကိုဖိညှစ်ကာ သတ်ဖြတ်လေ့ရှိပါတယ်။ ယင်းနောက်မှ သားကောင်ကို မြိုချလေ့ရှိပြီး သားကောင်ရဲ့ အရွယ်အစားဟာ Anaconda တွေအတွက်တော့ ပြသာနာမရှိပါဘူး။ Anaconda တွေဟာ တောဝက်၊ ကျားသစ် နဲ့ အချို့သော တွားသွားသတ္တဝါတွေကိုတောင် သတ်ဖြတ်ပြီး မြိုချလေ့ရှိပါတယ်။

(၈) Gizzly Bear

Gizzly Bear တွေကလည်း ကမ္ဘာပေါ်မှာ အကြီးမားဆုံးနဲ့ အသန်မာဆုံးသော တိရစ္ဆာန် မျိုးစိတ်တွေထဲမှာ ပါဝင်ပါတယ်။ Gizzly Bear တွေဟာ မြောက်အမေရိကတိုက်က ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စု အနောက်မြောက်ဘက်ပိုင်းမှာ အများအားဖြင့် တွေ့ရတတ်ပါတယ်။ Gizzly Bear တွေဟာ ပျှမ်းမျှအားဖြင့် (၂.၅)မီတာလောက် အရပ်အမြင့်ရှိကြပြီး (၃၅၀) ကီလိုဂရမ် အထိ အလေးချိန်ရှိကြပါတယ်။

Gizzly Bear တွေမှာ အလွန်ကြီးမားတဲ့ ဦးခေါင်းတွေပိုင်ဆိုင်လေ့ရှိကြပြီး သူရဲ့လက်သည်းတွေကတော့ (၆)လက်မလောက် အရှည်ရှိကြပါတယ်။ သူရဲ့ ချွန်ထက် တဲ့သွားတွေရဲ့ ကိုက်တဲ့နှုန်းဟာ ၁လက်မပတ်လည်ကို (၁၂၀၀) ပေါင် နှုန်းအထိပြင်းအားရှိပြီး ဒါဟာ အလွန်မာကြောတဲ့ ဘိုးလင်းဘောလုံးကိုတောင် ပြတ်တောက်သွားတဲ့ အထိပြင်းထန်ပါတယ်။

Gizzly Bear တွေဟာ လျှင်မြန်စွာ ရန်မူ တတ်တဲ့ တိရစ္ဆာန်ဖြစ်ပြီး သူတို့ရဲ့ပစ်မှတ်အောက်ရောက်သွားတိုင်း မည်သည်တိရစ္ဆာန်ကိုမဆို တိုက်ခိုက်ဖို့ ဝန်မလေးတတ်ကြပါဘူး။ သူတို့ရဲ့ကြီးမားတဲ့ ခန္ဒာကိုယ်နဲ့ သန်မာတဲ့စွမ်းဆောင်ရည်တွေကြောင့် အချို့သောသားရဲ တိရစ္ဆာန်တွေ တောင် Gizzly Bearတွေကို ရှောင်ရှားလေ့ရှိပါတယ်။ Gizzly Bearတွေရဲ့ ဒေါသအထွက်ဆုံး အချိန်ကတော့ သူတို့ရဲ့သားပေါက်တွေကို အကြောင်းအမျိုးမျိုးနဲ့ ထိပါးနှောင့်ယှက်ခံရတဲ့ အချိန်ဖြစ်ပြီး ယင်းအချိန်မှာတော့ မျက်စိထဲတွေ့ရာ တိရစ္ဆာန်ကို အသေအကြေလိုက်လံ တိုက်ခိုက်လေ့ရှိပါတယ်။

(၇) Ox

နိုင်ငံအချို့မှာတော့ Bullock လို့သိကြတဲ့ နွားရိုင်းတွေဟာလည်းကြီးမားပြီး သန်မာတဲ့ တိရစ္ဆာန်တွေ ဖြစ်ကြပါတယ်။ မှတ်တမ်းတွေအရတော့ နွားရိုင်းတွေဟာ ခရစ်တော်မပေါ်မီ နှစ်ထောင်ချီကတည်းက လူသားတွေရဲ့လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပတ်သတ်ခဲ့တယ် လို့ဆိုပါတယ်။ ယင်းအချိန်တည်းက အမဲသားဆိုတာကလည်း လူသားတွေ အတွက်ကောင်းမွန်တဲ့ အဓိကအစားအစာဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။ နွားရိုင်းတွေဟာ ပျှမ်းမျှအားဖြင့် အလျား ၂ မီတာလောက်ရှိပြီး (၆၄၀)kg လောက်အလေးချိန် ရှိပါတယ်။

ဒါအပြင် နွားရိုင်းတစ်ကောင်ဟာ (၈၀၀)kg အလေးချိန်ရှိတဲ့ ပစ္စည်းတွေကို သယ်ဆောင်နိုင်ပါတယ်။ နွားတွေကိုတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ကုန်ပစ္စည်းသယ်ဆောင်ရာမှာ အဓိကထားသုံးစွဲပြီး အချို့ကလည်း နွားနို့နဲ့အခြားသော ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်။ သူတို့ဟာ တည်ငြိမ်တဲ့ ပင်ကိုယ် စရိုက်ရှိကြပြီး ကျန်းမာကြံ့ခိုင်မှု၊ တည်ငြိမ်မှု၊ ဆုံးဖြတ်ချက် ပြတ်သားခြင်းတို့ရဲ့ သင်္ကေတ အဖြစ်လည်း သုံးစွဲကြပါသေးတယ်။

(၆) က်ား

ကျားတွေဟာ အလွန်သန်မာတဲ့ကြောင်ကြီး မျိုးနွယ်ဝင်တွေ ဖြစ်ကြပြီး သူတို့ဟာ အများအားဖြင့် စိမ့်တောတွေ၊မိုးသစ်တောတွေနဲ့ ကြီးမားကျယ်ပြန့်တဲ့ မြတ်ခင်းစိမ်း လွင်ပြင်တွေမှာ နေထိုင်ရှင်သန်လေ့ရှိကြပါတယ်။ ကမ္ဘာပေါ်မှာတော့ ကျားမျိုးစိတ်ပေါင်း (၁၀) ခုအထိရှိနေပါတယ်။ ယင်းအနက် Siberian ကျားဟာအကြီးမားဆုံးဖြစ်ပြီး အရွယ်ရောက်ပြီး ကျားတစ်ကောင်ဟာ အလျား (၇၅လက်မကနေ(၉၁)လက်မအထိ ၊ အလေးချိန်ကတော့ (၃၀၆) Kg အထိရှိပါတယ်။ ကျားတွေဟာ သန်မာတဲ့ မေးရိုးတွေကို ပိုင်ဆိုင်ကြပြီးသွားအားလုံးပေါင်း(၃၀)လောက်ရှိနေတတ်ပါတယ်။

ယင်းအနက်က ကျားရဲ့အပေါ်သွားတွေရဲ့အရှည်ဟာ တစ်ချောင်းကို (၁၀)စင်တီမီတာလောက် ရှိတာကြောင့် သားစိမ်း၊ငါးစိမ်းနဲ့ အရေပြားအမာတွေကို ကောင်းကောင်း ကိုက်ဖြတ်နိုင် ပါတယ်။ တောရိုင်းတိရစ္ဆာန်လောကမှာတော့ ကျားတွေဟာ ကြောက်စရာ အမဲလိုက်သမားတွေဖြစ်ကြပြီး သူတို့ရဲ့ ခန္ဓာကိုယ်ရဲ့(၂)ဆရှိတဲ့ အလေးချိန်ကို သယ်ဆောင်နိုင်တယ် လို့ ဆိုပါတယ်။ ကျားတွေဟာ ခြေလေးချောင်းသတ္တဝါတွေအနက်မှာတော့ ရက်စက်တဲ့ သားစားကြူး တိရစ္ဆာန်တွေ ဖြစ်ပြီး သူတို့ရဲ့အရွယ်အစား၊ သန်မာတဲ့အနေအထားအရ တောဘုရင်အဖြစ် သတ်မှတ်ထားတဲ့ ခြင်္သေ့တွေကိုတောင် ပြန်လည်တိုက်ခိုက်လေ့ ရှိကြပါတယ်။

(၅) Gorilla

အဆင့်မြင့် နို့တိုက်သတ္တဝါစာရင်းမှာ အကြီးဆုံးနေရာကနေ ပါဝင်တဲ့ Gorillaတွေဟာ လည်းသန်မာတဲ့ အင်အားကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပြီး ပျှမ်းမျှအားဖြင့် (၁.၇၅) မီတာအထိ ရှိကြပြီး (၂၀၀) kg အထိ အလေးချိန်ရှိနေတတ်ကြပါတယ်။ Gorilla တွေဟာ လူသားတွေရဲ့ အမူအကျင့်များစွာကို တုပနေထိုင်လေ့ရှိပြီး သူရဲ့လက်မောင်း တွေဟာအလွန်ကြီးမားပြီး သန်စွမ်းတဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြပါတယ်။

Gorillaတွေ ဟာ(၂)တန်လောက်ရှိတဲ့ အရာတွေကိုသယ်ဆောင်နိုင်ပြီး ဒီအလေးချိန်ဟာ သူတိုံရဲ့ ခန္ဓာကိုယ် အလေးချိန်ရဲ့(၁၀)ဆအထိရှိနေပါတယ်။ အရွယ်ရောက်ပြီး Gorilla အထီး တစ်ကောင်ရဲ့ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်လျှင် (2.2)ကနေ(2.6)မီတာအထိရှည်လျားပြီး လမ်းလျှောက် ရာမှာလည်း ဒီလက်မောင်းတွေကိုအဓိကထားလေ့ရှိပါတယ်။(ဒါမှသာ သူတို့ရဲ့ ကြီးမား တဲ့ခန္ဓာကိုယ်အလေးချိန်ကို ညီမျှအောင်ထိန်းထား ပေးနိုင်မှာဖြစ်လို့ပါ။) Gorilla တွေဟာ အခြားခြေနှစ်ချောင်းသတ္တဝါတွေလိုတော့ အချိန်အကြာကြီး လမ်းလျောက်နိုင် ခြင်းတော့မရှိပါဘူး။

ဒါအပြင် သစ်ပင်တတ်ရာနဲ့ အကိုင်းတစ်ကိုင်းကနေ တစ်ကိုင်းကို ကူးသန်းတဲ့အချိန်မှာလည်း Gorilla တွေဟာ လက်ကိုသာ အဓိကထားသုံးစွဲပါတယ်။ ဒါကြောင့် Gorillaတွေရဲ့ လက်တွေဟာ အလွန်သန်မာလေ့ရှိတာဖြစ်ပြီး သာမန် သန်စွမ်းတဲ့ လူတစ်ဦထက် အဆ(၂၀) ကနေ(၁၅)ဆအထိ ပိုမိုသန်စွမ်းကြတယ်လို့ လေ့လာချက်တွေက ဖော်ပြနေပါတယ်။

(၄) African Bush Elephant

African Bush Elephant တွေဟာ နို့တိုက်သတ္တဝါတွေထဲမှာသာမက ကမ္ဘာပေါ်က အခြားမျိုးစိတ်တွေထဲမှာတောင် အကြီးမားဆုံး တိရစ္ဆာန်တွေဖြစ်ကြပါတယ်။ သူတို့ဟာ အာဖရိကတောနက်အတွင်းမှာ နေထိုင်လေ့ရှိကြပြီး မျိုးစိတ်(၂)ခုအနေနဲ့ ခွဲခြားသတ်မှတ် နိုင်ပါတယ်။ African Bush Elephant တွေဟာ အာရှဆင်တွေထက် ပိုမိုကြီးမားတဲ့အပြင် ပိုပြီးလည်း ပိုပြီးလည်းသန်မာကြပါတယ်။

ဒီ ဆင်ရိုင်းတစ်ကောင်ဟာ ပျှမ်းမျှအားဖြင့် (၈)ပေကနေ(၁၃)ပေ အထိမြင့်မားတတ်ကြပြီး (၇)တန်အထိ အလေးချိန်ရှိပါတယ်။ သူတို့ရဲ့ ခန္ဒာကိုယ်ဟာ အလွန်သန်မာတာကြောင့် (၉)တန် လောက်ရှိတဲ့ အလေးချိန်ကို ကောင်းကောင်းသယ်ဆောင်နိုင်ကြပါတယ်။ အာဖရိကဆင်တွေရဲ့ ခန္ဓာကိုယ်အတွင်းမှာ ကြွက်သားနဲ့ ကြွက်သားနဲ့ အရိုးစပ်ကြားရှိ အရွတ်ကြော (၄၀၀၀၀)လောက်ရှိပြီး ယင်းအရာတွေရဲ့ အလေးချိန်ကတင်(၂၀၀) kg လောက်ရှိနေပါတယ်။

ဒါအပြင် အာဖရိကဆင်တွေရဲ့ နားရွက်ဟာ အာရှဆင်တွေထက် ပိုမိုကြီးမားကြပါတယ်။ အာဖရိကဆင်တွေဟာ သူတို့ရဲ့အလွန်ကြီးမားတဲ့ ဆင်စွယ်တွေ ကြောင့်လည်း နာမည်ကျော်ပါတယ်။ သူတို့ရဲ့အစွယ်တွေဟာ (၂.၅)မီတာလောက် ရှည်လျားပြီး (၄၅) kg လောက်လေးပါတယ်။ African Bush Elephant တွေဟာသူတို့ရဲ့ အစွယ်တွေကို အခြားသော တိရစ္ဆာန်တွေနဲ့တိုက်ခိုက်ရာနဲ့ တူးဆွခြင်းတွေကို ပြုလုပ်တဲ့ နေရာမှာ အသုံးပြုကြပါတယ်။

(၃) Leafcutter Ant

ကမ္ဘာအသန်မာဆုံး တိရစ္ဆာန်စာရင်းမှာ နံပါတ်(၃)နေရာကနေ ပါဝင်လာတာကတော့ Leafcutter Ant တွေဖြစ်ပြီး သူတို့ဟာ(၂.၁)စင်တီမီတာလောက်သာရှိပေမဲ့ သူတို့အရွယ်အစားနဲ့ ကြည့်ရင်တော့ အလွန်သန်မာကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ခန္ဓာကိုယ်ရဲ့အဆ(၅၀)လောက်ရှိတဲ့အလေးချိန်ကို အကွာအဝေးတော်တော်များအထိကို သယ်ဆောင်နိုင်ကြပါတယ်။(ကျွန်တော်တို့လူတွေကတော့ ကျွန်တော်တို့ ခန္ဓာကိုယ် တစ်ဝက်အလေးချိန်ကိုတောင် ခက်ခက်ခဲခဲသယ်ရမှာဖြစ်ပါတယ်)

Leafcutter Ant တွေမှာ သန်မာတဲ့ မေးရိုးတွေရှိပြီး ဒါတွေကိုအသုံးပြုပြီး အလွန်ကြီးမား တဲ့သစ်ရွက်တွေကို ကိုက်ချီပြီး ကိုယ်ပိုင်အသိုက်တွေကို ဖန်တီးကြပါတယ်။ Leafcutter Antတွေဟာ အလွန်သေးငယ် ပေမဲ့ သူတို့ရဲ့အတွင်းပိုင်း ကြွက်သားဖွဲ့စည်းမှုတွေဟာ အခြားသောတိရစ္ဆာန်တွေထက် ပိုမိုထူးခြားပြီး မေးရိုးကြွက်သားတွေဟာ တစ်စက္ကန့်အတွင်းမှာ အကြိမ်(၁၀၀၀)လောက် တုန်ခါနိုင်ပါတယ်။ ဒါကြောင့်သူတို့ဟာ အလွန်ကြီးမားတဲ့အင်အားကိုရရှိပြီး သူတို့အနေအထားနဲ့ အဆမတန်ကြီးမားနေတဲ့ အရာဝတ္ထုတွေကို သယ်ဆောင်နိုင်တာ လည်းဖြစ်ပါတယ်။

Leafcutter Antတွေဟာ သစ်ရွက်အပိုင်းအစတွေကိုစားသောက်ဖို့ အတွက်မဟုတ်ပဲ သယ်ဆောင် လေ့ရှိတာကြောင့် parasol ant လို့လည်းခေါ်ဆိုလေ့ရှိ ကြပါတယ်။  ဒီပုရွက်ဆိတ်တွေဟာ ယင်းသစ်ရွက်အပိုင်းအစတွေကို အသုံးပြုပြီး လယ်ယာစိုက်ပျိုးလုပ်ငန်းမှာ အသုံးပြုတဲ့ fungi တွေကိုထုတ်လုပ်ပေးလေ့ရှိပါတယ်။ သူတို့တွေဟာ တစ်နေရာတည်းမှာပဲ အကောင်ရေ သန်းပေါင်းများစွာတွေ့ရှိရလေ့ရှိတဲ့ တိရစ္ဆာန်တွေဖြစ်ကြပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကို အကြီးအကျယ် ခြိမ်းခြောက်လေ့ရှိတဲ့ သစ်ရွက်ဖျက်ပိုးတွေလည်း ဖြစ်ပါတယ်။

(၂) Rhinoceros Bettle

သက်ရှိတစ်ကောင်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ အနေအထားနဲ့ သူသယ်ဆောင်နိုင်တဲ့ အရာအလေးချိန် အချိုးကိုမူတည်ပြီး တွက်ချက်တဲ့ ဒီစာရင်းမှာတော့ Rhinoceros Bettle တွေဟာ ဒုတိယမြောက်အသန်မာဆုံး သက်ရှိအဖြစ်ရပ်တည်နေပါတယ်။ Rhinoceros Bettle တွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်ရဲ့ အဆ(၈၅၀)လောက်ရှိတဲ့ အလေးချိန်ကိုသယ်ဆောင်နိုင်ကြပြီး လူတစ်ယောက်ရဲ့အနေနဲ့ တွက်ချက်မယ်ဆိုရင် တော့ (၆၅)တန်လောက်ကို သယ်ဆောင်နိုင်တာလည်း ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ပိုးတောင်မာ မျိုးနွယ်စုတွေအနက်မှာတော့ Rhinoceros Bettle တွေဟာ အကြီဆုံးဖြစ်ပြီး (၆)လက်မလောက်အရွယ်ရှိပါတယ်။  အထီးတွေ မှာတော့ ထင်ရှားတဲ့ ဦးချို(၂)ခုရှိပြီး တစ်ခုကတော့ သူတို့ရဲ့ခေါင်းပိုင်းမှာ တည်ရှိနေတာ ဖြစ်ပြီး နောက်တစ်ခုကတော့ သူတို့ရဲ့ ရင်ပိုင်းမှာတည်ရှိနေတာဖြစ်ပါတယ်။ သူတို့တွေဟာ ကြံ့သတ္တဝါတွေနဲ့ ဆင်တူတာကိုလည်း တွေ့ရပါတယ်။ သူတို့တွေရဲ့ ဦးချိုကိုတော့ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်ရာနဲ့ အမတွေကို သွေးဆောင်တဲ့ နေရာမှာ အသုံးပြုကြပါတယ်။ ကြံ့သတ္တဝါကဲ့သို့ ဦးချိုပါရှိတာကြောင့် Rhinoceros Bettle လို့အမည်တွင်တဲ့ ဒီပိတုန်းတွေကိုတော့ သစ်တောများအတွင်းမှာ အများအပြား တွေ့ရှိနိုင်ပါတယ်။

(၁) Dung Beetle

လက်မဝက်လောက်သာ အရွယ်အစားရှိတဲ့ Dung Beetle တွေကို ကမ္ဘာပေါ်မှာတော့ အသန်မာဆုံးသော တိရစ္ဆာန်အဖြစ် သတ်မှတ်ထားကြပါတယ်။ အမှန်တကယ်လည်း သူတို့ဟာ အရွယ်အစားနဲ့ မလိုက်တဲ့ သန်မာမှုကို ပိုင်ဆိုင်ထားကြပြီး Dung Beetle အထီးတစ်ကောင်ဟာ သူခန္ဓာကိုယ်အလေးချိန်ရဲ့ (၁၁၄၁)ဆလောက်ကို သယ်ဆောင်နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ တွက်ဆမယ်ဆိုရင်တော့ (၈၀)တန်လောက်ကို သယ်ဆောင်နိုင်တာဖြစ်တယ်လို့ ဆိုရမှာပါ။

ဒါပေမဲ့ Dung Beetleအထီးတစ်ကောင်ဟာ သာမန်ထက်ပိုတဲ့ သူရဲ့စွမ်းဆောင်ရည်ကိုတော့ မိတ်လိုက်ချိန်ကာလအတွင်းမှာပဲ ရရှိနေနိုင်တာ ဖြစ်ပါတယ်။ Dung Beetleတွေဟာ သူတို့ရဲ့ ဦးချိုကိုတော့ တစ်ကောင်နဲ့ တစ်ကောင်တိုက်ခိုက်ချိန်မှာ အသုံးပြုလေ့ရှိပြီး ပိုမိုသန်မာတဲ့ Dung Beetle ကသာ အနိုင်ရလေ့ရှိပါတယ်။ Dung Beetleတွေဟာ အခြားသော တိရစ္ဆာန်တွေရဲ့ မစင်ကိုစားသုံးပြီး ရှင်သန်နေထိုင် ကြပြီး ကမ္ဘာပေါ်မှာတော့ Antarctica တိုက်ကလွဲပြီး ကျန်တဲ့ဒေသတိုင်းမှာ တွေ့ရှိနိုင် ပါတယ်။

သူတို့တွေကိုတော့ အုပ်စု(၃)စုခွဲခြား ပြီးလေ့လာနိုင်ပြီး သူတို့ကတော့ (၁) dwellers (၂) tunnelers(၃) rollers တို့ဖြစ်ကြပါတယ်။  roller Dung Beetle တွေကတော့ ဘောလုံးသဏ္ဍန်ရှိပြီး သူတို့ရဲ့အသိုက်တွင်းတွေထဲ ကိုနောက်ပြန် ရွေလျားတတ်ကြလေ့ ရှိပါတယ်။ tunnelers အမည်ရတဲ့ မျိုးစိတ်တွေကတော့ သူတို့ရဲ့ အသိုက်တွေကို ဥမင်သဏ္ဍန်တူးလေ့ရှိတာကြောင့် ဖြစ်ပါတယ်။ dweller တွေကတော့ နွားချေးပုံတွေအတွင်းမှာ နေထိုင်လေ့ရှိလို့ပါ။ မြန်မာပြည်မှာ တော့ နွားချေးပိုးထိုးလို့ လူသိများပါတယ်။

သုတဇုန်

Tags: animalskaung htet
Next Post
လျို့ဝှက်ချက်တွေအပြည့်နဲ့ အင်းယားကန် ရဲ့ သမိုင်းကြောင်း

လျို့ဝှက်ချက်တွေအပြည့်နဲ့ အင်းယားကန် ရဲ့ သမိုင်းကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!