Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အသက်ရှည်ဆုံး သတ္တဝါ ၁၀ မျိုး

by Thutamm
August 1, 2019
Reading Time: 1min read
0
ကမ္ဘာ့အသက်ရှည်ဆုံး သတ္တဝါ ၁၀ မျိုး
Share on FacebookShare on Twitter

ဒီတစ်တော့ သုတဇုန်မိတ်ဆွေများအတွက် ကမ္ဘာ့အသက်အရှည်ဆုံး သတ္တဝါတွေအကြောင်းကို မျှဝေပေးသွားပါမယ်။ ဒီအထဲမှာ အများစုဟာ ရေနေသတ္တဝါတွေဖြစ်ကြပါတယ်။ အသက် အရှည်ဆုံး သတ္တဝါ ၁၀ မျိုးကတော့

၁၀. Red Sea Urchin

Urchin ဆိုတာ ကျွန်တောတို့အခေါ် သံပခြုပ်ကောင်ပါ။ Red Sea Urchin ကတော့ သံပခြုပ်ကောင်အမျိုးအစားများစွာထဲက တစ်မျိုးဖြစ်ပါတယ်။ Red Sea Urchin တွေရဲ့ သက်တမ်းဟာ အလွန်ရှည်လျားလှပါတယ်။ သူတို့ကို မြောက်အမေရိကရဲ့ အနောက်ဘက်ကမ်းရိုးတမ်းတစ်လျှောက် နဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာအများဆုံးတွေ့ရတတ်ပြီး ကျန်ဒေသတွေမှာလည်း ရံဖန်ရံခါတွေ့ရတတ်ပါတယ်။

ရေအောက်အနက်ပေ ၃၀၀ ဝန်းကျင်မှာ နေထိုင်ကြတဲ့အကောင်လေးတွေဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ၃လက်မကနေ ၇လက်မသာ ရှိတာကြောင့် သေးငယ်တဲ့အကောင်လေးတွေလို့ ဆိုရပါမယ်။ ပုံမှန်သက်တမ်းကတော့ နှစ် ၃၀ ဝန်းကျင်သာဖြစ်ပေမယ့် အနည်းငယ်ကတော့ နှစ်ပေါင်း ၂၀၀ကျော်ထိ အသက်ရှည်ကြပါတယ်။

၉. Koi Fish

ငါးမွေးကန်ထဲမှာ ရောင်စုံလှပနေတတ်တဲ့ Koi ငါးလေးတွေကို မကြာခဏမြင်ဖူးကြမှာပါ။ ငါးတွေထဲမှာ ထူးခြားတဲ့အမျိုးအစားဖြစ်ပါတယ်။ သူတို့ရဲ့ အရွယ်အစားဟာ သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်အလိုက် ပြောင်းလဲနေတတ်လို့ပါ။ သူတို့ကို “ဖန်ပုလင်း” ထဲထည့်ရင်(၇ စင်တီမီတာ) ရှိတယ် ၊ ရေကန်ထဲထည့်ရင်(၂၅ စင်တီမီတာ)ရှိပြီး ၊ မြစ်ထဲကိုထည့်မယ်ဆိုရင်(၁၂၀)စင်တီမီတာအထိကြီးထွားသွားမှာ ဖြစ်ပါတယ်။

Koi ငါးတွေရဲ့သက်တမ်းက အများအားဖြင့် နှစ် ၃၀ ကနေ ၆၀ အတွင်းဖြစ်ပေမယ့် တချို့ Koi တွေက နှစ်ပေါင်း၂၀၀ကျော်ထိ ရှင်သန်နိုင်ကြပါတယ်။ Koi ငါးတွေထဲက ကျော်ကြားတဲ့ ငါးတစ်ကောင်ရဲ့နာမည်ကတော့ Hanako ဖြစ်ပြီး သူမက ၁၉၇၇မှာ သေဆုံးခဲ့ပါတယ်။ သေဆုံးတဲ့အခါ သူမရဲ့အသက် ၂၂၅နှစ်ရှိနေပြီဖြစ်ပါတယ်။

၈. Long Finned Eel

Long Finned Eel (မြန်မာအခေါ် ငါးလင်ပန်း) လို့ အမည်ရတဲ့ ငါးဟာ ငါးရှဉ့်မျိုးအုပ်စုမှဖြစ်ပါတယ်။ ရေချိုမှာအများဆုံးတွေနိုင်တဲ့ ငါးအမျိုးအစားဖြစ်ပြီး နယူးဇီလန်နဲ့ သြစတေးလျမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ဒီငါးတွေရဲ့သက်တမ်းက တော့ နှစ်ပေါင်း ၆၀ ဖြစ်ပါတယ်။ အသက်အရှည်ဆုံးငါးကတော့ ၁၀၆နှစ်အထိ တောင်ရှိပါတယ်။ သူတို့ဟာ Greenland လို့ခေါ်တဲ့ ငါးမန်းတွေလို ကြီးထွားနှုန်း နှေးကွေးလွန်းတာကြောင့်လည်း အသက်ရှည်ရှည်နေနိုင်ကြခြင်းဖြစ်တယ်လို့ဆိုပါတယ်။

၇. Macaw

နောက်တစ်မျိုးကတော့ Macaw ကြက်တူရွေးဖြစ်ပါတယ်။ မြန်မာလို ကြက်တောကြီးလို့လည်းခေါ်ကြပါတယ်။ မကောကြက်တူရွေးတွေဟာ ရိုးရိုးကြက်တူရွေးထက် အကောင်ကြီး ကာ အမြီးရှည်ပြီးလျှက် အရောင်အဆင်းမှာ ပို၍လှပတောက် ပြောင်လေ့ရှိပါတယ်။ မကောကြက်တူရွေးလို့ ခေါ်ခြင်းအကြောင်းကတော့ တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံတွင် ပေါက်ရောက်သော မကော ဟုခေါ် သည့် အုန်းပင် တစ်မျိုးမှ အသီးကို အမြဲစားတတ်သောကြောင့် ဖြစ်ပါတယ်။

ဒီကြက်တူရွေးတွေရဲ့သက်တမ်းကတော့ အနှစ် ၆၀ ကနေ ၈၀ အထိနေနိုင်ကြပါတယ်။ သူတို့အသက် ၃၀နှစ် ကနေ ၃၅နှစ် ကြားကတော့ သားပေါက်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဝမ်းနည်းစရာတစ်ခုကတော့ သူတို့တွေဟာ တဖြည်းဖြည်းမျိုးတုန်းပျောက်ကွယ်နီးပါးဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုရင် လူတွေရဲ့တရားမဝင်ရောင်းဝယ်ဖောက်ကားနေမှုတွေကြောင့် သဘာဝအတိုင်း တောထဲမှာမကျင်လည်ရပဲ အိမ်မွေးတိရိစ္ဆာန်အဖြစ်နေနေကြရလို့ပါပဲ။

၆. African Elephant

အာဖရိကဆင်တွေဟာ အကြီးဆုံးကုန်းနေသတ္တဝါတွေဖြစ်ကာ ၁၁ပေအထိ အမြင့်ရှိပြီးအာဖိရကတောနက်တွေထဲမှာ နေထိုင်ကြပါတယ်။ အာရှဆင်နဲ့ကွဲတဲ့အချက်ကတော့ အာဖရိကဆင်မျိုးတွေဟာ ဦးထိပ်လုံး၍ နားရွက်ကြီးပြီး နှာမောင်းမှာ ညီညာတဲ့အရစ်တွေပါရှိပါတယ်။ သူတို့ရဲ့ ပျမ်းမျှသက်တမ်းဟာ နှစ်ပေါင်း ၇၀ ဖြစ်ပါတယ်။ အခုလက်ရှိ ဇင်ဘာဘွေနိုင်ငံရဲ့လေ့လာမှုအရ ဆင် အမတွေက အထီးတွေထက်ပိုပြီး သေဆုံးချိန်ထိ ကောင်းမွန်စွာ အသက်ရှည်ရှည်နေထိုင်သွားနိုင်ကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

၅. Galapagos Giant Tortoise

ဂလားပါဂိုစ့်ကျွန်းက ကမ္ဘာလိပ်ကြီးတွေဟာ အသက်ရှည်ကြတယ်ဆိုတာ လူအများစု သိကြပြီးဖြစ်မှာပါ။ ပစိဖိတ်သမုဒ္ဒရာအတွင်း ဂလာပါဂိုစ့်ကျွန်းအနီးမှာ တွေ့ရတဲ့လိပ်ကြီးတွေဖြစ်တဲ့အတွက် ဒီနာမည်တွင်တာဖြစ်ပါတယ်။ အကြီးဆုံးကုန်းလိပ်အမျိုးအစားဖြစ်ပြီး ပျမ်းမျှအနေနဲ့ အရှည် ၄ပေခန့် နဲ့ ပေါင် ၆၀၀ ခန့်အထိအလေးချိန်ရှိပါတယ်။

ဒီလိပ်ကြီးတွေရဲ့ ပျမ်းမျှသက်တမ်းဟာ နှစ်ပေါင်း ၁၀၀ ဝန်းကျင်ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀ကျော်လိပ်ကြီးတွေအများအပြားရှိတဲ့အနက် အသက်အရှည်ဆုံးစံချိန်တင်ခဲ့တဲ့ လိပ်ကြီးကတော့ Adwaita ဆိုတဲ့လိပ်ကြီးပါ။ ဒီလိပ်ကြီးရဲ့အသက်ကတော့ ၁၇၅၀ခုနှစ် မွေးပြီး ၂၀၀၆ မတ်လ မှာမှ သေဆုံးခဲ့တာကြောင့် ၂၅၅နှစ်ဖြစ်ပါတယ်။

၄. Bowhead Whale

ဝေလငါးအမျိုးအစားဖြစ်တဲ့ Bowhead ဝေလငါးဟာ ဝေလငါးပြာတွေ ပြီးရင် ပေ၆၀ ဝန်းကျင်အရှည်ရှိပြီးကမ္ဘာပေါ်မှာအကြီးဆုံး နို့တိုက်သတ္တဝါလည်း ဖြစ်ပါတယ်။ ဒီဝေလငါးအမျိုးအစားတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ နှစ် ၂၀၀ ဖြစ်ပါတယ်။ သူတို့ဒီလောက်အထိ အသက်ရှည်တာကို စတင်ရှာတွေ့ခဲ့တာကတော့ ဒီလိုပါ။

အသက်ရှိနေသေးတဲ့ ဝေလငါးတစ်ကောင်ဟာ မှိန်းနဲ့ထိုးခံထားရပြီး အဲ့ဒီ့မှိန်းဟာ သူ့အရေပြားပေါ်မှာ စိုက်ဝင်နေတာ နှစ်ပေါင်း ၁၀၀ကျော် သက်တမ်းရှိနေတာကြောင့်ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေခန့်မှန်းထားတဲ့ Bowhead ဝေလငါးရဲ့အရှည်ဆုံးသက်တမ်းက ၂၂၇ နှစ် ဖြစ်ပါတယ်။

၃. Greenland Shark

ဂရင်းလန်အနီးမှာ ကျက်စားကြတဲ့ ဒီဧရာမငါးမန်းတွေဟာ အသားစား ငါးမန်းမျိုးနွယ်တွေထဲမှာ အကြီးဆုံးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သွားလာကူးခတ်မှု အနှေးဆုံး ငါးမန်းမျိုးနွယ်လည်း ဖြစ်ပါတယ်။ သက်တမ်းကလည်း အသက် ၂၀၀ ကနေ ၄၀၀ အတွင်းဖြစ်ပါတယ်တယ်။ ဒီငါးမန်းအမျိုးအစားတွေဟာ ကြီးထွားမှုနှုန်း အရမ်းနှေးကွေးကြပြီး တစ်နှစ်မှာ ၁စင်တီမီတာလောက်ပဲ ကြီးထွားကြပါတယ်။ ဒါဟာ ဒီငါးမန်းတွေ အသက်ရှည်ရခြင်းရဲ့ အဓိကအချက်တစ်ချက်ဖြစ်ပါတယ်။

၂. Ocean Quahog

သိပ္ပံအမည် Arctica islandica လို့ခေါ်တဲ့ ပင်လယ်ခုံးကောင်လေးတွေဖြစ်ပါတယ်။ ဒီခုံးတွေရဲ့ ပျမ်းမျှသက်တမ်းက နှစ်ပေါင်း ၄၀၀ကျော်ဖြစ်ပါတယ်။ Ming (သို့) Hafrún လို့ခေါ်တဲ့ ခုံးကောင်လေးကတော့ နှစ်ပေါင်း ၅၀၇နှစ်အထိ အသက်ရှည်ခဲ့ပါတယ်။ တရုတ်မင်းဆက်အချိန်ကနေစလို့ ၂၀၀၆ခုနှစ်အထိ အသက်ရှင်ခဲ့တဲ့ခုံးကောင်လေးဖြစ်ပါတယ်။

အစပထမတော့ ဒီခုံးကောင်လေးရဲ့သက်တမ်းကို နှစ်ပေါင်း ၄၀၀လို့ခန့်မှန်းကြပေမယ့် အတိအကျတွက်ချက်ကြည့်ကြပြီးတဲ့နောက်မှာ ၅၀၇နှစ် ဆိုတာကို အတည်ပြုခဲ့ကြပါတယ်။ ကံဆိုးတာကတော့ ဒီခုံးကောင်လေးကို တွေ့ရှိချိန် ၂၀၀၇ခုနှစ်မှာ ဒီခုံးကောင်လေးဟာ အသက်မရှိတော့ပါဘူး။ ဒါပေမယ့် ခုံးတွေ အသက်အရှည်ဆုံး တိရစ္ဆာန်တစ်မျိုးဖြစ်တယ်ဆိုတာကိုတော့ မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။

၁. Immortal Jellyfish

နာမည်ကိုကတည်းက မသေနိုင်သောဂျယ်လီငါးပါတဲ့။ အရမ်းရှားပါးပြီး ထူးဆန်းတဲ့ ဒီဂျယ်လီငါးတွေဟာ သူတို့အရွယ်မရောက်ခင်အချိန်တွေမှာ အနာတရတစ်ခုခုရတာနဲ့ ပြန်ကောင်းအောင်လုပ်နိုင်ကြတဲ့အစွမ်းရှိပါတယ်။ ဇီဝဗေဒပညာရှင်တို့ လက်တွေ့ကျကျ လေ့လာမှု အရ ဓာတ်ခွဲခန်းမှာ စောင့်ကြည့်တာတောင် တစ်ကောင်မှ မသေဖူးပါဘူးလို့ ဆိုပါတယ်။ အရွယ်အစားလည်း သေးပါတယ်။ အချင်း ဝ.၁၈ လက်မ က အကြီးဆုံးပါပဲ။ အငယ်ဆုံးကတော့ ၂ မီလီမီတာလောက်ထိ ရှိနိုင်ပါတယ်။

ပင်လယ်ကြမ်းပြင် မှာ လင်းလိုက်၊ မှိန်လိုက်နဲ့ သွားနေတဲ့အထဲမှာ ယင်း ဂျယ်လီ ငါးသေးသေးလေးများ ပါဝင်နေမှာ ဖြစ်ပါတယ်။ သူတို့ဟာ ပုံမှန်အတိုင်းနေမယ်ဆိုရင်တော့ နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် အသက်ရှင်သန်နိုင်မှာဖြစ်ပေမယ့် တခြားသတ္တဝါတွေရဲ့အစားခံရခြင်းနဲ့ အခြားပယောဂအချို့တို့ကြောင့်တော့ သေဆုံးနိုင်ပါတယ်။ ဒီငါးတွေမှာရှိတဲ့ သေပြီးသွားတဲ့ ဆဲလ်နေရာမှာ ဆဲလ် အသစ် ပြန်ပြန်အစားထိုးသွားတဲ့ ဖြစ်စဉ်ကို ဆေးသိပ္ပံပညာရှင်တို့က လေ့လာပြီး လူသားများ အကျိုးဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းလျှက်ရှိပါတယ်။

Tags: animals

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!