Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အလုပ်အရှုပ်ဆုံးနေရာ (သို့) ပင်တဂွန် စစ်ဌာနချုပ်အကြောင်း

by Thutamm
July 24, 2019
Reading Time: 1min read
0
ကမ္ဘာ့အလုပ်အရှုပ်ဆုံးနေရာ (သို့) ပင်တဂွန် စစ်ဌာနချုပ်အကြောင်း
Share on FacebookShare on Twitter

ပင်တဂွန် စစ်ဌာနချုပ်ဆိုတဲ့ နာမည်ကို ဗီဒီယိုကားတွေ ၊ သတင်းတွေ ၊ စာအုပ်တွေထဲ မှာ မကြာခဏတွေ့ဖူးကြပါတယ်။ အမေရိကန်ရဲ့ အထင်ကရ ကမ္ဘာ့အကြီးမားဆုံး ၊ သြဇာလွမ်းမိုးမှု အရှိဆုံး ရုံးဆိုရင်လည်း မမှားပါဘူး။

ပင်တဂွန် အမေရိကန် ဝါရှင်တန်နယ်မြေ Virginia က Arlington County မှာ တည်ရှိပြီး အကျယ်အဝန်း ၆.၅သန်း စတုရန်းမီတာ ကျယ်ဝန်းပါတယ်။ ဒါကြောင့် ကမ္ဘာ့အကြီးမားဆုံး ရုံးလို့ခေါ်ရခြင်းပါ။

ဒီအဆောက်အအုံကြီးကို ၁၉၄၁ စက်တင်ဘာလမှာ တည်ဆောက်ခဲ့ပြီး ၁၉၄၃ ခုနှစ်မှာတော့ စတင်အသုံးပြုခဲ့ပါတယ်။ ၂နှစ်အချိန်အတွင်း ပြီးခဲ့ရတဲ့အကြောင်းကတော့ ၂၄ နာရီအပြည့် အဆိုင်းတွေနဲ့ တည်ဆောက်ခဲ့လို့ပဲ ဖြစ်ပါတယ်။

အထပ်အမြင့် ငါးထပ် ရှိပြီး မြေအောက်မှာ ၂ထပ်ကို လျို့ဝှက်ဆောက်ထားတယ်လို့လည်း ဆိုကြပါတယ်။

ပြတင်းပေါက်တွေကို ၇လက်မ ထူပြီး ၁တန်ခန့်လေးတဲ့ မှန်တွေနဲ့ ပြုလုပ်ထားပါတယ်။

ဒီအဆာက်အအုံမှာ လှေကား ၁၃၁ ခု ၊ ရေချိုးခန်း ၂၈၄ခု ၊ နာရီပေါင်း ၄၂၀၀ နဲ့ စက်လှေကား ၁၉ခု ၊ ရေပန်း ၆၉၁ ခု တို့ရှိပေမယ့် ဓာတ်လှေကားမရှိပါဘူးတဲ့။

ကားပါကင် ၁၆ ခု ရှိပြီး ကားအစီးရေ ၁သောင်းဝန်ကျင်ခန့် ပါကင်ထိုးနိုင်ပါတယ်။

ပုံစံက မျက်နှာစာ ငါးဘက်ရှိတဲ့ ပဉ္စဂံပုံစံဖြစ်တာကြောင့် ပင်တဂွန်(pentagon) လို့ခေါ်တာဖြစ်ပြီး အဲဒီအချိန်က ဆောက်လုပ်စရိတ် ဒေါ်လာ ၈၃သန်းခန့်ကုန်ကျခဲ့ပြီး ယနေ့ဆိုရင် ဒေါ်လာ ၁လီလျံကျေ်ာ တန်ဖိုးခန့်ရှိနေပါပြီ။

ရုံးကို ၂၄ နာရီ ဖွင့်ထားပြီး ဝန်ထမ်းပေါင်း ၁သိန်းကျော် ရှိပါတယ်။ ဝန်ထမ်းများအတွက် စားသောက်ဆိုင် ၊ ရှော့ပင်းမော ၊ အားကစားခန်းမ စတာတွေကိုပါ ထားရှိပေးထားပါတယ်။

အကြီးမားဆုံး ပျက်စီးမှုကတော့ အနေနဲ့ ၂၀၀၁ ခုနှစ်မှာ ဘင်လာဒင်စီစဉ်တယ်ဆိုတဲ့ American Airlines Flight 77 လေယာဉ်ကိုအကြမ်းဖက်ကာ အဆောက်အအုံရဲ့ အနောက်ပိုင်းကို တိုက်ခြင်းခံခဲ့ရပါတယ်။ လူပေါင်း ၁၈၉ဦး သေဆုံးခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ပင်တဂွန်ရဲ့ လုံခြုံရေးကို အမြင့်ဆုံးမြှင့်တင်လိုက်ပြီး ဒုံးကျည်ကာကွယ်ရေး ၊ ခြေရာခံစနစ်တွေကိုပါ ထားရှိလာပါတယ်။

ဒီနေရာဟာ အမေရိကန်ရဲ့ အဓိကနေရာတစ်ခုဖြစ်ပါတယ်။ အကြောင်းကတော့ စစ်တပ်ထိပ်သီး ထောက်လှမ်းရေးအကြီးအကဲများ ရှိနေပြီး ကမ္ဘာတစ်ဝှမ်းက အမေရိကန်စစ်သားတွေရဲ့ လက်နက်တွေကို ဒီနေရာကပဲ ထိန်းချုပ်ထားတာဖြစ်လို့ပါ။ အတိုက်ခံရဖို့အခြေအနေအများဆုံးနေရာလို့ အသိအမှတ်ပြုထားကြပါတယ်။

ဒီနေရာကို သူခိုးကြီးများနေရာလို့လည်း ခေါ်တွင်ကြပါတယ်။ အကြောင်းကတော့ တစ်ကမ္ဘာလုံးက ခေါင်းဆောင်တွေရဲ့ ဖုန်းတွေကို ကြားဖြတ်ခိုးနားထောင်ခြင်း ၊ သတင်းအချက်အလက်များခိုးယူခြင်းတို့ကို ပြုလုပ်ပြီး ထိပ်သိမ်း Hacker တွေ ရှိတဲ့နေရာလည်းဖြစ်နေလို့ပါ။

နေ့စဉ် ဖုန်းခေါ်ဆိုခြင်း နဲ့ အီးမေးအဝင်အထက် သန်းချီ ပြုလုပ်နေရတဲ့နေရာလည်းဖြစ်ပြီး ကမ္ဘာ့အလုပ်အရှုပ်ဆုံးရုံးလည်းဖြစ်ပါတယ်။

Tags: amazingworld knowledgeworld places

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
မျောက်တွေဆောက်ခဲ့တယ် ဆိုတဲ့ တံတား (သို့) ရာမတံတား (သို့) အာဒမ်တံတား

မျောက်တွေဆောက်ခဲ့တယ် ဆိုတဲ့ တံတား (သို့) ရာမတံတား (သို့) အာဒမ်တံတား

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!