Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာတလွှား အပူဆုံးနေရာ ၁၀ ခု

by Thutamm
June 3, 2020
Reading Time: 2min read
0
ကမ္ဘာတလွှား အပူဆုံးနေရာ ၁၀ ခု
Share on FacebookShare on Twitter

(Unicode)

ဒီနေ့တွေမှာ ရာသီဥတုဟာ တစ်နေ့တခြားပိုမိုပူပြင်းလာတာကို အားလုံးခံစားမိကြမှာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ အပူချိန်ဟာလည်း အလွန်ပူပြင်းလှပါတယ်ဆိုတဲ့ ကန္တာရဒေသတချို့နဲ့ နင်လားငါလား ဖြစ်နေပါပြီ။ ကျွန်တော်တို့ဆီမှာ ဒီလောက်ပူလောင်နေပေမယ့်လို့ ဒီမှာထက်အဆပေါင်းများစွာ အပူချိန်ပိုမြင့်တဲ့နေရာတွေ ကမ္ဘာမှာ ရှိနေပြန်ပါတယ်။ ဒီတစ်ခါတော့ ကမ္ဘာ့အပူဆုံး ဒေသ ၁၀ ခုအကြောင်းကို ဗဟုသုတ အနေနဲ့မျှဝေလိုက်ပါတယ်။

၁၀။  Dallol ၊ အီသီယိုးပီးယား

အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်းက Dallol ဟာ တချိန်က သတ္တုတူးဖော်ရေး မိုင်းတွင်းမြို့အဖြစ် စည်ကားခဲ့ဖူးပါတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ လူသူနေထိုင်မှု မရှိတော့တဲ့ စွန့်ပစ်နေရာတစ်ခု ဖြစ်နေပါပြီ။ အီသီယိုးပီးယားမှာတော့ ဒီနေရာတဝိုက်ဟ အပူဆုံးနေရာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီနေရာတဝိုက်ရဲ့ အပူချိန်ဟာ 35°C အထက်လို့ဆိုပေမယ့် အမြင့်ဆုံးအပူချိန်အဖြစ် မေလ နဲ့ ဇူလိုင်လတွေမှာ 49°C အထိပူခဲ့ဖူးပါတယ်။

၉။ Aziziya ၊ လစ်ဗျား

လစ်ဗျားနိုင်ငံ အနောက်မြောက်ပိုင်းက မြို့ငယ်လေးတစ်မြို့ဖြစ်ပြီး လစ်ဗျားမြို့တော် ထရီပိုလီနဲ့ ၂၅မိုင် အကွာအဝေးမှာ တည်ရှိနေပါတယ်။ လူပေါင်း ၂၃၀၀၀ ကျော်နေထိုင်တဲ့ ဒီမြို့ဟာ လစ်ဗျားရဲ့ အပူဆုံးမြို့တစ်မြို့ဖြစ်ပါတယ်။ပုံမှန်အားဖြင့် အပူဆုံးလတွေမှာ 39°C အထိ ပူလေ့ရှိပါတယ်။ အပူချိန်အပြောင်းအလဲ များတဲ့နေရာတစ်ခုဖြစ်ပြီး အအေးလွန်ကဲတဲ့လတွေမှာတော့ – 2°C အထိကျဆင်းဖူးပါတယ်။ ၁၉၂၂ခုနှစ် စက်တင်ဘာလဟာ ဒီနေရာရဲ့ သမိုင်းတလျှောက် အပူဆုံး စံချိန်တင်ခဲ့ပြီး အဲဒီအချိန်က အပူချိန်ဟာ 58°C တောင် ရှိပါသတဲ့။

၈။ Wadi Halfa ၊ ဆူဒန်

ဆူဒန်နိုင်ငံရဲ့ မြောက်ပိုင်းပြည်နယ်မြို့ဖြစ်ပြီး အီဂျစ်နဲ့နယ်နိမိတ်ခြင်း ထိစပ်နေတဲ့မြို့ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းကတော့ ဒီနေရာဟာ အာဖရိကမှာ မဟာမိတ်တပ်တွေအဓိက စခန်းချရာ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ တချိန်က အလွန်စည်ကားခဲ့တဲ့နေရာဖြစ်ပေမယ့် ၁၉၆၀ ဝန်းကျင် အာဆွမ်ဆည်တည်ဆောက်မှုမှာ ဒေသခံပေါင်း ၅၂၀၀၀ ခန့်ဟာ ဒီနေရာကနေ ဖိအားပေးနှင်ထုတ်ခံခဲ့ရတာကြောင့် လက်ရှိအချိန်မှာတော့ လူဦးရေ ၁၅၀၀၀ လောက်ပဲ နေထိုင်ပါတော့တယ်။ နှစ်တစ်နှစ်ရဲ့ အပူဆုံးလတွေမှာ 49°C အထိပူလေ့ရှိပြီး စံချိန်တင်အပူချိန်ကတော့ ၁၉၆၇ခုနှစ်မှာ 52°C အထိပူပြင်းခဲ့ပါတယ်။

၇။ Tirat Zvi ၊ အစ္စရေး

Tirat Zvi ကတော့ အစ္စရေးရဲ့ ဘာသာရေးဆိုင်ရာ နယ်မြေတစ်ခုဖြစ်ပြီး ဂျော်ဒန် နဲ့ အစ္စရေးနယ်စပ် ဂျော်ဒန်မြစ်ရဲ့ အနောက်ဘက်ကမ်းမှာ တည်ရှိပါတယ်။ ဂျာမနီ ၊ ပိုလန် နဲ့ ရိုမေးနီးယားဒေသကနေ ထွက်ခွာလာကြတဲ့ ဂျူးလူမျိုးတွေက ဒီနေရာကို ထူထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဒေသမှာ လူပေါင်း ၁ထောင်အောက်သာ နေထိုင်ပြီး အများစုက လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြပါတယ်။ ဒီဒေသရဲ့ ပျမ်းမျှအပူချိန်ဟာ 46°C ဝန်းကျင်မှာ ရှိနေပြီး အပူဆုံးစံချိန်တင်ခဲ့တာကတော့ ၁၉၄၂ခုနှစ်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်က အပူချိန်ကတော့ 54°C အထိရှိခဲ့ပြီး အာရှရဲ့အမြင့်ဆုံးအပူချိန် အဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်ပါတယ်။

၆။ Timbuktu ၊ မာလီ

တင်ဘက်တူကတော့ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပြီး နိုင်ဂါမြစ်ရဲ့မြောက်ပိုင်း ဆာဟာရသဲကန္တာရ အနီးမှာ တည်ရှိပါတယ်။ တချိန်က အဲဒီဒေသရဲ့ အထင်ရှားဆုံးကုန်သွယ်ရေးဇုန်ဖြစ်ခဲ့တဲ့ ဒီနေရာဟာ လက်ရှိမှာလည်း လူဦးရေ ၅သောင်းကျော် နေထိုင်လျှက်ရှိပါတယ်။ ကန္တာရ ရာသီဥတုရှိတဲ့ ဒီမြို့ဟာ အမြဲတစေ ခြောက်သွေ့ပူပြင်းနေလေ့ရှိပြီး အပူဆုံးလတွေဖြစ်တဲ့ ဧပြီ ၊ မေ နဲ့ ဇွန် လတို့မှာ 40°C  အထက်မှာ ရှိနေတတ်ပြီး တခါတရံ 49°C အထိတောင် အပူချိန်မြင့်တက် တတ်ပါသေးတယ်။

၅။ Ghadames ၊ လစ်ဗျား

Ghadames ဟာ လစ်ဗျားကန္တာရဒေသရဲ့ အိုအေစစ်မြို့ဖြစ်သလို UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထိမ်းသိမ်းခံထားရတဲ့ နေရာလည်းဖြစ်ပါတယ်။ သဲကန္တာရဒေသထဲက အိုအေစစ်နေရာတစ်ခုဖြစ်တာကြောင့် ဒီနေရာကို ကန္တာရရဲ့ပုလဲရတနာ လို့ တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။ ဒီနေရာဟာလည်း ကမ္ဘာ့အပူဆုံး ဒေသတွေထဲက တစ်ခုဖြစ်ပြီး ပျမ်းမျှအမြင့်ဆုံး အပူချိန်ဟာ 41°C ခန့်ရှိနေတတ်ပါတယ်။ လူဦးရေ ၁သောင်းခန့်နေထိုင်တဲ့ ဒီမြို့ရဲ့ စံချိန်တင်အမြင့်ဆုံး အပူချိန်ကတော့ 55°C ဖြစ်ပါတယ်။

၄။ Kebili ၊ တူနီးရှား

အာဖရိကမြောက်ပိုင်း တူနီးရှားနိုင်ငံရဲ့တောင်ပိုင်းမှာ တည်ရှိတဲ့ ရှေးဟောင်း အိုအေစစ်ဒေသ တစ်ခုဖြစ်ပါတယ်။ ပြူးနစ်စစ်ပွဲတွေပြီးတဲ့နောက်မှာတော့ ဒီနေရာဟာ ရောမအင်ပါယာရဲ့ပိုင်နက်တစ်ခု ဖြစ်ခဲ့ပါတယ်။ လူဦးရေ ၃သောင်းနီးပါး နေထိုင်တဲ့ဒီမြို့ဟာ အပူဆုံးနေရာတွေ ထဲမှာ ပါဝင်နေပါတယ်။ ပျမ်းမျှအမြင့်ဆုံး အပူချိန်ကတော့ 47°C ဖြစ်ပြီး စံချိန်တင်အပူချိန်ကတော့ ၁၉၁၃ခုနှစ်မှာ 55°C အထိပူပြင်းခဲ့ဖူးပါတယ်။

၃။ Rub’al Khali သဲကန္တာရ ၊ အာရေးဗျကျွန်းဆွယ်ဒေသ

Rub’al Khali သဲကန္တာရကတော့ ဆော်ဒီအာရေဗျ ၊ အိုမန် ၊ ယူအေအီး နဲ့ ယီမင်နိုင်ငံတွေမှာ တစိတ်တပိုင်းစီပါဝင်တဲ့ သဲကန္တာရတစ်ခုဖြစ်ပါတယ်။ သဲမြေတွေ တဆက်တည်းရှိတဲ့ ကြီးမားတဲ့ သဲကန္တာရတစ်ခုလည်းဖြစ်ပြီး အာရေဗျသဲကန္တာရရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။ ဒီသဲကန္တာရရဲ့ အကျယ်ကတော့ စတုရန်းမိုင် ၂သိန်းခွဲခန့်ဖြစ်ပါတယ်။ အပူဆုံးလတွေဖြစ်တဲ့ ဇူလိုင် နဲ့ သြဂုတ်လတွေမှာ 47°C အထိ ပူလေ့ရှိပြီး စံချိန်တင်အပူချိန်ကတော့ 56°C ဖြစ်ပါတယ်။

၂။ Death Valley ၊ အမေရိကန်

သေမင်းတောင်ကြားလို့ အများစုသိကြတဲ့ ဒီနေရာဟာ အမေရိကန်ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာ တည်ရှိနေပါတယ်။ ကမ္ဘာ့အပူဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရပြီး လူတွေ အခြေချနေထိုင်လို့မရနိုင်လောက်အောင် ပူပြင်းတဲ့နေရာ တစ်ခုလည်းဖြစ်ပါတယ်။ စတုရန်းမိုင် ၃ထောင်ခန့်ကျယ်ဝန်းတဲ့ ဒီနေရာရဲ့ ပျမ်းမျှအပူချိန်က 47°C ဖြစ်ပေမယ့် စံချိန်တင်အပူချိန်ကတော့ ၁၉၁၃ခုနှစ်မှာ 57°C အထိ ရှိခဲ့ဖူးပါတယ်။

၁။ Dasht-e Lut Desert ၊ အီရန်

အီရန်မှာရှိတဲ့ Dasht-e Lut ကန္တာရကို အမေရိကန်အာကာသ အေဂျင်စီအဖွဲ့ကြီးဖြစ်တဲ့ နာဆာက အပူဆုံးနေရာအဖြစ် သတ်မှတ်ထားပါတယ်။ ဆားမြေသဲကန္တာရဖြစ်ပြီး မီးတောင်ကျောက်များနဲ့ ဖုံးအုပ်ထားတဲ့ ဒီနေရာဟာ စတုရန်းမိုင် ၂သောင်း ခန့်ကျယ်ဝန်းပါတယ်။ ဒီနေရာဟာ လူတွေ တိရစ္ဆာန်တွေသာမက ဘက်တီးရီးယားပိုးမွှားတွေတောင် ရှင်သန်လို့မရနိုင်အောင် အပူချိန်ပြင်းထန်လွန်းပါတယ်။ နာဆာရဲ့ တသမတ်တည်း တိုင်းတာမှုအရ ဒီနေရာရဲ့ အမြင့်ဆုံးအပူချိန်ဟာ 70.5°C တောင်ရှိပါသတဲ့။

Ref :
Value Talk
Wikipedia

——— ——- ————-

(Zawgyi)

ကမာၻတလႊား အပူဆုံးေနရာ ၁၀ ခု

ဒီေန႔ေတြမွာ ရာသီဥတုဟာ တစ္ေန႔တျခားပိုမိုပူျပင္းလာတာကို အားလုံးခံစားမိၾကမွာပါ။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ အပူခ်ိန္ဟာလည္း အလြန္ပူျပင္းလွပါတယ္ဆိုတဲ့ ကႏၲာရေဒသတခ်ိဳ႕နဲ႔ နင္လားငါလား ျဖစ္ေနပါၿပီ။ ကြၽန္ေတာ္တို႔ဆီမွာ ဒီေလာက္ပူေလာင္ေနေပမယ့္လို႔ ဒီမွာထက္အဆေပါင္းမ်ားစြာ အပူခ်ိန္ပိုျမင့္တဲ့ေနရာေတြ ကမာၻမွာ ရွိေနျပန္ပါတယ္။ ဒီတစ္ခါေတာ့ ကမာၻ႔အပူဆုံး ေဒသ ၁၀ ခုအေၾကာင္းကို ဗဟုသုတ အေနနဲ႔မွ်ေဝလိုက္ပါတယ္။

၁၀။  Dallol ၊ အီသီယိုးပီးယား

အီသီယိုးပီးယားႏိုင္ငံ ေျမာက္ပိုင္းက Dallol ဟာ တခ်ိန္က သတၱဳတူးေဖာ္ေရး မိုင္းတြင္းၿမိဳ႕အျဖစ္ စည္ကားခဲ့ဖူးပါတယ္။ ဒါေပမယ့္ ယခုအခ်ိန္မွာေတာ့ လူသူေနထိုင္မႈ မရွိေတာ့တဲ့ စြန႔္ပစ္ေနရာတစ္ခု ျဖစ္ေနပါၿပီ။ အီသီယိုးပီးယားမွာေတာ့ ဒီေနရာတဝိုက္ဟ အပူဆုံးေနရာျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ ဒီေနရာတဝိုက္ရဲ႕ အပူခ်ိန္ဟာ 35°C အထက္လို႔ဆိုေပမယ့္ အျမင့္ဆုံးအပူခ်ိန္အျဖစ္ ေမလ နဲ႔ ဇူလိုင္လေတြမွာ 49°C အထိပူခဲ့ဖူးပါတယ္။

၉။ Aziziya ၊ လစ္ဗ်ား

လစ္ဗ်ားႏိုင္ငံ အေနာက္ေျမာက္ပိုင္းက ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕ျဖစ္ၿပီး လစ္ဗ်ားၿမိဳ႕ေတာ္ ထရီပိုလီနဲ႔ ၂၅မိုင္ အကြာအေဝးမွာ တည္ရွိေနပါတယ္။ လူေပါင္း ၂၃၀၀၀ ေက်ာ္ေနထိုင္တဲ့ ဒီၿမိဳ႕ဟာ လစ္ဗ်ားရဲ႕ အပူဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။ပုံမွန္အားျဖင့္ အပူဆုံးလေတြမွာ 39°C အထိ ပူေလ့ရွိပါတယ္။ အပူခ်ိန္အေျပာင္းအလဲ မ်ားတဲ့ေနရာတစ္ခုျဖစ္ၿပီး အေအးလြန္ကဲတဲ့လေတြမွာေတာ့ – 2°C အထိက်ဆင္းဖူးပါတယ္။ ၁၉၂၂ခုႏွစ္ စက္တင္ဘာလဟာ ဒီေနရာရဲ႕ သမိုင္းတေလွ်ာက္ အပူဆုံး စံခ်ိန္တင္ခဲ့ၿပီး အဲဒီအခ်ိန္က အပူခ်ိန္ဟာ 58°C ေတာင္ ရွိပါသတဲ့။

၈။ Wadi Halfa ၊ ဆူဒန္

ဆူဒန္ႏိုင္ငံရဲ႕ ေျမာက္ပိုင္းျပည္နယ္ၿမိဳ႕ျဖစ္ၿပီး အီဂ်စ္နဲ႔နယ္နိမိတ္ျခင္း ထိစပ္ေနတဲ့ၿမိဳ႕ျဖစ္ပါတယ္။ ဒုတိယကမာၻစစ္အတြင္းကေတာ့ ဒီေနရာဟာ အာဖရိကမွာ မဟာမိတ္တပ္ေတြအဓိက စခန္းခ်ရာ ေနရာတစ္ခုျဖစ္ခဲ့ပါတယ္။ တခ်ိန္က အလြန္စည္ကားခဲ့တဲ့ေနရာျဖစ္ေပမယ့္ ၁၉၆၀ ဝန္းက်င္ အာဆြမ္ဆည္တည္ေဆာက္မႈမွာ ေဒသခံေပါင္း ၅၂၀၀၀ ခန႔္ဟာ ဒီေနရာကေန ဖိအားေပးႏွင္ထုတ္ခံခဲ့ရတာေၾကာင့္ လက္ရွိအခ်ိန္မွာေတာ့ လူဦးေရ ၁၅၀၀၀ ေလာက္ပဲ ေနထိုင္ပါေတာ့တယ္။ ႏွစ္တစ္ႏွစ္ရဲ႕ အပူဆုံးလေတြမွာ 49°C အထိပူေလ့ရွိၿပီး စံခ်ိန္တင္အပူခ်ိန္ကေတာ့ ၁၉၆၇ခုႏွစ္မွာ 52°C အထိပူျပင္းခဲ့ပါတယ္။

၇။ Tirat Zvi ၊ အစၥေရး

Tirat Zvi ကေတာ့ အစၥေရးရဲ႕ ဘာသာေရးဆိုင္ရာ နယ္ေျမတစ္ခုျဖစ္ၿပီး ေဂ်ာ္ဒန္ နဲ႔ အစၥေရးနယ္စပ္ ေဂ်ာ္ဒန္ျမစ္ရဲ႕ အေနာက္ဘက္ကမ္းမွာ တည္ရွိပါတယ္။ ဂ်ာမနီ ၊ ပိုလန္ နဲ႔ ႐ိုေမးနီးယားေဒသကေန ထြက္ခြာလာၾကတဲ့ ဂ်ဴးလူမ်ိဳးေတြက ဒီေနရာကို ထူေထာင္ခဲ့ျခင္းျဖစ္ပါတယ္။ ဒီေဒသမွာ လူေပါင္း ၁ေထာင္ေအာက္သာ ေနထိုင္ၿပီး အမ်ားစုက လယ္ယာလုပ္ငန္းနဲ႔ အသက္ေမြးၾကပါတယ္။ ဒီေဒသရဲ႕ ပ်မ္းမွ်အပူခ်ိန္ဟာ 46°C ဝန္းက်င္မွာ ရွိေနၿပီး အပူဆုံးစံခ်ိန္တင္ခဲ့တာကေတာ့ ၁၉၄၂ခုႏွစ္မွာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္က အပူခ်ိန္ကေတာ့ 54°C အထိရွိခဲ့ၿပီး အာရွရဲ႕အျမင့္ဆုံးအပူခ်ိန္ အျဖစ္ စံခ်ိန္တင္ခဲ့ျခင္းျဖစ္ပါတယ္။

၆။ Timbuktu ၊ မာလီ

တင္ဘက္တူကေတာ့ ေရွးေဟာင္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ႏိုင္ဂါျမစ္ရဲ႕ေျမာက္ပိုင္း ဆာဟာရသဲကႏၲာရ အနီးမွာ တည္ရွိပါတယ္။ တခ်ိန္က အဲဒီေဒသရဲ႕ အထင္ရွားဆုံးကုန္သြယ္ေရးဇုန္ျဖစ္ခဲ့တဲ့ ဒီေနရာဟာ လက္ရွိမွာလည္း လူဦးေရ ၅ေသာင္းေက်ာ္ ေနထိုင္လွ်က္ရွိပါတယ္။ ကႏၲာရ ရာသီဥတုရွိတဲ့ ဒီၿမိဳ႕ဟာ အၿမဲတေစ ေျခာက္ေသြ႕ပူျပင္းေနေလ့ရွိၿပီး အပူဆုံးလေတြျဖစ္တဲ့ ဧၿပီ ၊ ေမ နဲ႔ ဇြန္ လတို႔မွာ 40°C  အထက္မွာ ရွိေနတတ္ၿပီး တခါတရံ 49°C အထိေတာင္ အပူခ်ိန္ျမင့္တက္ တတ္ပါေသးတယ္။

၅။ Ghadames ၊ လစ္ဗ်ား

Ghadames ဟာ လစ္ဗ်ားကႏၲာရေဒသရဲ႕ အိုေအစစ္ၿမိဳ႕ျဖစ္သလို UNESCO ရဲ႕ ကမာၻ႔အေမြအႏွစ္အျဖစ္ သတ္မွတ္ထိမ္းသိမ္းခံထားရတဲ့ ေနရာလည္းျဖစ္ပါတယ္။ သဲကႏၲာရေဒသထဲက အိုေအစစ္ေနရာတစ္ခုျဖစ္တာေၾကာင့္ ဒီေနရာကို ကႏၲာရရဲ႕ပုလဲရတနာ လို႔ တင္စားေခၚေဝၚေလ့ရွိၾကပါတယ္။ ဒီေနရာဟာလည္း ကမာၻ႔အပူဆုံး ေဒသေတြထဲက တစ္ခုျဖစ္ၿပီး ပ်မ္းမွ်အျမင့္ဆုံး အပူခ်ိန္ဟာ 41°C ခန႔္ရွိေနတတ္ပါတယ္။ လူဦးေရ ၁ေသာင္းခန႔္ေနထိုင္တဲ့ ဒီၿမိဳ႕ရဲ႕ စံခ်ိန္တင္အျမင့္ဆုံး အပူခ်ိန္ကေတာ့ 55°C ျဖစ္ပါတယ္။

၄။ Kebili ၊ တူနီးရွား

အာဖရိကေျမာက္ပိုင္း တူနီးရွားႏိုင္ငံရဲ႕ေတာင္ပိုင္းမွာ တည္ရွိတဲ့ ေရွးေဟာင္း အိုေအစစ္ေဒသ တစ္ခုျဖစ္ပါတယ္။ ျပဴးနစ္စစ္ပြဲေတြၿပီးတဲ့ေနာက္မွာေတာ့ ဒီေနရာဟာ ေရာမအင္ပါယာရဲ႕ပိုင္နက္တစ္ခု ျဖစ္ခဲ့ပါတယ္။ လူဦးေရ ၃ေသာင္းနီးပါး ေနထိုင္တဲ့ဒီၿမိဳ႕ဟာ အပူဆုံးေနရာေတြ ထဲမွာ ပါဝင္ေနပါတယ္။ ပ်မ္းမွ်အျမင့္ဆုံး အပူခ်ိန္ကေတာ့ 47°C ျဖစ္ၿပီး စံခ်ိန္တင္အပူခ်ိန္ကေတာ့ ၁၉၁၃ခုႏွစ္မွာ 55°C အထိပူျပင္းခဲ့ဖူးပါတယ္။

၃။ Rub’al Khali သဲကႏၲာရ ၊ အာေရးဗ်ကြၽန္းဆြယ္ေဒသ

Rub’al Khali သဲကႏၲာရကေတာ့ ေဆာ္ဒီအာေရဗ် ၊ အိုမန္ ၊ ယူေအအီး နဲ႔ ယီမင္ႏိုင္ငံေတြမွာ တစိတ္တပိုင္းစီပါဝင္တဲ့ သဲကႏၲာရတစ္ခုျဖစ္ပါတယ္။ သဲေျမေတြ တဆက္တည္းရွိတဲ့ ႀကီးမားတဲ့ သဲကႏၲာရတစ္ခုလည္းျဖစ္ၿပီး အာေရဗ်သဲကႏၲာရရဲ႕ တစိတ္တပိုင္းလည္းျဖစ္ပါတယ္။ ဒီသဲကႏၲာရရဲ႕ အက်ယ္ကေတာ့ စတုရန္းမိုင္ ၂သိန္းခြဲခန႔္ျဖစ္ပါတယ္။ အပူဆုံးလေတြျဖစ္တဲ့ ဇူလိုင္ နဲ႔ ၾသဂုတ္လေတြမွာ 47°C အထိ ပူေလ့ရွိၿပီး စံခ်ိန္တင္အပူခ်ိန္ကေတာ့ 56°C ျဖစ္ပါတယ္။

၂။ Death Valley ၊ အေမရိကန္

ေသမင္းေတာင္ၾကားလို႔ အမ်ားစုသိၾကတဲ့ ဒီေနရာဟာ အေမရိကန္ကယ္လီဖိုးနီးယားျပည္နယ္ထဲမွာ တည္ရွိေနပါတယ္။ ကမာၻ႔အပူဆုံးေနရာတစ္ခုအျဖစ္သတ္မွတ္ခံထားရၿပီး လူေတြ အေျခခ်ေနထိုင္လို႔မရႏိုင္ေလာက္ေအာင္ ပူျပင္းတဲ့ေနရာ တစ္ခုလည္းျဖစ္ပါတယ္။ စတုရန္းမိုင္ ၃ေထာင္ခန႔္က်ယ္ဝန္းတဲ့ ဒီေနရာရဲ႕ ပ်မ္းမွ်အပူခ်ိန္က 47°C ျဖစ္ေပမယ့္ စံခ်ိန္တင္အပူခ်ိန္ကေတာ့ ၁၉၁၃ခုႏွစ္မွာ 57°C အထိ ရွိခဲ့ဖူးပါတယ္။

၁။ Dasht-e Lut Desert ၊ အီရန္

အီရန္မွာရွိတဲ့ Dasht-e Lut ကႏၲာရကို အေမရိကန္အာကာသ ေအဂ်င္စီအဖြဲ႕ႀကီးျဖစ္တဲ့ နာဆာက အပူဆုံးေနရာအျဖစ္ သတ္မွတ္ထားပါတယ္။ ဆားေျမသဲကႏၲာရျဖစ္ၿပီး မီးေတာင္ေက်ာက္မ်ားနဲ႔ ဖုံးအုပ္ထားတဲ့ ဒီေနရာဟာ စတုရန္းမိုင္ ၂ေသာင္း ခန႔္က်ယ္ဝန္းပါတယ္။ ဒီေနရာဟာ လူေတြ တိရစာၦန္ေတြသာမက ဘက္တီးရီးယားပိုးမႊားေတြေတာင္ ရွင္သန္လို႔မရႏိုင္ေအာင္ အပူခ်ိန္ျပင္းထန္လြန္းပါတယ္။ နာဆာရဲ႕ တသမတ္တည္း တိုင္းတာမႈအရ ဒီေနရာရဲ႕ အျမင့္ဆုံးအပူခ်ိန္ဟာ 70.5°C ေတာင္ရွိပါသတဲ့။

Ref :
Value Talk
Wikipedia

Tags: citiesworld places
Next Post
ကမ္ဘာ့ အဆိုးဝါးဆုံးသော အကြမ်းဖက်မှုကြီး ၁၀ ခု

ကမ္ဘာ့ အဆိုးဝါးဆုံးသော အကြမ်းဖက်မှုကြီး ၁၀ ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!