(Unicode)
ကျွန်တော်တို့ နိုင်ငံရဲ့မြန်မာကျပ်ငွေဟာ လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် အဆပေါင်း ၁၄၀၀ နီးပါးကွာခြားနေခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာကျပ်ငွေ ဒီလောက်တန်ဖိုးကျနေတာတောင် ကျွန်တော်တို့ နဲ့ ယှဉ်ရင် အဆပေါင်းများစွာ နိမ့်ကျနေတဲ့ ငွေကျေးစနစ်တွေ ကမ္ဘာမှာအများအပြားရှိပါသေးတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ခိုင်မာမှု ၊ တိုင်းပြည်ဝင်ငွေအနည်းအများ ၊ ငွေကြေးခိုင်မာမှုတွေအပေါ်မှာ ငွေကြေးတန်ဖိုး အတက်အကျတွေ ရှိနေပါတယ်။
တချို့နိုင်ငံကြီးတွေကတော့ စီးပွားရေးတိုးတက်လွန်းပေမယ့် ငွေကြေးတန်ဖိုးကို ကစားတဲ့အနေနဲ့ နှိမ့်ထားတတ်တာတွေလည်းရှိပါသေးတယ်။ ကမ္ဘာမှာ လူသိအများဆုံးက အမေရိကန်ဒေါ်လာဖြစ်ပေမယ့် သူ့ထက်တန်ဖိုးမြင့်တဲ့ ငွေကြေးစနစ်တွေရှိနေပါသေးတယ်။ ဒီတစ်ခါတော့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးစနစ် ၁၀ မျိုးကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့ ဝေမျှလိုက်ပါတယ်။ တန်ဖိုးတွေကိုတော့ အမေရိကန်ဒေါ်လာတန်ဖိုးနဲ့ပဲ နှိုင်းယှဉ်သွားပါမယ်။
၁၀။ အမေရိကန်ဒေါ်လာ (American Dollor)
1 USD = 1 USD
ကမ္ဘာပေါ်က လူသိအများဆုံး ဖြစ်တဲ့ငွေကြေးစနစ်ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ငွေကြေးစနစ်ဖြစ်ပါတယ်။ ကမ္ဘာ့နေရာအားလုံးနီးပါးမှာ လဲလှယ်သုံးစွဲနိုင်တဲ့ငွေကြေးစနစ်ဖြစ်ပါတယ်။ အကြွေစေ့ရော ၊ ငွေစက္ကူကိုပါ သုံးစွဲပါတယ်။ ၁ဆင့်ကနေ ၁ဒေါ်လာအထိ အကြွေစေ့တွေသုံးပြီး ၁ဒေါ်လာကနေ ဒေါ်လာ ၁၀၀ အထိ ငွေစက္ကူတွေသုံးပါတယ်။ ငွေစက္ကူတွေပေါ်မှာတော့ အမေရိကန်ရဲ့ အထင်ကရပုဂ္ဂိုလ်ကြီးတွေ သမ္မတတွေရဲ့ ပုံရိပ်တွေကို ရိုက်နှိပ်ထားပါတယ်။
၉။ ဆွစ်ဇ်ဖရန့် (Swiss Franc)
1 CHF = 1.06 USD
ဒီငွေကြေးစနစ်ကတော့ ဆွစ်ဇာလန်နိုင်ငံနဲ့ လက်ချင်းစတိန်းနိုင်ငံ နဲ့ အီတလီနိုင်ငံ Campione ဒေသ တို့ရဲ့ တရားဝင်ငွေကြေးစနစ်ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာထက် တန်ဖိုးမြင့်တဲ့ငွေကြေးစနစ်ဖြစ်ပါတယ်။ ဆွစ်ဇာလန်ဟာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စီးပွားရေးတိုးတက်လွန်းတာကြောင့် သူ့ရဲ့ငွေကြေးစနစ်ကလည်း မြင့်မားပါတယ်။ အကြွေစေ့ရော ၊ ငွေစက္ကူကိုပါ သုံးစွဲပါတယ်။ ငွေစက္ကူကတော့ ၁၀ ဖရန့် ကနေ ၁၀၀၀ ဖရန့်အထိရှိပါတယ်။ ၁၉၉၅ခုနှစ်မှာ ပြန်လည်ရိုက်နှိပ်တဲ့ ဆွစ်ငွေစက္ကူတွေရဲ့ ဒီဇိုင်းက ထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ ငွေစက္ကူတွေအားလုံးပေါ်မှာ နိုင်ငံခေါင်းဆောင်တွေအစား ကဗျာဆရာ ၊ သမိုင်းဆရာ ၊ စာရေးဆရာ ၊ ဗိသုကာပညာရှင် ၊ ပန်းပု နဲ့ ပန်းချီပညာရှင်ကြီးတွေရဲ့ ပုံရိပ်တွေကို ရိုက်နှိပ်ထားလို့ပါ။
၈။ ဥရောပယူရို (Europe Euro)
1 EUR = 1.13 USD
ယူရိုဇုံ(Eurozone) လို့ခေါ်တဲ့ ဥရောပနိုင်ငံပေါင်း ၁၉နိုင်ငံမှာ သုံးစွဲနေတဲ့ငွေကြေးစနစ်ဖြစ်ပါတယ်။ သြစကြီးယား ၊ ဘယ်လ်ဂျီယန် ၊ လူဇင်ဘတ် ၊ ပြင်သစ် ၊ အီတလီ ၊ နယ်သာလန် ၊ ဂျာမဏီ ၊ ပေါ်တူဂီ စတဲ့ နိုင်ငံတွေအပါဝအင် နိုင်ငံပေါင်း ၁၉နိုင်ငံမှာ သုံးစွဲပါတယ်။ ငွေစက္ကူအနေနဲ့ ၅ ယူရို ကနေ ၂၀၀ ယူရိုအထိ ရှိပါတယ်။ ငွေစက္ကူတွေပေါ်မှာတော့ ဗိသုကာ အဆောက်အဦးပုံစံတွေနဲ့ အတူ ဂရိနတ်သမီး Europa ပုံကို အရောင်မှိန်မှိန်နဲ့ ရိုက်နှိပ်ထားပါတယ်။
၇။ ကေးမန်းကျွန်းစုဒေါ်လာ ( Cayman Islands Dollar )
1 KYD = 1.20 USD
ကေးမန်းကျွန်းစု ဆိုတာ ကာရေးဘီးယန်းပင်လယ်ထဲက ဗြိတိန်တို့ရဲ့လက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံလေးဖြစ်ပါတယ်။ ၁၀၂ စတုရန်းမိုင်ပဲကျယ်ဝန်းတဲ့ ဒီနိုင်ငံလေးဟာ ဘဏ်စနစ်အလွန်ထွန်းကားပြီး စီးပွားရေးမှာလည်း ထိပ်တန်းရှိနေပါတယ်။ ငွေကြေးတန်ဖိုး ဘယ်လောက်တည်ငြိမ်သလဲဆိုရင် ကေမန်း ၁ဒေါ်လာကို ၁.၂အမေရိကန်ဒေါ်လာ ဖြစ်နေတာဟာ ၁၉၇၄ခုနှစ်ကတည်းက ဖြစ်ပြီး ယခုအချိန်ထိတိုင်အောင် ဒီတန်ဖိုးကို ထိန်းထားနိုင်တာကိုတွေ့ရပါတယ်။ ငွေစက္ကူတွေကတော့ ၁ဒေါ်လာကနေ ဒေါ်လာ ၁၀၀ တန်အထိရှိပြီး အားလုံးရဲ့ပေါ်မှာ ဗြိတိန်ဘုရင်မ အဲလီဇဘက်ရဲ့ပုံတွေကို ရိုက်နှိပ်ထားပါတယ်။
၆။ ဂျီဘရော်တာပေါင် (Gibraltar Pound)
1 GIP = 1.268 USD
ဂျီဘရော်တာကတော့ ဗြိတိန်ရဲ့ပင်လယ်ရပ်ခြားပိုင်နက် အိုင်ဘေးရီးယန်းကျွန်းဆွယ်ရဲ့ တောင်ဘက်အစွန်းမှာ တည်ရှိပြီး ၂.၆ စတုရန်းမိုင် ခန့်သာကျယ်ဝန်းတဲ့ ဒေသဖြစ်ပါတယ်။ ဒီဒေသမှာ လူပေါင်း ၃၄၀၀၀ခန့်နေထိုင်သလို ဂျီဘရော်တာပေါင်လို့ ခေါ်တဲ့ ကိုယ်ပိုင်ငွေကြေးစနစ်လည်း ရှိနေပါတယ်။ ဘဏ်ကုဒ်အမည်ကတော့ GIP ဖြစ်ပြီး သင်္ကေတကတော့ ပေါင်စတာလင်(£)နဲ့ တူညီပါတယ်။ ဒီဒေသအပြင် စပိန်က La Línea မြို့မှာ ဒီငွေကြေးစနစ်ကို သုံးစွဲလေ့ရှိပါတယ်။ မူလ စပိန် ၊ ဗြိတိန်ငွေကြေးစနစ်များကို သုံးစွဲခဲ့သော်လည်း ၁၉၂၇ ခုနှစ်မှ စ၍ ကိုယ်ပိုင်ငွေကြေးစနစ်စတင်သုံးစွဲခဲ့ပါတယ်။ ငွေစက္ကူ အနေနှင့် ၅ပေါင် ကနေ ၁၀၀ပေါင် အထိရှိပြီး ငွေစက္ကူ၏ အရှေ့ဘက်တွင် အဲလီဇဘက်ဘုရင်မကြီးရုပ်ပုံရိုက်နှိပ်ထားပြီး အနောက်ဘက်တွင် အဆောက်အအုံများ ၊ သင်္ဘော နှင့် ပန်းချီကားများကို ရိုက်နှိပ်ထားပါတယ်။
၅။ ပေါင်စတာလင် (British Pound)
1 GBP = 1.27 USD
ပေါင်စတာလင်ကတော့ အားလုံးသိကြတဲ့အတိုင်း ဗြိတိန်နိုင်ငံတွေရဲ့ တရားဝင်ငွေကြေးစနစ်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံး ငွေကြေးစနစ်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀၀ ခန့်ကတည်းက စတင်သုံးစွဲခဲ့တာဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူသိအများဆုံးငွေကြေးစနစ်တစ်ခုဖြစ်ပေမယ့် အမြင့်မားဆုံးငွေကြေးစနစ်မှာတော့ နံပါတ် ၅ နေရာမှာသာ ရှိပါတယ်။ ပေါင်စတာလင်ရဲ့ သင်္ကေတကတော့ ‘£’ ဖြစ်ပါတယ်။ အကြွေစေ့ရော ၊ ငွေစက္ကူကိုပါ သုံးစွဲပါတယ်။ ၁ပေါင်ကနေ ပေါင် ၁၀၀ တန်အထိရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ၁ပေါင် ၊ ၅၀ပေါင် ၊ ၁၀၀ပေါင် တန်တွေကိုတော့ အင်္ဂလန်က ဘဏ်တွေမှာသုံးစွဲခြင်းမရှိတော့ပါဘူး။ သုံးစွဲတဲ့နယ်မြေအလိုက် ငွေစက္ကူဒီဇိုင်းတွေဟာ ကွဲပြားသွားပါတယ်။ အဲလီဇဘက်ဘုရင်မကြီးအပြင် သမိုင်းထဲက အထင်ကရပုဂ္ဂိုလ်ကြီးများ အဆောက်အအုံများရဲ့ပုံတွေကို ရိုက်နှိပ်ထားလေ့ရှိပါတယ်။
၄။ ဂျော်ဒန် ဒင်နာ (Jordan Dinar)
1 JOD = 1.41 USD
ဂျော်ဒန်နိုင်ငံရဲ့ ငွေကြေးစနစ်ဖြစ်ပြီး ၁၉၅၀ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ပါတယ်။ စီးပွားရေးလွတ်လပ်ခွင့်သာ ရှိပေမယ့် ဂျော်ဒန်ဟာ ထုတ်ကုန်သွင်းကုန် နဲ့ အခြားစီးပွားရေးလုပ်ငန်းတွေမှာ အရမ်းကြီးမတိုးတက်တာကြောင့် သူ့ရဲ့ငွေကြေးစနစ် ဘာကြောင့်မြင့်မားတယ်ဆိုတာကတော့ ပြောရခက်ပါတယ်။ အဓိကကတော့ သူ့ရဲ့ငွေကြေးစနစ်ဟာ အမေရိကန်ဒေါ်လာ ပေါ်မှာ မှီတည်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်ရင် သူလည်းမြင့်မယ် အမေရိကန်ဒေါ်လာတန်ဖိုးနိမ့်ရင် သူလည်းနိမ့်မယ် ဆိုတဲ့သဘောပါ။ ငွေစက္ကူတွေမှာ ၁ဒင်နာ ကနေ ၅၀ဒင်နာအထိရှိပြီး ဂျော်ဒန်ဘုရင်တွေရဲ့ပုံကို ရိုက်နှိပ်ထားပါတယ်။
၃။ အိုမန်ရီယယ် ( Oman Rial)
1 OMR = 2.60 USD
ကမ္ဘာ့ငွေကြေးတန်ဖိုးအမြင့်ဆုံး တတိယနေရာမှာ ရပ်တည်နေတာကတော့ အာရပ်ကျွန်းဆွယ်မှာရှိတဲ့ အိုမန်နိုင်ငံရဲ့ ငွေကြေးစနစ်ဖြစ်ပါတယ်။ ၁၉၈၀ခုနှစ်ကတည်းက စီးပွားရေတရှိန် ထိုးတက်ခဲ့တဲ့ အိုမန်နိုင်ငံဟာ ရေနံအဓိက ထုတ်လုပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အချမ်းသာဆုံးနိုင်ငံစာရင်းမှာ မဝင်ပေမယ့် အိုမန်ရဲ့ရေနံဈေးနှုန်းဟာ အမေရိကန်ဒေါ်လာပေါ်မှာ မှီတည်ထားတာကြောင့် ငွေကြေးတန်ဖိုးတည်ငြိမ်မြင့်မားနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ငွေစက္ကူအနေနဲ့ကတော့ ၁ baisa ကနေ ၅၀ရီယယ် အထိထုတ်လုပ်ထားပါတယ်။ အိုမန်ငွေစက္ကူတွေမှာတော့ အိုမန်ဘုရင် Qaboos ရဲ့ ပုံတွေကိုမြင်ရမှာဖြစ်ပါတယ်။
၂။ ဘာရိန်း ဒင်နာ (Bahrain Dinar)
1 BHD = 2.65 USD
ပါရှန်းပင်လယ်ကွေ့မှာတည်ရှိတဲ့ ဘာရိန်းနိုင်ငံဟာ စတုရန်းမိုင် ၃၀၀ ခန့်သာ ကျယ်ဝန်းပြီး လူဦးရေကလည်း စုစုပေါင်းမှ ၁.၅သန်းခန့်သာ ရှိတဲ့နိုင်ငံလေးပါ။ ဒါပေမယ့် သူ့ရဲ့ငွေကြေးစနစ်ကတော့ ကမ္ဘာပေါ်မှာ ဒုတိယမြောက် အမြင့်ဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာထက် ၂ဆခွဲနီးပါး ပိုတန်ဖိုးမြင့်ပါတယ်။ ဘာရိန်းနိုင်ငံဟာ ရေနံအပြင် ခရီးသွားလာရေး နဲ့ ဘဏ်လုပ်ငန်းတွေမှာ ၂၀ရာစုနှောင်းပိုင်းကတည်းက တိုးချဲ့လုပ်ဆောင်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။သေးငယ်တဲ့နိုင်ငံနဲ့မလိုက်အောင် ဝင်ငွေအမြောက်အများရရှိတာကြောင့် ကမ္ဘာ့ဘဏ်ရဲ့ ဝင်ငွေအများဆုံးနိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခံရတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ငွေစက္ကူတွေမှာ ဝ.၅ BHD ကနေ ၂၀ BHD တန်အထိရှိပါတယ်။ ၁၀တန် နဲ့ ၂၀တန်မှာတော့ ဘာရိန်းဘုရင်ရဲ့ ပုံကိုရိုက်နှိပ်ထားပြီး ကျန်ငွေစက္ကူတွေမှာတော့ အဆောက်အဦးပုံရိပ်တွေကို ရိုက်နှိပ်ထားပါတယ်။
၁။ ကူဝိတ် ဒင်နာ (Kuwait Dinar)
1 KWD = 3.25 USD
ဟုတ်ပါတယ်။ ကမ္ဘာ့ငွေကြေးတန်ဖိုးအမြင့်ဆုံးကတော့ ကူဝိတ် ဒင်နာပဲဖြစ်ပါတယ်။ နိုင်ငံသားတစ်ဦးချင်းစီ နှစ်စဉ်ပျမ်းမျှဝင်ငွေ ဒေါ်လာ ၇သောင်း ခန့်ရှိတဲ့ ကူဝိတ်နိုင်ငံရဲ့ ငွေကြေးစနစ်ဟာ အမေရိကန်ဒေါ်လာထက် ၃ဆကျော်တောင် မြင့်မားနေပါတယ်။ ကမ္ဘာ့ဈေးကွက်ကို ရေနံအဓိကတင်ပို့တဲ့နိုင်ငံဖြစ်ပြီး အာရပ်ကမ္ဘာရဲ့ဒုတိယအကြီးမားဆုံး စတော့ဈေးကွက်ကို ပိုင်ဆိုင်ထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ အာရပ်ကမ္ဘာရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအများဆုံး ရရှိထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ကူဝိတ်ဗဟိုဘဏ်ကနေ ဝ.၂၅ဒင်နာ ကနေ ၂၀ ဒင်နာ တန် အထိ ငွေစက္ကူများကို ထုတ်လုပ်ထားပြီး ငွေစက္ကူတွေပေါ်မှာတော့ ကူဝိတ်ရဲ့ သမိုင်းဝင်အဆောက်အအုံပုံတွေကို ရိုက်နှိပ်ထားပါတယ်။
——- ——- ———-
(Zawgyi)
ကမာၻ႔တန္ဖိုး အျမင့္ဆုံး ေငြေၾကးစနစ္မ်ား ၂၀၂၀ Updated
ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ျမန္မာက်ပ္ေငြဟာ လက္ရွိအခ်ိန္မွာ အေမရိကန္ေဒၚလာနဲ႔ ယွဥ္ရင္ အဆေပါင္း ၁၄၀၀ နီးပါးကြာျခားေနခဲ့ၿပီျဖစ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ျမန္မာက်ပ္ေငြ ဒီေလာက္တန္ဖိုးက်ေနတာေတာင္ ကြၽန္ေတာ္တို႔ နဲ႔ ယွဥ္ရင္ အဆေပါင္းမ်ားစြာ နိမ့္က်ေနတဲ့ ေငြေက်းစနစ္ေတြ ကမာၻမွာအမ်ားအျပားရွိပါေသးတယ္။ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ စီးပြားေရး ခိုင္မာမႈ ၊ တိုင္းျပည္ဝင္ေငြအနည္းအမ်ား ၊ ေငြေၾကးခိုင္မာမႈေတြအေပၚမွာ ေငြေၾကးတန္ဖိုး အတက္အက်ေတြ ရွိေနပါတယ္။
တခ်ိဳ႕ႏိုင္ငံႀကီးေတြကေတာ့ စီးပြားေရးတိုးတက္လြန္းေပမယ့္ ေငြေၾကးတန္ဖိုးကို ကစားတဲ့အေနနဲ႔ ႏွိမ့္ထားတတ္တာေတြလည္းရွိပါေသးတယ္။ ကမာၻမွာ လူသိအမ်ားဆုံးက အေမရိကန္ေဒၚလာျဖစ္ေပမယ့္ သူ႔ထက္တန္ဖိုးျမင့္တဲ့ ေငြေၾကးစနစ္ေတြရွိေနပါေသးတယ္။ ဒီတစ္ခါေတာ့ ကမာၻ႔တန္ဖိုးအျမင့္ဆုံး ေငြေၾကးစနစ္ ၁၀ မ်ိဳးကို သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဗဟုသုတအေနနဲ႔ ေဝမွ်လိုက္ပါတယ္။ တန္ဖိုးေတြကိုေတာ့ အေမရိကန္ေဒၚလာတန္ဖိုးနဲ႔ပဲ ႏႈိင္းယွဥ္သြားပါမယ္။
၁၀။ အေမရိကန္ေဒၚလာ (American Dollor)
1 USD = 1 USD
ကမာၻေပၚက လူသိအမ်ားဆုံး ျဖစ္တဲ့ေငြေၾကးစနစ္ျဖစ္ၿပီး အေမရိကန္ႏိုင္ငံရဲ႕ေငြေၾကးစနစ္ျဖစ္ပါတယ္။ ကမာၻ႔ေနရာအားလုံးနီးပါးမွာ လဲလွယ္သုံးစြဲႏိုင္တဲ့ေငြေၾကးစနစ္ျဖစ္ပါတယ္။ အေႂကြေစ့ေရာ ၊ ေငြစကၠဴကိုပါ သုံးစြဲပါတယ္။ ၁ဆင့္ကေန ၁ေဒၚလာအထိ အေႂကြေစ့ေတြသုံးၿပီး ၁ေဒၚလာကေန ေဒၚလာ ၁၀၀ အထိ ေငြစကၠဴေတြသုံးပါတယ္။ ေငြစကၠဴေတြေပၚမွာေတာ့ အေမရိကန္ရဲ႕ အထင္ကရပုဂၢိဳလ္ႀကီးေတြ သမၼတေတြရဲ႕ ပုံရိပ္ေတြကို ႐ိုက္ႏွိပ္ထားပါတယ္။
၉။ ဆြစ္ဇ္ဖရန႔္ (Swiss Franc)
1 CHF = 1.06 USD
ဒီေငြေၾကးစနစ္ကေတာ့ ဆြစ္ဇာလန္ႏိုင္ငံနဲ႔ လက္ခ်င္းစတိန္းႏိုင္ငံ နဲ႔ အီတလီႏိုင္ငံ Campione ေဒသ တို႔ရဲ႕ တရားဝင္ေငြေၾကးစနစ္ျဖစ္ပါတယ္။ အေမရိကန္ေဒၚလာထက္ တန္ဖိုးျမင့္တဲ့ေငြေၾကးစနစ္ျဖစ္ပါတယ္။ ဆြစ္ဇာလန္ဟာ ကမာၻ႔အခ်မ္းသာဆုံးႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး စီးပြားေရးတိုးတက္လြန္းတာေၾကာင့္ သူ႔ရဲ႕ေငြေၾကးစနစ္ကလည္း ျမင့္မားပါတယ္။ အေႂကြေစ့ေရာ ၊ ေငြစကၠဴကိုပါ သုံးစြဲပါတယ္။ ေငြစကၠဴကေတာ့ ၁၀ ဖရန႔္ ကေန ၁၀၀၀ ဖရန႔္အထိရွိပါတယ္။ ၁၉၉၅ခုႏွစ္မွာ ျပန္လည္႐ိုက္ႏွိပ္တဲ့ ဆြစ္ေငြစကၠဴေတြရဲ႕ ဒီဇိုင္းက ထူးျခားပါတယ္။ ဘာလို႔လဲဆိုေတာ့ ေငြစကၠဴေတြအားလုံးေပၚမွာ ႏိုင္ငံေခါင္းေဆာင္ေတြအစား ကဗ်ာဆရာ ၊ သမိုင္းဆရာ ၊ စာေရးဆရာ ၊ ဗိသုကာပညာရွင္ ၊ ပန္းပု နဲ႔ ပန္းခ်ီပညာရွင္ႀကီးေတြရဲ႕ ပုံရိပ္ေတြကို ႐ိုက္ႏွိပ္ထားလို႔ပါ။
၈။ ဥေရာပယူ႐ို (Europe Euro)
1 EUR = 1.13 USD
ယူ႐ိုဇုံ(Eurozone) လို႔ေခၚတဲ့ ဥေရာပႏိုင္ငံေပါင္း ၁၉ႏိုင္ငံမွာ သုံးစြဲေနတဲ့ေငြေၾကးစနစ္ျဖစ္ပါတယ္။ ၾသစႀကီးယား ၊ ဘယ္လ္ဂ်ီယန္ ၊ လူဇင္ဘတ္ ၊ ျပင္သစ္ ၊ အီတလီ ၊ နယ္သာလန္ ၊ ဂ်ာမဏီ ၊ ေပၚတူဂီ စတဲ့ ႏိုင္ငံေတြအပါဝအင္ ႏိုင္ငံေပါင္း ၁၉ႏိုင္ငံမွာ သုံးစြဲပါတယ္။ ေငြစကၠဴအေနနဲ႔ ၅ ယူ႐ို ကေန ၂၀၀ ယူ႐ိုအထိ ရွိပါတယ္။ ေငြစကၠဴေတြေပၚမွာေတာ့ ဗိသုကာ အေဆာက္အဦးပုံစံေတြနဲ႔ အတူ ဂရိနတ္သမီး Europa ပုံကို အေရာင္မွိန္မွိန္နဲ႔ ႐ိုက္ႏွိပ္ထားပါတယ္။
၇။ ေကးမန္းကြၽန္းစုေဒၚလာ ( Cayman Islands Dollar )
1 KYD = 1.20 USD
ေကးမန္းကြၽန္းစု ဆိုတာ ကာေရးဘီးယန္းပင္လယ္ထဲက ၿဗိတိန္တို႔ရဲ႕လက္ေအာက္ခံ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရႏိုင္ငံေလးျဖစ္ပါတယ္။ ၁၀၂ စတုရန္းမိုင္ပဲက်ယ္ဝန္းတဲ့ ဒီႏိုင္ငံေလးဟာ ဘဏ္စနစ္အလြန္ထြန္းကားၿပီး စီးပြားေရးမွာလည္း ထိပ္တန္းရွိေနပါတယ္။ ေငြေၾကးတန္ဖိုး ဘယ္ေလာက္တည္ၿငိမ္သလဲဆိုရင္ ေကမန္း ၁ေဒၚလာကို ၁.၂အေမရိကန္ေဒၚလာ ျဖစ္ေနတာဟာ ၁၉၇၄ခုႏွစ္ကတည္းက ျဖစ္ၿပီး ယခုအခ်ိန္ထိတိုင္ေအာင္ ဒီတန္ဖိုးကို ထိန္းထားႏိုင္တာကိုေတြ႕ရပါတယ္။ ေငြစကၠဴေတြကေတာ့ ၁ေဒၚလာကေန ေဒၚလာ ၁၀၀ တန္အထိရွိၿပီး အားလုံးရဲ႕ေပၚမွာ ၿဗိတိန္ဘုရင္မ အဲလီဇဘက္ရဲ႕ပုံေတြကို ႐ိုက္ႏွိပ္ထားပါတယ္။
၆။ ဂ်ီဘေရာ္တာေပါင္ (Gibraltar Pound)
1 GIP = 1.268 USD
ဂ်ီဘေရာ္တာကေတာ့ ၿဗိတိန္ရဲ႕ပင္လယ္ရပ္ျခားပိုင္နက္ အိုင္ေဘးရီးယန္းကြၽန္းဆြယ္ရဲ႕ ေတာင္ဘက္အစြန္းမွာ တည္ရွိၿပီး ၂.၆ စတုရန္းမိုင္ ခန႔္သာက်ယ္ဝန္းတဲ့ ေဒသျဖစ္ပါတယ္။ ဒီေဒသမွာ လူေပါင္း ၃၄၀၀၀ခန႔္ေနထိုင္သလို ဂ်ီဘေရာ္တာေပါင္လို႔ ေခၚတဲ့ ကိုယ္ပိုင္ေငြေၾကးစနစ္လည္း ရွိေနပါတယ္။ ဘဏ္ကုဒ္အမည္ကေတာ့ GIP ျဖစ္ၿပီး သေကၤတကေတာ့ ေပါင္စတာလင္(£)နဲ႔ တူညီပါတယ္။ ဒီေဒသအျပင္ စပိန္က La Línea ၿမိဳ႕မွာ ဒီေငြေၾကးစနစ္ကို သုံးစြဲေလ့ရွိပါတယ္။ မူလ စပိန္ ၊ ၿဗိတိန္ေငြေၾကးစနစ္မ်ားကို သုံးစြဲခဲ့ေသာ္လည္း ၁၉၂၇ ခုႏွစ္မွ စ၍ ကိုယ္ပိုင္ေငြေၾကးစနစ္စတင္သုံးစြဲခဲ့ပါတယ္။ ေငြစကၠဴ အေနႏွင့္ ၅ေပါင္ ကေန ၁၀၀ေပါင္ အထိရွိၿပီး ေငြစကၠဴ၏ အေရွ႕ဘက္တြင္ အဲလီဇဘက္ဘုရင္မႀကီး႐ုပ္ပုံ႐ိုက္ႏွိပ္ထားၿပီး အေနာက္ဘက္တြင္ အေဆာက္အအုံမ်ား ၊ သေဘၤာ ႏွင့္ ပန္းခ်ီကားမ်ားကို ႐ိုက္ႏွိပ္ထားပါတယ္။
၅။ ေပါင္စတာလင္ (British Pound)
1 GBP = 1.27 USD
ေပါင္စတာလင္ကေတာ့ အားလုံးသိၾကတဲ့အတိုင္း ၿဗိတိန္ႏိုင္ငံေတြရဲ႕ တရားဝင္ေငြေၾကးစနစ္ျဖစ္ပါတယ္။ ကမာၻေပၚမွာ သက္တမ္းအၾကာဆုံး ေငြေၾကးစနစ္ျဖစ္ၿပီး လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၂၀၀ ခန႔္ကတည္းက စတင္သုံးစြဲခဲ့တာျဖစ္ပါတယ္။ ကမာၻေပၚက လူသိအမ်ားဆုံးေငြေၾကးစနစ္တစ္ခုျဖစ္ေပမယ့္ အျမင့္မားဆုံးေငြေၾကးစနစ္မွာေတာ့ နံပါတ္ ၅ ေနရာမွာသာ ရွိပါတယ္။ ေပါင္စတာလင္ရဲ႕ သေကၤတကေတာ့ ‘£’ ျဖစ္ပါတယ္။ အေႂကြေစ့ေရာ ၊ ေငြစကၠဴကိုပါ သုံးစြဲပါတယ္။ ၁ေပါင္ကေန ေပါင္ ၁၀၀ တန္အထိရွိခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ၁ေပါင္ ၊ ၅၀ေပါင္ ၊ ၁၀၀ေပါင္ တန္ေတြကိုေတာ့ အဂၤလန္က ဘဏ္ေတြမွာသုံးစြဲျခင္းမရွိေတာ့ပါဘူး။ သုံးစြဲတဲ့နယ္ေျမအလိုက္ ေငြစကၠဴဒီဇိုင္းေတြဟာ ကြဲျပားသြားပါတယ္။ အဲလီဇဘက္ဘုရင္မႀကီးအျပင္ သမိုင္းထဲက အထင္ကရပုဂၢိဳလ္ႀကီးမ်ား အေဆာက္အအုံမ်ားရဲ႕ပုံေတြကို ႐ိုက္ႏွိပ္ထားေလ့ရွိပါတယ္။
၄။ ေဂ်ာ္ဒန္ ဒင္နာ (Jordan Dinar)
1 JOD = 1.41 USD
ေဂ်ာ္ဒန္ႏိုင္ငံရဲ႕ ေငြေၾကးစနစ္ျဖစ္ၿပီး ၁၉၅၀ ခုႏွစ္ကတည္းက စတင္အသုံးျပဳခဲ့ပါတယ္။ စီးပြားေရးလြတ္လပ္ခြင့္သာ ရွိေပမယ့္ ေဂ်ာ္ဒန္ဟာ ထုတ္ကုန္သြင္းကုန္ နဲ႔ အျခားစီးပြားေရးလုပ္ငန္းေတြမွာ အရမ္းႀကီးမတိုးတက္တာေၾကာင့္ သူ႔ရဲ႕ေငြေၾကးစနစ္ ဘာေၾကာင့္ျမင့္မားတယ္ဆိုတာကေတာ့ ေျပာရခက္ပါတယ္။ အဓိကကေတာ့ သူ႔ရဲ႕ေငြေၾကးစနစ္ဟာ အေမရိကန္ေဒၚလာ ေပၚမွာ မွီတည္ေနတယ္လို႔ ဆိုပါတယ္။ အေမရိကန္ေဒၚလာ တန္ဖိုးျမင့္ရင္ သူလည္းျမင့္မယ္ အေမရိကန္ေဒၚလာတန္ဖိုးနိမ့္ရင္ သူလည္းနိမ့္မယ္ ဆိုတဲ့သေဘာပါ။ ေငြစကၠဴေတြမွာ ၁ဒင္နာ ကေန ၅၀ဒင္နာအထိရွိၿပီး ေဂ်ာ္ဒန္ဘုရင္ေတြရဲ႕ပုံကို ႐ိုက္ႏွိပ္ထားပါတယ္။
၃။ အိုမန္ရီယယ္ ( Oman Rial)
1 OMR = 2.60 USD
ကမာၻ႔ေငြေၾကးတန္ဖိုးအျမင့္ဆုံး တတိယေနရာမွာ ရပ္တည္ေနတာကေတာ့ အာရပ္ကြၽန္းဆြယ္မွာရွိတဲ့ အိုမန္ႏိုင္ငံရဲ႕ ေငြေၾကးစနစ္ျဖစ္ပါတယ္။ ၁၉၈၀ခုႏွစ္ကတည္းက စီးပြားေရတရွိန္ ထိုးတက္ခဲ့တဲ့ အိုမန္ႏိုင္ငံဟာ ေရနံအဓိက ထုတ္လုပ္တဲ့ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။ အခ်မ္းသာဆုံးႏိုင္ငံစာရင္းမွာ မဝင္ေပမယ့္ အိုမန္ရဲ႕ေရနံေဈးႏႈန္းဟာ အေမရိကန္ေဒၚလာေပၚမွာ မွီတည္ထားတာေၾကာင့္ ေငြေၾကးတန္ဖိုးတည္ၿငိမ္ျမင့္မားေနတာ ျဖစ္တယ္လို႔ သိရပါတယ္။ ေငြစကၠဴအေနနဲ႔ကေတာ့ ၁ baisa ကေန ၅၀ရီယယ္ အထိထုတ္လုပ္ထားပါတယ္။ အိုမန္ေငြစကၠဴေတြမွာေတာ့ အိုမန္ဘုရင္ Qaboos ရဲ႕ ပုံေတြကိုျမင္ရမွာျဖစ္ပါတယ္။
၂။ ဘာရိန္း ဒင္နာ (Bahrain Dinar)
1 BHD = 2.65 USD
ပါရွန္းပင္လယ္ေကြ႕မွာတည္ရွိတဲ့ ဘာရိန္းႏိုင္ငံဟာ စတုရန္းမိုင္ ၃၀၀ ခန႔္သာ က်ယ္ဝန္းၿပီး လူဦးေရကလည္း စုစုေပါင္းမွ ၁.၅သန္းခန႔္သာ ရွိတဲ့ႏိုင္ငံေလးပါ။ ဒါေပမယ့္ သူ႔ရဲ႕ေငြေၾကးစနစ္ကေတာ့ ကမာၻေပၚမွာ ဒုတိယေျမာက္ အျမင့္ဆုံးျဖစ္ၿပီး အေမရိကန္ေဒၚလာထက္ ၂ဆခြဲနီးပါး ပိုတန္ဖိုးျမင့္ပါတယ္။ ဘာရိန္းႏိုင္ငံဟာ ေရနံအျပင္ ခရီးသြားလာေရး နဲ႔ ဘဏ္လုပ္ငန္းေတြမွာ ၂၀ရာစုေႏွာင္းပိုင္းကတည္းက တိုးခ်ဲ႕လုပ္ေဆာင္ခဲ့တဲ့ႏိုင္ငံျဖစ္ပါတယ္။ေသးငယ္တဲ့ႏိုင္ငံနဲ႔မလိုက္ေအာင္ ဝင္ေငြအေျမာက္အမ်ားရရွိတာေၾကာင့္ ကမာၻ႔ဘဏ္ရဲ႕ ဝင္ေငြအမ်ားဆုံးႏိုင္ငံစာရင္းမွာ ထည့္သြင္းေဖာ္ျပခံရတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။ ေငြစကၠဴေတြမွာ ဝ.၅ BHD ကေန ၂၀ BHD တန္အထိရွိပါတယ္။ ၁၀တန္ နဲ႔ ၂၀တန္မွာေတာ့ ဘာရိန္းဘုရင္ရဲ႕ ပုံကို႐ိုက္ႏွိပ္ထားၿပီး က်န္ေငြစကၠဴေတြမွာေတာ့ အေဆာက္အဦးပုံရိပ္ေတြကို ႐ိုက္ႏွိပ္ထားပါတယ္။
၁။ ကူဝိတ္ ဒင္နာ (Kuwait Dinar)
1 KWD = 3.25 USD
ဟုတ္ပါတယ္။ ကမာၻ႔ေငြေၾကးတန္ဖိုးအျမင့္ဆုံးကေတာ့ ကူဝိတ္ ဒင္နာပဲျဖစ္ပါတယ္။ ႏိုင္ငံသားတစ္ဦးခ်င္းစီ ႏွစ္စဥ္ပ်မ္းမွ်ဝင္ေငြ ေဒၚလာ ၇ေသာင္း ခန႔္ရွိတဲ့ ကူဝိတ္ႏိုင္ငံရဲ႕ ေငြေၾကးစနစ္ဟာ အေမရိကန္ေဒၚလာထက္ ၃ဆေက်ာ္ေတာင္ ျမင့္မားေနပါတယ္။ ကမာၻ႔ေဈးကြက္ကို ေရနံအဓိကတင္ပို႔တဲ့ႏိုင္ငံျဖစ္ၿပီး အာရပ္ကမာၻရဲ႕ဒုတိယအႀကီးမားဆုံး စေတာ့ေဈးကြက္ကို ပိုင္ဆိုင္ထားတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။ အာရပ္ကမာၻရဲ႕ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈအမ်ားဆုံး ရရွိထားတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။ ကူဝိတ္ဗဟိုဘဏ္ကေန ဝ.၂၅ဒင္နာ ကေန ၂၀ ဒင္နာ တန္ အထိ ေငြစကၠဴမ်ားကို ထုတ္လုပ္ထားၿပီး ေငြစကၠဴေတြေပၚမွာေတာ့ ကူဝိတ္ရဲ႕ သမိုင္းဝင္အေဆာက္အအုံပုံေတြကို ႐ိုက္ႏွိပ္ထားပါတယ္။
Discussion about this post