• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အနက်ဆုံးနေရာ (သို့) မာရီယာနာချောက်အကြောင်းသိကောင်းစရာ

by Thutamm
July 27, 2019
Reading Time: 1min read
0
ကမ္ဘာ့အနက်ဆုံးနေရာ (သို့) မာရီယာနာချောက်အကြောင်းသိကောင်းစရာ
Share on FacebookShare on Twitter

ကမ္ဘာကျော်မာရီယာနာချောက်ဟာ မြောက်ပစိဖိတ်သမုဒ္ဒရာရဲ့အနောက်ပိုင်း ဖိလစ်ပိုင် နဲ့ ဂျပန်နိုင်ငံများ မာရီယာနာကျွန်းစုတို့ရဲ့ အနီးမှာတည်ရှိပါတယ်။

တိုင်းတာရခဲ့သမျှ အနက်ဆုံးနေရာရဲ့ အနက်ဟာ ၃၆၀၇၀ ပေ ရှိပြီး ကမ္ဘာ့အနက်ဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ အနက်ဆုံးနေရာကို Challenger Deep လို့လည်းခေါ်ကြပါတယ်။ တချို့ကတော့ ချောက်ရဲ့အနက်ဟာ အဲဒီအနက်ထက် ပိုနိုင်သေးတယ်လို့ ဆိုကြပါတယ်။ ၁၉၅၁ခုနှစ်မှာ Challenger သင်္ဘောနဲ့တိုင်းတာရရှိခဲ့တဲ့အနက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနာမည်ကိုပေးထားတာပဲဖြစ်ပါတယ်။

ဒီချောက်ဟာ ဧရိယာအားဖြင့် အလျား ၁၅၈၀မိုင် အနံ ၄၃မိုင် ကျယ်ပြန့်ကြီးမားပြီး ပုံသဏ္ဍာန်ကတော့ လခြမ်း (သို့) စက်ဝိုင်းခြမ်းပုံစံဖြစ်ပါတယ်။

ချောက်ရဲ့အောက်ခြေမှာရှိတဲ့ဖိအားဟာ ပင်လယ်ရေမျက်နှာပြင်ဖိအားထက် အဆ၁၀၀၀ ပိုပါတယ်။ အပူချိန် ကတော့ ၁ မှ ၄ ဒီဂရီ ဆဲစီးယပ်စ်ရှိတဲ့အတွက် အလွန်အေးတဲ့နေရာလည်းဖြစ်ပါတယ်။

မာရီယာနာချောက်ရဲ့ အောက်ခြေကြမ်းပြင်မှာတော့ ဟိုက်ဒရိုဂျင်ဆာလဖိုဒ်ကဲ့သို့ တွင်းထွက်တွေကို ထုတ်လွှတ်ပေးနေတဲ့ အပေါက်ငယ်တွေရှိနေပါတယ်။ ဆွေးမြေ့ပျက်စီးနေတဲ့ အပင်တွေ တိရစ္ဆာန်တွေ ၊ တိရစ္ဆာန်တွေရဲ့အရိုးတွေစုပုံနေတာကြောင့် မာရီယာနာချောက်ရဲ့ကြမ်းပြင်ဟာ အဝါရောင်သန်းနေပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ မာရီယာနာချောက်ရဲ့သက်တမ်းဟာ နှစ်သန်းပေါင်း ၁၈၀ ရှိပြီဖြစ်ပြီး သက်တမ်းအရင့်ဆုံးနေရာတွေထဲကတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

မာရီယာနာချောက်ရဲ့ အနက်ဆုံးနေရာ Challenger Deep ကို ပထမဆုံးရောက်ခဲ့သူတွေကတော့ ၁၉၆၀ခုနှစ်မှာရောက်ခဲ့ကြတဲ့ US ရေတပ်ဗိုလ် Don Walsh နဲ့ ဆွစ်သိပ္ပံပညာရှင် Jacques Piccard တို့ဖြစ်ပါတယ်။

တကယ်လို့များ သင်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရက်တောင်ကို မာရီယာနာချောက်ထဲကိုရွှေ့လိုက်မယ်ဆိုရင် ဧဝရက်တောင်ဟာ သမုဒ္ဒရာရေမျက်နှာပြင်အောက် ၁မိုင်ကျော်ကျော်နစ်မြုပ်သွားမှာဖြစ်ပါတယ်။

Barreleye Fish လိုရှားပါးငါးတွေ ၊ လွှငါးမန်းတွေ ၊ ရေဘဝဲတွေ နဲ့ အခြားရှားပါးငါးမြောက်များစွာကို ဒီနေရာမှတွေ့ရလေ့ရှိပါတယ်။

(မာရီရာနာချောက်တဲ့ ပိုနက်တဲ့ အရာတစ်ခုရှိပါသေးတယ်။ သူကတော့သဘာဝနေရာတစ်ခုတော့ မဟုတ်ပါဘူး။ ရုရှားမှာရှိတဲ့ Kola Superdeep Borehole ဆိုတဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ်တည်းက စတဲ့ဒီပရောဂျက်မှာ အနက်ဆုံးနေရာကို စက်နဲ့တူးတာပဲဖြစ်ပါတယ်။

အနက်ပေ ၄၉၀၀၀ ခန့်ထိတူးနိုင်မယ်လို့ မျှော်မှန်းထားပေမယ့် လက်ရှိမှာတော့ ၄၀၅၀၂ပေထိပဲ တူးနိုင်ပါသေးတယ်။ အဲဒီနေရာရဲ့ အပူချိန်က ၁၈၀ ဒီဂရီစင်တီဂရိတ်အထိရှိနေတာကြောင့် ဆက်လက်တူးဖို့ခက်ခဲပါတယ်)

Tags: world places
Next Post
ဝေလငါးတို့ အကြောင်း သိကောင်းစရာ

ဝေလငါးတို့ အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!