Sunday, March 7, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါ ၁၀ မျိုး

by Thutamm
August 14, 2019
Reading Time: 1min read
0
ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါ ၁၀ မျိုး
Share on FacebookShare on Twitter

၁၀။ Puffer Fish

ကမ္ဘာ အဆိပ်ပြင်းသတ္တဝါများ (၁ဝ) မျိုးထဲမှာပါဝင်တာကတော့ Puffer Fish ပဲဖြစ်ပါတယ်။ ဒီငါးပူတင်း အကိုက်ခံရပြီဆိုလျှင် နှလုံးကို ဓါတ်လိုက်ခံရသလို ဖြစ်စေပါတယ်။ သူ့ရဲ့နှုတ်ခမ်းထူထူနဲ့ လျှာတွေကလည်း အဆိပ်ရှိပါတယ်။  ရုတ်တရက် နှလုံးတုန်လာခြင်း၊ အသက်ရှုကြပ်လာခြင်း၊ သွက်ချာဗာဒ ဖြစ်သလိုပြီးဖြစ်ကာ ကြွက်သားများ အားပျော့သွားခြင်းတို့ဖြစ်တတ်ပါတယ်။

အများအားဖြင့်တော့ ၂၄ နာရီအတွင်း အသက်ရှုံးဆုံး ခဲ့ရတာကများပါတယ်။ အဲဒီငါးရဲ့ အဆိပ်ကတော့ ဖြေဆေးမရှိပါဘူး။ကိုက်ရင် အဆိပ်မိသလို ငါးမှာပါဝင်တဲ့အဆိပ်ကို စားမိရင်လည်း သေနိုင်ပါတယ်။ ဂျပန်မှာ ဒီငါးကို စားရာကနေ ၁၉၉၆ခုနှစ်ကနေ ၂၀၀၆ခုနှစ်အတွင်း နှစ်စဉ်ပျမ်းမျှ ၆ယောက်ခန့် သေဆုံးခဲ့ပါတယ်။ ဒါကြောင့်ဒီငါးကို ရောင်းတဲ့ဆိုင်တွေဟာ အသိအမှတ်ပြုထားတဲ့ လိုင်စင်ရှိတဲ့သူများကိုသာ ငါးကိုင်ခိုင်းလေ့ရှိပါတယ်။

၉။ Poison dart frogs

ကမ္ဘာ့အဆိပ်ပြင်းသတ္တဝါများထဲက နောက်တစ်မျိုး အဆိပ်ပြင်းတဲ့ Poison dart frogs ဆိုတဲ့ အဆိပ်ဖား ပဲဖြစ်ပါတယ်။ မျိုးကွဲပေါင်း ကတော့ ၁ဝဝ ကျော်ခန့် ရှိသည်ဟု သိရပါတယ်။ ဒီဖားကတော့ အကြီးဆုံး ၆ စင်တီမီတာက နေ အသေးဆုံး ၁.၅ စင်တီမီတာအထိ အရွယ်အစားအမျိုးမျိုးရှိ ပြီး အလေးချိန်အနေအားဖြင့်တော့ ၂ ဂရမ် လောက်ရှိတတ်ပါတယ်။  ဒီဖားတွေမှာ ရှိတဲ့ အဆိပ်များထဲမှ ၂ မိုက်ခရို ဂရမ် လောက်ဆိုရင် လူတစ်ယောက်သေနိုင်တဲ့ အတိုင်းအတာတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့အဆိပ်ကတော့ တိုက်ခိုက်ဖို့ မဟုတ်ပဲ သူတို့ကို စားတဲ့ အခြားသတ္တဝါတွေ ကို သေစေဖို့လို့ ပြောလို့ရပါတယ်။ အရောင်အသွေးအနေအားဖြင့်တော့ အနီ အဝါ၊ လိမ္မော်၊ အပြာ၊ အစိမ်း ရာသီဥတုပေါ်ကိုလိုက်၍ ပြောင်းလဲတတ်ပါတယ်။

အဲဒီဖားမျိူးထဲမှာမှ Golden Poison dart frogs ရွှေရောင် အဆိပ်ဖားကတော့ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး သတ္တဝါတစ်ကောင်ဖြစ်တယ်လို့သိရပါတယ်။ အရွယ်အစာအနေအားဖြင့်တော့ ၂ လက္မခန့်ရှိပြီး တောင်အာဖရိက ကိုလံဘီယာ နိုင်ငံက လူတွေဟာ ဒီဖားဆီမှ အဆိပ်ကို ရာစုနှစ်များစွာ အမဲလိုက်ရာတွင် အဆိပ်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒီရွှေဖားဟာ သူစားခဲ့တဲ အဆိပ်ရှိ သတ္တဝါပိုးမွှားတွေကနေ အဆိပ်ကို ပြန်လည်ပြီး ထုတ်ယူပြီး သူ့မှာရှိတဲ့ အဆိပ်နဲ့ ပေါင်းပြီး အသုံးပြုနိုင်ခြင်းကြောင့် ပိုပြီးအဆိပ်ပြင်းတာဖြစ်ပါတယ်။ သူရဲ့ ပင်ကိုယ်အဆိပ်ကတော့ ဒီလောက်ပြင်းထန်ခြင်းမရှိပါဘူး။ ဒီဖားမျိုးကိုတော့ တောင်အမေရိက စိုစွတ်တောများတွင် တွေ့ရှိရပါသည်။

၈။ Inland Taipan

ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး တိရစ္ဆာန်တွေထဲမှာ (Inland Taipan) အင်လန်တိုင်ပန် ဆိုတဲ့ မြွေ လည်းပါဝင်ပါတယ်။ သူ့အဆိပ်ကို မိခဲ့မဲ့လူတစ်ယောက်ဟာဆိုရင် ၄၅ မိနစ်ထက် ပိုပြီး အသက်ရှင်စရာ အကြောင်းမရှိပါဘူး။ ေ ဒီမြွေတွေဟာ ခြောက်သွေ့ပြီး အမှောင်ကျတဲ့ တွင်းနက်များ နှင့် ပက်ကြားအက် များကြားတွင် အများဆုံးနေထိုင်တတ်ပြီး ကြွက်နှင့် အခြား သတ္တဝါငယ်များကို ဖမ်းယူစားသောက်ပါတယ်။

အညို ပုတ်ရောင်ဖြင့် တွေ့ရတတ်သော်လဲ ရာသီဥတုပေါ်မူတည်ပြီး အရောင်းပြောင်းလဲ တတ်ပြီး ၎င်းရဲ့ ခန္ဓာကိုယ်ဟာ နွေရာသီမှာ အပူဓါတ်ကို စုပ်ယူပြီး ဆောင်းဥတုမှာတော့ အပူကို ပြန်လည်ထုတ်ပြီး အနွေးဓါတ်ရအောင် ပြုလုပ်နိုင်ပါတယ်။ ဒီ ကမ္ဘာ့အဆိပ်အပြင်းဆုံးမြွေတမျိုးဖြစ်တဲ့သူ့ရဲ့ အဆိပ်ဟာ သာမန် မြွေဟောက် တွေရဲ့ အဆိပ်ထက် အဆပေါင်း ၅ဝ ကျော်ပိုပြီး ပြင်းထန်ပါတယ်။ ဒီမြွေတွေဟာ ဥမှ တဆင့်ပေါက်ဖွားတဲ့မြွေဖြစ်ပြီး အရွယ်ရောက် မြွေမ တစ်ကောင်ဟာ ဥချိန်မှာ ဥပေါင်း ၁၂ လုံးမှ အလုံး ၂ဝ အထိ ဥတတ်ပါတယ်။

၇။ Brazilian Wandering Spider

အဆိပ်အပြင်းဆုံးသတ္တဝါ တွေထဲက နောက်တစ်မျိုးကိုဖော်ပြရမယ်ဆိုရင်တော့ ၂ဝဝ၇ ခုနှစ်ကမှ ကမ္ဘာစံချိန်မှတ်တမ်း ဂရင်းနစ်စာအုပ် ထဲမှာ မှတ်တမ်းအတင်ခံလိုက်ရတဲ့ Brazilian Wandering Spider ဆိုတဲ့ ပင်ကူမျိုးပဲ ဖြစ်ပါတယ်။ ပင့်ကူမျိုးဟာ ၈ဝဝဝဝ ကျော်ရှိတဲ့ ပင့်ကူမျိုး အားလုံးထဲမှာ အဆိပ်အပြင်းဆုံးဖြစ်ပါတယ်။ ကြောက်စရာအစွယ် သက်တမ်းအနေအားဖြင့်တော့ ဒီပင့်ကူတွေက (၁)နှစ်ကနေ (၂) အထိ ရှိတတ်ကြပါတယ်။ သူတို့ရဲ့ ဖမ်းဆီးစားသောက်ခြင်းကိုခံရတဲ့ သားကောင်တွေကတော့ ပိုးဟပ်၊ ပိုးမွှားများ၊ အိပ်မြှောင်၊ ပုရစ် တို့ပဲဖြစ်ကြပါတယ်။

ဒီပင့်ကူတွေရဲ့ အဆိပ်ကတော့ ဦးနှောက်ကိုပဲ တိုက်ရိုက် ထိခိုက်စေတဲ့အဆိပ်မျိုးပါ။ ဒီပင်ကူရဲ့အဆိပ် ဝ.ဝဝ၆ မီလီဂရမ်က ကြွက်တစ်ကောင်ကို ချက်ခြင်း သေစေနိုင်တဲ့ အထိကိုပြင်းပါတယ်။ အချိန်မီ ကုသနိုင်ရင်တော့ အသက်ဆုံးရှုံးုခြင်းမှာ လွတ်မြောက်နိုင်ပါတယ်။ မှတ်တမ်းများအရတော့ ဒီပင်ကူ ယှက်ခံရတဲ့ လူပေါင်း ၇ဝဝဝ ကျော်အထဲမှာတော့ (၁ဝ) ယောက်ကျော်ဟာ အသက်ဆုံးရှုံးသွားခဲ့ရတယ်လို့သိရပါတယ်။

၆။ stone fish

stone fish (ကျောက်ငါး) ကတော့ ရေယှက်အတောင်ပံတွေနဲ့ ဝေဆာလှပနေတဲ့ငါးတစ်ကောင် မဟုတ်ပါဘူး။ ဒါပေမဲ့သူ့ရဲ ကျောပေါ်မှာ ရှိတဲ့ ဆူးတောင်တွေကတော့ အဆိပ်အလွန်ပြင်းပါတယ်။ အဲ့ဒီဆူတောင်တွေဟာ အမှန်တကယ်တော့ သူတို့ကို အန္တရာယ် ပြုမယ့် ငါးမန်းတွေကို တိုက်ခိုက်ဖို့ အတွက်ပဲဖြစ်ပါတယ်။ သူ့အဆိပ်မိသွားတဲ့ သူဟာဆိုရင်တော့ အလွန်နာကျင်မယ် ပြီးရင် တုန်လှုပ်လာမယ်၊ သွပ်ခြာပါဒ ဝေဒနာသည် လိုဖြစ်လာမယ် နောက်ဆုံး ဆေးကုသမှုမရှိရင်တော့ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒီကျောက်ငါးတွေကတော့ သူ့အဆိပ်ကို အင်မတန် ကြောမက်ဖွယ်ကောင်းတဲ့ ကျောရိုးအဆူးတောင် (၁၃)ချောင်း ပေါ်မှာ သိမ်းဆည်းထားပါတယ်။ အရွယ်အစားအနေအားဖြင့်တော့ ၃၅ စင်တီမီတာ အထိ ကြီးမားတတ်ပါတယ်။  ဒီငါးတွေဟာ ကမ္ဘာ့တောင်ခြမ်းက ပင်လယ်ရေအောက် မီတာ ၄ဝ အနက် မှာ အများနေထိုင်ကျက်စားပါတယ်။ သို့ပေမယ့်လည်း အင်ဒို ပစိဖိတ် ပင်လယ်ပြင်များမှာလည်း နေထိုင်ကျက်စားတာကိုလည်း တွေရတတ်ပါတယ်။

၅။ Death Stalker Scorpion

ကင်းမြီးကောက် (scorpion) လို့ပြောလိုက်တာနဲ့ လူကို မသေစေပဲ အဆိပ်ရှိ အန္တရာယ် သတ္တဝါဆိုတာကို တော့ လူတိုင်း သိရှိထားပြီးဖြစ်ပါတယ်။ သူရဲ့အဆိပ်ကလည်း အင်မတန် နာကျင်ကိုက်ခဲပြီး ရောင်ရမ်းမှုတွေကို ခံစားရတယ်ဆိုတာလဲ သိရှိထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ Death Stalker Scorpion ရဲ့ အဆိပ်ကတော့ လူကို သေစေတဲ့အထိ အန္တရာယ်ပေးတဲ့ သတ္တဝါပါ။ ဒီ ကင်းမြီးကောက်ရဲ့ အမှီးထိုးခံထိခဲ့ရင်တော့ အပြင်းဖျားခြင်း အသက်ရှုကြပ်လာပြီး အသက်ရှုလို့ မရတော့ခြင်း၊ ကိုမာရောဂါ၊ လေဖြတ်ရောဂါ တို့ဖြစ်သကဲ့သို့ဖြစ်ကာ နောက်ဆုံး သေဆုံးရတဲ့အထိပါပဲ။

အဆိုပါ ကင်းမြီးကောက်တွေဟာ သက်တမ်းအနေဖြင့် (၂)နှစ်ကနေ (၆) အထိ ရှိပါတယ်။ သူတို့ဖမ်းစားတဲ့ သားကောင်တွေကတော့ ပိုးမွှားများ ပင်ကူများနဲ့ အခြားကင်းမှီးကောက်များ၊ အိမ်မြှောင်များ၊ မြွေများနဲ့ ကြွက်များတို့ ဖြစ်ပါတယ်။ အဲ့ဒီလိုဆိုးဝါးလှတဲ့ အဆိပ်ရှိတဲ့ ကင်းမှီးကောက်ကိုတော့ မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေက ခြောက်သွေ့တဲ့ ကျောက်တုန်းများနဲ့ မြေကျစ်စာဂဲများအောက် မှာတွေ့ ရှိရပါတယ်။

၄။ Blue-Ringed Octopus

ကမ္ဘာပေါ်မှာ ရှိတဲ့ အဆိပ်အပြင်းသုံးသတ္တဝါများထဲကနေပြီးတော့ နောက်တမျိုးကိုဖော်ပြရမယ်ဆိုရင်တော့ Blue-Ringed Octopus (အပြာရောင်အကွင်းများနဲ့ရေဘဝဲ) ပဲ ဖြစ်ပါတယ်။ ဒီရေဘဝဲ ရဲ့ အရွယ်အစားကတော့ ဂေါက်သီး လောက်ပဲ ရှိပါတယ်။ သူ့ခန္ဓာကိုယ် အတွင်း မှာ ရှိတဲ့ အဆိပ်ကတော့ လူ အယောက်ပေါင်း ၂၆ ယောက်ကို မိနစ်ပိုင်းအတွင်းမှာ သေစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ ဒီသတ္တဝါဟာ သူ့ရဲ့သားကောင်ကို ဖမ်းစားဖို့ ထုတ်တဲ့အဆိပ်နဲ့ သူ့ကို အန္တရယ် ပြုမဲ့ သတ္တဝါတွေကို ခိုက်တဲ့အဆိပ်ခြင်းကတော့ မတူပါဘူး။

သူ့အဆိပ်ကို ထိမိခဲ့ရင်တော့ နာကျင်မှု ဝေဒနာ ကို မခံစားပဲ တဖြည်းဖြည်းနဲ့ မျက်စိများမှုန်ဝါးလာပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ အမြင်အာရုံကို ဆုံးရှုံးသွားခြင်း၊ စကားပြောလို့မရတော့သလို မည်သည့်အရာမှ မျိုချ၍ မရတော့ခြင်း၊ ကြွက်သားများဟာ အားအင်ကုန်ဆုံး ချိနဲ့လားပြီးလေဖြတ်သကဲ့သို့ဖြစ်ကာ နောက်ဆုံး အသက်ရှုရုတ်တရက် ရပ်ကာ သေဆုံးသွားတဲ့အထိပါပဲ။ ဒီ အပြာရောင်အကွင်းများနဲ့ရေဘဝဲ ကို တော့ သြစတေးလျ ၊ဂျပန် နဲ့ ပစိဖိတ် သမုဒ္ဒရာ တွေမှာ ဒီရေ တက်ချိန်ဆို တွေ့ရတတ်ပါတယ်။

၃။ Marbled corn snail

ကမ္ဘာအဆိပ် အပြင်းဆုံး သတ္တဝါတွေထဲ က နောက်တစ်မျိုးကို တင်ပြရမယ်ဆိုရင်တော့ Marbled corn snail (စကျင်ကျောင်ကတော့ပုံ ခရု) ပဲဖြစ်ပါတယ်။ အခြားသတ္တဝါများကို သေစေနိုင်တဲ့ အဆိပ်ရှိတဲ့ ခရုတစ်ကောင်ပဲ ဖြစ်ပါတယ်။ အဲ့ဒီခရုရဲ့ အဆိပ်စက် တစ်စက်ကတောင် လူကို သေစေနိုင်တဲ့အထိပြင်းပါတယ်။ ဒီခရုတွေဟာ ကမ္ဘာတဝန်းရှိ ဆားငံရည်ပျော်ဝင်နေတဲ့ ရေနွေးရှိရာဒေသများမှာ တွေ့ရတတ်ပါတယ်။

သူ့ရဲ့အဆိပ်နဲ့ တိုက်ခိုက်ခံလိုက်ရရင်တော့ အလွန် ပြင်းထန်စွာ နာကျင်ခြင်း ၊ ရောင်ရမ်းခြင်း ၊ လေဖြတ်သကဲ့သို့ ကြွက်သားများ မလှုပ်ရှားတော့ပဲ အာရုံကြောများပျက်စီးခြင်း ၊ အသက်ရှုရပ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ မှတ်တမ်းများအရတော့ အဲ့ဒီခရုအဆိပ်မိလို့သေခဲ့ရတဲ့လူပေါင်း ၃ဝ ကျော်ပြီလို့သိရပါတယ်။

၂။ King Cobra

ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး သတ္တဝါ များထဲမှာ နောက်တစ်မျိုးကို တင်ပြရမယ်ဆိုရင်တော့ King Cobra (တောကြီး မြွေဟောက်) ၊ သိပ္ပံအမည်က Ophiophagus hannah(snake eating) ပဲ ဖြစ်ပါတယ်။ ဒီမြွေမျိုးတွေဟာ အလျား အရှည်အနေဖြင့် ၁၉.၂ပေ အရွယ်အစားအထိ ရှည်တယ်လို့သိရပါတယ်။ ထူးခြားတာကတော့ ဒီ တောကြီးမြွေဟောက်တွေဟာ များသောအားဖြင့် တခြားမြွေများကိုလည်း မိမိရဲ့ သားကောင်အဖြစ် ပြန်လည်ဖမ်းပြီးစားသောက် ကြတယ်။ အထီးများဟာ အမထက်ပိုရှည်ပြီး သေးသွယ်ပါတယ်။ မြွေမတွေဟာ တစ်ခါ ဥရင် အလုံး ၅ဝ မှ ၇၅ လုံးအထိ ဥလေ့ရှိကြပါတယ်။ သက်တန်းအနေနဲ့ကတော့ အနှစ် ၂ဝ အထိ အသက်ရှင်နိုင်ပါတယ်။

အာရှ ဆင် လိုသတ္တဝါကြီးတွေတောင် ဒီမြွေ အကိုက်ခံရရင် ၃ နာရီအတွင်း အသက်ဆုံးရှုံး သွားကြရတယ်။ နောက်တစ်ခုကတော့ ဒီမြွေမျိုးရဲ့ အဆိပ်ဟာ အခြား အဆိပ်ရှိတဲ့ မြွေတွေရဲ့ အဆိပ်နဲ့ မတူဘူးလို့သိရပါတယ်။ တောကြီးမြွေဟောက်ရဲ့ အဆိပ်ကတော့ ဖြေဆေးရှိပါတယ်။ ဒီမြွေမျိုး အကိုက်ခံရပြီး အဆိပ်တက်နေတဲ့ လူတစ်ယောက်ဟာ အချိန်မီ အဆိပ်ပြေဆေး ၅ ကြိမ်လောက် ထိုးပြီးတဲ့အခါမှာ black mamba (အာဖရိကတိုက်ရှိ မြွေတစ်မျိုး) မြွေအကိုက်ခံ ရတဲ့ သူထက် ပိုပြီး အဆိပ်ပြေမြန်တာကို တွေ့ရပါတယ်။ ဒီလို အလွန်အဆိပ်ပြင်းတဲ့ တောကြီးမြွေဟောက်တွေကိုတော့ တောင်အာရှနဲ့ အရှေ့တောင်အာရှရှိ တောနက်များထဲမှာ ကျက်စားသွားလာပြီး အိန္ဒိယ နိုင်ငံမှာ အများဆုံးတွေ့ရတတ်ပါတယ်။

၁။ Jelly Box Fish 

ဒီJelly Box Fish လေးကို ကြည့်လိုက်ရင်တော့ အရမ်းလှတယ်နော်။ ဒါပေမဲ့ ကမ္ဘာ အဆိပ်အပြင်းဆုံး သတ္တဝါ ၁ဝ မျိုးထဲမှာ တော့ ထိပ်ဆုံးကနေ နေရာယူထားတာပါပဲ။ မှတ်တမ်းများအရတော့ ၁၉၅၄ ခုနှစ်ကနေပြီးတော့ ဒီ Jelly Box Fish ရဲ့ အဆိပ်ထိပြီး အသက်ဆုံရှုံးခဲ့ရတာ ၅၅၆၇ ယောက်ရှိခဲ့ပြီလို့သိရပါတယ်။ ဒီ သတ္တဝါရဲ့ အဆိပ်နဲ့ ထိမိတဲ့သူဟာ နှလုံးအရမ်းတုန်ပြီး နောက်ဆုံးအသက်ဆုံးခဲ့ရတဲ့ အထိပါပဲ။ သူရဲ့ အဆိပ်နဲ့ ထိတဲ့ အရေပြားမှာ အလွန်နာကျင်စွာခံစားရပြီး အရေပြားဆဲလ်တွေပျက်စီးကာ အရေးပြားပေါ်မှတဆင့်သွေးထဲရောက်ပြီး နှလုံးကို ဒုက္ခပေးစေပါတယ်။

အဲ့လို အရေပြားကို Jelly Box Fish ထိတာတပြိုင်နက် သိသိခြင်းကို ရှာလကာရည် နဲ့ စက္ကန့်သုံးဆယ်လောက် ဆေးကြောခြင်းပြုလိုက်ရင်တော့ အသက် သေဆုံးခြင်း အန္တရာယ်ကနေ လွတ်မြောက်နိုင်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း လပေါင်းကြာတဲ့တိုင်အောင် အဆိပ်ထိထားတဲ့နေရာက နာကျင်မှုကိုဆက်လက်ခံစားနေရမှာ ဖြစ်ပါတယ်။။ ဒီလို အလွန့်အလွန်အဆိပ်ပြင်းတဲ့ Jelly Box Fish ကို အာရှနှင့် သြစတြေးလျ ပင်လယ် ပြင်တွေမှာတွေ့ရှိနိုင်ပါတယ်။

Tags: animals

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!