Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့သမိုင်းဝင် တံတိုင်းကြီး ၁၀ ခု

by Thutamm
January 22, 2020
Reading Time: 2min read
0
ကမ္ဘာ့သမိုင်းဝင် တံတိုင်းကြီး ၁၀ ခု
Share on FacebookShare on Twitter

ယနေ့ထက်တိုင်တွေ့ရှိနေရတဲ့ နံရံတံတိုင်းတွေကို လူသားတွေက လွန်ခဲ့တဲ့ နှစ်ထောင် ပေါင်းများစွာလောက်ကတည်းက ရည်ရွယ်ချက်မျိုးစုံနဲ့ဆောက်လုပ်ခဲ့ကြပါတယ်။ ရှေးခေတ်အခါကတော့ တံတိုင်းတွေကို လူသားတွေကို အန္တရာယ်ပေးနိုင် တဲ့သားရဲတိရိစ္ဆာန်တွေကို ကာကွယ်ရန်၊ ရန်သူတွေရဲ့တိုက်ခိုက်မှုကို ကာကွယ်ရန် နှင့် နယ်နိမိတ် အမှတ်အသားအဖြစ်ရည်ရွယ်တည်ဆောက်ခဲ့ကြတာပါ။

ယနေ့အချိန်ရောက် တဲ့အခါမှာတော့ တံတိုင်းတွေတည်ဆောက်ရတဲ့ ရည်ရွယ်ချက်အမြင်တွေ ဟာ ပြောင်းလဲသွားခဲ့ပြီး အထိမ်းအမှတ်အဆောက်အအုံ အမှတ်အသား၊ အနုပညာလက်ရာ အမှတ်အသား၊သမိုင်းဆိုင်ရာ အမွေအနှစ်အမှတ်အသားအနေဖြင့် မှတ်ယူနေကြပြီလည်း ဖြစ်ပါတယ်။  ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး သော တံတိုင်း(၁၀) ခုရဲ့အကြောင်းဖြစ်ပါတယ်။

(၁၀) DIYARBAKIR WALLS

တူရကီနိုင်ငံ အရှေတောင်ပိုင်းမှာရှိတဲ့၊ တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့တွေထဲက တစ်မြို့ဖြစ်တဲ့ DIYARBAKIR မြို့တော်က တံတိုင်းကြီးဟာလည်း လှပတဲ့အသွင်အပြင်နဲ့ ကြီးကျယ်တဲ့ သမိုင်းကြောင်း အရ ဒီစာရင်းထဲမှာပါဝင်လာခဲ့ပါတယ်။ DIYARBAKIR WALLS ဟာ အတွင်း/အပြင် နှစ်ပိုင်းတည်ဆောက်ထားတဲ့ တံတိုင်းကြီးဖြစ်ပြီး အပြင်ဘက်ပိုင်းကိုတော့ Karacaged မီးတောင်သေမှ မီးသင့်ကျောက်တွေကို ယူဆောင်ပြီးတည်ဆောက်ထားပါတယ်။ အတွင်းဘက်ပိုင်းကိုတော့ အုတ်တွေနဲ့တည်ဆောက်ထားပြီး များစွာသော အခန်းတွေကိုပါ ထည့်သွင်းတည်ဆောက်ထားပါတယ်။

ဒါအပြင် ကင်းမျှော်စင်၊ လုံခြုံ ရေးဂိတ်စသည်တို့ကိုလည်း တံတိုင်းအတွင်းဘက်ပိုင်းမှာ ဆက်စပ်တည်ဆောက်ထား တာကိုလည်း တွေ့ရပါတယ်။ DIYARBAKIR WALLSကိုတည်ဆောက်ခဲ့တာကတော့ ရောမတွေဖြစ်ပြီး ယနေ့အချိန်မှာတော့ ရှေးဟောင်းပုံစံနဲ့ ထပ်မံပြုပြင်ထားတဲ့ အပိုင်း တွေကို ရောနှောမြင်တွေ့ရမှာပါ။ DIYARBAKIR WALLS မှာရှိတဲ့ ရှေးဟောင်းအနုပညာ လက်ရာတွေကြောင့်လည်း လာရောက်လေ့လာသူ နှစ်စဉ်များပြားလျက်ရှိနေပါတယ်။

(၉) SACSAYHUAMAN

ရှေးခေတ် Inca အင်ပါယာရဲ့ မြို့တော်ဖြစ်တဲ့ SACSAYHUAMAN ဟာ ယနေ့ ပီရှုးနိုင်ငံ Cusco မြို့အနီးမှာတည်ရှိပါတယ်။ SACSAYHUAMAN မြို့တော်တံတိုင်းဟာ Zig-zag- shapeလို့သိကြတဲ့ တွန့်လိန်ကောတ်ကွေးတဲ့ ပုံသဏ္ဍာန်ရှိပြီး UNESCO ရဲ့ ကမ္ဘာအမွေ အနှစ်ဆိုင်ရာထိန်းသိမ်းစောင့်ရှောက်ရမည့် အဆောက်အဦးစာရင်းဝင်လည်း ဖြစ်ပါ တယ်။ Cusco မြို့ဟာလည်း တောင်ခြင်္သေ့ ပုံတည်ဆောက်ထားတာဖြစ်ပြီး SACSAYHUAMAN တောင်ကုန်းတွေရှိတဲ့ အရပ်ဟာ ဦးခေါင်းပိုင်းဖြစ်ပါတယ်။ အတွန့်၊ အလိပ်တွေနဲ့ရှိနေတဲ့ SACSAYHUAMAN တံတိုင်းနေရာကတော့ သွား တွေဖြစ်တယ်လို့ ရည်ညွှန်းပါတယ်။

SACSAYHUAMAN တံတိုင်းကို တည်ဆောက်ရာမှာလည်း အသေအချာပုံသွင်းထားတဲ့ ကျောက်တုံးတွေကို အသုံးပြုထားပြီး တစ်တုံးနဲ့တစ်တုံး စနစ်တကျစီကာ တင်းတင်းကျပ်ကျပ် ထပ်ထားတဲ့ ရှေးဟောင်းဆောက်လုပ်ရေးနည်းပညာရပ်တွေကိုအသုံးပြုထားပြီး စာရွက်တစ်ရွက် တောင်ကျောက်တုံးတွေ ကြားကနေဖြတ်သန်းဖို့ မလွယ်လောက်အောင် စည်းစနစ် ကျနတဲ့ ဆောက်လုပ်ရေးနည်းပညာကို အင်ကာတွေကသုံးထားတာကိုတွေ့ရပါတယ်။ တိုးတက်ပါတယ်ဆိုတဲ့ ယနေ့ခေတ်မှာတောင် တည်ဆောက်ဖို့မလွယ်ကူတဲ့လက်ရာဖြစ်ပါတယ်။ နှစ်စဉ်ကမ္ဘာအရပ်ရပ်ကခရီးသွားတွေဟာ ပီရှုးနိုင်ငံကိုလာရောက်ကြပြီး SACSAYHUAMAN တံတိုင်းမှာရှိတဲ့ ရှေးဟောင်းအမွေ၊အနှစ်တွေကို လာရောက်လေ့ လာနေကြတာကို တွေ့ရပါတယ်။

(၈) GREAT ZIMBABWE WALLS

ဇင်ဘာဘွေတံတိုင်းကြီး ကတော့ ဇင်ဘာဘွေဘုရင့်နိုင်ငံရဲ့ မြို့တော် ကိုကာကွယ်ပေးရန်တည်ဆောက်ခဲ့တာဖြစ်ပြီး အာဖရိကတိုက်ရဲ့ ထင်ရှားတဲ့တံတိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ဇင်ဘာဘွေတံတိုင်းကြီ ဟာ ဇင်ဘာတွေတစ်နိုင်ငံလုံး ပြန့်ကျဲတည်ရှိနေပြီး အခြေအနေဆိုးရွားစွာ ပျက်စီးနေပြီ လည်းဖြစ်ပါတယ်။

ဆာဟာရသဲကန္တာရတောင်ပိုင်းဒေသမှာ အရှည်လျားဆုံးသော တံတိုင်းအဖြစ် ကမ္ဘာကျော်ဇင်ဘာဘွေတံတိုင်းကြီးကို သံခေတ်ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ (၁၁)ရာစုကနေ စတင်တည်ဆောက်ခဲ့ပြီး (၁၅)ရာစုအထိတိုင်အောင် တည်ဆောက်ခဲ့ရပါတယ်။ ဇင်ဘာဘွေတံတိုင်းကြီ မှာပဲတည်ရှိတဲ့ တာဝါ ဟာ (၃၂)ပေအထိ အမြင့်ရှိကာ (၈၂၀)ပေအထိ ကျယ်ပြန့် ပါတယ်။

(၇) WALL OF BABYLON

မက်ဆိုပိုတေးမီးယန်းခေတ်က စီးပွားရေး၊ လူမူရေးဆိုင်ရာ ကမ္ဘာကျော်ဒသနများစွာကို ဖန်တီးခဲ့တဲ့ ဘေဘီလုံမြို့ကို ယနေ့တိုင်လူသိများပါတယ်။ ထို့အတူ ဘေဘီလုံ မြို့ပြနိုင်ငံကိုလာရောက်တိုက်ခိုက်ကြတဲ့ ရန်သူတွေဟာလည်း သိန်းနဲ့ချီရှိနေပြီး ကာလ ရှည်တိုက်ခိုက်ခဲ့ပေမဲ့ ဘေဘီလုံရဲ့ မျိုးရိုးတံတိုင်းကိုကကျော်ဖြတ်နိုင်ခဲ့ ခြင်းတော့မရှိခဲ့ပါဘူး။

ဘေဘီလုံတံတိုင်းကို ဘီစီ ၅၇၀လောက်ကတည်းကတည်ဆောက်ခဲ့တာဖြစ်ပြီး တံတိုင်း နဲ့ဆက်စပ်လျက်တည်ရှိတဲ့ Ishtar မြို့ဝင်ဂိတ်ဟာ ကမ္ဘာအံ့ဖွယ်(၇)ပါးမှာ တစ်ပါးအပါအဝင်လည်း ဖြစ်ပါတယ်။ WALL OF BABYLONဟာ အီရတ်နိုင်ငံအတွင်း မှာတည်ရှိနေတာဖြစ်ပြီး၊ အီရတ်မြို့တော်ဘဂ္ဂဒက်ရဲ့ (၈၅)ကီလိုမီတာ အကွာမှာတည်ရှိပါတယ်။ အီရတ်စစ်အာဏာရှင် ဆာဒမ်ဟူစိန်လက်ထက်မှာတော့ ဘေဘီလုံမြို့တော်နေရာမှာ တစ်ခုတည်းသောကျန်ခဲ့တဲ့ အဆောက်အအုံဖြစ်တဲ့ WALL OF BABYLON ကိုပြုပြင် ထိန်းသိမ်းမှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။

(၆) WALL OF STON

ဥရောပတိုက်ရဲ့ ဒုတိယမြောက် အရှည်လျားဆုံးတံတိုင်းဖြစ်တဲ့ WALL OF STON ဟာ ခရိုအေးရှားနိုင်ငံအတွင်းက Ston မြို့နဲ့ Mali Ston မြို့တို့အကြား ဆက်စပ် တည်ရှိနေပါတယ်။ ကျွန်းဆွယ်တစ်ခု လုံးကို ဖြတ်ပြီးတည်ဆောက်ထားတဲ့ WALL OF STONတံတိုင်းရဲ့ အကျဉ်းဆုံးနေရာ တွေဟာ(၃.၅) မိုင်အထိရှည်လျားပါတယ်။ WALL OF STON တည်ဆောက်ရခြင်းက တော့ (၁၅)ရာစုကာလက ဆားထုတ်လုပ်ရောင်းချရေးလုပ်ငန်း ဟာအသက်သွေးကြော လုပ်ငန်းဖြစ်တာကြောင့် ဆားထုတ်လုပ်ရေးကန်တွေကို ကာကွယ်ဖို့ အနေနဲ့ ဆောက် လုပ်ခဲ့တာပဲဖြစ်ပါတယ်။ WALL OF STONကို ဥရောပရဲ့ မဟာတံတိုင်းကြီး အနေနဲ့ လည်းလူသိများပါတယ်။

(၅) HADRIAN’S WALL

HADRIAN’S WALLကိုတော့ (၂)ရာစုအတွင်းတည်ဆောက်ခဲ့တာ ဖြစ်ပြီး ယင်းကာလက ဗြိတိန်ဟာ ရောမတွေရဲ့ကိုလိုနီနယ်မြေအဖြစ်အဖြစ်သာရှိသေးပြီး ရောမဘုရင် HADRIAN က ထိမ်းချုပ်ထားပါတယ်။ ရောမတွေဟာ ဗြိတိန်မြောက်ပိုင်း(ယနေ့ စကော့တလန်) လူမျိုးစုတွေရဲ့ ရန်ကိုကာကွယ်ဖို့ အတွက် ဒီတံတိုင်းကြီးကိုဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

အိုင်းရစ်ပယ်လင်ကနေ မြောက်ပင်လယ်အထိတောင် ရှည်လျားတဲ့ ဒီတံတိုင်းကြီးကို Tyneမြစ်ကမ်းတစ်လျှောက် တည်ဆောက်ခဲ့တာဖြစ်ပြီး အရှည်(၇၃)မိုင်ရှိပါတယ်။ ဒီလိုတည်ဆောက်ရာမှာ ကျောက်တုံးတွေနဲ့ အဓိကတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ယနေ့မှာတော့ HADRIAN’S WALL ဟာ ဥရောပရဲ့ ဒုတိယအရှည်လျားဆုံးနဲ့ အကျော်ကြားဆုံးသော တံတိုင်းကြီးဖြစ်နေပါပြီ။  HADRIAN’S WALL ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ Wallsend မြို့ကနေ Bowness on Solway အထိတံတိုင်းတွေကို ကမ္ဘာလှည့်ခရီးသည်တွေလာရောက်လေ့လာလေ့ရှိကြပါတယ်။

(၄) Wall of Troy

နာမည်ကျော် ဂရိကဗျာဆရာကြီး ဟိုးမားရဲ့ lliad အမည်ရှိတဲ့ကဗျာရှည်ကြီး ပါဝင်နေတဲ့Troy မြို့ဟာ ယခင်က ဒဏ္ဍာရီထဲမှာပျောက်ကွယ်သွားတဲ့ မြို့လို့ယူဆခဲ့ပေမဲ့ (၁၈၆၀)ခုနှစ်မှာတော့ Troy မြို့ကို တူရကီနိုင်ငံက ကမ်းရိုးတန်းဒေသတစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Troyမြို့ရဲ့ အရှေတောင်ပိုင်း မှာ ဇုနတ်မင်းကြီးရဲ့ ဘုံဗိမာန်ရှိတဲ့ အိုင်ဒါတောင်တည်ရှိပါတယ်။ Troyမြို့ဟောင်းနေရာကနေတွေ့ရှိတဲ့ ဒီတံတိုင်းကြီးကို မြို့တော်ကာကွယ်ရေး အတွက်ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပြီး ထရိုဂျန်စစ်ပွဲကာလ (၁၀)နှစ်အတွင်း ရန်သူတွေရဲ့ တိုက်ခိုက်မှုဒဏ်ကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ခဲ့ပါတယ်။

ဟိုမားရဲ့ ကဗျာအရဆိုရင် ဂရိနဲ့ ထရိုဂျန်လူမျိုးတွေတိုက်ခိုက်ခဲ့တဲ့ ထရိုဂျန်စစ်ပွဲတွေ ကို နတ်ဘုရား ဇုက အိုင်ဒါတောင်ပေါ်ကနေကြည့်ရှုခဲ့တယ်လို့ဆိုပါတယ်။ ဂရိတွေဟာ ထရိုဂျန်မြိုရိုးတံတိုင်းကို လုံးဝကျော်လွန်တိုက်ခိုက်နိုင်ခြင်းမရှိပေမဲ့ ဥပါယ်တံမျဉ်သုံးပြီး သစ်သားမြင်းရုပ်ကြီးတစ်ခုဖန်တီးကာ ထရိုဂျန်စစ်ပွဲကို အနိုင်တိုက်ခဲ့ပါတယ်။ ဒီဖြစ်ရပ် ဟာကမ္ဘာကျော်ဖြစ်ရပ်ဖြစ်တာကြောင့်၊ယင်းကာလကဖြစ်စဉ်တွေမှာ ပါဝင်နေခဲ့တဲ့ Wall of Troyဟာ နာမည်ကျော်ကြား၊လူသိများပါတယ်။ ယနေ့မှာတော့ Wall of Troy ရဲ့ အချို့သောအစိတ်အပိုင်းတွေဟာ မူလအတိုင်းပဲရှိနေပြီး၊ ယင်းကာလက ယဉ်ကျေးမှု စနစ်များစွာကို လေ့လာနိုင်တာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေများစွာလာရောက် လေ့လာနေကြပါတယ်။

(၃) The Western Wall

အစ္စရေးနိုင်ငံ၊ ဂျေရုစလင်မြို့အတွင်းမှာတည်ရှိတဲ့ The Western Wallဟာ ဂျူးလူမျိုး တွေရဲ့ အထွတ်အမြတ်ထားရာ အမြင့်မြတ်ဆုံးသောနေရာလည်းဖြစ်ပါတယ်။ ဒီတံတိုင်း ကို ဘီစီ၁၉ ဝန်းကျင်ကတည်ဆောက်ခဲ့တာဖြစ်ပြီး သမိုင်းအချက်အလက်အရ ဆိုရင်တော့ Second Temple Peroid ပြီးဆုံးတဲ့ကာလမှာဖြစ်ပါတယ်။ တံတိုင်းရဲ့ ကျန်ခဲ့တဲ့အပိုင်းတွေကို (၇)ရာစု အရှေ့ပိုင်းမှာတည်ဆောက်ခဲ့တယ်လို့ သမိုင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဂျူးလူမျိုးတွေကတော့ The Western Wall ဟာ ထာဝရဘုရားရဲ့ ဘုရားကျောင်းဆောင် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီနံရံမှာတည်ဆောက်ထားတဲ့ ကျောက်တုံးတွေဟာ ထာဝရဘုရားကျောင်းတည်ဆောက်ရာမှာ သုံးတဲ့ကျောက်အမျိုး အစားတွေသာ ဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။

(၂) The Great Wall of China

(၁၉၈၇) ခုနှစ်က ကမ္ဘာအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းကိုခံခဲ့ရတဲ့ အဲဒီတံတိုင်းကြီးဟာ ကမ္ဘာအံ့ဖွယ်(၇)ပါးမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မဟာတံတိုင်းကြီးဟာ ဘေဂျင်းကနေ မီတာ(၃၀၀)လောက်ဝေးတဲ့ Qinhuangdao မြို့၊ Shanghaiguan အရပ်မှာရှိပြီး Bohai ပင်လယ်ပြင်မှာ အဆုံးသတ်ကာ (၅၅၀၀)မိုင်ကျော် ရှည်လျားပါတယ်။ ဘီစီ ၆ရာစု မှ အေဒီ ၁၆ရာစုအတွင်း တရုတ်မင်းဆက် အဆက်ဆက်တို့လက်ထက်တွင် တရုတ်အင်ပါယာ၏ မြောက်ဖက်နယ်စပ်ကို ရှုန်းနူ တို့ရဲ့တိုက်ခိုက်မှုမှ ကာကွယ်ရန် တည်ဆောက်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။

မဟာရံတံတိုင်းဟု ရည်ညွှန်းသော အချို့တံတိုင်းများမှာ ဘီစီ ၅ရာစုကပင် စတင်တည်ဆောက်ထားခဲ့တယ် လို့သိရပါတယ်။ အထင်ရှားဆုံးတံတိုင်းမှာ တရုတ်၏ ပထမဆုံးအင်ပါယာ ရှီဟွမ်တီလက်ထက် ဘီစီ ၂၂၀- ၂၀၀ကြားတွင် တည်ဆောက်ခဲ့ပြီး ယခုအခါ အနည်းငယ်သာ ကြွင်းကျန်ရစ်တော့ပါတယ်။ တရုတ်လူမျိုးပေါင်း ၂သန်းမှ ၃သန်းအထိ ရာစုနှစ်နှင့်ချီသော တံတိုင်းတည်ဆောက်မှု စီမံကိန်းလုပ်ငန်းအတွင်း သေဆုံးခဲ့သည်ဟု ခန့်မှန်းကြပါတယ်။ မဟာတံတိုင်းကြီးဟာ လူသားတွေတည်ဆောက်ခဲ့တဲ့ အဆောက်အဦးတွေထဲမှာ အကြီးဆုံး အရှည်လျားဆုံးအဖြစ် လည်းမှတ်တမ်းဝင်ထားပါတယ်။

(၁) Berlin Wall

ဥရောပကနာမည်ကျော် ဘာလင်တံတိုင်းကြီးကတော့ ဒုတိယကမ္ဘာစစ်ကာလပြီးတဲ့ နောက်မှာ ဖရိုဖရဲ ဖြစ်နေတဲ့ဂျာမနီနိုင်ငံအပေါ် ဆိုဗီယက်တွေရဲ့သပ်လျိုသွေးခွဲမှု တစ်ခု အဖြစ်တည်ဆောက်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် နာဇီဂျာမဏီရဲ့ နယ်မြေများကို အမေရိကန် ၊ အင်္ဂလန် ၊ ပြင်သစ် နှင့် ဆိုဗီယက်တို့က အပိုင်း ၄ပိုင်း ခွဲခြမ်းခဲ့ကြပါတယ်။ ဆိုဗီယက်က အရှေ့ဂျာမဏီကို ထူထောင်ကာ ပြင်သစ် ၊ အမေရိကန် နှင့် အင်္ဂလိပ်တို့က အနောက်ဂျာမဏီကိုထူထောင်ပေးပြီး စစ်အေးတိုက်ပွဲ ကာလကို စတင်ခဲ့ပါတယ်။

အရှေ့ဂျာမဏီနေသူတွေဟာ အရှေ့ဂျာမဏီအစိုးရက အလွန်တင်းကျပ်စွာအုပ်ချုပ်တဲ့အပြင် တိုးတက်မှုကလည်းနောက်ကျတာကြောင့် လွတ်လပ်ပြီးတိုးတက်တဲ့အနောက်ဂျာမဏီကိုအလုံးအရင်းပြောင်းပြေးခဲ့ကြပါတယ်။ စုစုပေါင်း ပြောင်းရွှေ့သူ ၃သန်းခန့်အထိရှိခဲ့ပါတယ်။ ဒါကိုရပ်တန့်ဖို့အတွက် အရှေ့ဂျာမဏီအစိုးရက ဘာလင်တံတိုင်းကို ၁၉၆၁ခုနှစ် သြဂုတ်လ ၁၃ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ ဘာလင်တံတိုင်းဟာ ၁၀၃မိုင်အရှည်ရှိပြီး အရှေ့ဂျာမဏီ နဲ့ အနောက်ဂျာမဏီကို ပိုင်းခြားထားပြီးနေရာအနှံ့မှာ လျှပ်စစ်ဓာတ်လွှတ်ထားတဲ့ဝါယာကြိုးတွေကိုတပ်ဆင်ထားပါတယ်။

ဘာလင်တံတိုင်းကို ကျော် ဖြတ်ဖို့ကြိုးစားခဲ့ကြတဲ့ ဂျာမန်လူမျိုးများစွာဟာလည်း သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ နောက်ပိုင်းမှတော့ ဆိုဗီယက်ယူရေနီယံ ပြိုကွဲလာခြင်းနဲ့အတူ၊(၁၉၈၉)ခုနှစ်မှာတော့ သမိုင်းဝင်အခမ်းအနားပြုလုပ်ပြီး ဘာလင်တံတိုင်းကို အရှေ့ဂျာမဏီစစ်တပ် နဲ့ ပြည်သူလက်တွဲ ဖြိုချကာ ဂျာမနီနိုင်ငံဟာ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။ ဒါအပြင်ဘာလင်တံတိုင်းပြိုကျသွားခြင်းဟာ အမေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ စစ်အေးတိုက်ပွဲကာလ ကုန်ဆုံးသွားတဲ့ အမှတ်အသား ဖြစ်တယ်လို့လည်း ထင်ရှားပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ နံရံ/တံတိုင်းတွေဟာ မာကျောကျစ်လစ်ပြီး ခိုင်ခံ့လွန်းတဲ့ အဆောက်အဦးတွေဖြစ်ပါတယ်။ ဒါပေမဲ့ ယင်း တံတိုင်းတွေယခုလို မာကျောလာရအောင် နုနယ်တဲ့လူသားတွေရဲ့ သွေး၊ချွေး၊ အသက်များစွာ ပုံအောပြီး တည် ဆောက်ခဲ့ရသလို တည်ဆောက်ပြီးစီးတဲ့အချိန်မှာလည်း အနုစိတ်ဆန်တဲ့ အနု ပညာလက်ရာတွေနဲ့ ခြယ်မှုန်း တန်ဆာဆင်ထားရပါတယ်။

တံတိုင်းတွေဟာ ယင်းခေတ်ကာလက အသက်များစွာရဲ့ ခြွေလွင့်သူဖြစ်သလို/ကယ်တင်ရှင်လည်းဖြစ်ခဲ့ပြီး ရာစုနှစ်များစွာ၊က ာလများစွာကို အံတုပြီး ယနေ့တိုင် မပြိုမလဲသေးပဲ တည်ရှိနေပါတယ်။ ဒါဟာ ယင်းခေတ်အခါက လူသားတွေရဲ့ စွမ်းရည်ကိုမှတ်ကျောက်တင်ထားတဲ့ မှတ်တိုင်တွေဖြစ်ပြီး ခေတ်အဆက်ဆက် ဆောက်လုပ်ရေးနည်းပညာရပ်တွေရဲ့ ပညာ သိုမှီးရာလည်းဖြစ်ခဲ့ပါတယ်။

သုတဇုန်

Tags: kaung htetworld historyworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
သမ္မတကြီး လင်ကွန်းရဲ့ လူသိနည်းတဲ့ စိတ်ဝင်စားဖွယ် အချက်များ

သမ္မတကြီး လင်ကွန်းရဲ့ လူသိနည်းတဲ့ စိတ်ဝင်စားဖွယ် အချက်များ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!