• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့သမိုင်းထဲက မက်ဆိုပိုတေးမီးယား ဆိုသည်မှာ

by Thutamm
August 13, 2019
Reading Time: 1min read
0
ကမ္ဘာ့သမိုင်းထဲက မက်ဆိုပိုတေးမီးယား ဆိုသည်မှာ
Share on FacebookShare on Twitter

ရေးသားသူ – Academy Page

“ မက်ဆိုပိုတေးမီးယား ” ဆိုသည်မှာ ဂရိဘာသာဖြင့် “between the rivers.” ( မြစ် နှစ်သွယ်ကြားမြေ) ဟု အဓိပ္ပါယ်ရသည် ။ တချိန်က “မက်ဆိုပိုတေးမီးယား ” ခေတ်သည် ယနေ့ အာရှအနောက်ပိုင်း ဒေသတွင် တည်ရှိခဲ့သည် ။ ယနေ့အီရတ်နိင်ငံ Tigris နှင့် Euphrates မြစ် အကြားရှိ ဒေသဖြစ်သည် ။

အနောက်ဘက်တွင် မြေထဲပင်လယ်မှသည် အရှေ့ဘက်တွင် ပါးရှင်းပင်လယ်ကွေ့အထိ ကျယ်ပြန့်လျက်၊ ရှေးယဉ်ကျေးမှုပေါ်ထွန်းလာရာ မြေဩဇာကောင်းသည့် လခြမ်း ပုံသဏ္ဌာန် ရပ်ဝန်းကြီးတွင် တိုင်းဂရစ်မြစ်နှင့် ယူဖရေးတီးမြစ် တို့အကြားရှိ မက်ဆိုပိုတေးမီးယား တည်ရာဒေသသည် မြေဩ ဇာ အကောင်းဆုံးဖြစ်သည်။ ရှေးခေတ် မက်ဆိုပိုတေးမီးယားနယ်၏ အကျယ်အဝန်း သည် စတုရန်းမိုင် ၁၄၃,ဝဝဝ မျှသာရှိသည်။

လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာ အချိန်က ရှေးခေတ် အီဂျစ်လူမျိုးများ နှင့် ခေတ်ပြိုင် ယဉ်ကျေးမှုထွန်းကားခဲ့ရာ ကမ္ဘာ့ရှေးအကျဆုံး ဒေသဖြစ်သည် ။ တချို့က “ မက်ဆီပိုတေးမီးယား ” ဒေသသည် ကမ္ဘာပေါ် ရှိလူမျိုးပေါင်းများစွာ၏ အစောဆုံးနေရပ် ဖြစ်သည်ဟုဆိုကြသည် ။

ထိုဒေသမှလူများသည် ကမ္ဘာပေါ်တွင် ပထမဆုံး စာအရေးအသားများ ၊ ဥပဒေများ ကို စတင် တည်ထွင်ပြဌာန်းခဲ့ကြပြီးမြို့ရွာများကိုလည်း အစောဆုံး ထူထောင် ခဲ့ကြသည် ။ ယနေ့လူအများသုံးစွဲခေါ်ဆိုနေသည့် နာရီ ၊ မိနစ် ၊ စက္ကန့်များကို လည်း ဖေါ်ထုတ်ပေးခဲ့သည် ။

သမိုင်း

ဘီစီ ၆၀၀၀ အချိန့်မှစ၍ဆည်များ ၊ တူးမြောင်းများဖန်တီးကာ သီးနှံစိုက်ကွင်းများ ထူထောင်ခဲ့ကြသည် ။ ထိုအချိန်ကတည်းက လူများသည် အဝတ်အထည်များ ၊ လက်ဝတ်ရတနာများ ၊ ကြေးလက်နက်များကို စတင်သုံးစွဲနေကြပြီဖြစ်သည် ။ ဘီစီ ၃၅၀၀ အချိန်ခန့်မှစ၍ မြို့ရွာများကိုစတင်ထူထောင်ခဲ့ကြကာ ကျူးကျော်သူများရန်မှကာကွယ်ရန် မြို့နံရံများကိုရွှံအုတ်များနှင့် ကာရံ ထားခဲ့ကြသည် ။ ထိုအထဲတွင် Eridu, Erech, Ur, နှင့် Nippur မြို များ ပါဝင်ခဲ့သည် ။

” ဘေဘီလုံ မြို့” သည် မက်ဆီပိုတေးမီးယားခေတ် သမိုင်းတွင် ထင်ရှားခဲ့ပြီး ရှေးခေတ် ကမ္ဘာ့ အံ့ဖွယ် ၇-ခုတွင်ပါဝင်သည့် မိုးပျံဥယျာဉ်တည်ရှိခဲ့ရာ အရပ်ဖြစ်ခဲ့သည်။ ထိုခေတ်ကာလတွင် ဘာသာရေးများလည်း ထွန်းကားခဲ့ကာ ကြီးမားသည့်ဘာသာရေး အဆောက်အဦးများကို လည်း တည်ဆောက်ခဲ့ကြသည် ။ ထိုအဆောက်အဦးများကို ziggurats ဟုခေါ်ပြီး အထင်ရှားဆုံးမှာဘီစီ ၂၁၀၀ အချိန်က တည်ဆောက်ခဲ့သည့် Ur မြို့မှ ziggurats ဖြစ်သည် ။

ဘီစီ ၃၀၀၀ မှစတင်ပြီး ဥပဒေများ ၊ အခွန်များ ၊ ကဗျာ စာပေများ ပေါ်ထွန်းနေပြီဟုဆိုသည် ။ ဘီစီ ( ၁၇၉၂ – ၁၇၅၀ ) တွင် ဤဒေသ၌ အုပ်ချုပ်ခဲ့သည့် ဟမ်မူရာဘီဘုရင်မှာ မက်ဆီပိုတေးမီးယားခေတ်၏ အထင်ရှားဆုံး ဘုရင်ဖြစ်သည် ။ ဟမ်မူရာဘီ၏ ကိုယ်ဓဥပဒေမှာ ကမ္ဘာ့သမိုင်းတွင် အစောဆုံးရေးထိုးပြဌာန်းထားသည့် ဥပဒေ ဟုသမိုင်းပညာရှင်များမှ သတ်မှတ်ထားကြသည် ။

အမြင့် ၇ပေ ၅လက္မရှိ မီးတောင်ချော်ကျောက်တုံးတွင် ” နေဘုရား” မှ ” ဟန်မူရာဘီ” အား “ဥပဒေ” လွှဲအပ်နေပုံ နှင့် အောက်ခြေတွင်” ဥပဒေများ”ကို ရေးထွင်းထားခဲ့ကြသည် ။ ထိုရုပ်ထုသည်ယနေ့ ပြင်သစ်နိင်ငံ Louvre ပြတိုက်တွင်တည် ရှိသည်။

ဘီစီ ၁၃၅၀ ခန့် အချိန်မှစ၍ ” မက်ဆိုပိုတီးမီးယား” ဘုရင်များ သြဇာအာဏာကျဆင်းလာခဲ့သည် ။ ဘီစီ ၉၁၀ တွင် ဤဒေသသည် Assyrian Empire ၊ ဘီစီ ၆ – ရာစုတွင်ပါရှန်အင်ပါယာ ဒေသဖြစ်လာခဲ့သည် ။ ဘီစီ ၃၃၁ တွင် မက်ဆီဒိုးနီးယား ဘုရင် Alexander the Great ၏ လက်အောက်သို့ကျရောက်ခဲ့ပြီး သူသေဆုံးခဲ့ပြီးအချိန်တွင် ဂရိ Seleucid အင်ပါယာ၏ တစိတ်အပိုင်းဖြစ်လာခဲ့သည်။

အေဒီ ၆၃၇ ခုနှစ်တွင် အာရပ်တို့သည် ပါးရှင်းလူမျိုးများအပေါ် အောင်မြင်ခဲ့၍ ထိုနယ် ကို နောက်တစ်နှစ်တွင် သိမ်းယူပြီးသော် နှစ်ပေါင်း ၄ဝဝ ကျော် အုပ်စိုးလျက် ဘဂ္ဂဒက်ကို မြို့တော်ပြုခဲ့ပေသည်။ အေဒီ ၁၂၅၈ တွင်မွန်ဂိုဘုရင်များမှ ဝင်ရောက် ဖျက်ဆီးသွားခဲ့သည် ။

၁၅၁၆ ခုနှစ်တွင် မက်ဆိုပိုတေးမီးယားသည် တူရကီတို့၏ လက်အောက်သို့ ရောက်ခဲ့လေရာ၊ ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံးသည်အထိပင် တူရကီတို့၏ လက်အောက်ခံ ဖြစ်နေခဲ့လေသည်။ အေဒီ ၁၉၃၂ အချိန်ရောက်မှ ဤ ဒေသသည် အီရတ်နိင်ငံ၏ အစိတ်အပိုင်းဖြစ်လာခဲ့လေသည် ။

Academy

Tags: world historyworld knowledge
Next Post

မိဘတွေအတွက် တစ်နှစ်အတွင်း ဒေါ်လာ ၁၁သန်း ရှာပေးနိုင်ခဲ့တဲ့ ၆နှစ်အရွယ်ကလေးငယ်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!