Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့သမိုင်းထဲက မက်ဆိုပိုတေးမီးယား မြို့တော်ကြီးများ

by Thutamm
April 12, 2020
Reading Time: 2min read
0
ကမ္ဘာ့သမိုင်းထဲက မက်ဆိုပိုတေးမီးယား မြို့တော်ကြီးများ
Share on FacebookShare on Twitter

(Uni)

မက်ဆိုပိုတေးမီးယား(Mesopotamia) ဆိုတာကတော့ အနောက်အာရှပိုင်းက သမိုင်းဝင် နယ်မြေတစ်ခုဖြစ်ခဲ့ပြီးယနေ့ကာလဆိုရင် အီရတ်နဲ့ ကူဝိတ်နိုင်ငံဧရိယာအများစု၊ ဆီးရီးယား နိုင်ငံအရှေဘက်စွန်းအပိုင်းတွေ၊တူရကီနိုင်ငံရဲ့အရှေတောင်ဒေသတွေဖြစ်တဲ့ တူရကီ-ဆီးရီး ယားနယ်စပ်တစ်လျှောက်နဲ့ အီရန်-အီရတ်နယ်စပ်တစ်လျှောက်နယ်မြေတွေပါဝင်လို့နေပါတယ်။

မက်ဆိုပိုတေးမီးယား(Mesopotamia) ဒေသတစ်ဝှမ်းမှာပဲများစွာသောမြို့ပြနိုင်ငံ များစွာပေါ်ထွန်းခဲ့ပြီး ကမ္ဘာ့လူသားမျိုးနွယ်စုသမိုင်းရဲ့အထင်ကရယဉ်ကျေးမှု၊အမွေအနှစ်များ စွာကိုချန်ထားရစ်ခဲ့တာကိုတွေ့ရပါတယ်။ ယင်းအနက်မှာဆိုရင်လည်းမြို့တော်ကြီးတွေက အဓိကနေရာကနေပါဝင်နေတာကို တွေ့ရမှာဖြစ်တာကြောင့် ဗဟုသုတအဖြစ်မျှဝေလိုက်ရပါတယ်။

(၁) Uruk

ကမ္ဘာပေါ်က အစောပိုင်းပေါ်ထွန်းလာခဲ့တဲ့မြို့တော်ကြီးတွေအနက်မှာတော့ Uruk ကလည်း တစ်မြို့အပါအဝင်ဖြစ်ပါတယ်။ ဘီစီ ၃၅၀၀လောက်ကတည်းက ရှိခဲ့တဲ့မြို့ဖြစ်ပြီး ဘီစီ(၂၉၀၀) ဝန်းကျင် ကာလဟာဆိုရင် Uruk မြို့တော်ရဲ့တန်ခိုးအာဏာအထွန်းတောက်ဆုံးသောကာလဖြစ်ပြီး စုစုပေါင်းလူဦးရေ(၈၀၀၀၀) လောက်နေထိုင်ခဲ့ကြတယ်လို့သိရပါတယ်။ မြို့တော်ရဲ့တည်နေရာကတော့ မက်ဆိုပိုတေးမီးယား(Mesopotamia) ဒေသရဲ့တောင်ဘက်စွန်းပိုင်းက ယူဖရေးတီးမြစ်ကမ်း တစ်လျှောက်မှာဖြစ်ပါတယ်။

Uruk မြို့တော်ဟာ ဆူမာရီးယန်းမျိုးနွယ်စုတွေရဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဗဟိုချက်မနေရာဖြစ်ပြီး ရှေးခေတ်လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဆိုင်ရာနည်းပညာပိုင်းမှာ အတော်ကိုခရီးရောက်ခဲ့တယ်လို့သိရပါတယ်။ စိုက်ပျိုးရေးကိုအခြေခံပြီးကြီးပွားတိုးတက်ခဲ့ကြတယ်လို့ Uruk မြို့သမိုင်းတွေကဖော်ပြလျက်ရှိပါတယ်။ Uruk မြို့ပြနိုင်ငံကိုအုပ်စိုးခဲ့တဲ့ဘုရင်တွေအနက်မှာတော့ Gilgamesh ဟာအထင်ရှားဆုံး ဖြစ်ပြီးသမိုင်းဒဏ္ဍာရီတွေ၊ပုံပြင်တွေအနက်မှာတော့ သဘာဝလွန်စွမ်းရည်တွေကို ပိုင်ဆိုင်ခဲ့တဲ့ ဘုရင်တစ်ပါးဖြစ်တယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်။

(၂) Akkad

ကမ္ဘာ့ပထမဆုံးသော အင်ပါယာလို့သိကြတဲ့ Akkadian အင်ပါယာရဲ့အဓိကမြို့တော်ကြီး ဟာ Akkad ဖြစ်ပါတယ်။ Sargon the Great ရဲ့ဦးဆောင်မှုအောက်မှာရှိနေတဲ့ Akkad မြို့ သားတွေဟာ Sumerian မျိုးနွယ်စုတွေရဲ့မြို့ပြနိုင်ငံတော်တော်များများကိုသိမ်းပိုတ်နိုင်ခဲ့ ကာ မက်ဆိုပိုတေးမီးယားဒေသတစ်ခုလုံးကိုထိန်းချုပ်နိုင်ခဲ့တဲ့အထိတန်ခိုးထွားခဲ့ကြပါ တယ်။

Akkadian တွေရဲ့ဘာသာစကားကလည်း ဆူမားရီးယန်းတွေရဲ့ဘာသာစကားကို အစားထိုးဝင်ရောက်ကာ ဘေဘီလုံနဲ့ Assyrian အင်ပါယာတွေအထိထွန်းကားခဲ့တာကို လည်းတွေ့ရမှာဖြစ်ပါတယ်။ Akkad မြို့တော်ဟောင်း နေရာကိုအသည်းအသန် စူးစမ်းမှုတွေပြုလုပ်ခဲ့ပေမယ့် ယနေ့အချိန်ထိတော့ အတိအကျ မှတ်တမ်းတင်နိုင်ခဲ့ခြင်းမျိုးတော့မရှိသေးပါဘူး။ ခန့်မှန်းချက်တွေမှာတော့ Akkad မြို့တော်ကြီး ဟာမက်ဆိုပိုတေးမီးယားဒေသရဲ့တောင်ဘက်စွန်း၊ တိုက်ဂရစ်မြစ်ရဲ့အရှေဘက်မှာတည်ရှိခဲ့ တာဖြစ်တယ်လို့ဖော်ပြထားကြပါတယ်။

(၃) Assur

မက်ဆိုပိုတေးမီးယားရဲ့မြောက်ဘက်စွန်း၊တိုက်ဂရစ်မြစ်ရဲ့အနောက်ဘက်ကမ်းမှာတော့ Assyrian အင်ပါယာရဲ့ပထမဆုံးသောမြို့တော်ဖြစ်တဲ့ Assur မြို့တည်ရှိလို့နေပါတယ်။ နောက်ပိုင်းကာလတွေမှာ စစ်ရေးအခြေအနေအရ Assyrian တွေဟာမြိုတော်တစ်ခုပြီး တစ်ခုကိုပြောင်းရွေခဲ့ပေမဲ့ Assur ကတော့ အင်ပါယာတစ်ခုလုံးရဲ့ကိုးကွယ်ယုံကြည်မှုဆိုင် ရာဗဟိုချက်မဒေသအဖြစ်အစဉ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ Assur ဆိုတဲ့အမည်ကတော့ Assyrian တွေရဲ့နတ်ဘုရားအမည်ဖြစ်ပြီးတစ်ခါတစ်ရံမှာဆိုရင် ယင်းနတ်ဘုရားကိုရော Assur မြို့တော်ကိုပါ Assyrian တွေက Ashur ဆိုတဲ့အမည်နဲ့ရည်ညွှန်းကြလေ့ရှိပါတယ်။

(၄) Babylon

ဘေဘီလုံမြို့တော်ဟာဆိုရင် မက်ဆိုပိုတေးမီးယားသမိုင်းမှာသာမက ကမ္ဘာ့သမိုင်းမှာပါထင်ရှားကျော်ကြားလှတဲ့ ဘေဘီ လုံအင်ပါယာရဲ့မြို့တော်ကြီးဖြစ်ပါတယ်။ သူ့ခေတ်သူအခါက ကမ္ဘာအကြီးဆုံးမြို့တော်ကြီး အဖြစ်ရပ်တည်နေခဲ့ကာ နေထိုင်သူဦးရေတင် (၂၀၀၀၀၀) လောက်ရှိခဲ့တာဖြစ်ပါတယ်။ Hammurabi နဲ့ Nebuchadnezzar စတဲ့ကမ္ဘာကျော်မင်းဧကရာဇ်တွေနန်းစိုက်ရာအရပ် လည်းဖြစ်ခဲ့ပြီး ကမ္ဘာရှေးဟောင်းအံ့ဖွယ် ၇ ခုမှာ ပါဝင်နေတဲ့ Hanging Garden (မိုးပျံဥယျာဉ်)ဟာလည်း ဘေဘီလုံမှာပဲတည်ရှိနေတာဖြစ်ပါတယ်။

ဘေဘီလုံမြို့တော်ဟာဆိုရင် မက်ဆိုပိုတေးမီးယားရဲ့အလယ်ပိုင်းယူဖရေးတီးမြစ်ကမ်းတစ် လျှောက်တည်ရှိနေတာဖြစ်ပါတယ်။ ယနေ့အချိန်ထိဘေဘီလုံမြို့တော်ဟောင်းကြီးရဲ့ အကြွင်းအကျန်တွေကို အီရတ်နိုင်ငံဘဂ္ဂဒတ်ရဲ့တောင်ဘက်မိုင်(၅၀) ခန့်အကွာမှာတွေ့နိုင်ပါသေးတယ်။ ဘေဘီလုံနဲ့ ပတ်သတ်ပြီး နောက်ထပ်လူသိများထင်ရှားတဲ့ အချက်ကတော့ ခရစ်ယာန်တွေရဲ့ Bible ကျမ်းစာမှာ အကြိမ်ပေါင်းများစွာဖော်ပြခံထားရခြင်းဖြစ်ပါတယ်။

(၅) Nimrud

Nimrud ဟာ ဘီစီ(၁၃)ရာစုလောက်ကမှာတော့ Assyrain အင်ပါယာရဲ့မြို့တော်ဖြစ်လာခဲ့ ပါတယ်။ ယင်းနောက်မှာတော့ ရန်သူတွေရဲ့ဖျက်ဆီးခြင်းကိုခံခဲ့ရပြီး ဘီစီ (၈၈၀)ရောက်ချိန် မှ ဘုရင် Ashurnasirpal (2) ရဲ့ပြန်လည်တည်ဆောက်ပေးမှုကြောင့် နောက်တစ်ကြိမ် Assyrain တွေရဲ့မြို့တော်ဖြစ်လာခဲ့ပါတယ်။

မက်ဆိုပိုတေးမီးယားဒေသရဲ့သမိုင်းကြောင်း တစ်လျှောက်မှာတော့ Nimrud ဟာ အံ့ဖွယ်နန်းတော်ကြီးတွေတည်ရှိတယ်ဆိုတဲ့အကြောင်း နဲ့ခမ်းနားခဲ့ပါတယ်။ Shalmaneser (3) အမည်ရတဲ့နန်းတော်ဆိုရင်အကျယ်အဝန်း(၁၂)ဧကလောက်ရှိပြီး အခန်းပေါင်း (၂၀၀) aကျာ်ပါဝင်တဲ့အထိခမ်းနားတဲ့အဆောက်အအုံတစ်ခု ဖြစ်ခဲ့တာပါ။

(၆) Nineveh

နာမည်ကျော် Assyrian အင်ပါယာရဲ့အကြီးကျယ်ဆုံးသောမြို့တော်ကြီးဖြစ်ပါတယ်။ Assyrin အင်ပါယာတန်ခိုးထွားစဉ်ကဆိုရင် Nineveh မြို့ဟာကမ္ဘာ့အကြီးကျယ်ဆုံး၊အခမ်း အနားဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေကိုပိုင်ဆိုင်ခဲ့ပါတယ်။ (၇၀၀)ဘီစီဝန်းကျင်ကာလမှာဘုရင် Sennacherib ရဲ့ဦးဆောင်မှုနဲ့တည်ဆောက်ခဲ့တာဖြစ်ပြီးမြို့ရိုးတင်(၇)စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး တံခါးဂိတ်(၁၅)ခုပါဝင်နေပါတယ်။

ဒါအပြင်မြို့တော်အတွင်းမတူညီတဲ့နေရာ တွေကိုရေပေးဝေရန်အတွက်လည်းတူးမြောင်း(၁၈)ခုအထိဆောက်လုပ်ထားတာကိုတွေ့ ရပါတယ်။ Nineveh ဟာဆိုရင် Assyrian အင်ပါယာရဲ့နောက်ဆုံးသောဧကရာဇ် Ashurbanipal နန်းစိုက်ခဲ့ရာနေရာဖြစ်ပြီးသူလက်ထက်မှာပဲ ရွံစေးပြားပေါင်း (၂၀၀၀၀) ကျော်ပါဝင်နေတဲ့စာကြည့်တိုက်ကြီးကိုလည်း တည်ဆောက်ခဲ့ပါတယ်။ ယနေ့အချိန် မက်ဆိုပိုတေးမီးယားဒေသအကြောင်းကို ပညာရှင်တွေလွယ်လွယ်ကူကူနဲ့ တိတိကျကျသိရှိနိုင်ဖို့ ယင်းရွံ့စေးပြားတွေက များစွာထောက်ကူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Nineveh မြို့နဲ့ပတ်သတ်ပြီးအခြားထင်ရှားတဲ့အကြောင်းအရာတစ်ခုကတော့ Bible ကျမ်းစာမှာပါဝင်နေတဲ့ Jonah နဲ့ ဝေလငါးအကြောင်းအရာဖြစ်ပါတယ်။ ဘုရားသခင်ဟာ Jonah ကို Nineveh မြို့ကိုစေလွှတ်ပေမဲ့ Jonah ကတော့ငြင်းဆန်ပြီးဘုရားသခင်ဆီကနေထွက် ပြေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဝေလငါးတစ်ကောင်ရဲ့မြိုချခြင်းကိုခံရပြီး Nineveh မြို့ ကမ်းခြေမှာပြန်လည်ထွေးထုတ်ခြင်းခံခဲ့ရခြင်းဖြင့် Jonah ဟာ ဘုရားစကားကိုနာခံခဲ့ရတယ် ဆိုတဲ့ဖြစ်ရပ်ကြောင့်ဖြစ်ပါတယ်။

(၇) Persepolis

Persepolis ဟာ နာမည်ကျော် ပါရှန်းအင်ပါယာရဲ့မြို့တော်ဖြစ်ပါတယ်။ Persepolis ဆိုတဲ့ အမည်ဟာ ဂရိလို ပါရှန်းတွေရဲ့မြို့တော်ကိုခေါ်ဆိုတာဖြစ်ပါတယ်။ မြို့တော်ကို Cyrus the Great က(၅၁၅)ဘီစီမှာ တည်ဆောက်ခဲ့ပြီး Darius(1) နဲ့ Xerxes တို့လက်ထက်မှာ နန်းတော်အပါအဝင် ကိုးကွယ်ယုံကြည်မှုနဲ့အခြေခံစီးပွားရေးအဆောက်အအုံတော်တော်များ များကိုဆောက်လုပ်ပြီးစီးခဲ့ပါတယ်။

Persepolis ဟာယနေ့အီရန်နိုင်ငံရဲ့အရှေတောင်အရပ်မှာတည်ရှိနေတာဖြစ်ပြီး ပညာရှင်တွေရဲ့မွမ်းမံတည်ဆောက်မှုတွေ အများအပြားပြန်လည်ပြုလုပ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ယင်းပြန်လည်တည်ဆောက်တဲ့ အဆောက်အအုံစာရင်းမှာဆိုရင် Gate of Nations ( မြို့ဝင်ပေါက်)၊ Throne Hall (ဘုရင်ညီလာခံနေရာ)နဲ့ Apadan နန်းတော်တွေအထိပါဝင်လို့နေပါတယ်။

——- —— ——–

(Zawgyi)

ကမာၻ႔သမုိင္းထဲက မက္ဆိုပိုေတးမီးယား ၿမိဳ႕ေတာ္ၾကီးမ်ား

မက္ဆိုပိုေတးမီးယား(Mesopotamia) ဆိုတာကေတာ့ အေနာက္အာရွပိုင္းက သမိုင္းဝင္ နယ္ေျမတစ္ခုျဖစ္ခဲ့ျပီးယေန႔ကာလဆိုရင္ အီရတ္နဲ႔ ကူဝိတ္နိုင္ငံဧရိယာအမ်ားစု၊ ဆီးရီးယား နိုင္ငံအေရွဘက္စြန္းအပိုင္းေတြ၊တူရကီနိုင္ငံရဲ့အေရွေတာင္ေဒသေတြျဖစ္တဲ့ တူရကီ-ဆီးရီး ယားနယ္စပ္တစ္ေလ်ွာက္နဲ႔ အီရန္-အီရတ္နယ္စပ္တစ္ေလ်ွာက္နယ္ေျမေတြပါဝင္လို႔ေနပါတယ္။

မက္ဆိုပိုေတးမီးယား(Mesopotamia) ေဒသတစ္ဝွမ္းမွာပဲမ်ားစြာေသာျမိဳ႔ျပနို္င္ငံ မ်ားစြာေပၚထြန္းခဲ့ျပီး ကမာၻ႔လူသားမ်ိဳးႏြယ္စုသမိုင္းရဲ့အထင္ကရယဥ္ေက်းမႈ၊အေမြအနွစ္မ်ား စြာကိုခ်န္ထားရစ္ခဲ့တာကိုေတြ႔ရပါတယ္။ ယင္းအနက္မွာဆိုရင္လည္းျမိဳ႕ေတာ္ၾကီးေတြက အဓိကေနရာကေနပါဝင္ေနတာကို ေတြ႔ရမွာျဖစ္တာေၾကာင့္ ဗဟုသုတအျဖစ္မ်ွေဝလိုက္ရပါ တယ္။

(၁) Uruk

ကမာၻေပၚက အေစာပုိင္းေပၚထြန္းလာခဲ့တဲ့ျမိဳ႕ေတာ္ၾကီးေတြအနက္မွာေတာ့ Uruk ကလည္း တစ္ျမိဳ႕အပါအဝင္ျဖစ္ပါတယ္။ ဘီစီ ၃၅၀၀ေလာက္ကတည္းက ရွိခဲ့တဲ့ၿမဳိ႕ျဖစ္ၿပီး ဘီစီ(၂၉၀၀) ၀န္းက်င္ ကာလဟာဆိုရင္ Uruk ျမိဳ႕ေတာ္ရဲ့တန္ခိုးအာဏာအထြန္းေတာက္ဆံုးေသာကာလျဖစ္ျပီး စုစုေပါင္းလူဦးေရ(၈၀၀၀၀) ေလာက္ေနထိုင္ခဲ့ၾကတယ္လို႔သိရပါတယ္။ ျမိဳ႕ေတာ္ရဲ့တည္ေနရာကေတာ့ မက္ဆိုပိုေတးမီးယား(Mesopotamia) ေဒသရဲ့ေတာင္ဘက္စြန္းပိုင္းက ယူဖေရးတီးျမစ္ကမ္း တစ္ေလွ်ာက္မွာျဖစ္ပါတယ္။

Uruk ျမိဳ႕ေတာ္ဟာ ဆူမာရီးယန္းမ်ိဳးႏြယ္စုေတြရဲ့ယဥ္ေက်းမႈအေမြအနွစ္ဆိုင္ရာ ဗဟိုခ်က္မေနရာျဖစ္ၿပီး ေရွးေခတ္လယ္ယာစိုက္ပ်ိဳးေရးနဲ႔ဆည္ေျမာင္းဆိုင္ရာနည္းပညာပိုင္းမွာ အေတာ္ကိုခရီးေရာက္ခဲ့တယ္လို႔သိရပါတယ္။ စိုက္ပ်ိဳးေရးကိုအေျခခံၿပီးၾကီးပြားတိုးတက္ခဲ့ၾကတယ္လို႔ Uruk ျမိဳ႕သမိုင္းေတြကေဖာ္ျပလ်က္ရွိပါတယ္။ Uruk ျမိဳ႕ျပနိုင္ငံကိုအုပ္စိုးခဲ့တဲ့ဘုရင္ေတြအနက္မွာေတာ့ Gilgamesh ဟာအထင္ရွားဆံုး ျဖစ္ျပီးသမိုင္းဒ႑ာရီေတြ၊ပံုျပင္ေတြအနက္မွာေတာ့ သဘာဝလြန္စြမ္းရည္ေတြကို ပိုင္ဆိုင္ခဲ့တဲ့ ဘုရင္တစ္ပါးျဖစ္တယ္လို႔ေဖာ္ျပထားတာကိုေတြ႔ရပါတယ္။

(၂) Akkad

ကမာၻ႔ပထမဆံုးေသာ အင္ပါယာလို႔သိၾကတဲ့ Akkadian အင္ပါယာရဲ့အဓိကျမိဳ႕ေတာ္ၾကီး ဟာ Akkad ျဖစ္ပါတယ္။ Sargon the Great ရဲ့ဦးေဆာင္မႈေအာက္မွာရွိေနတဲ့ Akkad ျမိဳ႕ သားေတြဟာ Sumerian မ်ိဳးႏြယ္စုေတြရဲ့ျမိဳ႕ျပနိုင္ငံေတာ္ေတာ္မ်ားမ်ားကိုသိမ္းပိုတ္နိုင္ခဲ့ ကာ မက္ဆိုပုိေတးမီးယားေဒသတစ္ခုလံုးကိုထိန္းခ်ဳပ္နိုင္ခဲ့တဲ့အထိတန္ခိုးထြားခဲ့ၾကပါ တယ္။

Akkadian ေတြရဲ့ဘာသာစကားကလည္း ဆူမားရီးယန္းေတြရဲ့ဘာသာစကားကို အစားထိုးဝင္ေရာက္ကာ ေဘဘီလံုနဲ႔ Assyrian အင္ပါယာေတြအထိထြန္းကားခဲ့တာကို လည္းေတြ႔ရမွာျဖစ္ပါတယ္။ Akkad ျမိဳ႕ေတာ္ေဟာင္း ေနရာကိုအသည္းအသန္ စူးစမ္းမႈေတြျပဳလုပ္ခဲ့ေပမယ့္ ယေန႔အခ်ိန္ထိေတာ့ အတိအက် မွတ္တမ္းတင္နိုင္ခဲ့ျခင္းမ်ိဳးေတာ့မရွိေသးပါဘူး။ ခန္႔မွန္းခ်က္ေတြမွာေတာ့ Akkad ျမိဳ႕ေတာ္ၾကီး ဟာမက္ဆိုပိုေတးမီးယားေဒသရဲ့ေတာင္ဘက္စြန္း၊ တိုက္ဂရစ္ျမစ္ရဲ့အေရွဘက္မွာတည္ရွိခဲ့ တာျဖစ္တယ္လုိ႔ေဖာ္ျပထားၾကပါတယ္။

(၃)Assur

မက္ဆိုပိုေတးမီးယားရဲ့ေျမာက္ဘက္စြန္း၊တိုက္ဂရစ္ျမစ္ရဲ့အေနာက္ဘက္ကမ္းမွာေတာ့ Assyrian အင္ပါယာရဲ့ပထမဆံုးေသာျမိဳ႕ေတာ္ျဖစ္တဲ့ Assur ျမိဳ႕တည္ရွိလို႔ေနပါတယ္။ ေနာက္ပိုင္းကာလေတြမွာ စစ္ေရးအေျခအေနအရ Assyrian ေတြဟာျမိဳေတာ္တစ္ခုျပီး တစ္ခုကိုေျပာင္းေရြခဲ့ေပမဲ့ Assur ကေတာ့ အင္ပါယာတစ္ခုလံုးရဲ့ကိုးကြယ္ယံုၾကည္မႈဆိုင္ ရာဗဟိုခ်က္မေဒသအျဖစ္အစဥ္သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ Assur ဆိုတဲ့အမည္ကေတာ့ Assyrian ေတြရဲ့နတ္ဘုရားအမည္ျဖစ္ျပီးတစ္ခါတစ္ရံမွာဆိုရင္ ယင္းနတ္ဘုရားကိုေရာ Assur ျမိဳ႕ေတာ္ကိုပါ Assyrian ေတြက Ashur ဆိုတဲ့အမည္နဲ႔ရည္ညႊန္းၾကေလ့ရိွပါတယ္။

(၄) Babylon

ေဘဘီလံုျမိဳ႕ေတာ္ဟာဆိုရင္ မက္ဆိုပိုေတးမီးယားသမိုင္းမွာသာမက ကမာၻ႔သမိုင္းမွာပါထင္ရွားေက်ာ္ၾကားလွတဲ့ ေဘဘီ လံုအင္ပါယာရဲ့ျမိဳ႕ေတာ္ၾကီးျဖစ္ပါတယ္။ သူ႔ေခတ္သူအခါက ကမာၻအၾကီးဆံုးျမိဳ႕ေတာ္ၾကီး အျဖစ္ရပ္တည္ေနခဲ့ကာ ေနထိုင္သူဦးေရတင္ (၂၀၀၀၀၀) ေလာက္ရွိခဲ့တာျဖစ္ပါတယ္။ Hammurabi နဲ႔ Nebuchadnezzar စတဲ့ကမာၻေက်ာ္မင္းဧကရာဇ္ေတြနန္းစိုက္ရာအရပ္ လည္းျဖစ္ခဲ့ျပီး ကမာၻေရွးေဟာင္းအံ့ဖြယ္ ၇ ခုမွာ ပါဝင္ေနတဲ့ Hanging Garden (မိုးပ်ံဥယ်ာဥ္)ဟာလည္း ေဘဘီလံုမွာပဲတည္ရွိေနတာျဖစ္ပါတယ္။

ေဘဘီလံုျမိဳ႕ေတာ္ဟာဆိုရင္ မက္ဆိုပိုေတးမီးယားရဲ့အလယ္ပိုင္းယူဖေရးတီးျမစ္ကမ္းတစ္ ေလ်ွာက္တည္ရွိေနတာျဖစ္ပါတယ္။ ယေန႔အခ်ိန္ထိေဘဘီလံုျမိဳ႕ေတာ္ေဟာင္းၾကီးရဲ႕ အၾကြင္းအက်န္ေတြကို အီရတ္နိုင္ငံဘဂၢဒတ္ရဲ့ေတာင္ဘက္မိုင္(၅၀) ခန္႔အကြာမွာေတြ႔နိုင္ပါေသးတယ္။ ေဘဘီလံုနဲ႔ ပတ္သတ္ျပီး ေနာက္ထပ္လူသိမ်ားထင္ရွားတဲ့ အခ်က္ကေတာ့ ခရစ္ယာန္ေတြရဲ့ Bible က်မ္းစာမွာ အၾကိမ္ေပါင္းမ်ားစြာေဖာ္ျပခံထားရျခင္းျဖစ္ပါတယ္။

(၅) Nimrud

Nimrud ဟာ ဘီစီ(၁၃)ရာစုေလာက္ကမွာေတာ့ Assyrain အင္ပါယာရဲ့ျမိဳ႕ေတာ္ျဖစ္လာခဲ့ ပါတယ္။ ယင္းေနာက္မွာေတာ့ ရန္သူေတြရဲ့ဖ်က္ဆီးျခင္းကိုခံခဲ့ရျပီး ဘီစီ (၈၈၀)ေရာက္ခ်ိန္ မွ ဘုရင္ Ashurnasirpal (2) ရဲ့ျပန္လည္တည္ေဆာက္ေပးမႈေၾကာင့္ ေနာက္တစ္ၾကိမ္ Assyrain ေတြရဲ့ျမိဳ႕ေတာ္ျဖစ္လာခဲ့ပါတယ္။

မက္ဆိုပိုေတးမီးယားေဒသရဲ့သမိုင္းေၾကာင္း တစ္ေလ်ွာက္မွာေတာ့ Nimrud ဟာ အ့ံဖြယ္နန္းေတာ္ၾကီးေတြတည္ရွိတယ္ဆိုတဲ့အေၾကာင္း နဲ႔ခမ္းနားခဲ့ပါတယ္။ Shalmaneser (3) အမည္ရတဲ့နန္းေတာ္ဆိုရင္အက်ယ္အဝန္း(၁၂)ဧကေလာက္ရွိျပီး အခန္းေပါင္း (၂၀၀) aက်ာ္ပါဝင္တဲ့အထိခမ္းနားတဲ့အေဆာက္အအံုတစ္ခု ျဖစ္ခဲ့တာပါ။

(၆) Nineveh

နာမည္ေက်ာ္ Assyrian အင္ပါယာရဲ့့အၾကီးက်ယ္ဆံုးေသာျမိဳ႕ေတာ္ၾကီးျဖစ္ပါတယ္။ Assyrin အင္ပါယာတန္ခိုးထြားစဥ္ကဆိုရင္ Nineveh ျမိဳ႕ဟာကမာၻ႔အၾကီးက်ယ္ဆံုး၊အခမ္း အနားဆံုးဆိုတဲ့ ဂုဏ္ပုဒ္ေတြကိုပိုင္ဆိုင္ခဲ့ပါတယ္။ (၇၀၀)ဘီစီဝန္းက်င္ကာလမွာဘုရင္ Sennacherib ရဲ့ဦးေဆာင္မႈနဲ႔တည္ေဆာက္ခဲ့တာျဖစ္ျပီးျမိဳ႕ရိုးတင္(၇)စတုရန္းကီလုိမီတာ က်ယ္ဝန္းျပီး တံခါးဂိတ္(၁၅)ခုပါဝင္ေနပါတယ္။

ဒါအျပင္ျမိဳ႕ေတာ္အတြင္းမတူညီတဲ့ေနရာ ေတြကိုေရေပးေဝရန္အတြက္လည္းတူးေျမာင္း(၁၈)ခုအထိေဆာက္လုပ္ထားတာကိုေတြ႔ ရပါတယ္။ Nineveh ဟာဆိုရင္ Assyrian အင္ပါယာရဲ့ေနာက္ဆံုးေသာဧကရာဇ္ Ashurbanipal နန္းစိုက္ခဲ့ရာေနရာျဖစ္ျပီးသူလက္ထက္မွာပဲ ရြံေစးျပားေပါင္း (၂၀၀၀၀) ေက်ာ္ပါဝင္ေနတဲ့စာၾကည့္တိုက္ၾကီးကိုလည္း တည္ေဆာက္ခဲ့ပါတယ္။ ယေန႔အခ်ိန္ မက္ဆိုပိုေတးမီးယားေဒသအေၾကာင္းကို ပညာရွင္ေတြလြယ္လြယ္ကူကူနဲ႔ တိတိက်က်သိရိွနို္င္ဖို႔ ယင္းရြံ႕ေစးျပားေတြက မ်ားစြာေထာက္ကူေပးနိုင္ခဲ့တာျဖစ္ပါတယ္။

Nineveh ျမိဳ႕နဲ႔ပတ္သတ္ျပီးအျခားထင္ရွားတဲ့အေၾကာင္းအရာတစ္ခုကေတာ့ Bible က်မ္းစာမွာပါဝင္ေနတဲ့ Jonah နဲ႔ ေဝလငါးအေၾကာင္းအရာျဖစ္ပါတယ္။ ဘုရားသခင္ဟာ Jonah ကို Nineveh ျမိဳ႔ကိုေစလႊတ္ေပမဲ့ Jonah ကေတာ့ျငင္းဆန္ျပီးဘုရားသခင္ဆီကေနထြက္ ေျပးဖို႔ၾကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ ေဝလငါးတစ္ေကာင္ရဲ့ျမိဳခ်ျခင္းကိုခံရျပီး Nineveh ျမိဳ႕ ကမ္းေျခမွာျပန္လည္ေထြးထုတ္ျခင္းခံခဲ့ရျခင္းျဖင့္ Jonah ဟာ ဘုရားစကားကိုနာခံခဲ့ရတယ္ ဆိုတဲ့ျဖစ္ရပ္ေၾကာင့္ျဖစ္ပါတယ္။

(၇) Persepolis

Persepolis ဟာ နာမည္ေက်ာ္ ပါရွန္းအင္ပါယာရဲ့ျမိဳ႕ေတာ္ျဖစ္ပါတယ္။ Persepolis ဆိုတဲ့ အမည္ဟာ ဂရိလို ပါရွန္းေတြရဲ့ျမိဳ႕ေတာ္ကိုေခၚဆိုတာျဖစ္ပါတယ္။ ျမိဳ႕ေတာ္ကို Cyrus the Great က(၅၁၅)ဘီစီမွာ တည္ေဆာက္ခဲ့ျပီး Darius(1) နဲ႔ Xerxes တို႕လက္ထက္မွာ နန္းေတာ္အပါအဝင္ ကိုးကြယ္ယံုၾကည္မႈနဲ႔အေျခခံစီးပြားေရးအေဆာက္အအံုေတာ္ေတာ္မ်ား မ်ားကိုေဆာက္လုပ္ျပီးစီးခဲ့ပါတယ္။

Persepolis ဟာယေန႔အီရန္နိုင္ငံရဲ့အေရွေတာင္အရပ္မွာတည္ရွိေနတာျဖစ္ျပီး ပညာရွင္ေတြရဲ့မြမ္းမံတည္ေဆာက္မႈေတြ အမ်ားအျပားျပန္လည္ျပဳလုပ္ေနတာကိုေတြ႔ရမွာျဖစ္ပါတယ္။ ယင္းျပန္လည္တည္ေဆာက္တဲ့ အေဆာက္အအံုစာရင္းမွာဆိုရင္ Gate of Nations ( ၿမိဳ႕ဝင္ေပါက္)၊ Throne Hall (ဘုရင္ညီလာခံေနရာ)နဲ႔ Apadan နန္းေတာ္ေတြအထိပါဝင္လို႕ေနပါတယ္။

Tags: world history

Related Posts

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း
History

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ Abu Simbel အဘူစင်ဘယ် ဆိုတဲ့နေရာပါ။ အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ်...

History

အသားအဝါရောင်ပြောင်းခဲ့ရတဲ့ မိန်းကလေးများ

ကနေရီ မိန်းကလေးများ Canary Girls ဆိုတာကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဗြိတိန်တပ်မတော်အတွက် လက်နက်ခဲယမ်း တွေထုတ်လုပ်ပေးရတဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ Canary ငှက်ဆိုတာ အဝါရောင်ငှက်ဖြစ်တာကြောင့် Canary Girls ဟာ အဝါရောင်အမျိုးသမီးများလို့ အဓိပ္ပါယ်ရမှာဖြစ်ပါတယ်။ ယင်းအမျိုးသမီးတွေဟာဆိုရင်...

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ
History

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ

နည်းပညာ တိုးတက်ပြောင်းလဲမှုတွေဟာ တနှစ်ထက်တနှစ် အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ ပြောင်းလဲလျက်ရှိပါတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေကို မဆိုထားနဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင်ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခုအချိန်နဲ့ဟာ လုံး၀ ပြောင်းလဲသွားပါပြီ။ လွန်ခဲ့တဲ့...

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ
History

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ

ရေးသားသူ - ဘိက္ခု ကေသရ ပုဂံခေတ်ဦးပိုင်းတွင် ထင်ရှားသော ပိဋကတ်တိုက် (၂) လုံးရှိသည် ဟု ဆိုကြပေသည်။ ပထမ ပိဋကတ်တိုက်မှာ ပုဂံ မြို့ တံတိုင်းအတွင်း မှ အနော်ရထာမင်း၏ ပိဋကတ်တိုက်ဖြစ်၍ ဒုတိယ...

Next Post
ကိုဗစ်နိုင်တင်းကုသဖို့ ဂျပန်က Avigan ဆေး အခမဲ့ပေးတဲ့ နိုင်ငံတွေထဲမှာ မြန်မာလည်းပါ

ကိုဗစ်နိုင်တင်းကုသဖို့ ဂျပန်က Avigan ဆေး အခမဲ့ပေးတဲ့ နိုင်ငံတွေထဲမှာ မြန်မာလည်းပါ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!