• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ဝင်ငွေအမြင့်ဆုံး မင်းသားဖြစ်လာတဲ့ လူဆိုးတစ်ယောက်

by Thutamm
April 10, 2020
Reading Time: 3min read
0
ကမ္ဘာ့ဝင်ငွေအမြင့်ဆုံး မင်းသားဖြစ်လာတဲ့ လူဆိုးတစ်ယောက်
Share on FacebookShare on Twitter

ရေးသားသူ – Htet Wa Na

” သူငယ်ချင်းတွေကတော့ ကြီးပေါကြီးတဲ့ ၊ အဖေပြောတာက အရူး ၊ အတန်းပိုင်ဆရာပြောတာက စံပြဆိုးသွမ်းကျောင်းသား..
ဒါပေမယ့် အမေကတော့ ကျတော့ကို အမြဲအထင်ကြီးပေးခဲ့တယ်။ ”
The Rock

၁၉၇၂ ခုနှစ် မေလ ၂ရက်နေ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဟေးဝေါ့မှာ နပန်းသမားတဦးဖြစ်တဲ့ Rocky Johnson နဲ့ ဇနီးဖြစ်သူ Ata Johnson တို့ကကလေးတစ်ဦးကိုမွေးဖွားခဲ့ပါတယ်။ အဖိုး ဦးလေး အဖေအကုန် နပန်းသမားမျိုးရိုးကနေ မွေးဖွားခဲ့တဲ့ဒီကလေး ဟာ သိပ်တော့ငယ်ဘဝချမ်းသာလှတယ်မဟုတ် ဘူး။ သာမာန်အိမ်ကျဉ်းလေးတလုံးရယ် သူ့ကိုအရမ်းချစ်တဲ့အမေရယ်ပဲပိုင်ဆိုင်ခဲ့တယ်။ ဖခင်သွားရာနပန်းပွဲတွေနောက်၄နှစ်သားထဲကလိုက်ခဲ့ရပြီး မိခင်နဲ့သူဟာ ဖခင်ရဲ့အမာခံပရိတ်သတ်တွေပေါ့။

ဒါပေမယ့်ဖခင်က သူ့ကိုသိပ်အလေးထားမချစ်ခဲ့ဘူး။ သူကလဲငယ်စဉ်ထဲကဆိုးတယ်။ မူလတန်းစ တက်တော့ ကျောင်းမှာအနိုင်ကျင့်ခံရတယ်။ ဘာမှပြန်မလုပ်တတ်ပဲငိုပြီးပြန်လာတတ်တယ်။ ဒါကို ဖခင်ကပိုစိတ်ဆိုးတယ်။ နပန်းသမားရဲ့သားတစ်ယောက်ဖြစ်နေပြီး ပျော့ညံ့တဲ့သားကိုသူသိပ်အားမရခဲ့ဘူး။ ဒါပေမယ့် သူတို့မိသားစုကအမေရိကန် သားတွေတော့မဟုတ်ကြဘူး။ ၁၉၆၉မှပြောင်း လာခဲ့တဲ့ ကနေဒီယန်းမိသားစုပါ။ သူမူလတန်းစတက်တော့ Richmond Road ကျောင်းမှာ သူငယ်ချင်းသိပ်မရှိခဲ့ဘူး။ သူ့အလယ်တန်း ကျောင်းသားဘဝမှာတော့ဖခင်ဖြစ်သူကိုအားကျခဲ့ပြီး နပန်းသင်ပေးဖို့ပူဆာခဲ့ပါပြီ။ ဖခင်ကလဲသားဖြစ်သူကိုပျော့ညံ့တာမကြိုက်တော့ သင်ပေးခဲ့ပါတယ်။ ဒါကသူ့ကိုလူဆိုးလေးတဦးဖြစ်သွားစေတဲ့ ပထမဆုံးအချက်ပါပဲ။

အထက်တန်းကျောင်းသား ဘဝကိုသူရောက်လာချိန်မှာတော့ အနိုင်ကျင့်ခံရ တိုင်းလက်နဲ့ဖြေရှင်းခဲ့ပါတော့တယ်။ သူ့ထူးခြားမူ ကဖခင်ထက်စိတ်ဓာတ်ပိုပြင်းထန်တယ် အလေးမ နပန်းပညာကိုလူငယ်တယောက် လေ့ကျင့်တာထက်ပိုလေ့ကျင့်တယ်။ သူ့အသက် ၁၄နှစ်မှာပေါင်၁၆၀ နီးပါး ခန္တာကိုယ်ကို ပိုင်ဆိုင်ခဲ့တဲ့အထိ သူဟာလေ့ကျင့်ခဲ့တယ်။ ဒါကလဲနပန်းသမားဖြစ်ချင်လို့ မဟုတ်ဘူး။ လူချမ်းသာသားသမီးတွေငွေပေးပြီးတခြားလူကိုထိုးခိုင်းရင် သူထိုးဖို့နဲ့ ရန်ဖြစ်ရင်ပြန်ချဖို့ပါပဲ။ ဖခင်ဖြစ်သူကလဲအမြဲအိမ်နဲ့ဝေးနေရတော့ဒါကိုမသိဘူး။ မသမာတဲ့နည်းနဲ့ရတဲ့ငွေကို သူကအရက်သောက်ဆေးချတယ်။

မိဘနှစ်ပါးနဲ့ အတူ

ရန်ဖြစ်ရင် မသေရုံတမယ် ထိုးတတ်တဲ့ဒီကလေးဟာ၁၆နှစ် နဲ့ ၁၇နှစ်အရွယ်မှာတော့ ၉ကြိမ်တိတိအဖမ်းခံရပြီး ၄ကြိမ်ဟာဖခင်ကိုယ်တိုင်ကားရောင်းအိမ်ပေါင်ပြီးအချုပ်ခန်းထဲက လျော်ကြေးပေးလိုက်ထုတ်ခဲ့ရတာပါ။ နောက်ဆုံးအကြိမ် ရန်ဖြစ်မူမှာတော့သူခံလိုက်ရတယ်။ သူ့ထက်လက်ဝှေ့ပညာ ပိုသာတဲ့လူငယ်တဦးကြောင့် ဆေးရုံ ၄ပတ် တက်လိုက်ရတယ်။

” မင်းဘဝကို ဒီလိုပဲအရူးတယောက် လိုဖြတ်သန်းမယ်ဆို ငါတို့မိသားစု ထဲကနေထွက်သွားလိုက် မင်းလို လူမိုက်ငါတို့မိသားစုမှာတခါမှမရှိခဲ့ဘူး။ “

ကျောင်းမှာဆိုလဲငွေပေးတိုင်းလိုက်လုပ်တဲ့လူဆိုပြီး Hunter dog လို့ သူ့ကိုကျောင်းသူတွေကသရော်တတ်တယ်။ အတန်းပိုင်ဆရာမကလဲ တခြားကျောင်းသားကိုဆုံးမချင်ရင်သူ့ကိုဥပမာပေးပြီး ဆုံးမတတ်တယ်။ ဖခင်ဖြစ်သူကလည်း အမြဲအထင်သေးဆူတတ်တယ်။ ဒီလိုအချိန်မှာမိခင်ဖြစ်သူကလွဲရင် သူ့ဖက်မှာဘယ်သူမှမရှိခဲ့ဘူး။ နောက်ဆုံးမှာတော့သားဖြစ်သူရဲ့ဒဏ်တွေကြောင့် မိခင်ဖြစ်သူဟာ ကျန်းမာရေးမကောင်းတော့ပဲဆေးရုံတင်လိုက်ရပါတော့တယ်။ ဒါကသူ့ကိုလိမ္မာစေဖို့စတင်ဖြစ်လာတဲ့ အသိတရားတခုပါပဲ။

အဖေဆေးရုံတင်ရရင်အောင်သူပြောင်းလဲမှာမဟုတ်ဘူး။ သူအရမ်းချစ်တဲ့မိခင်ဖြစ်သူကဆေးရုံတင်လိုက်ရတော့ သူအသိတရားရခဲ့တယ်။ ဒီစိတ်ကအထက်တန်းကိုအောင်ခဲ့ပြီး မီယာမီတက္ကသိုလ်ကိုတက်ခွင့်ရစေခဲ့ပါတယ်။ သူကတော့တခြားသူမဟုတ်ဘူး ကျတော်တို့ငယ်ဘဝ P1 Gameဖြစ်တဲ့ WWE ဂိမ်းခွေမှာစသိခဲ့တဲ့ အမြဲကြိုက်ခဲ့ရတဲ့ နပန်းသမားကြီး The Rock ဖြစ်လာမယ့် Hollywood မင်းသားကြီး DwayneJohnson ဖြစ်လာမယ့် ကျတော်တို့သိတဲ့ ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးမင်းသားကြီးဖြစ်လာမယ့် The Rock ပါပဲ။

” အောင်မြင်မူဆိုတာ ကြိုသိကြတမ်းရကြတဲ့ အရာတခုမဟုတ်ဘူး။ အောင်မြင်မူဆိုတာ တနေ့ပြီးတနေ့ နေ့တိုင်း ပိုကောင်းလာအောင်မင်းရအောင်လုပ်မယ့် အသေးစားအရာတွေပဲ။ “
The Rock

မီယာမီမှာတက္ကသိုလ်စတက်ချိန်ဟာ The Rock အတွက်အကြီးအကျယ်ဘဝအချိုး အကွေ့တခုပါပဲ။ အကြောင်းကတော့ကျောင်းမှာသူထပ်အနှိပ်ခံရတယ်။ မိခင်ကြောင့်ရန်မဖြစ်ဖို့ စိတ်ဆုံးဖြတ်ထားတဲ့ ဒီလူမိုက်အဖို့တော်တော် သည်းခံရမူနဲ့ တပြိုင်နက် အထီးကျန်မူပါတပါတည်းခံစားခဲ့ရတယ်။ သူချစ်မိတဲ့မိန်းကလေးကပြန်မကြိုက်တာတွေ ဖခင်ကသားဖြစ်သူကိုအထင်သေးတာတွေနဲ့အတူ The Rockဟာအမြဲလိုလိုတယောက်ထဲနေခဲ့ရတယ်။ ဒီလိုအချိန်မှာသူ့ကိုနှစ်သိမ့်ပေးခဲ့သူကတော့ အားကစားဆရာပါပဲ။ သူ့ကို ကျောင်းဘောလုံးအသင်းမှာ ထည့်ကစားစေခဲ့တယ်။ နဂိုထဲက ခန္တာကိုယ်တောင့်တင်းတဲ့ The Rock ဟာ ဒီလက်နဲ့ကိုင်ပြီး တဖက်အသင်းစည်းကိုကျော်ဖြတ်ပြေးရတဲ့ဘောလုံးကစားနည်းမှာ စိတ်တည်ငြိမ်လာခဲ့တယ်။

သူကစိတ်ဆုံးဖြတ်ပြီးရင် အဖြစ်မနေလုပ်တတ်တဲ့ အကျင့်ရှိတယ်။တက္ကသိုလ်လက်ရွေးစင်ဖြစ်လာသလို အဲဒီကတဆင့် national champion ဖြစ်သွားခဲ့တယ်။ အဲဒီအချိန်ကသူ့အသက်ဟာ ၁၉နှစ်ပဲရှိပါသေးတယ်။ Canadian Football League ကြီးကိုဝင်ခွင့်ရခဲ့ပြီး The Rock ဟာ၁၉၉၄ခုနှစ်ကမ္ဘာ့အကောင်းဆုံး Canadian Football League ကိုယ်စားပြုအနေနဲ့ တိုက်စစ်မှူး၁၀ဦးမှာပါအရွေးခံခဲ့ရသူပါ။ ၁၉၉၅ခုနှစ်မှာတော့ အသင်သားထဲသူ့နဲ့ မတည့်တဲ့သူတယောက်နဲ့ပြသနာဖြစ်ရာကနေ နည်းပြရဲ့ဘက်လိုက်ဆုံးဖြတ်မူကြောင့် ထိုအသင်းကထွက်ခဲ့ရပါတယ်။ ထိုအချိန်ကအင်္ဂလန်က ခေါ်ယူခဲ့ပေမယ့် သူဟာဘောလုံးလောကကိုစွန့် လွတ်ခဲ့ပါတော့တယ်။ တစ်ရက် ဖခင်ဖြစ်သူနဲ့အတူ ထမင်းစားဝိုင်းမှာထိုင်နေတုန်း

” မင်းဘာဆက်လုပ်မှာလဲ ”
” ကျတော့်အဖေ့လို နပန်းသမားဖြစ်အောင်လုပ်ပြီး အောင်မြင်ချင်တယ် အဖေ ”
” သောက်ရူး မင်းဘဝဆုံးချင်လို့လား
ငါ့ကိုကြည့်စမ်း ဒီလမ်းကိုရွေးခဲ့လို့အခုဘယ်လိုဘဝဖြစ်နေပြီလဲ ” (ဖခင်ဖြစ်သူဟာနပန်းသတ်ရင်း ခါးရိုးကျိုးခဲ့ချိန်ပေါ့ )

” ငါဒီအလုပ်ကိုရွေးခဲ့လို့ ဘာမှမကျန်ခဲ့ဘာမှပြန်မရခဲ့ဘူးကွ ။ အခုမင်းနေတဲ့ဒီအိမ်ခန်းကျဉ်းလေးတခုပဲ ပိုင်တာကြည့်စမ်း ”
” ကျတော်အဖေခွင့်မပြုလဲ နပန်းသမားလုပ်မှာနော်။ ကျတော်အဖေ့ထက်အောင်မြင်စေရမယ်လို့ ကတိပေးတယ်။ အဖေကျတော့်ကို ဒီနပန်းပညာသင်ပေးမှာလား မသင်ပေးဘူးလားအဖေ ”
“မင်း ၃နှစ်လုပ်လို့အကြီးတန်းကိုမတက်ရင် မင်း ဒီအလုပ်ကိုစွန့်လွှတ်မယ်လို့ ငါ့ကိုကတိပြန်ပေးရင် ငါသင်ပေးမယ် ”

ထိုအချိန်ကစပြီး ဖခင်ရဲ့ပညာရပ်အကုန်ကို သူသင်ခဲ့ရတော့တယ်။ နပန်းကထင်ထားတာထက်ပိုလေ့ကျင့်အားကြမ်းတယ်။ Boxing /ချုပ်နည်း ခန္တာကိုယ်ပေါ့ပါးတောင့်တင်းမူတွေကို သာမာန်ကစားသမားထက်သင်ရတယ်။ တစ်ရက်ကိုကီလိုများစွာစားရတယ်။ ၁၉၉၅ခုနှစ်ကနေတနှစ်ခွဲလောက်အထိ သူWWE ရဲ့ UG ပွဲတွေမှာထိုးရတယ်။ UG ကတကယ့်လူသတ်ပွဲပါပဲ။ ၂၀၀၁ခုနှစ်လောက်ကမှဒီUG သတ်နည်းတွေကိုစည်းမျဉ်းအသစ်လုပ်ခဲ့တာပါ။ ထိုအချိန်ကသူသေကိုယ်သေဗြင်းရတဲ့ UG ဟာ mainstream ထက်တောင်ပိုကြမ်းခဲ့ပါတယ်။(utube မှာ ဒီWWE UG 1995 တုန်းက Videoတွေကို ကြည့်ရုံနဲ့သိနိုင်ပါတယ်။)

အိမ်ကငွေကြေးမပြည့်စုံဘူး ဒီတော့မိသားစုစားဝတ်နေရေးအတွက်TheRock ဟာတရားမဝင်ကြေးစားပွဲတွေ ခြံခတ်ပွဲတွေ Club တွေကအသေသတ်ပွဲတွေမှာထိုးခဲ့ရတယ်။ Black Giantဆိုတဲ့ ဒူဘိုင်းသူဌေးရဲ့ အမြဲနိုင်တဲ့ လူသတ်နပန်းသမားကို သူLAပွဲမှာနိုင်ခဲ့မူက The Rock ကို ၁၉၉၆ခုနှစ်ကုန်မှာ WWEရဲ့ Mainstream ထဲကိုဝင်ထိုးဖို့ဖြစ်လာခဲ့ပါတော့တယ်။ WWF/WWE သူဝင်ခဲ့တယ်။ ပထမအစမှာအဖိုးနာမည်ဖြစ်တဲ့ Rocky Maivia နဲ့ထိုးခဲ့ပေမယ့်နောက်ပိုင်းမှာသူ့ရဲ့မာကြောမူ ပွဲတိုင်းနိုင်မူနဲ့အတူ ပရိတ်သတ်က The Rock လို့နာမည်ပေးခဲ့ပါတော့တယ်။ WWE ရဲ့ King ကြီးStone Clod ကိုအနိုင်ရခဲ့ပြီးချိန်မှာတော့ The Rock ဟာ နှစ်တိုင်းအောင်မြင်မူတွေနဲ့အတူ WWE ချန်ပီယံ 17 ကြိမ် ၈ကြိမ်ဟာWWE World No.1ချန်ပီယံ ၊ 2ကြိမ်ဟာ World Champion ကြီးဖြစ်သလို ၊ WWE ရဲ့ အထင်ကရချန်ပီယံ၆ယောက်မြောက်ဖြစ်ခဲ့ပါတယ်။ WWE ရဲ့ အအောင်မြင်ဆုံးနာမည်အကြီးဆုံး ပြယုဂ်ဆိုလဲမမှားပါဘူး။

” စစ်မှန်တဲ့အောင်မြင်မူရဖို့ ရိုးသားတဲ့ကြိုးစားမူလိုတယ် ကြိုးစားမူတိုင်းဟာ ထိုင်တွေးနေလို့ရှေ့မရောက်နိုင်ဘူး။ ကဲ ကျတော်တို့ခန္တာကိုယ်ကိုပင်ပန်းဖို့ဦးနှောက်ကိုပင်ပန်းဖို့မကြောက်ပါနဲ့ “

The Rock

၂၀၀၀ပြည့်နှစ် နပန်းပွဲရာသီနားချိန် The Rock ဟာသူငယ်ချင်းတယောက်ရဲ့ရှုတင် ကိုသွားခဲ့ပါတယ်။ ထိုအချိန်မှာသူ့ကိုရုပ်ရှင်လောကထဲဆွဲသွင်းဖို့လုပ်ခဲ့သူကတော့ဒါရိုက်တာ Stephen Sommers ပါပဲ။ ရှေ့မှာလည်း WWE Documentry တစ်ခု နဲ့သူငယ်ချင်းဖြစ်ရဲ့ကားမှာမတတ်သာလို့အရံကူညီပေးခဲ့တဲ့The Rock အံ့သြသွားတယ်။ ဒါပေမယ့်သူပျော်ခဲ့တယ်။ ဘာကြောင့်လဲဆို သူအရမ်းကြိုက်တဲ့မင်းသား Brendan Fraser ရိုက်နေတဲ့ Mummy ကားမှာပါရမှာကိုး။ The Mummy Returns မှာ The Rock ဟာ ဟစ်တီတီလူမျိုးစုတခုဖြစ်တဲ့လူမျိုးတခုကနေ Scorpion King ဖြစ်ခဲ့တဲ့ Mathayus of Akkad တယောက်အဖြစ်သရုပ်ဆောင်ခဲ့ရပါတယ်။

ဟစ်တီတီလူမျိူးစု၇စုထဲ တချိန်က ရောမပြည်ကြီးရဲ့ အထင်ကရတိုက်ခိုက် ရေးလူမျိုးစုတစုပါ။ ၂၀၀၁ခုနှစ်ဧပြီလမှာ ဒီကားကိုပြသခဲ့ပြီး ဒေါ်လာ ၄၃၃သန်းအထိရခဲ့တဲ့ကားကြီးပါ။ ဒီကားဟာ Best Makeup/Effects/Fanstay Film နဲ့ ဆုပေါင်းများစွာရခဲ့သလို WWE ကနပန်းသမားတယောက်ရဲ့ သရုပ်ဆောင်ချက်ဗီလိန်ပိုင်းက အံ့အားသင့်စရာပါပဲ။ ဒီအချိန်မှာတော့ ဒီကားထဲက ScorpionKing ကြီးရဲ့သမိုင်းကိုရိုက်ကူးဖို့မင်းသားရှာနေတဲ့ဒါရိုက်တာကြီး Chuck Russell က The Rock ကို The Scorpion King ကြီးအတွက်ရွေးခဲ့ပါပြီ။ Mathayus ဟာ ဟစ်တီတီလူမျိုးစုတွေထဲကတစုရဲ့နွယ်ဖွားပါ။ နာမာတွေခေတ်ထဲကကြေးစားတိုက်ခိုက်ရေးသမားတွေဖြစ်သလို ထိုမျိုးစုတယောက်က ဘုရင့်စစ်သားအယောက် ၂၀၀လောက်နဲ့ညီမျှသလို သူတို့အသုံးပြုတဲ့လက်နက်တွေဟာ ယနေ့ထိအဖြေရှာမရသေးတဲ့နည်းပညာတွေနဲ့အသုံးပြုခဲ့သူတွေပါ။

အသက်၂၀အရွယ်ရောက်တိုင်း ကျားရိုင်း၁၀ကောင်ကိုလိုက်လံသတ်ရပြီး ထိုသို့သတ်နိုင်မှအကြီးအကဲတွေက စစ်ပညာကိုသင်ကြားပေးပြီး လူမျိုးစုရဲ့တိုက်ခိုက်ရေးသမားတွေအဖြစ်သတ်မှတ်သူပါ။ ဖာရိုတွေ မသိမ်းပိုက်ပဲသီးသန့်ပေးခဲ့ရတဲ့ တစုတည်းသောအီဂျစ် ရောမ ခေတ်အဆက်ဆက်လူမျိုးစုပါ။ The Rock ကထိုလူမျိုးစုရဲ့ Mathayus အဖြစ် သရုပ်ဆောင်ခဲ့ရပါတယ်။ ဒီကားကတော့အားလုံးကြည့်ဖူးကြမှာပါ မပြောတော့ဘူး။ ဒေါ်လာသန်း ၁၆၅သန်းရခဲ့သလို ဒီကားဟာနောက်ပိုင်းTSK တွေကိုပြသဖို့ပထမဆုံးလမ်းဖွင့်မူပါပဲ။ ဒီကားအတွက်ဒေါ်လာ ၅သန်းခွဲအထိ The Rockဟာ အနုပညာကြေးရခဲ့ပါတယ်။

” ရွေးချယ်စရာဆိုတာကိုယ်နဲ့ပဲ ဆိုင်တယ်။ ကျတော်တို့လူတယောက်ချင်းစီတိုင်းမှာမွေးရာပါပါရမီတခုစီပါတယ်။ ဒီပါရမီကိုကြိုးစားအသုံးချရဲဖို့ပဲလိုတယ်။ “
The Rock

၂၀၀၄ခုနှစ်မှာတော့The Rock ဟာ နပန်းလောကကနေအနားယူခဲ့ပြီးဒိုင်အဖြစ် ပဲလုပ်ဆောင်ခဲ့ပါတယ်။ သူရုပ်ရှင်လောကကိုတိုးဖို့နပန်းထက်ပိုစိတ်ပင်ပန်းတဲ့အရာများစွာကို သင်ယူခဲ့ရတယ်။ The Rockရိုက်ခဲ့တဲ့ကားဟာ ယနေ့ထိဆို ၃၀ကျော်တောင်ရှိသွားပါပြီ။ ဒီကားတွေတကားချင်းစီကတော့အားလုံး ကြည့်ဖူးကြမှာဆိုတော့ ထုံးစံအတိုင်းမပြောတော့ပဲသူရိုက်ခဲ့တဲ့ကားကောင်းတွေထဲက ၅ကားကိုပဲပြန်လည်ပြောပါရစေ။ ကိုယ်ကြိုက်တဲ့ကားမပါလို့ဆိုပြီး မပြောကြေးပေါ့ သူရိုက်ခဲ့တဲ့ကားတိုင်းက ရသသုတ တမျိုးစီရှိတတ်တယ်။ ဒီတော့ဒီ၅ကားကိုပဲရွေးချယ်ပါရစေ။

Fast_and_Furious

ရုပ်ရှင်ကားအကြောင်းမပြောခင် ဒီကားရဲ့တခြားနယ်ပယ်တွေကို စိန်ခေါ်လိုက်မူ တွေများလွန်းတယ်။ Machine Action လို့ပြောကြတဲ့ Layer သမားတွေအမြင်က ဒီF&F ဟာကမ္ဘာ့ရုပ်ရှင်လောကမှာအကြီးမားဆုံးကား စတန့်တွေပြုလုပ်မူ ကား company တွေကနေ sponser ပေးမူကြီးမားမူတွေနဲ့အတူ တော်တော် ကြိုးစားခဲ့ကြတဲ့ Film Series ကြီးပါပဲ။ Fast Five မှာ The Rock ပါခဲ့မူကလည်း အံ့အားသင့်စရာပါပဲ စစ်သားတယောက်ရဲ့ Bodyထက်တောင်ကြည့်ကောင်းမူ အပစ်အခတ် အထိုးအကြိတ်က ပြောစရာကိုမလိုဘူး။ Fast Five ကို၂၀၁၁ခုနှစ်မှာပြသခဲ့ပြီး ဒေါ်လာ သန်း၆၃၀နီးပါး ရရှိခဲ့ပါတယ်။ ဒီကားကVin Diesel ကိုယ်တိုင် နဲ့ ထုတ်လုပ်သူ တွေထဲကပါ The Rock ကို ရွေးချင်ခဲ့ပေမယ့်The Rockြ ငင်းခဲ့မူကြောင့်ပထမမပါခဲ့ရဘူး။ နောက်မှ ဒါရိုက်တာရဲ့ အတင်းခေါ်ယူမူကြောင့်ပါဝင်လာခဲ့ ပါတယ်။ သူငြင်းရခြင်းအကြောင်းကလည်း ထိုအချိန်ကရုပ်ရှင်သရုပ်ဆောင်ဘဝကို သူယုံကြည်မူမရှိဖြစ်နေချိန်ပါ။ ဒါပေမယ့်ဒီ F&F ကားကပဲသူ့ကိုယုံကြည်မူထပ်ရစေခဲ့ပါတယ်။ Luke Hobbs ကြီးက လုံးဝအမိုက်စားဇာတ်ကောင်ပေါ့ဗျာ။

Journey_2

The Rock ရဲ့အကြိုက်ဆုံးကားတွေထဲကတကားပါပဲ။ မိဘတစ်ယောက်ရဲ့စိတ်ထားကိုပြသထားသလို adventure film ကားတွေထဲက ကားကောင်းတစ်ကားပါ။ ၂၀၁၂ခုနှစ်ကထွက်ခဲ့ပြီး ဒေါ်လာသန်း ၃၃၅သန်းထိရရှိခဲ့တဲ့ကားတကားပါ။

G_I_Joe

GI Joe ကရုပ်ပြစာအုပ်ထဲကအောင်မြင်မူကကြောက်စရာကောင်းခဲ့သလို ရုပ်ရှင်ကား အဖြစ်ထွက်လာချိန်မှာလဲ အံ့သြစရာကောင်းခဲ့ပါတယ်။ နိုင်ငံပေါင်းစုံကသရုပ်ဆောင်တွေပါဝင်ခဲ့သလို ကိုရီးယားသားကြီး(Korea မှာကျတော်အကြိုက်ဆုံး တစ်ဦးတည်းသောမင်းသားကြီး )လီဗြောင်ဟွန်းလဲပါခဲ့တာပေါ့။ ဒီကားအတွက် လီဗြောင်ဟွန်းဟာ ဂျပန်ဓားပညာကို၆လအထိ သင်ခဲ့ရသလို Gymကစားမူတွေကိုအချိန်ကြာကစားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာဒေါ်လာသန်း ၃၇၅ကျော်ထိရခဲ့သလို highest-grossing filmဖြစ်ခဲ့တဲ့ကားတကားပါ။ G.I.Joe ရဲ့အဖွဲ့ဝင်တယောက်အဖြစ် ပါဝင်ခဲ့တဲ့The Rock ဟာဒီကားမှာလဲအောင်မြင်မူများစွာရရှိခဲ့ပါတယ်။

Hercules

၂၀၁၃ခုနှစ်ဒီကားကိုရိုက်မယ်စီစဉ် တော့ တော်တော်ခေါင်းစားခဲ့ကြတယ်။ခေတ်အဆက်ဆက်နှစ်၆၀ကျော်အတွင်းရိုက်လာခဲ့တဲ့ Hercules မင်းသားတွေဟာ အောင်မြင်မူများစွာရခဲ့ကြ တော်ရုံမင်းသားတွေနဲ့ရိုက်လို့မရနိုင်တဲ့ Hercules ရဲ့မူလဂုဏ်နဲ့ညီရမယ့်ကာယဗလ တွေရှိမှရနိုင်ပါမယ်။ သူ့ရှေ့က Steeve တို့အာနိုးတို့Ferrigno တို့က ကမ္ဘာ့ No.1ကာယ ဗလမောင်တွေလဲဖြစ် Hercules နဲ့လည်းကိုက်တဲ့သူတွေပါ။ ဒါရိုက်တာ BrettကHerculesကို နှစ်၃၀ကျော်ကြာမှ အသစ်ထပ်ရိုက်ဖို့စီစဉ်ခဲ့တယ်။ ဒီတော့Hollywoodမင်းသားထဲ အကြီးဆုံးအတောင့်ဆုံးကိုလိုက်ရှာတယ်။ အရပ်အမောင်းဗလ ရုပ်အနေအထားက The Rock ကလွဲရင် ဒီကားကိုဘယ်သူနဲ့မှရိုက်လို့မရနိူင်ဘူး။ The Rock ကိုယ်တိုင်လဲ Hercules ကိုရိုက်ဖို့မူလထက် ၂ဆကြိုးစားခဲ့ရသလို တရက် ကို၁၃နာရီနှုန်းအားကစားတွေလုပ်ခဲ့ရပါတယ်။

Hercules

နတ်ဘုရားနဲ့လူကမွေးလာခဲ့တဲ့ Hercules ဟာ 12Labours ကိုအောင်မြင်ခဲ့သူပါ။ ပြည်နှင်ဒဏ်ကြောင့်ကြေးစားလူသတ် သမားတဦးဖြစ်လာခဲ့တဲ့ Hercules ဟာ ကိုယ်ခံပညာ ဓားရေး သာမာန်လူသားထက်သာလွန်သူပါ။ Brett က ရှေ့မှာ Xmen တွေရိုက်ထားတော့ ဒီအကွက်ကိုသူအသုံးချတယ်။ The Rock ကိုရှေ့ကသူလုပ်နေကျပုံစံတွေနဲ့မတူအောင် ဓားရေးပါသင်ခိုင်းခဲ့တယ်။ ထူးခြားမူကတော့ Hercules ကားမှာThe Rockလိုငမာကောင်ကြီးတောင်ပင်ပန်းလို့ နေပူထဲမူးလဲမှုတွေရှိခဲ့ပါတယ်။ တခြားမင်းသားဆိုနေရာမှာတင်အသက်ထွက်နေလောက်ပြီ။ ဒါကမင်းသားတယောက်ဆိုတာနဲ့ မိတ်ကပ်တပိဿ အကျီ ၤခေါက်ရိုးမကြေပဲရုပ်ချောမှ တော်ကီကောင်းမှလို့ထင်ကြတဲ့ သရုပ်ဆောင်တွေအဖို့ရှက်စရာပါပဲ။

ဘယ်လွယ်ပါ့မလဲ Hollywood’တို့Bollywoodတို့လို ကမ္ဘာ့အကြီးဆုံးရုပ်ရှင်နယ်ပယ်မှာ သရုပ်ဆောင်တဦးဖြစ်ဖို့သာမာန်ရူတင်သွား အသားရေထိန်း ဟိုလျှောက်ဒီလျှောက် ချခန်းစတန့်ခန်းလူစားထိုး ပြီးရင်ကိုယ်တိုင်လုပ်ကြည့်ဘယ်လောက် ခက်လဲပြန်ပြောနိုင်ရုံလောက်နဲ့ ပရိတ်သတ်အားမရမူကို ပြန်ရန်တွေ့ဖို့လောက်နဲ့ တကယ့်သရုပ်ဆောင်တဦးဘယ်ဖြစ်နိုင်ပါ့မလဲ။ ဒီHercules ကားကို ရိုက်ဖို့၂၀၀၄ခုနှစ် မတိုင်ခင်ထဲက The Rockကိုကမ်းလှမ်းခဲ့ဖူးတယ် စီလဲစီစဉ်ခဲ့ဖူးတယ်။ဒါပေမယ့် ၂၀၁၄ခုနှစ်မှတကယ်ရိုက်ဖြစ်ခဲ့ကြတယ်။ ဒီကားကိုရိုက်ဖို့လူရွေးပွဲလုပ်မယ်လို့Paramount ကိုကြေငြာထဲက ဂီတဘုရင်မကြီးထဲကတဦးဖြစ်တဲ့ Mariah Carey ကThe Rockကို ရွေးသင့်တယ်လို့သူမကထောက်ခံခဲ့ပါတယ်။ သန်း ၂၅၀နီးပါးရတဲ့ဒီ Hercules ကားဟာလဲ TheRock ရဲ့ကားကောင်းတွေထဲကတကားပါ။

” ခန္တာကိုယ်ကြံ့ခိုင်ဖို့အားကစားလုပ်ရတယ်။ ကျတော်တို့အောင်မြင်မူရဖို့တော့ အခက်အခဲတွေကိုရင်ဆိုင်ရဲရတယ်။ “
The Rock

San_Andreas

2012 တို့World War Zတို့ ကြည့်ဖူးကြမှာပေါ့ ။ လူအင်အား Crama အားနဲ့ လုပ်ချလိုက်တဲ့ Hollywood ကားကြီးတွေ။ ဒါပေမယ့် ဒီSan Andreas ကားကတော့ ခွဲထွက်ပစ်တယ်။ Roadshow Studios ကြီးထဲလူတစု ၄လတိတိ မနားမနေဒီကားကိုDesignဆွဲကြ Crama အချိတ်အဆက်တွေတွက်ကြတယ်။ Ray ဆိုတဲ့ကယ်ဆယ်ရေးသမားတစ်ယောက်ရဲ့ ရုန်းကန်မူကို ပြသထားတဲ့ကားကြီးဖြစ်ပါတယ်။ငလျင်တွေမုန်တိုင်းတွေနဲ့မြို့ကြီးကပျောက်ကွယ်မလိုဖြစ်နေချိန် ဒီကယ်ဆယ်ရေးသမားရဲ့နေရာကဘယ်လို ရုန်းကန်ခံစားသွားလဲဆိုတာကိုရိုက်ပြထားတဲ့ ကားကောင်းတစ်ကားပါပဲ။ ၄၇၄သန်းကျော်ရရှိခဲ့ပြီး The Rock ရဲ့ ခွဲထွက်လာတဲ့သရုပ်ဆောင်မူတခုကိုပြသခဲ့တဲ့ ၂၀၁၅ရဲ့ ကားကောင်းတကားပါပဲ။

လက်ရှိထိ The Rock ရိုက်ခဲ့တဲ့ကားတွေပြောပါဆိုရင် …

Longshot (2000) /The Mummy Returns (2001)/The Scorpion King (2002)/The Rundown (2003)/Walking Tall (2004)
Be Cool (2005)/Doom (2005)/Gridiron Gang (2006)/Reno 911!: Miami (2007)/Southland Tales (2007)/The Game Plan (2007)/Get Smart (2008)/Race to Witch Mountain (2008)/Planet 51 (2009)

Tooth Fairy (2010)/Why Did I Get Married Too? (2010)/The Other Guys (2010)/You Again (2010)/Faster (2010)
Fast Five (2011)/Journey 2: The Mysterious Island (2012)/Snitch (2013)/G.I. Joe: Retaliation (2013)/Pain & Gain (2013)
Fast & Furious 6 (2013)/Empire State (2013)

Hercules (2014)/Furious 7 (2015)/San Andreas (2015)/Central Intelligence (2016)/Moana (2016)/The Fate of the Furious (2017)/Baywatch (2017)/Jumanji: Welcome to the Jungle (2017)/Rampage (2018)/Skyscraper(2018)/Fighting with My Family(2019)

ကားတွေပဲဖြစ်ပါတယ်။ 3Dကာတွန်းကားတွေမှာ အသံသရုပ်ဆောင်အဖြစ်ပါခဲ့သလို တကားချင်းစီဟာ ရသတမျိုးစီ သရုပ်ဆောင်မူကွဲပြားစွာထွက်ခဲ့တာတွေချည်းပါ။ ဟာသ၊ အက်ရှင်၊ အငိုအလွမ်း၊ မေတ္တာဖွဲ့အကုန်ရတဲ့လူသန်ကြီးပါပဲ။ F&F 8 တို့Mona တို့လဲရှယ်ကြည့် သင့်တဲ့ကားတွေဖြစ်နေသလို Baywatch /Jumanji တို့ကလဲ ၂၀၁၇ခုနှစ်မှာပြသခဲ့ပြီး အောင်မြင်မှုတွေရခဲ့ပြီးပါပြီ။ ဒါတင်မကပါဘူးThe Rock ဟာဂီတဖက်မှာလဲပါရမီရှိသူပါ။ Journey ကဇာတ်ဝင်တေး Be Coolကဇာတ်ဝင်တေး Tooth Fairy ကဇာတ်ဝင်တေးတွေကိုလဲကိုယ်တိုင်ဆိုထားခဲ့သလို WWE သီချင်းတချို့ကိုလည်း ဆိုထားခဲ့သူပါ။The Rock ရခဲ့တဲ့ဆုတွေပြောပါဆိုရင် Pro Wrestling Illustrated / WWE World Champion အပြင် နပန်းဆုပေါင်း၅၀ကျော်နဲ့ People Choice Award ကြီး အပြင် ၂၀၁၇ခုနှစ်မှာ Hollywood Walk of Fame မှာမှတ်တမ်းတင်ခံရမယ့်သူအဖြစ် သမိုင်းဝင်သွားခဲ့ပါပြီ။

အပေအတေလူဆိုးဘဝကနေ ၉ ခါတိတိအဖမ်းခံရ ထောင်၁၁လကျဖူးတဲ့ ဒီလူမိုက်က အမေကြောင့်လိမ်မာလာရင်းဘောလုံးကစားသမားဘဝထဲရောက်ခဲ့တယ်။ အောင်မြင်ခဲ့တယ်။ နပန်းသမားဘဝကိုရောက်လာခဲ့တယ်။ ကမ္ဘာ့အထင်ကရ WWE သမိုင်းရဲ့နာမည်အကြီးဆုံးလူတယောက်ဖြစ်ခဲ့တယ်။ ထိုကတဆင့်ရုပ် ရှင်လောကထဲမအူမလည်နဲ့ထပ်ဝင်လာခဲ့တယ်။ ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးမင်းသားအဖြစ် ၂၀၁၆မှာကြေငြာခံလာရတယ်။ ဟုတ်ပါတယ် The Rock ဟာ 64.5 million နဲ့ ၂၀၁၆နှစ်ရဲ့ဝင်ငွေအမြင့် ဆုံးမင်းသားဖြစ်လာခဲ့ပါတယ်။ သြော်ဒါတင်မ ကဘူး DC ရဲ့ Hero တစ်ကောင်ဖြစ်တဲ့Shazam အနေနဲ့လဲ Black Adam အဖြစ်ပါဝင်လာဦးမှာပါ။ ဒါတင်မကသေးဘူး အမေရိကန်သမ္မတအဖြစ်ပါရွေးကောက်ခံဖို့လုပ်ခဲ့သူပါ။

” လူသားချင်းအနိုင်ကျင့်မူတွေကိုကျွန်တော်ရှုံ့ချတယ်။ ခဗျားသိပ်အနိုင်ကျင့်ချင်ရင် ကြိုးဝိုင်းထဲကိုလာခဲ့လိုက်။ လက်ဝှေ့ နပန်းကိုယ်ခံပညာပြိုင်ပွဲတွေကမ္ဘာမှာအများကြီးဝင်ပြိုင်လို့ရတယ်။ လက်နက်မဲ့သူ အင်အားမရှိသူကို အနိုင်ယူခြင်းကလူမဆန်တဲ့လူသားတွေရဲ့လုပ်ရပ်ပဲ။ ကျတော်တို့ကလူ့ဘောင်ကျော်ပြီးဘယ်တော့မှ ငြိမ်းချမ်းသူတွေမဖြစ်နိုင်ဘူး “
The Rock

” ကျတော် အရိုးသားဆုံးပြောမယ်။ ကျတော်တို့ကနိုင်ငံသားတွေ ဘယ်လူမှနိုင်ငံရေးနဲ့မကင်းနိုင်ဘူး”

ဘောလုံးအသင်းကအထုတ်ခံရလို့စိတ်ကျရောဂါကို ခံစားခဲ့ရသူ။ ညအိပ်ပျော်ရင်း အသက်ရှူခက်ခဲတဲ့ရောဂါကိုခံစားခဲ့ရသူ။ WWEကြောင့်ကြွက်သားပြဲရာက ယခုထိဒဏ်ခံနေရသူ။ ရုပ်ရှင်လောကရဲ့ဝေဖန်မူတွေကြောင့် သရုပ်ဆောင်ဘဝကို အားငယ်ခဲ့ရသူ။ သူသာဒေါသကိုရှေ့ထားခဲ့ရင် သူ့ကိုစော်ကားတဲ့လူတိုင်းကိုအပြင်မှာအမှုန့်ခြေလို့ရတဲ့သူက မိခင်ကြောင့်အသက်၂၀ကျော်ထဲက ဘယ်တော့မှအပြင်မှာ လက်နဲ့ မရှင်းခဲ့တော့ပါဘူး။ ဒီလူသန်ကြီးမှာလည်း ခုလိုအားငယ်ငိုခဲ့ရတဲ့အချိန်တွေရှိတယ်။ F&F ရိုက်နေတုန်းသူလက်ထိသွားတယ်။ ထိုနေ့ကအမေ့မွေးနေ့ ။ စန်တာကလော့အကျီ ၤကြီးနဲ့မိခင်ရဲ့မွေးနေ့ကို သွားကျင်းပပေးခဲ့တယ်။ သူငိုခဲ့ရတဲ့အချိန်တွေအနှိမ်ခံခဲ့ရတဲ့ငယ်ဘဝအတိတ်တွေ လူတိုင်းကငပေါကြီးလို့ လှောင်ခံရတဲ့ လူငယ်တဦးရဲ့ စိတ်ဒဏ်ရာကို ကိုယ်တိုင်ခံစားဖူးမှသိလိမ့်မယ်။ ဒါပေမယ့်ယနေ့အချိန်အချိန်မှာတော့ ထိုငပေါကြီးဟာနယ်ပယ်ပေါင်းစုံရဲ့ အထင်ကရလူသားကြီးဖြစ်လာခဲ့ပါပြီ။

စိတ်အားမငယ်နဲ့ စိတ်ဓာတ်မကျနဲ့ လောကမှာကိုယ်ကအရှုံးမပေးမရပ်သ၍ ဘယ်ပန်းတိုင်မှ မပျောက်သွားပါဘူး။ တလောကလုံးကသောက်ပေါပါ ပေါ်ပင်ပါလို့ပြောနေလဲ ခဗျားသာစိတ်ဓာတ်မကျရင် ထိုသို့ပြောသူတွေထက်သာတဲ့နေရာတခုကိုမလွဲမသွေရလာမှာပါ။

“ကျတော်တို့ဟာ စိတ်ဓာတ်ကျခြင်းကို ပထမဆုံးခံစားရသူတွေမဟုတ်သလို နောက်ဆုံးခံစားရသူတွေလည်း မဟုတ်ဘူးလူတိုင်းစိတ်ဓာတ်ကျဖူးကြတယ်။ တပါထဲအထီးကျန်မူပါ ခံစားဖူးကြတယ်။”
The Rock

သူဟာ ဘဝရဲ့အဆိုးဆုံးအချိန်တွေကိုရင်ဆိုင်ခဲ့ရပေမယ့် စိတ်ဓာတ်ကျမူမှာအချိန်မကုန်ခဲ့ဘူး။ Jumanji ကိုရိုက်တော့လဲသူဟာ စိတ်ဓာတ်ကျမူများစွာခံခဲ့ရတယ်။ ဒါရိုက်တာ Johston ကရှေ့ကရိုက်ထားတဲ့မင်းသားကြီးRobin Williams ရဲ့ကားကိုပြန်ရိုက်မှာမဟုတ်ပဲ အသစ်ပြန်ရိုက်မူမှာ The Rock ကိုဝေဖန်မူတွေရှိခဲ့တယ်။ ဒါပေမယ့်လဲအဆင်ပြေစွာပဲ ၂၀၁၇ခုနှစ်မှာ ပြသပြီး အောင်မြင်မှုကို ရယူခဲ့ပြီးပါပြီ။ ဘယ်လိုပဲစိတ်ဓာတ်ကျမူတွေရှိခဲ့ခဲ့ အနှိမ်ခံရခဲ့ခဲ့ The Rock ဟာ ယနေ့အချိန်မှာတော့ WWE /ရုပ်ရှင် ၂ခုလုံးမှာ အထင်ကရလူသားကြီးအဖြစ် သမိုင်းဝင်ခဲ့ပါပြီ။ ကျတော်တို့စိတ်ဓာတ်ကျကြအနှိမ်ခံရ အထီးကျန်တတ်ကြတယ်။ ဒါဆိုTheRock ကိုကြည့်လိုက်ပါ သူ့လောက်ကျတော်တို့မဆိုးသေးပါဘူး။

စာရေးသူ သုံးသပ်ချက်

The Rock ဟာသာမာန်မိသားစုကနေမွေးဖွားခဲ့ပြီး အိမ်ခန်းကျဉ်းလေးထဲမှာ WWE မရောက်ခင်ထိနေခဲ့ရသူပါ။

The Rock ဟာသူဌေးသားတွေခိုင်းရင်ဘာမဆိုလုပ်ပေးရတဲ့လူပေါတယောက်ဖြစ်ခဲ့သူပါ။

The Rock ဟာဘောလုံးသမားဘဝနဲ့လဲအောင်မြင်ခဲ့သူပါ။

The Rock ဟာဘောလုံးအသင်းကအထုတ်ခံရမူနဲ့တပြိုင်နက် စိတ်ကျရောဂါရခဲ့သူပါ။

The Rock ဟာ WWEကိုမရောက်ခင်ကြေးစား တရားမဝင်သတ်ပွဲတွေမှာနပန်းသမားဖြစ်ခဲ့သူပါ။

The Rock ဟာ WWE ရဲ့ ချန်ပီယံ ဖြစ်တဲ့ ၆ယောက်မြောက်နပန်းသမားပါ။

The Rock ရဲ့ အတ္ထုပ္ပတ္တိစာအုပ်ဟာစာပေလောကမှာလဲ The New York TimesBest Seller စာအုပ်ဖြစ်ခဲ့ပါတယ်။

The Rock ဟာ ၂၀၁၆ ခုနှစ်ရဲ့ ဝင်ငွေအမြင့်ဆုံးမင်းသားဖြစ်သလို Best 20 Actorsမှာလဲပါဝင်ထားသူပါ။

The Rock ဟာ Hollywood Walk of Fame မှာလဲ ၂၀၁၇ခုနှစ်မှာသမိုင်းဝင်ခံရမယ့်မင်းသားပါ။

Top 100 Most Powerful Celebritiesမှာလဲ No.25 ဖြစ်သလို သူရရှိခဲ့တဲ့ ၂၀၁၅ခုနှစ်ထိ အနုပညာကြေးထဲက ဒေါ်လာ သန်း၂၀ကိုလှူတန်းခဲ့သူပါ။

The Rock ဟာလက်ရှိမှာလဲ WWEမှာပြန်လည်ပါဝင်နေသူဖြစ်သလို သူပြန်လည်ပါဝင်တဲ့နှစ်တွေအတွင်းမှာလဲ ဆုတွေထပ်မံရရှိထားသူပါ။WWE Hall Of Fame မှာလဲသမိုင်းဝင်ထားခဲ့သူပါ။

The Rock ဟာ နပန်းသမား မင်းသားအပြင် ကာယနည်းပြ ရုပ်ရှင်ထုတ်လုပ်သူအဖြစ်ပါလုပ်ကိုင်နေသူဖြစ်နေပါပြီ။

The Rock ဟာသူ့လမ်းစဉ်လိုက်လာတဲ့ ငယ်ဘဝပိုကြမ်းခဲ့ရတဲ့ John Cena ကိုလဲကူညီမူများစွာပေးခဲ့ပြီး John Cena ဟာလဲလက်ရှိမှာ Hollywood ရဲ့မင်းသားတဦးဖြစ်လာခဲ့သူပါ။

The Rock ဟာသူတချိန်ကအနှိမ်ခံ အထုတ်ခံခဲ့ရတဲ့ မီယာမီတက္ကသိုလ်ကိုလဲ အားကစားအတွက်ဒေါ်လာ တစ်သန်းထိလှူခဲ့သလို ကမ္ဘာ့အစာအဟာရချို့တဲ့ကလေးသူငယ်များအတွက်လဲဒေါ်လာ ၃၉သန်းထိလှူတန်းထားခဲ့ပါပြီ။

The Rock ဟာ ဘောလုံးသမား နပန်းသမားကြေးစားနပန်းသမား ဘဝကနေ Hollywoodရဲ့ Top 25 ထဲပါဝင်လာတဲ့တဦးတည်းသောWWE ရဲ့ တဦးထဲသောမင်းသားပါ။

Ref : TheRock : “Best Sellers Plus”
Dwayne Johnson Twitter
World’s 100 Most Influential-People

ထက်ဝန

[ Music Review ပဲရေးတတ်တဲ့သူဖြစ်လို့ ခုလိုနယ်ပယ်ပေါင်းစုံက King တစ်ယာက်အကြောင်း Film Star တစ်ယောက်အကြောင်းရေးသားရာမှာ လိုအပ်ချက်တွေပါနိုင်ပါတယ်။ ဒါကြောင့်The Rock fansများ နားလည်ပေးဖို့မျော်လင့်မိပါတယ်။ ]

Tags: world actorsworld people
Next Post
စစ်နတ်ဘုရားရဲ့သားတော်များ (သို့) ကမ္ဘာ့သမိုင်းထဲက ကြေးစားစစ်သည်တော် သူရဲကောင်းများ

စစ်နတ်ဘုရားရဲ့သားတော်များ (သို့) ကမ္ဘာ့သမိုင်းထဲက ကြေးစားစစ်သည်တော် သူရဲကောင်းများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!