• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 21, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ပထမဆုံး ကွန်ပြူတာ ပရိုဂရမ်မာ

by Thutamm
August 7, 2019
Reading Time: 1min read
0
ကမ္ဘာ့ပထမဆုံး ကွန်ပြူတာ ပရိုဂရမ်မာ
Share on FacebookShare on Twitter

ယနေ့ ကမ္ဘာမှာ ပရိုဂရမ် language ပေါင်းများစွာ ရှိနေပြီ ဆိုတာ အားလုံးအသိပါ။ ဒါပေမယ့် ပထမဆုံး ပရိုဂရမ်မာအဖြစ် သတ်မှတ်ခံရသူ ကတော့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူရေးခဲ့တဲ့ ပရိုဂရမ်ကတော့ ယနေ့ခေတ်လို Language စစ်စစ်မဟုတ်ပဲ စဦးကွန်ပျူတာလို့ ခေါ်ရမယ့် Analytical Engine ရဲ့ Algorithm ကို ရေးခဲ့သူဖြစ်ပါတယ်။ ၁၈၀၀ ပြည့်နှစ်လွန်ကာလမှာ ရေးတဲ့အတွက် ဒီပရိုဂရမ်ဟာ ပထမဆုံး ကွန်ပျူတာ ပရိုဂရမ်လို့ သတ်မှတ်ခံရသလို Ada Lovelace ကိုလည်း ပထမဆုံး ကွန်ပျူတာ ပရိုဂရမ်မာလို့ ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။

တကယ်တော့ Ada ဟာ ကွန်ပျူတာ ပရိုဂရမ်မာ စစ်စစ်မဟုတ်ပါဘူး။ ကျွမ်းကျင်လွန်းတဲ့ သင်္ချာပညာရှင်တစ်ယောက်သာဖြစ်ပါတယ်။ Ada Lovelace ဖြစ်လာမယ့် Ada Byron ကို ၁၈၁၅ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ လန်ဒန်မြို့မှာမွေးဖွားခဲ့ပါတယ်။ သူမရဲ့ဖခင်ကတော့ အင်္ဂလိပ်လူမျိုး ကျော်ကြားတဲ့ ကဗျာဆရာ နဲ့ နိုင်ငံရေးသမား Lord Byron ဖြစ်ပါတယ်။

သူမရဲ့ မိခင် နဲ့ ဖခင်ဟာ အိမ်ထောင်ရေးအဆင်မပြေပါဘူး။ ဖခင်ဖြစ်သူဟာ သူမမွေးပြီး လအနည်းငယ်အကြာမှာ မိခင်နဲ့ သူမကို ထားပြီး အင်္ဂလန်ကနေ ထွက်ခွာသွားပါတယ်။ အဲဒီအချိန်က စလို့ သူမ ဖခင်နဲ့ ဘယ်တော့မှ ပြန်မတွေ့တော့ပါဘူး။ (သူမဖခင်ဟာ သူမ ၈နှစ်အရွယ်မှာ ဂရိတွင် သေဆုံးခဲ့ပါတယ်)။

မိခင်ဖြစ်သူဟာ ဖခင်အပေါ် စိတ်နာခဲ့ပြီး သမီးဖြစ်သူကို ဖခင်ရဲ့စိတ် နဲ့ ဝါသနာတွေရောက်ရှိမလာစေဖို့ အပူတပြင်း ကြိုးစားခဲ့ပါတယ်။ ဒါကတော့ Ada ငယ်ရွယ်စဉ်မှာပဲ အရွယ်နဲ့ မလိုက်တဲ့ သင်္ချာနဲ့ သိပ္ပံပညာရပ်တွေကို သင်ကြားစေခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒီလိုဘာသာရပ်တွေ သင်ကြားဖို့ဆိုတာ မိန်းကလေး တစ်ယောက်အတွက် တစ်ကယ့်စိန်ခေါ်မှုပါပဲ။ ဒါပေမယ့် မိခင်ဖြစ်သူဟာ Ada ဖခင်ရဲ့လွှမ်းမိုးမှုတွေ Ada အပေါ်မသက်ရောက်စေချင်တာကြောင့် Ada ကိုယ်တိုင် ကြီးကျယ်မြင့်မြတ်သူ တစ်ယောက်ဖြစ်လာစေဖို့ အခုလိုသင်စေခဲ့ခြင်းဖြစ်ပါတယ်။

မိခင်နဲ့ ဖခင်ဖြစ်သူ

သူမကို ပညာရပ်တွေ သင်ကြားပေးတဲ့သူတွေကတော့ William Frend လို့ခေါ်တဲ့ ပြုပြင်ပြောင်းလဲရေးသမား ၊ William King ဆိုတဲ့ မိသားစု ဆရာဝန် ၊ Mary Somerville ဆိုတဲ့ သင်္ချာနဲ့ နက္ခတ်ဗေဒပညာရှင် တို့ဖြစ်ပါတယ်။ Somerville ကတော့ တော်ဝင်နက္ခတ်ဗေဒအသင်းကြီးကို ပထမဆုံးဝင်ရောက်ခွင့်ရခဲ့တဲ့ အမျိုးသမီး နက္ခတ်ဗေဒပညာရှင်ဖြစ်ပါတယ်။ Ada ကိုယ်တိုင်ကလည်း ပါ၇မီပါသူဖြစ်တာကြောင့် ဆယ်ကျော်သက်အရွယ်မှာတင် သင်္ချာ နဲ့ နက္ခတ်ဗေဒ ပညာရပ်တွေမှာ ပညာရှင်တစ်ဦးအလား ကိုယ်တိုင်ဖော်မြူလာ အသစ်တွေတွက်ချက်နိုင်တဲ့ အဆင့်အထိရောက်ခဲ့ပါတယ်။

သူမ အသက် ၁၇နှစ်အရွယ်မှာတော့ Charles Babbage နဲ့ သွားဆုံခဲ့ပါတယ်။ Charles Babbage ဆိုတာကတော့ သင်္ချာပညာရှင်နဲ့ တီထွင်သူတစ်ယောက်ဖြစ်ပြီး နောင် ကွန်ပျူတာရဲ့ ဖခင်အဖြစ် သတ်မှတ်ခြင်းခံရမယ့် သူပါ။ Mary ကနေ တစ်ဆင့် သိကျွမ်းခဲ့တာဖြစ်ပြီး Charles Babbage တီထွင်နေတဲ့စက်(Analytical Engine) ဒီဇိုင်းကို လေ့လာခွင့်ရခဲ့ပါတယ်။ စက်က အကြမ်းအဆင့်သာရှိသေးပြီး လိုနေတာကတော့ စက်ကို အလုပ်လုပ်စေမယ့် ပရိုဂရမ်ပါ။ Ada စိတ်ဝင်စားသွားပြီး Charles Babbage ကို ကူညီခဲ့တယ်။

Charles Babbage က Ada ကို ပရိုဂရမ်ရေးတဲနေရာမှာ အထောက်အကူဖြစ်စေမယ့် စာတမ်းတစ်စောင်ပေးခဲ့တယ်။ ဒါကတော့ အီတလီသင်္ချာပညာရှင် Luigi Federico Menabrea (နောင်အီတလီ ဝန်ကြီးချုပ်) က ဆွစ်ဂျာနယ်မှာရေးခဲ့တဲ့ စာတမ်းပါ။ Ada က ဒီစာတမ်းကိုလေ့လာပြီး မူရင်း ပြင်သစ်ဘာသာကနေ အင်္ဂလိပ်ဘာသာကို ပြန်ခဲ့ရုံမက သူမရဲ့အတွေးအခေါ် ၊ ဖော်မြူလာတွေကိုပါထည့်ရေးခဲ့တာကြောင့် စာတမ်းက မူလထက် ၃ဆလောက် ပိုရှည်သွားခဲ့တယ်။ Algorithm ကိုရေးသားရာမှာ အစ စာလုံးတွေကို သူမနာမည် Augusta Ada Lovelace ရဲ့ အတိုကောက် A.A.L ကို သုံးခဲ့တယ်။ ၁၈၄၃ခုနှစ်မှာ သူမရဲ့ ပထမဆုံး ပရိုဂရမ်ကို မိတ်ဆက်ပြသနိုင်ခဲ့တယ်။ အဲဒီတုန်းက သူမရဲ့အသက်ဟာ ၂၇နှစ်ပဲ ရှိပါသေးတယ်။

သူမရဲ့ စာတမ်းမှာ စက်အတွက် ကုဒ်တွေကို ဘယ်လိုဖန်တီးပြီး ကိန်းဂဏန်းတွေနဲ့ သင်္ကေတတွေကို ဘယ်လိုအလုပ်လုပ်စေကြောင်း ရှင်းပြထားတယ်။ သူမရဲ့နည်းလမ်းဟာ ယနေ့ခေတ် သုံးနေတဲ့ ကွန်ပျူတာ ပရိုဂရမ်နည်းလမ်းတွေနဲ့ ဆင်ပါတယ်။ ဒါကြောင့် သူမကို ပထမဆုံး ကွန်ပျူတာ ပရိုဂရမ်မာ လို့ သတ်မှတ်ကြခြင်းဖြစ်ပါတယ်။ Ada ရဲ့ note တွေဟာ စဦးကွန်ပျူတာတွေအတွက် အလွန်အရေးပါခဲ့ပါတယ်။ ဒါပေမယ့် သူမသက်ရှိထင်ရှား ရှိနေဆဲမှာ သူမရဲ့ လုပ်ဆောင်မှုဟာ နာမည်မကြီးခဲ့ပဲ သေပြီးမှ နာမည်ကြီးခဲ့တာဖြစ်ပါတယ်။

သူမဟာ အခြားငွေကြေးဆိုင်ရာ ပရိုဂရမ်အချို့ကို ရေးသားဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၁၈၃၅ခုနှစ်မှာတော့ William King နဲ့လက်ထပ်ခဲ့ပြီးနောက် သာယာတဲ့အိမ်ထောင်ရေးတစ်ခုဖြစ်ခဲ့ပါတယ်။ သားသမီး ၃ယောက်ရခဲ့ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ပံ့ပိုးအားပေးမှုကြောင့် Ada ဟာ သူမရဲ့ ပညာရပ်တွေကို ဆက်လက်လေ့လာ ကြိုးစားခွင့်ရခဲ့ပါတယ်။ သူမတို့ ဇနီးမောင်နှံမှာ ရင်းနှီးတဲ့မိတ်ဆွေများစွာ ရှိခဲ့ပြီး အဲဒီအထဲမှာ လျှပ်စစ်ရဲ့ဖခင်တစ်ယောက်ဖြစ်တဲ့ ပညာရှင်ကြီး မိုက်ကယ်ဖာရာဒေး နဲ့ စာရေးဆရာကြီး ချားလ်ဒစ်ကင်း တို့လည်းပါဝင်ပါတယ်။

ပညာထက်မြက်လွန်းသူဖြစ်ပေမယ့် Ada အသက် မရှည်ခဲ့ပါဘူး။ ၁၈၃၇ခုနှစ်မှာကတည်းက ရောဂါတစ်ရှောင်ရှောင်ဖြစ်ခဲ့ပါတယ်။ အမြဲလိုလို ဆရာဝန်တွေပေးတဲ့ အကိုက်အခဲပျောက်ဆေးတွေကို သောက်ခဲ့ရပေမယ့် သူမရဲ့ ကြိုးစားလေ့လာမှုကို မလျှော့ခဲ့ပါဘူး။ သူမ အသက် ၃၆နှစ်အရွယ် ၁၈၅၂ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှာတော့ သားအိမ်ကင်ဆာနဲ့ သေဆုံးသွားခဲ့ပါတယ်။

Ada ရဲ့နာမည်ဟာ ၁၉၅၀ ခုနှစ် မတိုင်မီ အထိ ထင်ပေါ်ခြင်းမရှိပဲ ကွန်ပျူတာသိပ္ပံနယ်ပယ်နဲ့ မပတ်သတ်တဲ့ သင်္ချာပညာရှင်တစ်ယောက်အဖြစ်သာ သတ်မှတ်ထားခြင်းခံရပါတယ်။ ဒါပေမယ့် ၁၉၅၃ခုနှစ်မှာ အင်္ဂလိပ်သိပ္ပံပညာရှင် နဲ့ စာရေးဆရာ B.V. Bowden က Ada ရဲ့ မှတ်စုတွေကို Faster Than Thought: A Symposium on Digital Computing Machines ဆိုတဲ့နာမည်နဲ့ ပြန်လည်ဖော်ထုတ်ခဲ့ရာမှ လူသိများခဲ့ပြီး ကမ္ဘာကျော်ခဲ့တာပါ။

အမျိုးသမီးတစ်ယောက်အနေနဲ့ သူမရဲ့ စွမ်းဆောင်မှုအတွက် နယ်ပယ်အသီးသီးက ချီးကျူးမှုတွေကို ရရှိခဲ့ပါတယ်။ ၁၉၈၀ခုနှစ်မှာ အမေရိကန် ကာကွယ်ရေးဌာနက ကွန်ပျူတာပရိုဂရမ် အသစ်တစ်ခုရဲ့ အမည်ကို Ada လို့ပေးပြီး သူမကို ဂုဏ်ပြုခဲ့ပါတယ်။ သူမသေဆုံးသွားခဲ့တာ နှစ်ပေါင်း တစ်ရာကျော်ပြီဖြစ်ပေမယ့် ပထမဆုံး ကွန်ပျူတာ ပရိုဂရမ်မာဆိုတဲ့ သူမရဲ့ ဂုဏ်ပုဒ်က ကျန်ရစ်နေဆဲဖြစ်ပါတယ်။

သုတဇုန်

Tags: world people
Next Post
မြန်မာ့သိုင်း အကြောင်း သိကောင်းစရာ

မြန်မာ့သိုင်း အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!