Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း

by Thutamm
August 17, 2019
Reading Time: 1min read
0
ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း
Share on FacebookShare on Twitter

ယနေ့ လူတွေအသုံးအများဆုံး အချိန်တွေကို အကုန်ဆုံးစေဆုံး အရာဟာ စမတ်ဖုန်းတွေဖြစ်နေတယ် ဆိုတာကို သိကြပါလိမ့်မယ်။ စမတ်ဖုန်းဆိုတာ မိုဘိုင်းဖုန်းရဲ့ လုပ်ဆောင်ချက်အပြင် တွက်ချက်ခြင်း နဲ့ အခြားလုပ်ဆောင်ချက်များစွာကို လုပ်ဆောင်နိုင်တဲ့ဖုန်းကို ဆိုလိုပါတယ်။ ယနေ့ခေတ်စမတ်ဖုန်းတစ်လုံးဟာ လုပ်ဆောင်ချက်ပေါင်းမြောက်များစွာကို လုပ်ဆောင်နိုင်နေပါပြီ။ ဗီဒီယို ၊ ကင်မရာ ၊ နာရီ ၊ ရီကော်ဒါ ၊ အင်တာနက် အစရှိတဲ့ ယခင်က ပစ္စည်းတစ်ခုချင်းစီ မှာ သာသုံးနိုင်တဲ့အရာတွေကို စမတ်ဖုန်းတစ်လုံးတည်းကနေ လုပ်ဆောင်နိုင်နေပါပြီ။ ဒီအဆင့်အထိ ဖြစ်လာအောင် အဆင့်ဆင်တီထွင်ဖန်တီးခဲ့ကြခြင်းဖြစ်ပါတယ်။

ဒီနေ့ဆိုရင် စမတ်ဖုန်းတွေပေါ်ခဲ့တာဟာ နှစ်ပေါင်း ၂၆နှစ်ကျော်လို့ ၂၇နှစ်ထဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများအတွက် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ရဲ့ အကြောင်းကို ဝေမျှလိုက်ပါတယ်။

ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းအဖြစ် သတ်မှတ်ခံထားရတာကတော့ IBM Simon ဖုန်းပဲဖြစ်ပါတယ်။ အရှည်ကောက်အနေနဲ့ကတော့ The IBM Simon Personal Communicator လို့ခေါ်ပါတယ်။ ပထမဆုံး touch screen ဖုန်းဖြစ်ပြီး အဲဒီတုန်းကစမတ်ဖုန်း ဆိုတဲ့အသုံးအနှုန်းကိုတောင် မသုံးသေးပါဘူး။ ဒါကြောင့် IBM Simon ကို စမတ်ဖုန်းတွေရဲ့ဖခင်ကြီးလို့တောင် တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။

ဒီ IBM Simon စမတ်ဖုန်းရဲ့ အစကိုပြောရရင် IBM အင်ဂျင်နီယာတွေ တီထွင်ခဲ့တဲ့  Angler အမည်ရ ကိရိယာလေးကနေ စရပါမယ်။ ဒီ Angler ကိရိယာနည်းပညာကို ပထမဆုံးအနေနဲ့ ၁၉၉၂ခုနှစ် လတ်ဗီးဂတ်စ် မှာ ပြသခဲ့တဲ့ COMDEX နည်းပညာပြပွဲမှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။

အဲဒီ Angler နဲ့ မိုဘိုင်းဖုန်းတစ်လုံးနဲ့ ပေါင်းစပ်ရာလိုက်တဲ့အခါမှာ ဖုန်းတစ်လုံးဟာ ဖုန်းပြောရုံသာမက PDA(Personal digital assistant) လို့ခေါ်တဲ့ လက်ကိုင်ကွန်ပျူတာ တစ်လုံးလို လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီ Angler ကိရိယာရဲ့ ဒီဇိုင်နာဖြစ်တဲ့ Frank Canova နဲ့ IBM အင်ဂျင်နီယာတွေကို ပထမဆုံးစမတ်ဖုန်းတီထွင်သူတွေအဖြစ် USA Today သတင်းစာက ဖော်ပြခဲ့တာပါ။

IBM Simon စမတ်ဖုန်းအဖြစ် လူတွေရဲ့ လက်ထဲကို စတင်ရောင်းချခဲ့တာကတော့ ၁၉၉၄ခုနှစ်မှ ဖြစ်ပါတယ်။ မစ်ဆူဘီရှိလျှပ်စစ်ကော်ပိုရေးရှင်းကနေ ထုတ်လုပ်ပြီး အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီကြီး BellSouth က ဖြန့်ချိရောင်းချခဲ့ပါတယ်။ ၁၉၉၄ခုနှစ်ကနေ ၁၉၉၅ခုနှစ်အထိ အလုံးပေါင်း ၅၀၀၀၀ ရောင်းချခဲ့ပြီး ဈေးနှုန်းကတော့ ၈၉၉ဒေါ်လာ နဲ့ စတင်ရောင်းချခဲ့ခြင်းဖြစ်ပါတယ်။ (လက်ရှိတန်ဖိုးနဲ့တွက်ရင် ဒေါ်လာ ၁၅၀၀ နီးပါးကျသင့်မှာဖြစ်ပါတယ်)

ဒီ Simon ဖုန်းရဲ့အရွယ်အစားကတော့ အရှည် ၈လက်မ ၊ အကျယ် ၂.၅လက်မ နဲ့ အထူ ၁.၅လက်မ ရှိကာ အလေးချိန်ကတော့ 510g လေးပါတယ်။ ဖုန်းမျက်နှာပြင်အကျယ်ကတော့ အရှည် ၄.၅လက်မ၊ အကျယ် ၁.၄လက်မ ရှိတဲ့ lCD Screen ကိုအသုံးပြုထားပြီး ကာလာကတော့ အဖြူအမဲသာ သုံးနိုင်ပါတယ်။ Touch Screen အသုံးပြုဖို့အတွက် Stylus Pen ကိုထည့်ပေးထားပါတယ်။ လုပ်ဆောင်ချက်အနေနဲ့ကတော့ Fax နဲ့ Email တွေလက်ခံ ပို့ဆောင်နိုင်ခြင်း ၊ မှတ်စုမှတ်နိုင်ခြင်း ၊ လိပ်စာစာအုပ် ၊ နိုင်ငံတကာအချိန်နာရီတွေကို ကြည့်နိုင်ခြင်း ၊ ပြက္ခဒိန် ၊ Schedule ဆွဲနိုင်ခြင်း တို့ကိုလုပ်ဆောင်နိုင်ပြီး Screen ကီးဘုတ်လည်းပါရှိပါတယ်။

OS အနေနဲ့ကတော့ Datalight ROM-DOS စနစ်ကိုသုံးထားပြီး မန်မိုရီက 1MB ၊ သိုလှောင်နိုင်မှုပမာဏက 1MB (2MB အထိထပ်တိုးနိုင်) ရှိပါတယ်။ ဘက်ထရီကတော့ ၇.၅ဗို့ ရှိတဲ့ NiCad ဘက်ထရီကိုသုံးထားပြီး ဖုန်းဆက်တိုက်ပြောမယ်ဆိုရင် ဘက်ထရီရဲ့အသုံးပြုနိုင်မှု သက်တမ်းက ၁နာရီပဲ ခံမှာဖြစ်ပါတယ်.

သုတဇုန်

Tags: tech

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

Next Post
နှစ် ၅ဝဝ ကျော် သက်တမ်းရှိပြီဖြစ်သော ရှေးဟောင်းအမွေအနှစ် တောင်ငူကန်တော်ကြီး

နှစ် ၅ဝဝ ကျော် သက်တမ်းရှိပြီဖြစ်သော ရှေးဟောင်းအမွေအနှစ် တောင်ငူကန်တော်ကြီး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!