• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေစက္ကူ ၇ မျိုး

by Thutamm
October 29, 2019
Reading Time: 1min read
0
ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေစက္ကူ ၇ မျိုး
Share on FacebookShare on Twitter

တန်ဖိုးအများဆုံး နဲ့ တန်ဖိုးအနည်းဆုံး ငွေကြေးစနစ်တွေအကြောင်းကို အရင်က တင်ခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ ဘယ်နိုင်ငံရဲ့ ငွေစက္ကူဘယ်လောက်တန်က တန်ဖိုးအမြင့်ဆုံးလဲ ဆိုတာကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ မျှဝေသွားပါမယ်။

ကမ္ဘာပေါ်မှာ တန်ဖိုးအများဆုံး ငွေကြေးစနစ်ကတော့ ကူဝိတ်နိုင်ငံရဲ့ ဒင်နာ ဖြစ်ပါတယ်။ ကူဝိတ် ၁ဒင်နာ ဟာ အမေရိကန်ဒေါ်လာ ၃.၃၃ဒေါ်လာနဲ့ ညီပါတယ်။ ဒါပေမယ့် ငွေစက္ကူအနေနဲ့ ၂၀ ဒင်နာတန် အထိပဲရှိပါတယ်။ အမေရိကန်မှာဆိုရင် ၁၀၀ ဒေါ်လာ တန်အထိရှိပါတယ်။ UK ရဲ့ ပေါင်စတာလင် ဆိုရင်လည်း ၁၀၀တန် အထိရှိပါတယ်။(ပေါင်စတာလင်မှာတော့ ၁၀၀ တန်ကို သိပ်မတွေ့ရပဲ ၅၀တန်တွေကိုပဲ တွေ့ရလေ့ရှိပါတယ်)။ အခုမျှဝေသွားမှာကတော့ အဲဒါတွေထက် တန်ဖိုးပိုမြင့်တဲ့ ငွေစက္ကူတန်တွေအကြောင်းပါ။

၇။ ၁သိန်းတန် အာမေးနီးယန်း ငွေစက္ကူ
100,000 ARMENIAN DRAM (AMD) = $207

နံပါတ် ၇ တန်ဖိုးအမြင့်ဆုံး ငွေစက္ကူနေရာမှာ ရှိနေတာကတော့ အာမေးနီးယန်းနိုင်ငံငယ်လေးရဲ့ ၁သိန်း ငွေစက္ကူဖြစ်ပါတယ်။ ငွေစက္ကူပေါ်မှာတော့ အေဒီ ၄၀ ဝန်းကျင်က ဘုရင်တစ်ပါးဖြစ်တဲ့ Abgar V ရဲ့ပုံကိုရေးဆွဲထားပြီး ဒီ ၁သိန်းတန်တွေကို ၂၀၀၉ခုနှစ်က စတင် ရိုက်နှိပ်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဒီ အာမေးနီးယန်း ၁သိန်းတန်ဟာ အမေရိကန်ဒေါ်လာနဲ့တွက်မယ်ဆိုရင် ၂၀၇ဒေါ်လာ တန်ဖိုးရှိပါတယ်။

၆။ ၁ထောင်တန် ယူအေအီး ငွေစက္ကူ
1,000 EMIRATI DIRHAMS (AED) = $272

အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ ယူအေအီးရဲ့ ဒါဟမ် ၁ထောင်တန်ဖြစ်ပါတယ်။ ၁၉၇၆ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့ပါတယ်။ ဒီငွေစက္ကူပေါ်မှာတော့ မြို့တော် အဘူဒါဘီရဲ့ ရှေးအကျဆုံးကျောက်တုံး အဆောက်အဦးဖြစ်တဲ့ Qasr al-Hosn ရဲ့ပုံကို ရိုက်နှိပ်ထားပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၂၇၂ဒေါ်လာ နဲ့ ညီမျှပါတယ်။

၅။ ယူရို ၅၀၀တန်
500 EUROPEAN UNION EUROS (EUR) = $620

ယူရိုငွေကြေးစနစ်ရဲ့ အမြင့်ဆုံးဖြစ်တဲ့ ယူရို ၅၀၀ တန် ငွေစက္ကူတွေကိုတော့ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ အခုထိတိုင်လည်း ဈေးကွက်အတွင်းမှာ လည်ပတ်သုံးစွဲနေဆဲပါ။ ၅၀၀တန် ယူရိုငွေစက္ကူရဲ့ အရှေ့ဘက်မှာတော့ ၂၀ရာစု ခေတ်သစ်အဆောက်အဦးတစ်ခုရဲ့ပုံပါပြီး အနောက်ဘက်မှာတော့ စပိန်နဲ့ ပေါ်တူဂီကို ဆက်သွယ်ထားတဲ့ Guadiana တံတားပုံသဏ္ဍာန်ကို ရေးဆွဲထားပါတယ်။  သြစတြီးယား ဒီဇိုင်းပညာရှင် Robert Kalina ရဲ့လက်ရာတွေပါ။ ယူရို ၅၀၀တန်ကတော့ အမေရိကန်ဒေါ်လာ ၆၂၀ တန်ဖိုးရှိပါတယ်။

၄။ ၁ထောင်တန် စင်ကာပူဒေါ်လာ
1,000 SINGAPORE DOLLARS (SGD) = $765

စင်ကာပူဟာ ၁၉၆၇ခုနှစ်မှ အကြွေစေ့ နဲ့ ငွေစက္ကူတွေကို စတင်ထုတ်လုပ်သုံးစွဲခဲ့တာပါ။ ဒီမတိုင်ခင်ကတော့ မလေးရှားငွေကြေးစနစ်ကိုပဲ သုံးစွဲခဲ့ပါတယ်။ ၁၉၆၇ခုနှစ်ကနေ ၁၉၇၆ခုနှစ်အထိ စင်ကာပူ ၁ဒေါ်လာတန်ကနေ စလို့ ငွေစက္ကူ ၉ မျိုးကိုရိုက်နှိပ်ခဲ့ပါတယ်။ ၁ထောင်တန် စင်ကာပူဒေါ်လာကတော့ သုံးစွဲမှု အနည်းငယ်ရှားတဲ့အထဲမှာ ပါဝင်ပါတယ်။ ငွေစက္ကူပေါ်မှာတော့ စင်ကာပူဒေါ်လာတွေ ထုံးစံအတိုင်း စင်ကာပူရဲ့ ပထမဆုံး သမ္မတ Yusof Ishak ရဲ့ ပုံကို ရိုက်နှိပ်ထားပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၇၆၅ ဖြစ်ပါတယ်။

၃။ ၁၀၀၀တန် ဆွစ်ဖရန့်
1,000 SWISS FRANCS (CHF) = $1,068

နံပါတ် ၃ နေရာမှာ ရှိနေတာကတော့ ဆွစ်ဖရန့် ၁၀၀၀ တန်ပါ။ ဆွစ်ဇာလန်နိုင်ငံအပြင် လစ်ချ်တင်စတိန်းနိုင်ငံမှာပါ သုံးစွဲပါတယ်။ ဆွစ်ဇာလန်ဟာ ၁၉၀၇ခုနှစ်ကတည်းက စတင်လို့ ငွေစက္ကူတွေကို ရိုက်နှိပ်ခဲ့တာပါ။ လက်ရှိ ၁၀၀၀ တန် ကိုတော့ ၁၉၉၈ခုနှစ်မှာ ပြန်လည်ရိုက်နှိပ်ခဲ့တာပါ။ ဒီငွေစက္ကူပေါ်မှာတော့ ဆွစ်လူမျိုး အနုပညာ ၊ ယဉ်ကျေးမှု နဲ့ သမိုင်းပညာရှင် Jacob Burckhardt ရဲ့ပုံကို ရိုက်နှိပ်ထားပါတယ်။ ဆွစ် ၁၀၀၀ တန်ဟာ အမေရိကန်ဒေါ်လာ ၁၀၆၈ဒေါ်လာ နဲ့ ညီမျှပါတယ်။

၂။ ၁သောင်းတန် ဘရူနိုင်းဒေါ်လာ
10,000 BRUNEI DOLLARS (BND) = $7,645

စဉ်ထားလို့သာ နံပါတ် ၂ ရောက်နေပေမယ့် နံပါတ် ၁ နဲ့ တန်ုဖိုးချင်းအတူတူပါပဲ။ အရှေ့တောင်အာရှက ကြွယ်ဝတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ ဘရူနိုင်းဟာ အကြွေစေ့နဲ့ ငွေစက္ကူတွေကို ၁၉၆၇ခုနှစ်မှာမှ ထုတ်လုပ်နိုင်ခဲ့တာပါ။ စစချင်းမှာ ၁ ဒေါ်လာကနေ ၁၀၀တန်အထိပဲ ရိုက်နှိပ်ခဲ့ပါတယ်။ ဘရူနိုင်းဒေါ်လာ ၁သောင်းတန်ကိုတော့ ၁၉၈၉ခုနှစ်မှ ထုတ်လုပ်ခဲ့တာပါ။ ဘရူနိုင်းငွေစက္ကူတွေရဲ့ထုံးစံအတိုင်း ဆူလ်တန်ဘုရင် Hassanal Bolkiah ရဲ့ပုံကို ရိုက်နှိပ်ထားပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၇၆၄၅ ပါ။

၁။ ၁သောင်းတန် စင်ကာပူဒေါ်လာ
10,000 SINGAPORE DOLLARS (SGD) = $7,645

လက်ရှိသုံးစွဲနေဆဲ ကမ္ဘာ့တန်ဖိုးအကြီးဆုံးငွေစက္ကူနေရာမှာတော့ ဘရူနိုင်း ၁သောင်းတန် နဲ့ အတူတူ စင်ကာပူ ၁သောင်းတန် ငွေစက္ကူက ရပ်တည်နေပါတယ်။ သုံးစွဲနေဆဲဖြစ်ပေမယ့် အနည်းငယ်ရှားတဲ့ ငွေစက္ကူဖြစ်ပါတယ်။ ဒီ ၁သောင်းတန် စင်ကာပူဒေါ်လာ ငွေစက္ကူရဲ့ အရွယ်အစားကတော့ တခြားစင်ကာပူငွေစက္ကူတွေထက် ပိုကြီးပြီး 180 × 90 mm အရွယ်အစားရှိပါတယ်။ ၁၉၉၉ ခုနှစ်မှာ ၄ကြိမ်မြောက်ထုတ်လုပ်ခဲ့တဲ့ ဒီ ၁သောင်းတန်ဒေါ်လာရဲ့ ပေါ်မှာလည်း စင်ကာပူ ပထမဆုံး သမ္မတ Yusof Ishak ရဲ့ ပုံကိုပဲ ရိုက်နှိပ်ထားပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၇၆၄၅ နဲ့ ညီမျှပါတယ်။

ဒါတွေကတော့ လက်ရှိ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေစက္ကူ ၇ မျိုးရဲ့ အကြောင်းပါ။

သုတဇုန်

Tags: world knowledge
Next Post
ဆာလ်ဖာအကြောင်း သိကောင်းစရာ

ဆာလ်ဖာအကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!