• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဇိမ်ခံ အပျော်စီး ရွက်သင်္ဘောများ

by Thutamm
November 28, 2019
Reading Time: 1min read
0
ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဇိမ်ခံ အပျော်စီး ရွက်သင်္ဘောများ
Share on FacebookShare on Twitter

ကမာ့္ဘလူတန်းစား အလွှာအသီးသီးကလူသားတွေဟာ သူတို့ရဲ့ကြွယ်ဝချမ်းသာမှုနဲ့ လူနေမှုအဆင့်အတန်းကိုလိုက်ပြီးတော့ ဇိမ်ခံပစ္စည်းအပါအဝင်များစွာသော တန်ဖိုးကြီး ပစ္စည်းဝယ်ယူလေ့ရှိကြပါတယ်။ Rolex ကဲ့သို့သောတန်ဖိုးကြီးလက် ပတ်နာရီတွေ၊Leather ရှူးဖိနပ်တွေ၊တံဆိပ်ခေါင်းတွေ၊ကိုဝယ်ယူစုဆောင်းသလိုရှိကြ သလိုတစ်ဖက်မှာလည်း သန်းကြွယ်သူဌေးအများစုသာပြုလုပ်လေ့ရှိတဲ့ တန်ဖိုးမြင့် ပြိုင် ကားတွေ၊ အပန်းဖြေစံအိမ်တော်တွေ ၊ပြိုင်မြင်းတွေ စသည်ဖြင့်ဝယ်ယူလေ့ရှိပါတယ်။ သူတို့ဟာ ဒီဇိမ်ခံပစ္စည်းတွေကိုအသုံးပြုပြီး သူတို့ရဲ့အားလပ်ရက်တွေကို အချိန်ဖြုန်း လေ့ရှိကြတဲ့အပြင် ဒီလိုတန်ဖိုးကြီးပစ္စည်းတွေကို ပိုင်ဆိုင်နိုင်ခြင်းဟာလည်း သူတို့အတွက် ဂုဏ်ယူစရာအဖြစ်လည်း သတ်မှတ်ထားကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ကမ္ဘာပေါ်က ထိပ်တန်းကြွယ်ဝသူ၊ငွေသုံးနိုင်သူရယ်လို့ ခေါင်းစဉ်တပ်ခံခဲ့ရတဲ့ ပုဂ္ဂိုလ်အချို့ရဲ့ ဇိမ်ခံဖို့သက်သက်ဝယ်ယူတဲ့ ပစ္စည်းအချို့ကတော့ လူအများစုနဲ့ မတူညီပါဘူး။ သိသိသာသာပြောရရင်တော့ ဇိမ်ခံ အပျော်စီးသင်္ဘော(Yacht) တွေဖြစ်ပါတယ်။ ဒေါ်လာသန်းရာချီ တန်တဲ့ ဇိမ်ခံသင်္ဘောတွေအပေါ်မှာ သက်ရှိ၊သက်မဲ့ဇိမ်ခံပစ္စည်းအစုံအလင်တင်ဆောင် ပြီး မြေထဲပင်လယ်လိုဒေသတွေမှာ ရွက်တိုက်သွားလာအပန်းဖြေတဲ့ဓလေ့ဟာ အနောက်ကမ္ဘာက ကြွယ်ဝသူအသိုင်းအဝိုင်းရဲ့ ပြယုဒ်တစ်ခုအဖြစ်တောင်ဖြစ်လို့နေပါပြီ။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး Yacht အမျိုးအစား ဇိမ်ခံသင်္ဘောတွေရဲ့ အကြောင်းအရာအချို့ပဲဖြစ်ပါတယ်။

Dubai

UAE နိုင်ငံရဲ့ဝန်ကြီးချုပ် Sheikh Mohammed bin Rashid Al Maktoum ပိုင်ဆိုင်တဲ့ Dubai အမည်ရ ဇိမ်ခံသင်္ဘောဟာ (၅၃၁)ပေရှည်လျားပြီး ကမ္ဘာပေါ်မှာ တတိယမြောက် အကြီးဆုံး Yacht အမျိုးအစား ဇိမ်ခံသင်္ဘောအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ သင်္ဘောသားအပါအဝင် ခရီးသည် (၁၁၅) ဦးလောက်အထိ တင်ဆောင်နိုင်တဲ့ Dubai ကိုအင်္ဂလိပ်လူမျိုး Andrew Winch ကဒီဇိုင်းရေးဆွဲထားပြီး ဂျာမန်သင်္ဘောတည်ဆောက်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Blohm+ Voss ကတာဝန်ယူတည်ဆောက်ပေးခဲ့ပါတယ်။

ဇိမ်ခံသင်္ဘောရဲ့အမြင့်ကတော့ပေ(၃၀နဲ့ ၅ လက်မ)ဖြစ်ပြီး မြင်းကောင်ရေ (၈၄၇၉) hp ပါဝင်တဲ့ အင်ဂျင်ဟာ တစ်နာရီကိုမိုင်(၃၀) လောက်အထိ အမြန်နှုန်းရှိပါတယ်။ Dubai ရွက်သင်္ဘောရဲ့ အတွင်းပိုင်း အပြင်အဆင်အများစုကို ပလက်တီနမ်တွေနဲ့ပြုလုပ်ထားပြီး အမေရိကန်ဒေါ်လာသန်း (၄၀၀)လောက်အကုန်အကျခံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

Eclipse

ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းရဲ့ပိုင်ရှင်လည်းဖြစ်၊ရုရှားနိုင်ငံရဲ့ထိပ်တန်း ရေနံ သူဌေးကြီးလည်းဖြစ်တဲ့ Roman Abramovich ပိုင်ဆိုင်တဲ့ Eclipse အမည်ရတဲ့ ဇိမ်ခံ ရွက်သင်္ဘောဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ Eclipse ဟာ ကမ္ဘာ့အကြီးဆုံးရွက်သင်္ဘောဖြစ်တဲ့ Azzam နဲ့အလျား(၅၆)ပေလောက်သာ ငယ်တာဖြစ်ပြီး ဒုံးကျည်ကာကွယ်ရေးနည်းစနစ်၊အသက်ကယ်နည်းစနစ် အပါအဝင် နောက်ဆုံးပေါ်နည်းပညာတွေကို သင်္ဘောရဲ့နေရာအနှံ့မှာတပ်ဆင်ထားပါတယ်။

Eclipse မှာ ဧည့်ခန်း(၂၄)ခန်း၊ရေကူးကန်(၂)ခု၊ဟယ်ရီကော်ပတာဆင်းကွင်း(၂)ကွင်း ကပွဲခန်းမဆောင်(၁)ခု၊ကိုပါထည့်သွင်းတည်ဆောက်ထားတဲ့အပြင် ရေအနက်ပေ (၁၆၀) လောက်အထိသွားနိုင်တဲ့ ရေငုပ်သင်္ဘော အသေးစားတစ်စီး ကိုပါတွဲဖက်ထား တာကိုတွေ့ရမှာပါ။ Eclipseရွက်သင်္ဘောကို ဒီဇိုင်းရေးဆွဲပေးသူကတော့ Terence Disdale ဖြစ်ပြီး တာဝန် ယူတည်ဆောက်တဲ့ကုမ္ပဏီကတော့ Blohm+ Voss ကပဲဖြစ်ပါတယ်။ (၂၀၀၉) ခုနှစ် ဇွန်(၁၂)ရက်နေ့ကနေစတင်တည်ဆောက်ခဲ့ပြီး (၂၀၁၀) ဒီဇင်ဘာ(၉)ရက်နေ့မှာ စတင် အသုံးပြုခဲ့တာဖြစ်ပါတယ်။ တည်ဆောက်စဉ်က အမေရိကန်ဒေါ်လာသန်း(၅၀၀)အထိ ကုန်ကျ ခဲ့ပါတယ်။

Azzam

အာရပ်ဘာသာစကားနဲ့ ဆုံးဖြတ်ချက်ခိုင်မာသော၊မဆုတ်မနစ်ကြိုးစားတတ်သောလို့ အဓိပ္ပါယ်ရတဲ့ Azzam စက်တပ်ဇိမ်ခံရွက်သင်္ဘောကိုပိုင်ဆိုင်သူကတော့ ယူအေအီးနိုင်ငံ သမ္မတ Sheikh Khalifa bin Zayed Al Nahyan ဖြစ်ပါတယ်။ Azzamဟာ ကမ္ဘာပေါ် မှာတော့အကြီးဆုံး စက်တပ်ရွက်သင်္ဘောအဖြစ်မှတ်တမ်းဝင်ထားပြီး (၅၉၀)ပေ ရှည်လျားပါတယ်။ တည်ဆောက်ရေးအင်ဂျင်နီယာကတော့ Mubarak Saad al Ahbabi ဖြစ်ပြီး နည်းပညာ ပိုင်းဆိုင်ရာမှာတော့ ဂျာမန်သင်္ဘောကုမ္ပဏီဖြစ်တဲ့ Lurssen Yachts ကနေတာဝန် ယူခဲ့ တာဖြစ်ပါတယ်။

Azzam ရဲ့အတွင်းပိုင်းအပြင်အဆင်ဒီဇိုင်း တွေကိုတော့ Christophe Leoni ကရေးဆွဲပေးခဲ့တာဖြစ်ပြီးတည်ဆောက်ချိန်ကတော့ (၃)နှစ်တာကာလကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ အသေးစားရေငုပ်သင်္ဘောငယ်တစ် စီးတွဲဖက်ပါဝင်တဲ့ Azzamရဲ့တည်ဆောက်မှု ကုန်ကျ စရိတ်ကတော့ အမေရိကန်ဒေါ်လာသန်း(၆၀၀)အထိ ကုန်ကျခဲ့ပါတယ်။

History Supreme

UK အခြေစိုက် ဇိမ်ခံရွက်သင်္ဘောဒီဇိုင်းရေးဆွဲသူတစ်ဦးဖြစ်တဲ့ Stuart Hughes ဦးစီး တည်ဆောက်ပေးခဲ့တဲ့ History Superme အမည်ရ စက်တပ်ဇိမ်ခံရွက်သင်္ဘောကတော့ ကမ္ဘာပေါ်မှာတန်ဖိုးအကြီးမားဆုံးဖြစ်ပြီး ပေ(၁၀၀)သာရှည်လျားပါတယ်။ ပိုင်ရှင်ဖြစ်သူ ရဲ့အမည်ကိုကြေငြာခြင်းတော့မရှိပေမဲ့ မလေးရှားစီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်တယ်လို့တော့သိရပါတယ်။

History Superme ဆိုတဲ့နာမည်နဲ့လိုက်ဖက်အောင်ပဲ သင်္ဘောရဲ့ကိုယ်ထည်ကို ရွှေ၊ငွေနဲ့ပလက်တီနမ်သတ္ထုတန်ချိန်(၁၀၀)လောက်ကို ထည့် သွင်းတည်ဆောက်ထားတာဖြစ်ပြီး သင်္ဘောလုံခြုံရေးပိုင်းကိုလည်း နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုတည်ဆောက်ထားပါတယ်။ တည်ဆောက်ချိန်ကတော့ (၃) နှစ်နီးပါးကြာမြင့်တယ်လို့ သိရပြီး အမေရိကန်ဒေါ်လာ (၄.၅) ဘီလျံအထက်ကုန်ကျ ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

Tags: kaung htetWorld things
Next Post
အမေရိကန်ရဲ့ နာမည်ကျော် ရေပူစမ်း (သို့) ရေပန်း

အမေရိကန်ရဲ့ နာမည်ကျော် ရေပူစမ်း (သို့) ရေပန်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!