Tuesday, March 2, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့စွမ်းအားအမြင့်ဆုံး တင့်ကား ၁၀ စီး

by Thutamm
August 15, 2019
Reading Time: 2min read
0
ကမ္ဘာ့စွမ်းအားအမြင့်ဆုံး တင့်ကား ၁၀ စီး
Share on FacebookShare on Twitter

ရေးသားသူ – ကောင်းစည်သူ (သုတအလင်း မဂ္ဂဇင်း)

ပထမကမ္ဘာစစ်အတွင်း ၁၉၁၆ ခုနှစ်တွင် ဗြိတိန်နှင့်ဂျာမနီတို့စစ်ပွဲအတွင်း ဗြိတိန်တပ်များက တင့်ကားများကို စစ်မြေပြင် သို့ သယ်ဆောင် တပ်စွဲခဲ့ရာမှ ကမ္ဘာ့စစ်သမိုင်းတွင် တင့်ကားများ ပထမဆုံးပါဝင်လာခဲ့သည်။တင့်ကားများသည် လူများမသွား ရောက်သည့် မြေပြင်များကို ဖြတ်ကျော်၍ ဆူးကြိုးများကာရံထားသည့် ကွင်းပြင်များကို ဖြတ်သန်းကာ ရန်သူ၏ ကတုတ်ကျင်း များကို ဖြိုဖျက်နိုင်ခဲ့သည်။

ထို့အတူ စစ်သည်များကို ရန်သူ၏ စက်သေနတ်နှင့် ပေါက်ကွဲမှုမှ ထွက်လာသည့် ဗုံးဆန်၊အမြောက်ဆန် အစအန များ၏ အန္တရာယ်မှ ကာကွယ်နိုင်ခဲ့သည်။ ထို့ကြောင့် ဗြိတိန်တို့သည် ဂျာမနီတို့နှင့်ဖြစ်ပွားခဲ့သည့် စစ်ပွဲတွင် တင့်ကားများကို ပထမဆုံး အသုံးပြု၍ တိုက်ခိုက်ခဲ့သည်။

မြန်မာတို့က သံချပ်ကာကားဟုခေါ်သည့် တင့်ကားကို လယ်ထွန်စက်သုံးအင်ဂျင်စွမ်းအားဖြင့် မောင်းနှင်ကာ စက် သေနတ်များနှင့် အမြောက်များတပ်ဆင်ထားသည်။အစောပိုင်းတင့်ကားများသည် အလွန်နှေးကွေးခဲ့သဖြင့် တင့်ကားပေါ် တွင် လိုက်ပါလာသူများသာမက ရန်သူများအတွက်ပါ အန္တရာယ်ရှိခဲ့သည်။မျက်မှောက်ခေတ်တွင် စစ်ရေးကိစ္စများသည် စွမ်းရည် ထက်မြက်သည့် တင့်ကားများပေါ်တွင် သိသာထင်ရှားစွာမှီခိုလာရသည်ဟု ဆိုပေသည်။ထို့ကြောင့် ပထမကမ္ဘာစစ်ပြီးချိန်မှစ၍ တင့်ကားဒီဇိုင်းများ ယှဉ်ပြိုင်မှုသည် များစွာတိုးတက်လာခဲ့သည်။

တင့်ကားများ၏ ဒီဇိုင်းကို အဓိက စွမ်းဆောင်ရည် သုံးချက်ဖြစ်သည့် ပစ်ခတ်နိုင်စွမ်း၊ကာကွယ်နိုင်စွမ်းနှင့်ရွေ့လျား နိုင် စွမ်းတို့ အပေါ်တွင် မဏ္ဍိုင်ပြု၍ ရေးဆွဲထုတ်လုပ်ခဲ့ကြသည်။ တင့်ကားများသည် ယင်းတို့၏ တန်ဘိုးကြောင့် ကြီးမားသောလက် နက် တင်ပို့မှုဈေးကွက်တွင် အခြားလက်နက်များနှင့်အတူ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

အမေရိကန်ပြည်ထောင်စု နှင့်ရုရှနိုင်ငံတို့၏ ယမန်နှစ်အတွင်း စစ်လက်နက်ပစ္စည်းများ ရောင်းချရငွေသည် အမေရိကန် ဒေါ်လာ ၅၆ ဘီလျံရှိခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီးက ဈေးကွက်ဝင် တင့်ကားများကိုအပြိုင်အဆိုင် ထုတ်လုပ်ခဲ့ကြရာ ၂၀၁၈ ခုနှစ် တွင် နည်းပညာအမြင့်မားဆုံးနှင့် ခေတ်အမီဆုံးထုတ်လုပ်နိုင်ခဲ့သည့် တင့်ကားများကို မြင်တွေ့ကြရပေသည်။

၁၀။ T 90 တင့်ကား(ရုရှား)

ရုရှနိုင်ငံတွင်အများဆုံးထုတ်လုပ်ခဲ့သည့် တစ်မျိုးတည်းသောတင့်ကားအမျိုးအစားဖြစ်သည့် T 90 သည် အနောက် နိုင်ငံများမှ ထုတ်လုပ်သည့် တင့်ကားများနှင့် နှိုင်းယှဉ်လျှင် အလွန်ခေတ်မီသည်ဟု မဆိုနိုင်သော်လည်း ၂၀၁၈ ခုနှစ်တွင် အကောင်းဆုံးတင့်ကားအမျိုးအစား ၁၀ ခု စာရင်းတွင်ပါဝင်ခဲ့သည်။T 90 နည်းပညာသည် ထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ် များစွာအကျိုးသက်ရောက်မှုရှိကြောင်း သက်သေပြခဲ့ကာ ကမ္ဘာ့တင့်ကား ရောင်းဝယ်ရေး ဈေးကွက်တွင် အအောင်မြင်ဆုံး တင့်ကားများအနက် တစ်စီးအပါအဝင်ဖြစ်ခဲ့သည်။ထို့အတူT 90 သည် ဈေးအသက်သာဆုံးခေတ်မီ တင့်ကား စာရင်းတွင် ပါဝင်ခဲ့သည်။

T 90 သည် အရွယ်အစားငယ်သဖြင့် ဗုံးဖြင့် ပစ်ရန်မလွယ်ကူသကဲ့သို့ ပစ်ခတ်မှုကို လုံလောက်စွာထိန်းချုပ်ထား နိုင် သည်။စွမ်းအားမြင့် စက်တပ်ဆင်ထားသည့် T 90 ၏ အားနည်းချက်သည် တင့်ကားကိုယ်ထည်အကန့်တွင် ခဲယမ်းမီးကျောက် များ သိုလှောင်ထားခြင်းဖြစ်သည်။ထို့ကြောင့် တင့်ကားကိုယ်ထည်က ခဲယမ်းများကို ထိုးဖောက်မိသည်နှင့် တင့်ကား အတွင်း လိုက်ပါလာသူများ သေဆုံးကြရကာ တင့်ကားလည်းပျက်စီးရပေသည်။

အပူလှိုင်းသုံးအဆင့်မြင့် မြင်ကွင်းရှာ စနစ်မပါရှိခြင်း နှင့် တာဝေးပစ်မှတ်ကို တိကျစွာမပစ်ခတ်နိုင်ခြင်းတို့သည် T 90 ၏ အခြားအားနည်းချက်များဖြစ်ကြသည်။ သို့သော် T 90 သည် တင့်ကားခွင်း ဒုံးကျည်များပစ်လွှတ်ရာတွင် မည်သည့် ပြဿနာမှ မရှိပါချေ။ လက်ရှိအချိန်တွင် ရုရှနိုင်ငံထုတ် T 90 တင့်ကားများကို အယ်လ်ဂျီးယီးယား၊အဇာဘိုင်ဂျန်၊တာ့စ်မင်းနစ္စတန်၊ရုရှနှင့် ဗင်နီဇွဲလားနိုင်ငံတို့ တွင် အသုံးပြုလျက်ရှိသည်။

၉။ T-84 Oplot M(ယူကရိန်း)

ဆိုဗီယက်ယူနီယမ် ပြိုကွဲပြီးနောက် ယူကရိန်းနိုင်ငံသည် T-80 UD တင့်ကားများ ထုတ်လုပ်ခဲ့သည့် ခါကော့(Kharkov) တင့်ကားစက်ရုံကြီးကို ဆက်ခံရရှိခဲ့သည်။ယူကရိန်းတို့သည် မိမိတို့ကိုယ်ပိုင် T-80 ဒီဇိုင်းတင့်ကားများထုတ်လုပ်ရန် စီမံခဲ့ကြ ကာ T-80 UD ဒီဇိုင်းကိုမွမ်းမံပြင်ဆင်လျက် T-84 Oplot M ပုံစံသစ်ကိုထုတ်လုပ်ခဲ့သည်။ယူကရိန်းအစိုးရသည် T-80 တင့် ကား များကို ခေတ်မီစေရန် နှစ်ပေါင်းများစွာအချိန်ယူခဲ့ပြီးနောက် လက်ရှိအချိန်တွင် T-84 Oplot M သည် ကမ္ဘာ့ ခေတ်အမီဆုံး တင့် ကားများတွင် ပါဝင်လာခဲ့သည်။

T-84 Oplot M တွင် ထိုးဖောက်ပေါက်ကွဲစေသည့် ခဲယမ်းများကို ပစ်လွှတ်နိုင်သော ၁၂၅ မီလီမီတာပြောင်းချော အမြောက်ပါရှိကာ လေဆာရောင်ခြည်သုံး တင့်ကားခွင်းဒုံကျည်စနစ်ကိုလည်း တပ်ဆင်ထားသည်။ ပစ်မှတ်ကို အတိအကျ ပစ်ခတ်နိုင်သည့် T-84 Oplot M သည် အပူလှိုင်းစနစ်ကိုသုံး၍ မြင်ကွင်းကျယ်ကို ကြည့်နိုင်ကာ တင့်ကားအမြောက်ကို ပဲ့ထိန်း ကွန်ပျူတာစနစ်ဖြင့် ပစ်ခတ်နိုင်သည်။

၈။ Leckerc (ပြင်သစ်)

ပြင်သစ်နိုင်ငံက ထုတ်လုပ်သည့် Nexter စနစ်ကို အသုံးပြုထားသော Leckerc သည် စစ်မြေပြင်တွင် အဓိက သုံး စွဲသည့် တင့်ကား အမျိုးအစားဖြစ်သည်။လက်ရှိအချိန်တွင် Leckerc တင့်ကားများကို အာရပ်စော်ဘွားများနိုင်ငံ (UAE) ကြည်း တပ်တွင်အသုံးပြုနေသည်။ Leckerc သည် မီလီမီတာ ၁၂၀ ရှည်သည့် အမြောက်တပ်ဆင်ထားကာ Nato CN 120-26 တင့် ကား၏ တတိယ မျိုးဆက်ဖြစ်သည်။

ယင်းတင့်ကားတွင် ဘုံဝင်ရိုးတပ်ဆင်ထားသည့် ၁၂ ဒသမ ၇ မီလီမီတာ စက်သေနတ်နှင့် အမိုးတွင်တင်ထားသည့် ၇ ဒသမ ၆၂ မီလီမီတာ စက်သေနတ်တို့ပါရှိကာ ၁၂၀ မီလီမီတာ ခဲယမ်းများကို တစ်ကြိမ်လျှင် အချက် ၄၀ နှင့် ၁၂ ဒသမ ၇ မီလီမီတာ ခဲယမ်းများကို အကြိမ် ၉၅၀ ပစ်ခတ်နိုင်သည်။တင့်ကား၏ အမြင့်ဆုံးအမြန်နှုန်းသည် တစ်နာရီလျှင် ၇၇ ကီလို မီတာ ဖြစ်သည်။

၇။ Type 99 (ZTZ 99)(တရုတ်)

တရုတ်နိုင်ငံမြောက်ပိုင်း စက်မှုလုပ်ငန်းအုပ်စု ကော်ပိုရေးရှင်း (CNIGC) က ထုတ်လုပ်သည့် တင့်ကားသည် စစ်မြေပြင် သုံးတတိယမျိုးဆက် Type 99 (ZTZ 99) ဖြစ်ကာ ၂၀၀၁ ခုနှစ်တွင်စတင်အသုံးပြုခဲ့သည်။ ယင်းတင့်ကား တွင် ခါရမ်းမှု လုံး၀ မရှိသည့် ၁၂၅ မီလီမီတာအမြောက်တပ်ဆင်ထားကာ အလိုအလျောက် ကျည်ဖြည့်နိုင်သည်။

Type 99 တင့်ကားကို စတီးလ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားကာ တန်ပြန်တိုက်ခိုက်စနစ်နှင့် မီးခိုးဗုံးလောင်ချာ စနစ်ကိုအသုံးပြုသည်။လေဆာရောင်ခြည်သုံး တင့်ကားဖျက် ဒုံးကျည်ဖြင့် Type 99 ပေါ်မှ ပစ်ခတ်နိုင်ကာ တင့်ကားတွင်၁၂ ဒသမ ၇ မီလီမီတာ လေယာဉ်ပစ်အမြောက်တစ်ခုနှင့် ၇ ဒသမ ၆၂ မီလီမီတာ ဘုံဝင်ရိုးသုံး စက်သေနတ်ကိုလည်း တပ်ဆင်ထား သည်။တင့်ကား၏ အမြင့်ဆုံးမောင်းနှင်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၈၀ ဖြစ်သည်။

၆။ Type -10 (TK-X) (ဂျပန်)

ဂျပန်နိုင်ငံ၏ ထင်ရှားသော မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်းက ထုတ်လုပ်သည့် Type -10 (TK-X) တင့်ကားကို အဆင့်မြင့် စတုတ္ထမျိုးဆက်ဟု သတ်မှတ်နိုင်ကာ ၂၀၁၂ ခုနှစ်တွင် စတင်သုံးစွဲခဲ့သည်။ယင်းတင့်ကားသည် အလွန်ကောင်းမွန် သည့် ရွေ့လျားနိုင်စွမ်းကြောင့် နာမည်ကြီးလာခဲ့ကာ ဂျပန်နိုင်ငံတပ်မတော်တွင် အသုံးပြုခဲ့သည်။ Type -10 တင့်ကားသည် အဆင့်မြင့် C 41 စနစ်ကို အသုံးပြုထားသဖြင့် ခြေလျင်တပ်များနှင့် ချိတ်ဆက်၍ စစ်ဆင်နိုင်စွမ်းရှိသည်။

တင့်ကား၏ကိုယ်ထည် ကို ကြွေထည် မော်ဂျူး ကွန်ပိုစစ် (Mocule Ceramic Composite) ကျည်ကာ ဖြင့် တွဲဆက်ထားသဖြင့် ပဲ့ထိန်း လောင်ချာဗုံးများ ၊ အဝေးမှ ပစ်လွှတ်သည့် လက်နက်များ၊တင့်ကားခွင်းဒုံးများဖြင့် ပစ်ခတ်မှုများကို အပြည့်အ၀ ကာကွယ်နိုင်သည်။ တင့်ကား၏ ပစ်ခတ်နိုင်စွမ်းသည် ၁၂၀ မီလီမီတာ ပြောင်းချောသေနတ်၊ ၁၂ ဒသမ ၇ မီလီမီတာ စက်သေနတ်နှင့် ၇ ဒသမ ၆၂ မီလီမီတာ အမြောက်တို့ဖြစ်ကြသည်။ Type -10 တင့်ကားကို မြင်းကောင်ရေ ၁၂၀၀ အား ဒီဇင်အင်ဂျင်ဖြင့် မောင်းနှင်ကာ တစ်နာရီလျှင် ကီလိုမီတာ ၇၀ အထိရောက်ရှိသည်။

၅။ Merkava MK IV (အစ္စရေး)

အစ္စရေးနိုင်ငံ Merkava တင့်ကားစက်ရုံမှ ထုတ်လုပ်သည့် Merkava MK IV သည် နောက်ဆုံး ထွက်ရှိခဲ့သည့် စစ် မြေ ပြင်သုံး တင့်ကား အမျိုးအစားဖြစ်သည်။ယင်းတင့်ကားကို အစ္စရေးတပ်မတော်က ၂၀၀၄ ခုနှစ်တွင်စတင်အသုံးပြုခဲ့ကာ ကမ္ဘာ့ အကောင်းဆုံး ကာကွယ်နိုင်စွမ်းရှိသည့် တင့်ကားအဖြစ် အမည်ပေးခြင်းခံခဲ့ရသည်။

တင့်ကားတွင် လေဆာ သတိပေးစနစ် (Elbit) တပ်ဆင်ထားသည့် အထူးအမြောက်တစ်လက်ပါရှိကာ မီးခိုးကိုထောက် လှမ်းပစ်ခတ်သည့် ဗုံးစနစ်ကိုလည်း အသုံးပြုသည်။တစ်နာရီလျှင် ၆၄ ကီလိုမီတာ မောင်းနှင်နိုင်သည့် Merkava MK IV တွင် ၁၂၀ မီလီမီတာ MG 253 ပြောင်းချော သေနတ်ဖြင့် ပေါက်ကွဲအားမြင့်သည့် တင့်ကားများကို ပစ်ခတ်နိုင်သည်။ထို့အတူ ပဲ့ ထိန်း တင့်ကားခွင်းဒုံးများကို ပစ်ခတ်နိုင်ကာ ၆၀ မီလီမီတာ လောင်ချာတစ်ခုကိုလည်း တပ်ဆင်ထားသည်။

၄။ K 2 Black Panther (တောင်ကိုရီးယား)

ဟွန်ဒိုင်းကုမ္ပဏီက တောင်ကိုရီးယားနိုင်ငံ တပ်မတော်အတွက် ထုတ်လုပ်သည့် K 2 Black Panther တင့်ကားသည် လည်း စစ်ပွဲသုံးအဆင့်မြင့် အမျိုးအစားဖြစ်သည်။ရွေ့လျားမှုအစွမ်းမြင့်မားသည့် K 2 Black Panther သည် ပစ်ခတ်စွမ်းနှင့် ကာကွယ်နိုင်စွမ်းလည်းမြင့်ကာ ၂၀၁၄ ခုနှစ်တွင် ဈေးကွက်အတွင်းသို့ စတင်ရောက်ရှိခဲ့သည်။

တင့်ကား၏ အဓိက လက်နက် သည် ၁၂၀ မီလီမီတာ ပြောင်းချော သေနတ်ဖြစ်ပြီး အရွေ့စွမ်းအင်သုံး အဆင့်မြင့်ခဲယမ်းများဖြင့် ပစ်ခတ်နိုင်သည်။ကျည်များကို အလိုအလျောက်ဖြည့်ပေးနိုင်သည့် ယင်းတင့်ကားသည် အလွန် ကြမ်းတမ်းသည့် မြေပြင်များတွင်လည်း လှုပ်ရှားသွားလာ နိုင်ကာ တစ်နာရီလျှင် ကီလိုမီတာ ၇၀ မောင်းနှင်နိုင်သည်။

၃။ M 1 A 2 SEP (အမေရိကန်ပြည်ထောင်စု)

အမေရိကန်ပြည်ထောင်စုသည် ထင်ရှားကျော်ကြားခဲ့သည့် M 1 A 2 Abrams များနေရာတွင် စစ်မြေပြင်သုံး M 1 A 2 SEP တင့်ကားများကို နည်းပညာနှင့် တင့်ကားစနစ်ကို ရောနှောကာ အစားထိုး ထုတ်လုပ်ခဲ့သည်။ယင်းတင့်ကားသည် စစ် ဆင် ရေးများတွင် အောင်ပွဲများစွာရရှိခဲ့ကာ ကမ္ဘာ့ ကြောက်ဖွယ်အကောင်းဆုံးတိုက်ပွဲဝင်တင့်ကား ဖြစ်လာခဲ့သည်။ တင့်ကား ခွင်း လက်နက်များရန်မှ ကောင်းစွာကာကွယ်နိုင်သည့် M 1 A 2 SEP သည် တင့်ကား၏ပါးလျလာသည့် ယူရေနီယမ် အလွှာများကို အား ဖြည့်သည့် အဆင့်မြင့် သံချပ်ကာယန္တရားများကို အသုံးပြုသည်။

တင့်ကားတွင်တပ်ဆင်ထားသည့် ဓာတ်ငွေ့သုံး တာဘိုင်အင်ဂျင်သည် စွမ်းဆောင်ရည် အထူးကောင်းမွန်သည့် စက် ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုသည် ယင်းတင့်ကားများကို ကူဝိတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သို့ ရောင်းချခဲ့သည်။ M 1 A 2 SEP တင့်ကား၏ အဓိက အားနည်းချက်မှာ လောင်စာဆီများစွာ သုံးစွဲရခြင်းဖြစ်ပေသည်။

၂။ Challenger 2 (ယူကေ)

ဗြိတိန် တော်ဝင်တပ်မတော်နှင့် အိုမန် တော်ဝင်တပ်မတော်တို့တွင် အသုံးပြုနေသည့် Challenger 2 တင့်ကားကို ဗြိတိသျှနိုင်ငံမှ ဗိုက်ကာ ကာကွယ်ရေးစနစ်များ ထုတ်လုပ်သည့် ဌာန(BVDS) က ထုတ်လုပ်ခဲ့သည်။တင့်ကား၏ အမည်ကို ကမ္ဘာတွင် တိုက်ပွဲသုံး အားအထားရဆုံးတင့်ကားအမည်အဖြစ် ပေးခဲ့သည်။ယင်းတင့်ကားကို ဘော့စ်နီးယား၊ကိုဆိုဗိုနှင့် အီရတ် တို့တွင် အသုံးပြုခဲ့သည်။

Challenger 2 တွင် ၁၂၀ မီလီမီတာ L 30 CHARM ၊ ၇ ဒသမ ၆၂ မီလီမီတာ သေနတ်များအပြင် စက်ပစ်သေနတ် တစ်ခုကို အပိုသုံးနိုင်ရန် ထည့်သွင်းထားသည်။တစ်နာရီလျှင် ၅၉ ကီလိုမီတာ မောင်းနှင်နိုင်သည့် ယင်းတင့်ကားသည် ယင်းကို တိုက်ရိုက်ပစ်ခတ်မှုများကိုပင် အဆင့်မြင့်ကာကွယ်နိုင်ကာ Perkins Condor CV 12 အင်ဂျင်ကို အသုံးပြုသည်။

၁။ Leopard 2A7 (ဂျာမနီ)

ကမ္ဘာ့စစ်ရေးနယ်ပယ်တွင် အအအောင်မြင်ဆုံး တင့်ကားတစ်စီးအဖြစ် ရပ်တည်နေသည့် Leopard 2A7 ကို ဂျာမနီ နိုင်ငံက ထုတ်လုပ်ခဲ့သည်။ယင်းတင့်ကားသည် ယခင်က ထုတ်လုပ်ခဲ့သည့် Leopard 2 ထက်ပိုမို ကောင်းမွန်ခဲ့ကာ ကာတာနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့က စီးရေ အများအပြားဝယ်ယူခဲ့သည်။ယင်းတင့်ကားတွင် အခြားသော တင့်ကားများထက်ပို၍ အီလက်ထရောနစ် စနစ်များကို အသုံးပြုထားသည်။

Leopard 2A7 သည် RPG ဒုံးသီးများနှင့် IED တို့၏ ပစ်ခတ်မှုမှ ကောင်းစွာကာကွယ်နိုင်ပြီး တင့်ကားပေါ်မှ စွမ်းအား မြင့် အဆင့်မြင့် ထိန်းချုပ်မှုစနစ်ကို သုံးစွဲထားသည့် လက်နက်များဖြင့် တာဝေးသို့ တိကျစွာပစ်ခတ်နိုင်ကာ ရွေ့လျားမှု မြင့်မား သည့် တင့်ကားလည်းဖြစ်ပေသည်။

ကမ္ဘာ့ စစ်လက်နက်ယန္တရား နယ်ပယ်တွင် တိုက်ပွဲဝင် တင့်ကားများ ထုတ်လုပ်မှုနည်းပညာများသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲ တိုးတက်လျက်ရှိနေသည်။ ဓနအင်အားတောင့်တင်းသည့် နိုင်ငံများသည် ပို၍ပို၍ အစွမ်းထက်သည့် တင့်ကားများ အပါအဝင် စစ်လက်နက် ယန္တရားများထုတ်လုပ်နိုင်ရန် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍ အသုံးပြုနေကြသည်။ ကမ္ဘာ တစ်လွှား အကြမ်းဖက်မှုများနှင့် ဒေသတွင်း တင်းမာမှုများတိုးပွားလာခြင်းနှင့်အတူ တင့်ကားများသည် မယုံကြည်နိုင်လောက် အောင် အရေးပါလာခဲ့ပေသည်။

ကိုးကား
Top 10 Most Powerful Modern Tanks In The World

မောင်သာ ( ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလထုတ် သုတအလင်းမဂ္ဂဇင်းမှ

 

Tags: militaryworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
တိုက်ကြီး ၇တိုက် က အမြင့်ဆုံးတောင် ၇ တောင်

တိုက်ကြီး ၇တိုက် က အမြင့်ဆုံးတောင် ၇ တောင်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!