• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က အန္တရာယ်အများဆုံးဒေသ ၁၅ ခု

by Thutamm
April 6, 2020
Reading Time: 1min read
0
ကမ္ဘာပေါ်က အန္တရာယ်အများဆုံးဒေသ ၁၅ ခု
Share on FacebookShare on Twitter

ရေးသားသူ – အိမ့်(သုတပဒေသာ စာစောင်)

ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၇ နိုင်ငံရှိပြီး ပထဝီဝင်အနေအထားအရလည်းကောင်း၊ လူနေမှုစရိုက်များအရလည်းကောင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကွဲပြားခြားနားကြသည်။ အချို့နိုင်ငံများမှာနေချင့်စဖွယ် သာယာလှပ၍ အေးချမ်းမှုရှိသော်လည်း အချို့နိုင်ငံများမှာ သဘာဝဘေးဒဏ်များ၊ ရာဇဝတ်မှုများ ကြီးစိုးနေပြီး နေထိုင်ရန်မသင့်လျော်သော ဒေသများဖြစ်သည်။ ဤကဲ့သို့နေထိုင်ရန် မသင့်လျော်သော အန္တရာယ်ရှိနိုင်ငံများကို ရွေးချယ်တင်ပြလိုက်ရပါသည် –

၁၅။ ဆာနာမြို့၊ ယီမင်

ကမ္ဘာပေါ်တွင် နိုင်ငံရေးဂယက်အထဆုံးနိုင်ငံများတွင် ပါဝင်သည်။ အကြမ်းဖက်တိုက်ခိုက်မှု များကြောင့် ယီမင်နိုင်ငံသားများကို မိမိတို့နိုင်ငံမှ စွန့်ခွာရန် ဗြိတိန်နှင့် အမေရိကန်တို့က တိုက်တွန်းကြသည်။

ယီမင်နိုင်ငံ၏မြို့တော် ဆာနာသည် ပင်လယ်ပြင်မှ အမြင့်ပေ ၇၅၀၀ ခန့်တွင် တည်ရှိပြီး အလည်အပတ်သွားရန် အလွန်ကောင်းသော နိုင်ငံဖြစ်သော်လည်း အခြေချနေထိုင်ရန်မူ အလွန်အန္တရာယ်များလှသည်။ အဆောက်အအုံအများစုမှာ လေးထောင့်ပုံသဏ္ဌာန်ရှိပြီး တစ်ခုနှင့်တစ်ခုပြွတ်သိပ်ဆောက်လုပ်ထားသည်။

၁၄။ ကိတ်တောင်းမြို့၊ တောင်အာဖရိက

ဆင်းရဲမွဲတေမှုနှင့် လူမှုရေးပြဿနာများ၊ လူရမ်းကားများ၊ ရာဇဝတ်မှုများရှိသည်မှလွဲ၍ ယီမင်နိုင်ငံကဲ့သို့ သွားလာလည်ပတ်ရန် အလွန်ကောင်းမွန်သော လှပသည့်မြို့တစ်မြို့ ဖြစ်သည်။

အကယ်၍ သင့်အနေဖြင့် သွားရောက်လည်ပတ်ခွင့် ရမည်ဆိုပါက တစ်ယောက်တည်းမသွားရန် အကြံပေးပါရစေ။ အထူးသဖြင့် အန္တရာယ်ရှိသော နာမည်ကြီးနေရာများသို့ တစ်ယောက်တည်း မသွားရန် သတိထားသင့်သည်။

၁၃။ ဂရင်းကင်ညွန်၊ အရီဇိုးနားပြည်နယ်

ဂရင်းကင်ညွန်ချောက်ကြီးသည် ခရီးသွား အမြောက်အမြား သွားလာလည်ပတ်သည့်နေရာ တစ်ခု ဖြစ်နေသဖြင့် အန္တရာယ်ရှိသော နေရာတစ်ခု ဟုတ်မှဟုတ်ပါလေစဟု သံသယဖြစ်နေသည် ဆိုလျှင် သင် မှားပါလိမ့်မည်။ အကြောင်းမှာ သင် ခြေလှမ်းတစ်ချက်မှားသည်နှင့် အန္တရာယ်ကျရောက်တော့မည်မှာ သေချာနေပေသည်။

တစ်ခါက အသက် ၂၁ နှစ် အရွယ် လူငယ်တစ်ယောက် ဂရင်းကင်ညွန်တွင် ကားမောင်းလာရင်း ချောက်ကမ်းပါး ထဲသို့ ထိုးကျဖူး၏။ ကံကောင်းစွာဖြင့် ချောက်ကမ်းပါး အောက်ခြေသို့ ကျခါနီးတွင် သစ်ပင် တစ်ပင်ကြောင့် အသက်ချမ်းသာရာ ရလိုက်သည်။အခြားသူများမှာမူ ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျကြသည်မှာ အဆန်းမဟုတ်တော့ပေ။ အကြောင်းမှာ ဂရင်းကင်ညွန်ချောက်ကြီးသည် နိုင်ငံ၏ သေကြောင်းကြံစည်မှုအများဆုံး ဖြစ်ပွားလေ့ရှိသော ဒုတိယနေရာဖြစ်သည်။

၁၂။ ဒါနာကေး သဲကန္တာရ၊ အီသီယိုးပီးယား

နိုင်ငံခြားရေးရုံးများက ၎င်းသဲကန္တာရသို့ သွားမလည်ရန် ပြောပေလိမ့်မည်။ အေရိထရီးယား နိုင်ငံနှင့် နယ်နိမိတ်အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိနေပြီး ပြန်ပေးဆွဲမှုများ အများအပြားရှိနေသော နေရာတစ်ခုဖြစ်သည်။ ဒါနာကေးသဲကန္တာရသည် အပူချိန် အလွန့်အလွန်မြင့်မားပြီး မြေမျက်နှာသွင်ပြင်အရလည်း ထူးခြားလှသည်။

ဒါနာကေး ချိုင့်ဝှမ်းကြီးသည် မီးတောင်များဖြင့် ပြည့်နှက်နေသော ချိုင့်ကြီးတစ်ခုအဖြစ် ကျော်ကြားလှပြီး National Geographic အဖွဲ့မှ ၎င်းနေရာကို ကမ္ဘာ့အကြမ်းတမ်းဆုံး နေရာများထဲမှ တစ်ခုအဖြစ်ဖော်ပြထားသည်။

၁၁။ နေပယ်မြို့၊ အီတလီ

လူဦးရေ ၆၅၀၀၀၀ ခန့် နေထိုင်လျက်ရှိပြီး မြို့ပတ်ပတ်လည်တွင် မီးတောင်များဝန်းရံနေသည်။ မီးတောင်တစ်ခုတည်း ပေါက်ကွဲမည်ဆိုလျှင် ပင် အနီးမှ လူပေါင်း တစ်သန်းခန့် ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် လိုသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က ၎င်းမီးတောင်များထဲမှ မီးတောင်တစ်ခုသည် အကြိမ် ၅၀ ခန့် ဆက်တိုက်ပေါက်ကွဲခဲ့ရာ သမိုင်းဝင်မြို့များဖြစ်သော ပွန်ပိုင်းမြို့နှင့် ဟာကျူလန်နီယမ်မြို့များ လုံးဝပျက်စီးခဲ့ရသည်။

နေပယ်မြို့အနီး မြေထဲပင်လယ်ရှိ အပန်းဖြေကျွန်းတစ်ခုဖြစ်သော အိုင်ချီးယားကျွန်းရှိ မီးတောင်ပေါက်ကွဲမည်ဆိုပါက နေပယ်မြို့ကို ပျက်စီးစေနိုင်ပြီး ၎င်းပေါက်ကွဲမှုသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ က ပေါက်ကွဲမှုထက်ပင် ပိုမိုပြင်းထန်နိုင်သည်။

၁၀။ မက်ဆီရိုးမြို့၊ ဘရာဇီး

ရာဇဝတ်မြို့တော်ဟု တင်စားခေါ်ဝေါ်ရ လောက်အောင်ပင် အယ်လာဂိုးအက်စ်ပြည်နယ်၊ မြို့တော်မက်ဆီရိုးတွင် တစ်နှစ်လျှင် သတ်ဖြတ်မှုပေါင်း ၁၃၅ မှု ဖြစ်ပွားလျက်ရှိသဖြင့် ဆင်းရဲသား ရပ်ကွက်များ၊ လမ်းကြို လမ်းကြားများဖြင့် လူသိများသော ရီယိုဒီဂျနီးယိုး မြို့ထက်ပင် ပို၍နာမည်ကြီးသော မြို့ဖြစ်သည်။

အမေဇုန်မုတ်သုံတောသည် ဘရာဇီးနိုင်ငံတွင် အန္တရာယ်အများဆုံး နေရာတစ်ခုအဖြစ် အများက သတ်မှတ်ထားသော်လည်း လူဦးရေထူထပ်သော မြို့ကြီးများသည်လည်း လှိုက်လှဲနွေးထွေးမှု မရှိလှချေ။

၉။ ဘဂ္ဂဒက်၊ အီရတ်

ပုံမှန်သတင်းဖတ်သူများအနေနှင့် ဘဂ္ဂဒက် မြို့အကြောင်း သိပြီးဖြစ်မည်။ မကြာခဏ ဆိုသလို ဗုံးပေါက်ကွဲမှုများ၊ သေနတ်သံများ၊ အကြမ်းဖက်မှု များဖြင့် ပြည့်နေသော မြို့တစ်မြို့ဖြစ်သည်။ ခရီးသွားအေဂျင်စီများအနေနှင့် ထိုနေရာသို့ မသွားရန် တားမြစ် ကြပါလိမ့်မည်။

အကြောင်း ကိစ္စတစ်စုံတစ်ရာဖြင့် သွားမည်ဆိုပါက အချိန်မရွေး ကျရောက်လာနိုင်သည့် အကြမ်းဖက်မှုများကို သင် သတိထားရပါမည်။ ၂၀၁၂ ခုနှစ်တွင် ဘဂ္ဂဒက်မြို့သည် ကမ္ဘာပေါ်တွင် နေချင်စရာ မကောင်းဆုံးသောနေရာအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

၈။ ဟန်တင်ဂ်တန်လျှိုထိပ်၊ နယူးဟမ့်ရှိုင်းယား

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ ကတည်းက ရေခဲမြစ်များကြောင့် ဖြစ်ပေါ်လာသော နေရာတစ်ခုဖြစ်ပြီး ယခုအခါ ရေခဲများ၊ နှင်းထုနှင်းခဲများကြောင့် အလွန်ပင် သွားလာရ ခက်ခဲကြမ်းတမ်းသော နေရာတစ်ခု ဖြစ်လာသည်။ အကယ်၍ လေတိုက်ကြမ်းသော လျှိုထိပ်သို့တက်မည်ဆိုပါက အလွန်အမင်းအေးခဲလှသော ရာသီဥတုကို သတိပြုသင့်သည်။

၎င်းအပြင် အချိန်မရွေး ခြေချော်ကျသွားနိုင်သည်။ တစ်ခါက တောင်တက်သမားတစ်ယောက်သည် ပေ ၂၀၀ အမြင့်မှ လျှိုထဲသို့ ပြုတ်ကျပြီး ခေါင်းကွဲခဲ့ဖူးသည်။ တောင်တက်အသင်းမှတွေ့ရှိ၍ ကယ်ဆယ်လိုက်သဖြင့် အသက်ချမ်းသာရာရခဲ့ခြင်းဖြစ်သည်။

၇။ တူနီးရှားတောင်ပိုင်း

သဲကန္တာရလွင်ပြင်ကြီးဖြစ်ပြီး အကြမ်းဖက်မှု များ မကြာခဏ ဖြစ်ပေါ်နေသော နေရာဖြစ်သည်။ အစိုးရက မသွားရန် တားမြစ်ပိတ်ပင်ထားခြင်း မရှိပေ။ Star War ရုပ်ရှင်များထဲတွင်ပါသော ရှော့အယ်လ်ဂျရစ်ဆားအိမ်များရှိသော တူနီးရှားတောင်ပိုင်းသည် နိုင်ငံ၏အထင်ကရနေရာဖြစ်သည်။

၆။ ဂွါတီမာလာနိုင်ငံ

အမေရိကတိုက် အလယ်ပိုင်းရှိ နိုင်ငံဖြစ်သည် နှင့်အညီ ဟာရီကိန်းမုန်တိုင်းများ၊ မြေပြိုမှုများနှင့် ငလျင်ဒဏ်များကို မကြာခဏ ခံစားနေရသောနိုင်ငံဖြစ်သည်။ ၁၉၇၆ ခုနှစ်တွင် ရစ်ခ်ျတာစကေး ၇ ဒသမ ၅ ရှိသော ငလျင်ကြောင့် ဂွါတီမာလာ တွင် လူပေါင်း ၂၃၀၀၀ ကျော် သေဆုံးခဲ့သည်။ တစ်ဖန် ၂၀၀၅ ခုနှစ်တွင် ဟာရီကိန်းမုန်တိုင်း အဖျားခတ်မှုကြောင့် မြေပြိုမှုပေါင်း ၉၀၀ ကျော်ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့သည်။

၅။ မိုဂါဒစ်ရှူးမြို့၊ ဆိုမားလီးယား

စစ်သွေးကြွများ အထူးသဖြင့် အယ်ရှာဘတ် ဆိုသူ ကြီးစိုးသောမြို့ဖြစ်သည်။ ဆိုမားလီးယားမှာ အမေရိကန်နိုင်ငံက နှစ်ပေါင်းများစွာ အဆက်အဆံ မလုပ်သောနိုင်ငံ ဖြစ်သည်။ သို့သော် မကြာခင်ကမူ မိုဂါဒစ်ရှူးမြို့တော်သို့ အကြံပေးများ စေလွှတ်၍ စစ်သွေးကြွများကို တော်လှန်နိုင်ရန် အကူအညီပေးခဲ့သည်။

၄။ အီစတန်ဘူမြို့၊ တူရကီ

အီစတန်ဘူမြို့သည် မြောက်အန်နာတိုလီးယန်းဟုခေါ်သော ငလျင်ဗဟိုချက်ပေါ်တွင် တည်ရှိပြီး လူဦးရေ ၁၂ သန်း နေထိုင်လျက်ရှိသည်။ ၁၉၉၉ ခုနှစ်တွင် အစ်မစ်တ်မြို့၌ ရစ်ခ်ျတာစကေး ၇ ဒသမ ၆ ရှိသော ငလျင် လှုပ်ခတ်ခဲ့ရာ လူပေါင်း ၄၀၀၀၀ ခန့် သေဆုံးခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် National Geographic အဖွဲ့၏ တွေ့ရှိချက်အရ ငလျင်ကြောကြီး တစ်လျှောက်လုံးတွင် အဆောက်အအုံများ ဆောက်လုပ်ထားကြောင်း၊ နောက် ၂၅ နှစ်တွင် ရစ်ခ်ျတာစကေး ၇ ထက်ကျော်သော ငလျင်လှုပ်ခတ်နိုင်ခြေ ၃၀ မှ ၆၀ ရာခိုင်နှုန်းကြား ရှိကြောင်း သိရှိရသည်

၃။ ချီဟွာဟွာမြို့၊ မက္ကဆီကို

ချီဟွာဟွာမြို့သည် အမေရိကန်နိုင်ငံသို့ ကိုကင်းများ တင်သွင်းပြီးနောက်ပိုင်းမှစ၍ မူးယစ် ဆေးဝါးနှင့်ပတ်သက်သော ရာဇဝတ်မှုများဖြင့် နာမည်ကြီးလာသော မြို့တစ်မြို့ဖြစ်သည်။ မူးယစ်ဆေးရောင်းသူများ၏ လက်အောက်တွင်ရှိပြီး နေ့စဉ်ဆိုသလိုပင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသော မြို့ဖြစ်သည်။ ဥပဒေ တင်းတင်းကျပ်ကျပ်ပြဋ္ဌာန်း၍ အရေးယူမှုများ ပြုလုပ်ပြီးနောက်ပိုင်း ရာဇဝတ်မှုများ လျော့ပါးသွားသည်ဟု မှတ်တမ်းများက ဆိုသည်။

၂။ ဂျာဗားကျွန်းနှင့် ဆူမားတြားကျွန်း၊ အင်ဒိုနီးရှား

သဘာဝဘေးအန္တရာယ်များဖြစ်သော ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီမုန်တိုင်းတိုက်ခြင်း စသည်တို့ ကြုံတွေ့နေရသော ကျွန်းများဖြစ်သည်။ ၂၀၀၄ ခုနှစ်က အင်အား ရစ်ခ်ျတာစကေး ၉ ဒသမ ၁ ရှိသော ငလျင်ကြောင့် ဖြစ်ပေါ်လာသော ဆူနာမီလှိုင်းကြောင့် လူပေါင်း ၂၂၇၀၀၀ ခန့် သေဆုံခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ အတွင်း မိုးခေါင်မှု၊ မီးတောင်ပေါက်ကွဲမှုနှင့် ငလျင်လှုပ်မှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သောကြောင့် အခြေချနေထိုင်ရန် မသင့်လျော်သောနေရာများဖြစ်လာခဲ့သည်။

၁။ ဆန်ပက်ဒရိုဆူလာ၊ ဟွန်ဒူးရပ်စ်

ကမ္ဘာ့ရာဇဝတ်မြို့တော်ဟု တင်စားခေါ်ဝေါ်ရလောက်အောင်ပင် ကမ္ဘာပေါ်တွင် အကြမ်းဖက်မှု အများဆုံးသော နိုင်ငံများထဲတွင် အပါအဝင်ဖြစ်သည်။ လူပေါင်း ၁၀၀၀၀၀ တွင် အယောက် ၁၇၀နှုန်း အသတ်ခံနေရပြီး လက်နက်ရောင်းဝယ်မှုများ၊တရားမဝင် လက်နက်ထုတ်လုပ်မှုများဖြင့်ပြည့်နှက်နေသောမြို့ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် နောက်ပိုင်း လော့အင်ဂျလိစ်မှ ပြည်နှင်ဒဏ် ပေးလိုက်သော မာရာဆယ်ဗာထရူးချာနှင့်၁၈ လမ်းဂိုဏ်း အဖွဲ့များကြောင့် ဆန်ပက်ဒရိုဆူလာ တွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေရသည်ဟု အချို့က စွပ်စွဲကြသည်။

အိမ့်
(သုတပဒေသာ စာစောင်)

Tags: cities
Next Post
နောက်ပိုင်းလူတွေမသိလောက်တဲ့ ရွှေတိဂုံစေတီ မီးအကြီးအကျယ်လောင်မှု

နောက်ပိုင်းလူတွေမသိလောက်တဲ့ ရွှေတိဂုံစေတီ မီးအကြီးအကျယ်လောင်မှု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!