• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Saturday, January 23, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က အမြန်ဆုံးလေယာဉ် (သို့) ငှက်နက် SR-71

by Thutamm
May 21, 2020
Reading Time: 2min read
0
ကမ္ဘာပေါ်က အမြန်ဆုံးလေယာဉ် (သို့) ငှက်နက် SR-71
Share on FacebookShare on Twitter

(Uni)

စစ်အေးတိုက်ပွဲကာလအတွင်း အမေရိကန်လေတပ်ဟာ ကမ္ဘာပေါ်မှာအမြင့်ဆုံးနဲ့အမြန်ဆုံးပျံသန်းနိုင်တဲ့ SR-71 Blackbird လေယာဉ်ဟာတီထွင်ပြီး (၅၅)နှစ်တာလွန်မြောက်ခဲ့တဲ့ ယနေ့အချိန်ထိလည်း ကမ္ဘာအမြန်ဆုံးသောလေယာဉ်အဖြစ်ရှိနေပါတယ်။ Lockheed SR-71 ကိုတော့(၁၉၅၀) နှောင်းပိုင်းကာလတွေမှာ လျို့ဝှက်စွာဒီဇိုင်ရေးဆွဲခဲ့ပြီးအာကာသအစွန်ပိုင်းနေရာတွေ အထိပျံသန်းမှုတွေပြုလုပ်နိုင်ဖို့ထုတ်လုပ်ခဲ့တာပါ။

ယနေ့အချိန်ထိ SR-71 Blackbird ဟာ အလျားလိုက်ပျံသန်းမှု နဲ့ အမြင့်ဆုံးပျံသန်းမှုတွေမှာ အကောင်းဆုံးသောစံချိန်တင် မှတ်တမ်းကိုပိုင်ဆိုင်ထားဆဲဖြစ်ပြီး သူစံချိန်ကိုချိုးနိုင်တဲ့တိုက်လေယာဉ်ပေါ်ထွက်လာခြင် းမရှိသေးတာကိုတွေ့ရပါတယ်။ ကောင်းကင်ကိုပျံတက်တဲ့ယာဉ်တွေအနက်မှာတော့ ဒုံးပျံတွေကလွဲရင် SR-71 Blackbird ဟာ အမြန်ဆုံးလေယာဉ်ဖြစ်ပါတယ်။

SR-71 Blackbird ဟာ စပိုင်လေယာဉ်အမျိုးအစားဖြစ်ပြီး ရန်သူနယ်မြေ အတွင်းဝင်ရောက်ကာ ရန်သူတွေရဲ့ပစ်ချတာမျိုးမပြု လုပ်နိုင်အောင်မြင့်မားတဲ့နည်း ပညာကိုအသုံးပြုထားတာပါ။ ယခုချိန်မှာဆိုရင်တော့ SR-71 Blackbird ရဲ့တာဝန်တွေကို ဒရုန်းနဲ့ satellite တွေကတာဝန်ယူဆောင်ရွက်လျက်ရှိနေတာကိုတွေ့ရပါတယ်။

အနက်ရောင်ကာလာနဲ့ငှက်တစ်ကောင်သဏ္ဍာန်ဒီဇိုင်းရေးဆွဲထားတာကြောင့် Blackbird လို့အမည်ပြောင်ရထားတဲ့ SR-71 ဟာအနက်ရောင်ကိုယ်ထည်ကြောင်းတွေဟာ တောက်ပြောင်နေပြီး ယင်းကာလကတော့ ဘယ်လေယာဉ်နဲ့မှမတူတဲ့ဒီဇိုင်းပုံစံဖြစ်ပါ တယ်။ (၁၉၅၀)ခုနှစ်လောက်က ဒီဇိုင်းထွင်တည်ဆောက်ခဲ့ပေမဲ့ SR-71ဟာအနာဂက်ရဲ့ ခေတ်လွန်ယာဉ်တစ်စီးနဲ့တူတယ်ဗျလို့ လေယာဉ်သမိုင်းပညာရှင်လည်းဖြစ် Blackbird ရဲ့ဒီဇိုင်း နဲ့ဖွံဖြိုးမှုအကြောင်းကိုရေးသားခဲ့သူ Merlin က တယ်လီဖုန်းအင်တာဗျူးတစ်ခုမှာဖြေကြားခဲ့တာရှိပါတယ်။

SR-71 ရဲ့ကိုထည်ချိုးထားတာတွေ၊လေယာဉ်တောင်ပံနေရာပုံဖော် ထားတာတွေဟာ စက်မှုပိုင်းထက် ဇီဝနည်းပညာပိုင်းပိုဆန်ပါတယ်။ အမှန်လည်း SR-71 ဟာသမရိုးကျလေယာဉ်တွေနဲ့မတူတဲ့ ကမ္ဘာအမြန်ဆုံးလေယာဉ်အဖြစ်ရှိနေခဲ့တာပါ။ (၁၉၆၀)ခုနှစ်မေလအတွင်းမှာတော့ အမေရိကန်ရဲ့ U-2 စပိုင်လေယာဉ်ဟာ ဆိုဗီယက် လေပိုင်နက်အတွင်းဝင်ရောက်ပြီး ကောင်းကင်ဓာတ်ပုံတွေရိုက်ကူးနေတုန်းမှာပစ်ချခံခဲ့ရ ပါတယ်။

အစောပိုင်းမှာတော့ အမေရိကန်အစိုးရဘက်က ယင်းလေယာဉ်ဟာ မိုးလေဝသလေ့လာရေးလေယာဉ်ဖြစ်တယ်လို့အကြောင်းပြခဲ့ပေမဲ့ ဆိုဗီယက်ဘက်ကဖမ်းဆီးရ မိတဲ့လေယာဉ်မှူးနဲ့ လေယာဉ်မှာတပ်ဆင်ထားတဲ့ထောက်လှမ်းရေးပစ္စည်းတွေကို ရိုက်ကူးထားတဲ့ဓာတ်ပုံတွေပြသခဲ့ချိန်မှာတော့ အမေရိကန်ဟာကမ္ဘာအလယ်မှာအရှက်ကွဲခဲ့ရပါတယ်။

ယင်းဖြစ်ရပ်ဟာ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုအကြားစစ်အေး တိုက်ပွဲအရှိန်ကိုမြှင့်သွားစေခဲ့အမေရိကန်ပြည်ထောင်စုအတွက်သူတို့ရဲ့လေကြောင်း ကနေထောက်လှမ်းတဲ့စွမ်းရည်ကိုတပ်လှန့်လိုက်သလိုဖြစ်သွားခဲ့ပါတယ်။ စစ်အေးတိုက် ပွဲကာလအတွင်း အမေရိကန်အစိုးရရဲ့အဓိကအဖွဲ့ စီအိုင်အေ က ရန်သူလေတပ်ရဲ့ ရန်ကနေကာကွယ်ဖို့ မြေပြင်အထက်ပေ(၉၀၀၀၀) လောက်ကနေ မြန်နှုန်းမြင့်အရှိန်နဲ့ မောင်းနှင်နိုင်တဲ့လေယာဉ်ကို ဖန်တီးဖို့ အမေရိကန်အစိုးရထံတောင်းဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့နည်းပညာမြင့်လေယာဉ်ကိုဖန်တီးဖို့ဒီဇိုင်းရေးဆွဲပေးခဲ့သူကတော့ ကမ္ဘာ့အဆင့်ထိပ်တန်းလေယာဉ်ဒီဇိုင်းပညာရှင်တစ်ယောက်လည်းဖြစ်၊ Lockheed လျို့ဝှက်လေယာဉ် တည်ဆောက်ရေးလုပ်ငန်းကအင်ဂျင်နီယာတစ်ယောက်လည်းဖြစ်တဲ့ Clarence “Kelly” Johnson ဆိုသူ ဖြစ်ပါတယ်။ Blackbird ရဲ့သမိုင်းကြောင်းကိုရေးသားခဲ့သူ မာလင်ရဲ့အဆိုအရတော့ ဒီလူ (Johnson) ကအရာတိုင်းကိုဖန်တီးနိုင်တဲ့သူဗျ။ကောင်းကင်ပျံတက်တဲ့ နည်းပညာမြင့်ယာဉ်အားလုံးကိုပေါ့ သူသေဆုံးတဲ့ (၁၉၉၀) ပြည့်နှစ်မှာပဲ သူဒီဇိုင်းရေးဆွဲခဲ့တဲ့ Blackbird ကိုအမေရိကန်အစိုးရက ပထမဆုံးအကြိမ် အနားပေးခဲ့ပါတယ်။

Blackbird လေယာဉ်အမျိုးအစားရဲ့မူလပင်ရင်းလေယာဉ်က (၁၉၆၂)ခုနှစ်ကထုတ်လုပ် တဲ့ A-12 လေယာဉ်တွေဖြစ်ပါတယ်။ A-12s အမည်နဲ့(၁၃)စီးအထိလျို့ဝှက်ထုတ်လုပ်ခဲ့ကာ စီအိုင်အေ ရဲ့ထောက်လှမ်းရေးလုပ်ငန်းတွေမှာပါဝင်စေခဲ့ပါတယ်။

SR-71 လေယာဉ်တွေ ကိုတစ်နာရီမိုင်(၂၀၀၀)ထက်ပိုမြန်အောင်ဖန်တီးထားတာကြောင့် လေထုအလွှာရဲ့ ပွတ်တိုက်မှုတွေအရ ပုံမှန်လေယာဉ်ဆိုရင်တော့ အရည်ပျော်သွားမှာပါ။

ဒါကြောင့်လေယာဉ်တွေရဲ့ကိုယ်ထည်ကို သတ္ထုထက်ပိုမိုပေါ့ပါးပြီးအပူချိန်မြင့်မားမှုဒဏ်ကိုခံနိုင်တဲ့ တိုက်တေနီယမ်နဲ့ပြုလုပ်ခဲ့ကြပါတယ်။ တိုက်တေနီယမ်ဟာယင်းကာလကအမေရိကန် ပြည်ထောင်စုကထုတ်လုပ်တာမှန်ပေမဲ့ မလုံလောက်တဲ့အတွက် အစိုးရကအခြားသော ကုမ္ပဏီတွေက တစ်ဆင့်ခံဝယ်ယူခဲ့ရတဲ့အထိကိုဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမျိုးဆက်အဖြစ် အစောပိုင်းထုတ်ဝေတဲ့ လေယာဉ်တွေဟာဆေးသုတ်ထားခြင်းမရှိပဲ ငွေရောင်သတ္ထုကိုယ်ထည်အတိုင်း သာထားရှိခဲ့ပါတယ်။

(၁၉၆၄)ခုနှစ်ရောက်ချိန်မှသာလေယာဉ်ကို အနက်ရောင်ဆေးသုတ်ခဲ့ပါတယ်။အကြောင်းကတော့ အပူကိုထိရောက်စွာစုပ်ယူပြီး အပူထုတ်လွှတ်နိုင်တဲ့ အနက်ရောင်ဆေးသုတ်ထားခြင်းဖြင့် လေယာဉ်ဘောင်တစ်ခုလုံးရဲ့အပူချိန်ကိုလျော့ချ နိုင်မှာဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အနက်ရောင်ဆေးသုတ်ထားတဲ့ လေယာဉ်တွေဟာ Blackbird ဆိုပြီးဖြစ်လာခဲ့ပါတယ်။

A-12 လေယာဉ်အမျိုးအစားတွေနဲ့နှာခေါင်းပိုင်းမှလွဲပြီးအားလုံးတူညီတဲ့လေယာဉ်တွေကိုတော့ YF-12 လို့ခေါ်ပါတယ်။ (၁၉၆၄)ခုနှစ်မှာဆိုရင်အမေရိကန်သမ္မတ လင်ဒန်ဂျွန်ဆင်ဟာ အမေရိကန်လေတပ်မတော်ကထုတ်လုပ်တဲ့ YF-12 လေယာဉ်ကိုထုတ်ဖော်ပြသခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ M-21 လို့ အမည်ပေးထားတဲ့မောင်းသူမဲ့လေယာဉ် အမျိုးအစားတွေကိုအမေရိကန်ပညာရှင်တွေကဆက်လက်ထုတ်လုပ်ခဲ့ပေမဲ့ (၂)စင်းသာတည်ဆောက်ပြီးချိန်မှာတင် မတော်တဆမှုတစ်ခုကြောင့် သူရဲ့ပင်မလေယာဉ်က လေယာဉ်မှူးသေဆုံးသွားတာကြောင့် ယင်းထုတ်လုပ်မှုစီမံကိန်းဟာ (၁၉၆၆)ခုနှစ်မှာ ရပ်နားခဲ့ရပါတယ်။

A-12 လေယာဉ်မျိုးဆက်ရဲ့နောက်ဆုံးမျိုးဆက်အဖြစ်ထုတ်လုပ်တဲ့ ယာဉ်ကတော့ SR-71 ဖြစ်ပြီး (၁၉၆၄)ခုနှစ်၊ဒီဇင်ဘာ(၂၂)ရက်နေ့မှာစတင်ပျံသန်းမှု တွေပြုလုပ်ခဲ့ပါတယ်။ SR-71 ဟာအမေရိကန်လေတပ်အတွက် နှစ်ပေါင်း(၃၀) ကျော် ကြာအောင်ထောက်လှမ်းရေးဆိုင်ရာတာဝန်တွေထမ်းဆောင်ခဲ့ပြီးစုစုပေါင်း (၃၂)စင်းအထိတည်ဆောက်ခဲ့ပါတယ်။ Blackbird ရဲ့မူရင်းမျိုးဆက်အားလုံးစုစုပေါင်းဆိုရင်တော့ စင်းရေပေါင်း (၅၀) လောက်အထိကိုရှိခဲ့တာဖြစ်ပါတယ်။

SR-71 ရဲ့မြန်နှုန်းမြင့်စွမ်းရည်တွေကြောင့် ရန်သူရဲ့ရေဒါတွေကနေရှာဖွေနိုင်ဖို့အလွန်ခဲယဉ်းပါတယ်။ ရန်သူလေယာဉ်ပစ်လက်နက်တွေမရောက်နိုင်တဲ့အကွာအဝေးကနေ ပျံသန်းနိုင်ခြင်း၊ ဒုံးကျည်ထက်ပိုမိုမြန်ဆန်နေခြင်း၊ရေဒါတွေဖမ်းယူနိုင်ဖို့ခက်ခဲခြင်းတွေကြောင့် Blackbird SR-71 တွေဟာရန်သူနယ်နိမိတ်အတွင်းတွေအထိဝင်ရောက်ပြီး ထောက်လှမ်းရေးလုပ်ငန်းများစွာကိုပြုလုပ်နိုင်ခဲ့ကြပါတယ်။ Blackbird SR-71 တွေရဲ့မှတ်တမ်း မှာရန်သူဘက်က ပစ်ချလို့ပျက်စီးခဲ့ရတယ်လို့တစ်ခါတောင်မရှိခဲ့ဖူးတာကိုတွေ့ရမှာဖြစ် ပြီး ထုတ်လုပ်တဲ့(၃၂)စင်းအနက်က (၁၂)စင်းကတော့ မတော်တဆမှုတွေကြောင့် ပျက်ကျခဲ့ရတာဖြစ်ပါတယ်။

Blackbird SR-71 တွေဟာ ပျံသန်းမှုတစ်ကြိမ်ပြုလုပ်ဖို့ လူ အများကြီးလိုအပ်ပြီး ပျံသန်းမှုနည်းလမ်းတွေဟာလည်းရှုပ်ထွေးပါတယ်။ ယင်းလေယာဉ်တွေဟာ ဒုံးကျည်လွှတ်တင်ရေးအစီစဉ်တွေနဲ့ အာကာသလုပ်ငန်းစဉ်တွေအထိ ပါဝင်ဆောင်ရွက်နိုင်ကြပါတယ်။ အလွန်မြင့်မားတဲ့အမြင့်မှာပျံသန်းရတာကြောင့်လည်း Blackbird SR-71 ရဲ့လေယာဉ်မှူးတွေဟာ အာကာသယဉ်မှူးဝတ်စုံတွေကို ဝတ်ဆင်ရသလို အချိန်အလွန်ကြာတဲ့စစ်ဆင်ရေးတွေမှာဆိုရင် လေယာဉ်ခန်းဟာအလွန် ပူပြင်းလာတာကြောင့် ဖန်နဲ့ပြုလုပ်ထားတဲ့သောက်စရာခွက်တွေကိုတောင် အသုံးပြုရခြင်းမရှိပါဘူ။

Blackbird SR-71 တွေဟာ ဆိုဗီယက်ရဲ့လေကြောင်းပိုင်နက်အတွင်းကိုတော့ တစ်ကြိမ်မှ ဝင်ရောက်ပျံသန်းဖူးတဲ့မှတ်တမ်းမရှိခဲ့ပါဘူး။ ဒါကလည်း (၁၉၆၀) ဖြစ်စဉ်အပြီးမှာ အမေရိကန်အစိုးရက ပိတ်ပင်ခဲ့လို့လည်းဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အေးတိုက်ပွဲကာလအတွင်းမှာတော့ Blackbird SR-71 တွေဟာ အမေရိကန်စစ်တပ်အတွက် အလွန်အရေးပါတဲ့ထောက်လှမ်းရေးယာဉ်တွေဖြစ်ခဲ့ပြီး အရှေအလယ်ပိုင်း၊ဗီယက်နမ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွင်းကိုတော့ ဝင်ရောက်ထောက်လှမ်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။

(၁၉၇၆)ခုနှစ်မှာတော့ Blackbird SR-71 တွေဟာ စံချိန်မှတ်တမ်းတစ်ခုအဖြစ် အမြင့် ပေ (၈၅၀၆၉) ပေအထိရောက်အောင် တစ်နာရီကို (၂၁၉၃.၂)မိုင်နဲ့ Mach (3.3) (အသံရဲ့အမြန်နှုန်း) အထိရောက်အောင်ပျံသန်းပြခဲ့ပါတယ်။ (၁၉၉၀)အလယ်ပိုင်းကာလတွေမှာဆိုရင်လည်း Spy ဂြိုလ်တုတွေနဲ့ UAVs( ဒရုန်း (သို့) လူလိုက်ပါခြင်းမရှိတဲ့ယာဉ်) တွေကဲ့သို့သော နည်းပညာလေ့လာရေးဆိုင်ရာလုပ်ငန်းတွေအတွက် Blackbird SR-71 တွေဟာပျံသန်း မှုတွေပြုလုပ်ခဲ့ကြပါသေးတယ်။

Blackbird SR-71 လေယာဉ်တွေရဲ့ အရွယ်အစားကတော့ အလျား ၁၀၇.၄ပေခန့် ၊ တောင်ပံအကျယ် ၅၅.၆ပေ နဲ့ အမြင့် ၁၈.၅ပေ ဖြစ်ပါတယ်။ ဒီလေယာဉ်တစီးတည်ဆောက်မှုကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၃၄သန်းဖြစ်ပါတယ်။ (၁၉၉၉)ခုနှစ်ကဆိုရင်လည်း NASA ကလေကြောင်း ဆိုင်ရာ သုသေသနလုပ်ငန်းတစ်ခုအတွက် Blackbird SR-71 ကိုအသုံးပြုပျံသန်းမှု တွေပြုလုပ်ခဲ့တဲ့မှတ်တမ်းတွေကိုလည်းတွေ့ရပါတယ်။ ယင်းနောက်ပိုင်းမှာတော့ ယနေ့ အချိန်ထိအမေရိကန်တာဝန်ရှိသူတွေဟာ Blackbird SR-71 တွေကိုအသုံးပြုခြင်းမျိုးမရှိတော့ပဲ လေကြောင်းပြတိုက် တွေအတွင်းမှာပဲ နေရာယူစေခဲ့ပါတယ်။

VIDEO

——– ———- ———–
(Zawgyi)

ကမာၻေပၚက အျမန္ဆံုးေလယာဥ္ (သုိ႔) ငွက္နက္ SR-71

စစ္ေအးတိုက္ပြဲကာလအတြင္း အေမရိကန္ေလတပ္ဟာ ကမာၻေပၚမွာအျမင့္ဆံုးနဲ႔အျမန္ဆံုးပ်ံသန္းနိုင္တဲ့ SR-71 Blackbird ေလယာဥ္ဟာတီထြင္ျပီး (၅၅)နွစ္တာလြန္ေျမာက္ခဲ့တဲ့ ယေန႔အခ်ိန္ထိလည္း ကမာၻအျမန္ဆံုးေသာေလယာဥ္အျဖစ္ရွိေနပါတယ္။ Lockheed SR-71 ကိုေတာ့(၁၉၅၀) ေနွာင္းပိုင္းကာလေတြမွာ လ်ိဳ႕ဝွက္စြာဒီဇိုင္ေရးဆြဲခဲ့ျပီးအာကာသအစြန္ပိုင္းေနရာေတြ အထိပ်ံသန္းမႈေတြျပဳလုပ္နိုင္ဖို႔ထုတ္လုပ္ခဲ့တာပါ။

ယေန႔အခ်ိန္ထိ SR-71 Blackbird ဟာ အလ်ားလိုက္ပ်ံသန္းမႈ နဲ႔ အျမင့္ဆံုးပ်ံသန္းမႈေတြမွာ အေကာင္းဆံုးေသာစံခ်ိန္တင္ မွတ္တမ္းကိုပိုင္ဆိုင္ထားဆဲျဖစ္ျပီး သူစံခ်ိန္ကိုခ်ိဳးနိုင္တဲ့တိုက္ေလယာဥ္ေပၚထြက္လာျခင္ းမရိွေသးတာကိုေတြ႔ရပါတယ္။ ေကာင္းကင္ကိုပ်ံတက္တဲ့ယာဥ္ေတြအနက္မွာေတာ့ ဒံုးပ်ံေတြကလြဲရင္ SR-71 Blackbird ဟာ အျမန္ဆံုးေလယာဥ္ျဖစ္ပါတယ္။

SR-71 Blackbird ဟာ စပိုင္ေလယာဥ္အမ်ိဳးအစားျဖစ္ျပီး ရန္သူနယ္ေျမ အတြင္းဝင္ေရာက္ကာ ရန္သူေတြရဲ့ပစ္ခ်တာမ်ိဳးမျပဳ လုပ္နိုင္ေအာင္ျမင့္မားတဲ့နည္း ပညာကိုအသံုးျပဳထားတာပါ။ ယခုခ်ိန္မွာဆိုရင္ေတာ့ SR-71 Blackbird ရဲ့တာဝန္ေတြကို ဒရုန္းနဲ႔ satellite ေတြကတာဝန္ယူေဆာင္ရြက္လ်က္ရိွေနတာကိုေတြ႔ရပါတယ္။

အနက္ေရာင္ကာလာနဲ႔ငွက္တစ္ေကာင္သ႑ာန္ဒီဇိုင္းေရးဆြဲထားတာေၾကာင့္ Blackbird လို႔အမည္ေျပာင္ရထားတဲ့ SR-71 ဟာအနက္ေရာင္ကို္ယ္ထည္ေၾကာင္းေတြဟာ ေတာက္ေျပာင္ေနျပီး ယင္းကာလကေတာ့ ဘယ္ေလယာဥ္နဲ႔မွမတူတဲ့ဒီဇိုင္းပံုစံျဖစ္ပါ တယ္။ (၁၉၅၀)ခုနွစ္ေလာက္က ဒီဇိုင္းထြင္တည္ေဆာက္ခဲ့ေပမဲ့ SR-71ဟာအနာဂက္ရဲ့ ေခတ္လြန္ယာဥ္တစ္စီးနဲ႔တူတယ္ဗ်လို႔ ေလယာဥ္သမိုင္းပညာရွင္လည္းျဖစ္ Blackbird ရဲ့ဒီဇိုင္း နဲ႔ဖြံျဖိဳးမႈအေၾကာင္းကိုေရးသားခဲ့သူ Merlin က တယ္လီဖုန္းအင္တာဗ်ဴးတစ္ခုမွာေျဖၾကားခဲ့တာရွိပါတယ္။

SR-71 ရဲ့ကို္ထည္ခ်ိဳးထားတာေတြ၊ေလယာဥ္ေတာင္ပံေနရာပံုေဖာ္ ထားတာေတြဟာ စက္မႈပိုင္းထက္ ဇီဝနည္းပညာပိုင္းပိုဆန္ပါတယ္။ အမွန္လည္း SR-71 ဟာသမရိုးက်ေလယာဥ္ေတြနဲ႔မတူတဲ့ ကမာၻအျမန္ဆံုးေလယာဥ္အျဖစ္ရွိေနခဲ့တာပါ။ (၁၉၆၀)ခုနွစ္ေမလအတြင္းမွာေတာ့ အေမရိကန္ရဲ့ U-2 စပိုင္ေလယာဥ္ဟာ ဆိုဗီယက္ ေလပိုင္နက္အတြင္းဝင္ေရာက္ျပီး ေကာင္းကင္ဓာတ္ပံုေတြရိုက္ကူးေနတုန္းမွာပစ္ခ်ခံခဲ့ရ ပါတယ္။ အေစာပိုင္းမွာေတာ့ အေမရိကန္အစိုးရဘက္က ယင္းေလယာဥ္ဟာ မိုးေလဝသေလ့လာေရးေလယာဥ္ျဖစ္တယ္လို႕အေၾကာင္းျပခဲ့ေပမဲ့ ဆိုဗီယက္ဘက္ကဖမ္းဆီးရ မိတဲ့ေလယာဥ္မွဴးနဲ႔ ေလယာဥ္မွာတပ္ဆင္ထားတဲ့ေထာက္လွမ္းေရးပစၥည္းေတြကို ရိုက္ကူးထားတဲ့ဓာတ္ပံုေတြျပသခဲ့ခ်ိန္မွာေတာ့ အေမရိကန္ဟာကမာၻအလယ္မွာအရွက္ကြဲခဲ့ရပါတယ္။

ယင္းျဖစ္ရပ္ဟာ အေမရိကန္နဲ႔ ဆိုဗီယက္ျပည္ေထာင္စုအၾကားစစ္ေအး တိုက္ပြဲအရွိန္ကိုျမွင့္သြားေစခဲ့အေမရိကန္ျပည္ေထာင္စုအတြက္သူတို႕ရဲ့ေလေၾကာင္း ကေနေထာက္လွမ္းတဲ့စြမ္းရည္ကိုတပ္လွန္႔လိုက္သလိုျဖစ္သြားခဲ့ပါတယ္။ စစ္ေအးတိုက္ ပြဲကာလအတြင္း အေမရိကန္အစိုးရရဲ့အဓိကအဖြဲ႔ စီအုိင္ေအ က ရန္သူေလတပ္ရဲ့ ရန္ကေနကာကြယ္ဖို႔ ေျမျပင္အထက္ေပ(၉၀၀၀၀) ေလာက္ကေန ျမန္နႈန္းျမင့္အရွိန္နဲ႔ ေမာင္းနွင္နိုင္တဲ့ေလယာဥ္ကို ဖန္တီးဖို႔ အေမရိကန္အစိုးရထံေတာင္းဆိုခဲ့ပါတယ္။

အေမရိကန္ရဲ့နည္းပညာျမင့္ေလယာဥ္ကိုဖန္တီးဖို႔ဒီဇိုင္းေရးဆြဲေပးခဲ့သူကေတာ့ ကမာၻ႔အဆင့္ထိပ္တန္းေလယာဥ္ဒီဇိုင္းပညာရွင္တစ္ေယာက္လည္းျဖစ္၊ Lockheed လ်ိဳ႕ဝွက္ေလယာဥ္ တည္ေဆာက္ေရးလုပ္ငန္းကအင္ဂ်င္နီယာတစ္ေယာက္လည္းျဖစ္တဲ့ Clarence “Kelly” Johnson ဆိုသူ ျဖစ္ပါတယ္။ Blackbird ရဲ့သမိုင္းေၾကာင္းကိုေရးသားခဲ့သူ မာလင္ရဲ့အဆိုအရေတာ့ ဒီလူ (Johnson) ကအရာတိုင္းကိုဖန္တီးနိုင္တဲ့သူဗ်။ေကာင္းကင္ပ်ံတက္တဲ့ နည္းပညာျမင့္ယာဥ္အားလံုးကိုေပါ့ သူေသဆံုးတဲ့ (၁၉၉၀) ျပည့္နွစ္မွာပဲ သူဒီဇိုင္းေရးဆြဲခဲ့တဲ့ Blackbird ကိုအေမရိကန္အစိုးရက ပထမဆုံးအႀကိမ္ အနားေပးခဲ့ပါတယ္။

Blackbird ေလယာဥ္အမ်ိဳးအစားရဲ့မူလပင္ရင္းေလယာဥ္က (၁၉၆၂)ခုနွစ္ကထုတ္လုပ္ တဲ့ A-12 ေလယာဥ္ေတြျဖစ္ပါတယ္။ A-12s အမည္နဲ႔(၁၃)စီးအထိလ်ဳိ႕ဝွက္ထုတ္လုပ္ခဲ့ကာ စီအုိင္ေအ ရဲ့ေထာက္လွမ္းေရးလုပ္ငန္းေတြမွာပါဝင္ေစခဲ့ပါတယ္။ယင္းေလယာဥ္ေတြ ကိုတစ္နာရီမိုင္(၂၀၀၀)ထက္ပိုျမန္ေအာင္ဖန္တီးထားတာေၾကာင့္ ေလထုအလႊာရဲ့ ပြတ္တိုက္မႈေတြအရ ပံုမွန္ေလယာဥ္ဆိုရင္ေတာ့ အရည္ေပ်ာ္သြားမွာပါ။

ဒါေၾကာင့္ေလယာဥ္ေတြရဲ့ကိုယ္ထည္ကို သတၳဳထက္ပိုမိုေပါ့ပါးျပီးအပူခ်ိန္ျမင့္မားမႈဒဏ္ကိုခံနိုင္တဲ့ တိုက္ေတနီယမ္နဲ႔ျပဳလုပ္ခဲ့ၾကပါတယ္။ တိုက္ေတနီယမ္ဟာယင္းကာလကအေမရိကန္ ျပည္ေထာင္စုကထုတ္လုပ္တာမွန္ေပမဲ့ မလံုေလာက္တဲ့အတြက္ အစိုးရကအျခားေသာ ကုမၸဏီေတြက တစ္ဆင့္ခံဝယ္ယူခဲ့ရတဲ့အထိကိုျဖစ္ခဲ့ရပါတယ္။ ေနာက္ပိုင္းမ်ိဳးဆက္အျဖစ္ အေစာပိုင္းထုတ္ေဝတဲ့ A-12 ေလယာဥ္ေတြဟာေဆးသုတ္ထားျခင္းမရွိပဲ ေငြေရာင္သတၳဳကိုယ္ထည္အတိုင္း သာထားရွိခဲ့ပါတယ္။

(၁၉၆၄)ခုနွစ္ေရာက္ခ်ိန္မွသာေလယာဥ္ကို အနက္ေရာင္ေဆး သုတ္ခဲ့ပါတယ္။အေၾကာင္းကေတာ့ အပူကိုထိေရာက္စြာစုပ္ယူျပီး အပူထုတ္လႊတ္နိုင္တဲ့ အနက္ေရာင္ေဆးသုတ္ထားျခင္းျဖင့္ ေလယာဥ္ေဘာင္တစ္ခုလံုးရဲ့အပူခ်ိန္ကိုေလ်ာ့ခ် နိုင္မွာျဖစ္တဲ့အတြက္ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အနက္ေရာင္ေဆးသုတ္ထားတဲ့ A-12 ေလယာဥ္ဟာ Blackbird ဆိုျပီးျဖစ္လာခဲ့ပါတယ္။

A-12 ေလယာဥ္အမ်ိဳးအစားေတြနဲ႕နွာေခါင္းပိုင္းမွလြဲျပီးအားလံုးတူညီတဲ့ေလယာဥ္ေတြကိုေတာ့ YF-12 လို႔ေခၚပါတယ္။ (၁၉၆၄)ခုနွစ္မွာဆိုရင္အေမရိကန္သမၼတ လင္ဒန္ဂြ်န္ဆင္ဟာ အေမရိကန္ေလတပ္မေတာ္ကထုတ္လုပ္တဲ့ YF-12 ေလယာဥ္ကိုထုတ္ေဖာ္ျပသခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ M-12 လို႔ အမည္ေပးထားတဲ့ေမာင္းသူမဲ့ေလယာဥ္ အမ်ိဳးအစားေတြကိုအေမရိကန္ပညာရွင္ေတြကဆက္လက္ထုတ္လုပ္ခ့ဲေပမဲ့ (၂)စင္းသာတည္ေဆာက္ျပီးခ်ိန္မွာတင္ မေတာ္တဆမႈတစ္ခုေၾကာင့္ သူရဲ့ပင္မေလယာဥ္က ေလယာဥ္မွဴးေသဆံုးသြားတာေၾကာင့္ ယင္းထုတ္လုပ္မႈစီမံကိန္းဟာ (၁၉၆၆)ခုနွစ္မွာ ရပ္နားခဲ့ရပါတယ္။

A-12 ေလယာဥ္မ်ိဳးဆက္ရဲ့ေနာက္ဆံုးမ်ိဳးဆက္အျဖစ္ထုတ္လုပ္တဲ့ ယာဥ္ကေတာ့ SR-71 ျဖစ္ျပီး (၁၉၆၄)ခုနွစ္၊ဒီဇင္ဘာ(၂၂)ရက္ေန႔မွာစတင္ပ်ံသန္းမႈ ေတြျပဳလုပ္ခဲ့ပါတယ္။ SR-71 ဟာအေမရိကန္ေလတပ္အတြက္ နွစ္ေပါင္း(၃၀) ေက်ာ္ ၾကာေအာင္ေထာက္လွမ္းေရးဆိုင္ရာတာဝန္ေတြထမ္းေဆာင္ခဲ့ျပီးစုစုေပါင္း (၃၂)စင္းအထိတည္ေဆာက္ခဲ့ပါတယ္။ Blackbird ရဲ့မူရင္းမ်ိဳးဆက္အားလံုးစုစုေပါင္းဆိုရင္ေတာ့ စင္းေရေပါင္း (၅၀) ေလာက္အထိကိုရွိခဲ့တာျဖစ္ပါတယ္။

SR-71 ရဲ့ျမန္နႈန္းျမင့္စြမ္းရည္ေတြေၾကာင့္ ရန္သူရဲ့ေရဒါေတြကေနရွာေဖြနိုင္ဖို႔အလြန္ခဲယဥ္းပါတယ္။ ရန္သူေလယာဥ္ပစ္လက္နက္ေတြမေရာက္နိုင္တဲ့အကြာအေဝးကေန ပ်ံသန္းနုိင္ျခင္း၊ ဒံုးက်ည္ထက္ပိုမိုျမန္ဆန္ေနျခင္း၊ေရဒါေတြဖမ္းယူနိုင္ဖို႔ခက္ခဲျခင္းေတြေၾကာင့္ Blackbird SR-71 ေတြဟာရန္သူနယ္နိမိတ္အတြင္းေတြအထိဝင္ေရာက္ျပီး ေထာက္လွမ္းေရးလုပ္ငန္းမ်ားစြာကိုျပဳလုပ္နိုင္ခဲ့ၾကပါတယ္။ Blackbird SR-71 ေတြရဲ့မွတ္တမ္း မွာရန္သူဘက္က ပစ္ခ်လို႔ပ်က္စီးခဲ့ရတယ္လို႔တစ္ခါေတာင္မရိွခဲ့ဖူးတာကိုေတြ႔ရမွာျဖစ္ ျပီး ထုတ္လုပ္တဲ့(၃၂)စင္းအနက္က (၁၂)စင္းကေတာ့ မေတာ္တဆမႈေတြေၾကာင့္ ပ်က္က်ခဲ့ရတာျဖစ္ပါတယ္။

Blackbird SR-71 ေတြဟာ ပ်ံသန္းမႈတစ္ၾကိမ္ျပဳလုပ္ဖို႔ လူ အမ်ားၾကီးလိုအပ္ျပီး ပ်ံသန္းမႈနည္းလမ္းေတြဟာလည္းရႈပ္ေထြးပါတယ္။ ယင္းေလယာဥ္ေတြဟာ ဒံုးက်ည္လႊတ္တင္ေရးအစီစဥ္ေတြနဲ႔ အာကာသလုပ္ငန္းစဥ္ေတြအထိ ပါဝင္ေဆာင္ရြက္နိုင္ၾကပါတယ္။ အလြန္ျမင့္မားတဲ့အျမင့္မွာပ်ံသန္းရတာေၾကာင့္လည္း Blackbird SR-71 ရဲ့ေလယာဥ္မွဴးေတြဟာ အာကာသယဥ္မွဴးဝတ္စံုေတြကို ဝတ္ဆင္ရသလို အခ်ိန္အလြန္ၾကာတဲ့စစ္ဆင္ေရးေတြမွာဆိုရင္ ေလယာဥ္ခန္းဟာအလြန္ ပူျပင္းလာတာေၾကာင့္ ဖန္နဲ႔ျပဳလုပ္ထားတဲ့ေသာက္စရာခြက္ေတြကိုေတာင္ အသံုးျပဳရျခင္းမရွိပါဘူ။

Blackbird SR-71 ေတြဟာ ဆိုဗီယက္ရဲ့ေလေၾကာင္းပိုင္နက္အတြင္းကိုေတာ့ တစ္ၾကိမ္မွ ဝင္ေရာက္ပ်ံသန္းဖူးတဲ့မွတ္တမ္းမရွိခဲ့ပါဘူး။ ဒါကလည္း (၁၉၆၀) ျဖစ္စဥ္အျပီးမွာ အေမရိကန္အစိုးရက ပိတ္ပင္ခ့ဲ့လို႔လည္းျဖစ္ပါတယ္။ ဒါေပမဲ့ စစ္ေအးတိုက္ပြဲကာလအတြင္းမွာေတာ့ Blackbird SR-71 ေတြဟာ အေမရိကန္စစ္တပ္အတြက္ အလြန္အေရးပါတဲ့ေထာက္လွမ္းေရးယာဥ္ေတြျဖစ္ခဲ့ျပီး အေရွအလယ္ပိုင္း၊ဗီယက္နမ္နဲ႔ ေျမာက္ကိုရီးယားနုိင္ငံတြင္းကိုေတာ့ ဝင္ေရာက္ေထာက္လွမ္းမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။

(၁၉၇၆)ခုနွစ္မွာေတာ့ Blackbird SR-71 ေတြဟာ စံခ်ိန္မွတ္တမ္းတစ္ခုအျဖစ္ အျမင့္ ေပ (၈၅၀၆၉) ေပအထိေရာက္ေအာင္ တစ္နာရီကို (၂၁၉၃.၂)မိုင္နဲ႔ Mach (3.3) (အသံရဲ႕အျမန္ႏႈန္း) အထိေရာက္ေအာင္ပ်ံသန္းျပခဲ့ပါတယ္။ (၁၉၉၀)အလယ္ပိုင္းကာလေတြမွာဆိုရင္လည္း Spy ျဂိဳလ္တုေတြနဲ႔ UAVs( ဒရုန္း (သို႕) လူလိုက္ပါျခင္းမရွိတဲ့ယာဥ္) ေတြကဲ့သို႔ေသာ နည္းပညာေလ့လာေရးဆိုင္ရာလုပ္ငန္းေတြအတြက္ Blackbird SR-71 ေတြဟာပ်ံသန္း မႈေတြျပဳလုပ္ခဲ့ၾကပါေသးတယ္။

Blackbird SR-71 ေလယာဥ္ေတြရဲ႕ အရြယ္အစားကေတာ့ အလ်ား ၁၀၄ေပခန္႔ ၊ ေတာင္ပံအက်ယ္ ၅၅.၆ေပ နဲ႔ အျမင့္ ၁၈.၅ေပ ျဖစ္ပါတယ္။ ဒီေလယာဥ္တစီးတည္ေဆာက္မႈကုန္က်စရိတ္ကေတာ့ အေမရိကန္ေဒၚလာ ၃၄သန္းျဖစ္ပါတယ္။ (၁၉၉၉)ခုနွစ္ကဆိုရင္လည္း NASA ကေလေၾကာင္း ဆိုင္ရာ သုေသသနလုပ္ငန္းတစ္ခုအတြက္ Blackbird SR-71 ကိုအသံုးျပဳပ်ံသန္းမႈ ေတြျပဳလုပ္ခဲ့တဲ့မွတ္တမ္းေတြကိုလည္းေတြ႔ရပါတယ္။ ယင္းေနာက္ပိုင္းမွာေတာ့ ယေန႔ အခ်ိန္ထိအေမရိကန္တာဝန္ရွိသူေတြဟာ Blackbird SR-71 ေတြကိုအသံုးျပဳျခင္းမ်ိဳးမရွိေတာ့ပဲ ေလေၾကာင္းျပတိုက္ ေတြအတြင္းမွာပဲ ေနရာယူေစခဲ့ပါတယ္။

https://edition.cnn.com/style/article/sr-71-blackbird-spy-plane-design/index.html

Tags: militarytech
Next Post
တရုတ်နိုင်ငံမှာ အလားအလာကောင်းတွေကြောင့် ကိုဗစ် ၁၉ ကာကွယ်ဆေး ၃ မျိုးကို စမ်းသပ်ကုသဖို့ခွင့်ပြု

တရုတ်နိုင်ငံမှာ အလားအလာကောင်းတွေကြောင့် ကိုဗစ် ၁၉ ကာကွယ်ဆေး ၃ မျိုးကို စမ်းသပ်ကုသဖို့ခွင့်ပြု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!