Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က အထူးဆန်းဆုံး လျှို့ဝှက် အဖွဲ့အစည်း ၁၀ ခု

by Thutamm
August 17, 2019
Reading Time: 2min read
0
ကမ္ဘာပေါ်က အထူးဆန်းဆုံး လျှို့ဝှက် အဖွဲ့အစည်း ၁၀ ခု
Share on FacebookShare on Twitter

ကမ္ဘာကြီးဟာထူးဆန်းဖွယ်ရာတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ ခေတ်အဆက်ဆက် လေ့လာတွေ့ရှိချက်တွေကနေ သက်သေခံနေပါတယ်။ ဒါအပြင် ထူးဆန်းအံ့ဖွယ်ရာ လျို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ လူအဖွဲ့အစည်း၊လူမျိုးစု၊အုပ်စုအဖွဲ့အချို့တွေဟာ လည်း မြေကမ္ဘာပေါ်မှာရှိနေခဲ့ဖူးပါတယ်။ ဒီအဖွဲ့တွေအားလုံးရဲ့ တူညီတဲ့အချက်ကတော့ လျို့ဝှက်သိပ်သည်းစွာတည်ရှိနေခြင်းနဲ့ သက်ဆိုင်ရာ ရည်ရွယ် ချက်အသီးသီးကို ပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။

အဲဒီအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်နဲ့တည်ရှိနေခြင်းအကြောင်းဟာ လူသားတွေအတွက် ပဟေဠိပမာဖြစ်လာချိန်မှာ တော့ ယင်းအဖွဲ့အစည်းတွေဟာ တစ်ဖြည်းဖြည်းနဲ့ ကမ္ဘာနဲ့ချီနာမည်ကျော်လာပါတော့ တယ်။ လူအများစုအတွက်ကတော့ အဲဒီလျို့ဝှက်အဖွဲ့အစည်းတွေရှိနေတာကိုပဲ သိရှိပြီး သူတို့ရဲ့ဘယ်ပုံဘယ်နည်းလှုပ်ရှားတယ်၊ မည်သည်နေရာမှာ အခြေစိုက်တယ်ဆိုတာ ကိုတော့ တိတိကျကျသိရှိကြခြင်းတော့မရှိကြပါဘူး။ ဒီနေရာမှာမျှဝေပေးချင်တာက တော့ ကမ္ဘာပေါ်မှာတည်ရှိခဲ့/တည်ရှိဆဲဖြစ်တဲ့ ထူးဆန်းတဲ့လူအဖွဲ့အစည်း များစွာအနက် က(၁၀)ခုရဲ့အကြောင်းအရာ အချို့ဖြစ်ပါတယ်။

(၁၀) Cicada 3301

Cicada 3301ဆိုတာကတော့ အင်တာနက်လူမှုစာမျက်နှာတစ်ခုဖြစ်ပြီး (၂၀၁၂) ခုနှစ် ဇန်နဝါရီ(၄)ရက်နေ့ကနေစတင်ပြီး ပဟေဠိ မေးခွန်းများကိုထုတ်ပြီး လူအများကိုစုဆောင်းလျက်ရှိတဲ့လျို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ Cicada 3301ဟာ (၂၀၁၅) ခုနှစ်ကလွဲပြီး နှစ်စဉ်ဇန်နဝါရီ(၄)ရက်နေ့ရောက်တိုင်း အွန်လိုင်းစာမျက်နှာထက်မှာ ပဟေဠိပုစ္ဆာဆန်ဆန်ဖော်ပြချက်တွေနဲ့ Twitter ကနေတစ်ဆင့် အင်တာနက်သုံးစွဲသူ သန်းပေါင်းများစွာကို အလုပ်ပေးလေ့ရှိပါတယ်။ Cicada 3301ရဲ့ပဟေဠိတွေဟာ ရှေးခေတ်ဂရိလူမျိုးတွေသုံးစွဲလေ့ရှိတဲ့ ဝှက်စာတွေဖြစ်တဲ့ crytograph ၊Steganograph နဲ့လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကိုအဓိကထားတာကိုတွေ့ရပါတယ်။

Cicada 3301 ဟာ အမေရိကန်အခြေစိုက် ဝါရှင်တန်ပိုစ် သတင်းစာကဖော်ပြတဲ့ ဖြေရှင်းနိုင်ခြင်း မရှိသေးတဲ့ ကမ္ဘာပေါ်ကအံ့သြထိတ်လန့်ဖွယ် အင်တာနက်စာမျက်နှာ(၅)ခုအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ များစွာသောပညာရှင်တွေကတော့ CIA,MI16,NSA စတဲ့ ထောက်လှမ်းရေးအဖွဲ့တွေအပြင် အခြားကြေးစား ဆိုက်ဘာသမားတွေချုပ်ကိုင်ထားတဲ့ သတင်းစာမျက်နှာတစ်ခုဖြစ်တယ်လို့ ယုံကြည်ကြပေမဲ့ ယနေ့အချိန်ထိတော့ သက်သေ ခိုင်ခိုင်လုံလုံတော့ တင်ပြနိုင်ခြင်းမရှိသေးပါဘူး။ ဒါအပြင်မည်သည်ကုမ္ပဏီ၊ မည်သူတစ် ဦးတစ်ယောက်ကမှ Cicada 3301ကိုဆက်သွယ်ခဲ့ကြောင်းထုတ်ဖော်ပြောကြားခြင်း မရှိတဲ့အပြင် Cicada 3301ရဲ့စစ်မှန်တဲ့ဖော်ပြချက်၊အမည်၊လိပ်စာ စသည်တို့ကို သိရှိသူ ယနေ့အချိန်ထိ တစ်ဦးမှ မရှိသေးပါဘူး။

(၉) Skull and Bones

အမေရိကန်ပြည်ထောင်စု Connecticut ပြည်နယ်၊ New Haven မြို့၊ Yale University မှာတော့ ဦးခေါင်းခွံနှင့်အရိုးများအဖွဲ့ Skull and Bonesလို့အမည်ရတဲ့ လျို့ဝှက်အဖွဲ့အစည်း တစ်ခုတည်ရှိပါတယ်။ မူလကတော့ Bonesအဖွဲ့လို့ ခေါ်ဆိုကြပြီး အဖွဲ့ဝင်တွေကိုတော့ Bonesmen တွေလို့ခေါ်ဆိုကြပါတယ်။ Skull and Bones အဖွဲ့ကိုတော့ Russell Trust Association ကနေပိုင်ဆိုင်ပြီး အခြားနိုင်ငံရပ်ခြားမှာလည် အဖွဲ့ဝင်များစွာရှိတယ်လို့ဆိုပါတယ်။ Skull and Bonesနဲ့ပတ်သက်ပြီး များစွာသော သိအိုရီဆိုရိုးနဲ့ အတည်မပြုနိုင်တဲ့သတင်းအချက်အလက်များစွာ ပိုင်ဆိုင်နေ ပေမဲ့လည်း ဒီအဖွဲ့ဟာ ဘာတွေလုပ်တယ်၊အဖွဲ့ဝင်တွေကမည်သူ မည်ဝါဖြစ်တဲ့အကြောင်းကို တော့ သိရှိသူအလွန်နည်းပါးပါတယ်။ အချို့ဆိုရင် Skull and Bonesဟာကမ္ဘာကြီးကိုချုပ်ကိုင်ဖို့တောင်ကြိုးစားနေတာဖြစ်ပြီး ကမ္ဘာကျော် ခေါင်းဆောင်တွေ အထိဒီအဖွဲ့ထဲမှာ ပါဝင်တယ်လို့ဆိုကြပါတယ်။

နာမည် ကျော်အမျိုးသမီးဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Alexandra Robbins ရဲ့အဆိုအရတော့ Skull and Bonesဟာ အခြားသောလျို့ဝှက်ဂိုဏ်းတစ်ခုဖြစ်တဲ့ ILLuminati ဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုဖြစ်တယ်လို့ အခိုင်အမာပြောဆိုမှုတော့ရှိခဲ့ပြီး အဲဒီဂိုဏ်းအတွင်းမှာ နေရာဌာနအသီးသီးက ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထားတာလို့ ပြောဆိုဖူးပါတယ်။ Skull and Bones ဂိုဏ်းကို (၁၉၃၂)ခုနှစ်လောက်က William Huntington နဲ့ Alphonso Taft တို့က စတင်တည်ထောင်တာဖြစ်ပြီး စတင်ချိန်က အဖွဲ့ဝင်(၁၂)ဦးသာရှိပါတယ်။ Skull and Bonesရဲ့အမှတ်သင်္ကေတအနေနဲ့ (၃၂၂)ခုလောက်ရှိနေပြီး သက်ရှိထင်ရှားရှိနေဆဲ ဖြစ်တဲ့ အဖွဲ့ဝင်(၈၀)ဦးလောက်နဲ့ဖွဲ့စည်းထားပါတယ်။

(၈) Die Spinne

Die Spinne ဆိုတဲ့အဖွဲ့ကတော့ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာ ဂျာမနီကိုစွန့်ခွာ ထွက်ပြေးလာတဲ့ နာဇီတပ်ဖွဲ့ဝင်ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်တဲ့ အဖွဲ့ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ Die Spinne အဖွဲ့ဆက်လက်တည်ရှိနေသလား/မရှိဘူးလား ဆိုတာကတော့ မည်သူမျှအသေအချာမသိပါဘူး။ သမိုင်းပညာရှင်အချို့ကတော့ Die Spinneဟာ နာဇီလက်အောက်ခံအဖွဲ့တစ်ခုဖြစ်တဲ့ ODESSA ရဲ့လက်ခွဲအဖွဲ့တစ်ခုဖြစ် တယ်လို့ ဆိုပါတယ်။ အတည်မပြုနိုင်တဲ့သတင်းတွေအရတော့ Die Spinne အဖွဲ့ဟာ (၆၀၀)ဦးထက်မနည်းတဲ့ နာဇီအဖွဲ့ဝင်တွေကို စပိန်၊ ချီလီနဲ့ အခြားနိုင်ငံ အသီးသီးကိုထွက်ပြေးနိုင်အောင် ကူညီခဲ့တယ်လို့ဆိုပါတယ်။

Die Spinne အဖွဲ့ကို စတင်တည်ထောင်သူကတော့ နာဇီအသေခံကွန်မန်ဒိုတပ်ဖွဲ့ရဲ့ခေါင်းဆောင် အော်တို စကော်ဇနီဖြစ်ပါတယ်။ သူဟာအီတလီအာဏာရှင် မူဆိုလီနီကိုကယ်ထုတ်ခြင်း၊ ဟန်ဂေ ရီခေါင်းဆောင် မာရှယ်တီးတိုးအားဖမ်းဆီးခြင်းတို့အပြင် ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကျော်ဖြစ်ရပ်များစွာကို လုပ်ကိုင်ပြီး မဟာမိတ်တပ်မှူးတွေအကြားနာမည်ကျော် ခဲ့သူပါ။ စစ်ပြီးကာလအချိန်ရောက်မှထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ Die Spinne အဖွဲ့ရဲ့ရန်ပုံငွေကို နာဇီအဖွဲ့ရဲ့ဘတ်ဂျက်အတွင်းကနေပဲကျခံပြီး (၁၉၄၄)ခုနှစ် မှာ ဂျာမန်တွေစစ်ရှုံးမယ်လို့ ရိပ်မိခဲ့တဲ့ ဟစ်တလာရဲ့အထူးအကြံပေးတစ်ဦးဖြစ်တဲ့ Reinhard Gehlen ကဒီကယ်ဆယ်ရေးကွန်ယက်ကို ထားရှိဖို့အကြံဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ရုရှားကိုသွားရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးတွေပြီးတဲ့နောက် နာဇီဂျာမနီရဲ့ နိဂုံးဟာ အရှုံးဘက်ကိုတစ်ဖြည်းဖြည်းပုံပေါ်လာခဲ့ပြီး နာဇီ ထိပ်တန်းခေါင်းဆောင်ပိုင်းမှာပါ ဆက်ဆံရေးအဖုအထစ်တွေရှိလာခဲ့တာကြောင့်သာ Die Spinneအဖွဲ့ရဲ့ကွန်ယက်ဟာ ဒီထက်ပိုကျယ်ပြန့်မှုမရှိတာလည်း ဖြစ်ပါတယ်။ (၁၉၆၀)ကာလနဲ့ (၁၉၈၀)ကာလ အကြားမှာတော့ နာဇီစစ်ရာဇဝက်သားများစွာဟာ တောင်အမေရိကတိုက်က ပါရာဂွေး နဲ့အာဂျင်တီးနားနိုင်ငံတွေအထိတောင် ပြောင်းရွေခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် လာခဲ့ပြီး အဲဒီအပြောင်းအရွေ့တွေရဲ့ လက်သည်ကတော့ Die Spinne ဆိုတဲ့ လျို့ဝှက် အဖွဲ့အစည်းပဲဖြစ်ပါတယ်။

(၇) Rosicrucians

Rosicruciansဆိုတာကတော့ ဂျာမနီနိုင်ငံမှာတည်ရှိတဲ့ လျို့ဝှက်ပညာရပ်တွေနဲ့ ပြည့်နှက်နေတဲ့ ဂိုဏ်းတစ်ခုဖြစ်ပြီး တည်ထောင်သူကတော့ Christian Rosenkreuz ဖြစ်ပါတယ်။ သဘောတရားခံယူချက်၊အတွေးအမြင်၊အယူအဆတွေကိုဖြန့်ဝေပေးတဲ့ အဲဒီလောကီဂိုဏ်းကြီဟာ အလယ်ခေတ်ကာလဖြစ်တဲ့ (၁၄)ရာစုအတွင်းကတည်းက ဂျာမနီနိုင်ငံမှာတည်ရှိနေတာဖြစ်ပြီး ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံးသော အဖွဲ့အစည်းတွေအနက်က တစ်ခုအဖြစ်လည်း သတ်မှတ်ထားခြင်းကို ခံထားရပါတယ်။

(၁၇)ရာစုရောက်ချိန်မှာတော့ Rosicrucians ဂိုဏ်းရဲ့ အတွေးအမြင်နဲ့လောကဓာတ် ပညာရပ်တွေကိုအလေးပေးဖော်ပြထားတဲ့ မူဝါဒကြေငြာစာတမ်း(၂)ခုထွက်ပေါ်လာခဲ့ပါ တယ်။ စိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေတဲ့ ဒီစာတမ်းမှာပါဝင်နေတဲ့အသုံးအနှုန်းအချို့ ကတော့ ‘အတိတ်ကဂမီ ္ဘရပညာရပ်တွေရဲ့ အမှန်တရားကိုဖော်ထုတ်လိုပါတယ်။ ဒီပညာရပ်တွေဟာ လူသားတွေတိုင်းရဲ့မသိစိတ်မှာပျောက်ကွယ်နေပြီး သဘာဝတရား၊ စကြာဝဠာအနန ္တနဲ့ ဝိညာဉ်ကမ္ဘာထဲကနေပဲ ဖော်ထုတ်ကြဖို့ ဖြစ်လာနေပါတယ်’ တို့ဖြစ်ပါတယ်။ ယင်းစကားလုံးတွေအပြင် Rosicrucians ဂိုဏ်းသားလို့ နာမည်ကျော်သူအချို့ကလည်း လူတွေ ပါးစပ်အဟောင်းသားဖြစ်စေတဲ့ မှော်ဆန်ဆန်ပညာရပ်အချို့ကို ထုတ်ဖော်ပြသ ခဲ့တာကြောင့် Rosicruciansဂိုဏ်းအပေါ် လူစိတ်ဝင်စားမှုမြင့်တက်လာပါတယ်။

အထက်မှာဖော်ပြတဲ့ Rosicruciansရဲ့ ကြေငြာစာတမ်းထွက်ပေါ်လာချိန်မှာတော့ Rosicrucians ဂိုဏ်းရဲ့သတင်းဟာ ဥရောပတိုက်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး Rosicrucians Enlightenment လို့သိကြတဲ့ အရေးတော်ပုံအသွင်တောင် ပြည်သူတွေအကြား ဖြစ်ပေါ်ခဲ့ပါတယ်။ ယင်းနောက် Rosicrucians လို့ယူဆရတဲ့ အဂ္ဂိရတ်ဆရာနဲ့ သူတော်စင်အများအပြား ပေါ်ပေါက်လာခဲ့ပြီးနောက်ပိုင်းမှာ အနုပညာ၊ သိပ္ပံပညာ၊ ကိုးကွယ်ယုံကြည်မှု၊နိုင်ငံရေးနဲ့ အသိပညာရှင်တွေအဖြစ် ကူးပြောင်းကုန်ကြ ပါတယ်။ ပြောင်းလဲမှုအားလုံးဟာ Rosicrucians ရဲ့မူဝါဒကြေငြာစာတမ်းမှာ ပါဝင်တဲ့ အတွေးခေါ်၊ဗဟုသုတအပေါ်အခြေခံနေပြီး ယင်းကာလက ယုံကြည်မှုဆိုင်ရာ ဓလေ့တစ်ခုအဖြစ်ရှိနေခဲ့တဲ့ ဝိညာဉ်လွှင့်ခြင်းပညာရပ်တွေအထိ ပါဝင်ခဲ့တာကို တွေ့မြင်နိုင်ပါတယ်။

(၆) Illuminati

Illuminatiဆိုတာကတော့ လက်တင်ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး အသိဉာဏ်အလင်းပွင့်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော်တို့မြန်မာစာဖတ်ပရိသတ်အများစုအနေ နဲ့ကတော့ ဉာဏ်အလင်းတော်ဂိုဏ်းလို့သိကြတဲ့ Illuminatiဂိုဏ်းရဲ့တည်ရှိခြင်းဟာ ပုံပြင်လို လို၊ဒဏ္ဍာရီလိုလို ဖြစ်နေခဲ့ပေမဲ့ အပြင်မှာအမှန်တစ်ကယ်ရှိနေခဲ့ပါတယ်။ ကြေးကနေ ရွှေကိုပြောင်းစေခြင်းပညာရပ်တွေအပါအဝင်၊ အခြားလောကီပညာရပ်တွေရဲ့ အနှစ်ချုပ် များစွာ၊ဘာသာရေး၊ နောက်ဆုံး ကမ္ဘာနိုင်ငံရေးပြောင်းလဲမှုများစွာရဲ့ နောက်ကွယ်မှာ Illuminati ရှိနေတယ်လို့ ဆိုကြပေမဲ့ (၁၇၇၆)ခုနှစ်မေလ(၁)ရက်နေ့က စတင်တည် ထောင်ခဲ့တဲ့ ဒီဂိုဏ်းရဲ့မူလရည်ရွယ်ချက်က လူသားတွေအတွက် ဗဟုသုတ အသိအမြင်ကို အလင်းပြပေးဖို့ ဖြစ်ပါတယ်။

စတင်တည်ထောင်သူကတော့ ပရော်ဖက်ဆာ Adam Weishauptဖြစ်ပြီး ယင်းကာလကဂျာမနီရဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ပုန်ကန်ဖို့လူထူကိုတွန်းအားပေးရန် အတွက်ဖြစ်ပါတယ်။ အတည်မပြုနိုင်တဲ့သတင်းတွေအရတော့ Illuminati ဂိုဏ်းသားတွေဟာ NATO, အမေရိကန်အစိုးရအဖွဲ့, Hollywood နဲ့ဗာတီကန် စီးတီးတို့အထိ ပါဝင်ပတ်သက်မှုရှိနေပြီး နိုင်ငံအချို့က ခေါင်းကြီးပိုင်းနိုင်ငံရေးခေါင်း ဆောင်တွေအထိ သြဇာဖြန့်ကျက်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Illuminati ရဲ့ဂိုဏ်းသ င်္ကေတဖြစ်တဲ့ တြိဂံအတွင်းကမျက်လုံးပုံ(AllSeeing Eye)ဟာအမေရိကန်တစ်ဒေါ်လာတန်မှာပါဝင်နေ တာကိုတွေ့ရမှာဖြစ်ပြီး ဂိုဏ်းရဲ့မူလတံဆိပ်ကတော့ ရိုမန်ဒဏ္ဍာရီထဲက Owl of Minerva or Owl of Athena ဇီးကွတ်အမှတ်တံဆိပ်ဖြစ်ပါတယ်။ ဒါအပြင် Illuminatiဟာ New World Order လို့သိကြတဲ့ ကြောက်မက်ဖွယ်ရာစီမံကိန်းတစ်ခုကို ပြုလုပ်နေတယ်လို့ ဆိုပြီး အနောက်တိုင်းယဉ်ကျေးမှုနဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေရဲ့ နောက်ကွယ်မှာ Illuminati ဂိုဏ်းသားတွေရှိနေတယ်လို့လဲ ပြောဆိုမှုတွေလည်းရှိနေခဲ့တာကိုတွေ့ရပါ တယ်။

(၅) The Strikers

အမေရိကန်ပြည်ထောင်စု Alabama ပြည်နယ် ၊မိုဘိုင်းမြို့မှာ (၁၈၄၂)ခုနှစ်လောက်က ဖြစ်တည်လာတဲ့ Striker’s Independent Society လို့လူသိများတဲ့ The Strikers ဂိုဏ်းဟာလည်း လျို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေတဲ့ ကမ္ဘာကျော်ဂိုဏ်းတစ်ခုဖြစ်ပါ တယ်။ အမေရိကန်မှာတော့ The Strikers ဟာသက်တမ်းရင့်ဂိုဏ်းတစ်ခုအဖြစ်တည်ရှိ နေပြီး (၁၁၅)နှစ်ကြာမစုစည်းပဲနေရာမှ (၁၉၉၆)ခုနှစ်မှာတော့ အနည်းငယ်သောဟန်ပြ စုစည်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ သူတို့အကြောင်းကိုတော့ မည်သူမျှတိတိကျကျ မပြောပြနိုင်ပေမဲ့ အမေရိကန်နိုင်ငံတစ်ဝှမ်းလုံးမှာဖြစ်ပျက်နေတဲ့ ဖြစ်ရပ်ထူးတွေရဲ့နောက် မှာ The Strikersဂိုဏ်းသားတွေနဲ့ ပတ်သက်နေတယ်လို့သိရပါတယ်။

အမေရိကန် ပြည်တွင်းစစ် အစကနေအဆုံးအထိ ကာလတွေမှာတော့ The Strikers ဂိုဏ်းထိပ်တန်း ပုဂ္ဂိုလ်တွေက ဂိုဏ်းသားတွေမဖြစ်မနေ အိမ်ထောင်ပြုရမယ်လို့တော့ အမိန့်ထုတ်ခဲ့ဖူးပါတယ်။ ဒီအမိန့်ဟာနှစ်ပေါင်း(၅၀)လောက်အထိ ဂိုဏ်းသားအားလုံးအပေါ်သက် ရောက်နေခဲ့ပြီး (၁၉၀၅)ခုနှစ်ရောက်မှသာဖျတ်သိမ်းခဲ့ပါတယ်။ The Strikersအဖွဲ့ရဲ့ တန်းစီချီတက်မှုတွေပြီးဆုံးချိန်တိုင်းမှာတော့ Tennessee ပြည်နယ်ထဲက Temperance Hall မှာသွားရောက်အောင်ပွဲခံလေ့ရှိပါတယ်။ အဲဒီအခမ်းအနားတွေကို တော့ The Strikers Ner Year’s Eve လို့သိရပြီးနောက်ဆုံး နောက်ဆုံးအကြိမ် ကျင်းပပြီးစီးခဲ့တဲ့ ခုနှစ်ကတော့ (၁၈၈၀)ပြည့်နှစ်ကဖြစ်ပါတယ်။

(၄) Hamatsa

ပစိဖိတ်ဒေသအနောက်မြောက်ကမ်းခြေတစ်လျှောက်မှာနေထိုင်တဲ့ ဒေသခံ Hamatsa တွေကို Kwakwaka wakw တွေလိုလည်းလူသိများကြပါတယ်။ သဘာဝ တရားနဲ့ အနီးစပ်ဆုံးရှိနေပြီး လူသားစားခြင်းအပါအဝင် ထူးဆန်းတဲ့အပြုအမှုတွေ ကြောင့် Hamatsa တွေဟာ ဒီစာရင်းမှာပါဝင်လာခဲ့ပါတယ်။ Hamatsa လူမျိုးနွယ်စု အများစုဟာ ကနေဒါနိုင်ငံရဲ့အနောက်ဘက်စွန်းပိုင်းမှာတည်ရှိတဲ့ British Colombia ပြည်နယ်မှာနေထိုင်ကြသူတွေဖြစ်ပါတယ်။ ၏

Hamatsa မျိုးနွယ်စုတွေရဲ့ ရိုးရာဓလေ့ပွဲတော် တွေကိုတော့ ဆောင်းရာသီကာလတွေမှာ ကျင်းပလေ့ရှိပြီး Cannibal(လူသားစားသူ) တွေလို့လည်း Hamatsaတွေကိုခေါ်ဆိုကြပါသေးတယ်။ Hamatsa တွေလိုပဲ ထူးခြားတဲ့ ဝိသေသလက္ခဏာတွေရှိတဲ့လူမျိုးနွယ်စုတွေကတော့ တိုက်ခိုက်ဖို့အမြဲအာသီသရှိတဲ့ Winnalagalis ၊ မှော်ပညာတွေတက်ကျွမ်းတယ်လို့ ယူဆခြင်းခံရတဲ့ Matem၊ တမလွန် ဘဝနဲ့ကူးလူးဆက်နွယ်နေတယ်ဆိုတဲ့ Bakwa လူမျိုးစုတွေပဲဖြစ်ကြပါတယ်။

ဖော်ပြပါ လူမျိုူးစုတွေအနက်မှာတော့ Hamatsa တွေကအထင်ရှားဆုံးနဲ့ သြဇာတိက္ကမနဲ့ အပြည့် စုံဆုံးလည်း ဖြစ်ပါတယ်။ Hamatsa တွေဟာ လူသားစားပွဲတော်တွေကျင်းပလေ့လည်း ရှိပြီး လေ့လာတွေ့ရှိချက်တွေအရတော့ Hamatsaတွေရဲ့ရိုးရာဓလေ့တွေက လူသားစားဖို့ငယ်စဉ်ကတည်းက ပျိုးထောင်ခဲ့တာလို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ကနေဒါအာဏာပိုင်တွေရဲ့ကြိုးပမ်းချက်တွေကြောင့် Hamatsaတွေရဲ့ လူသားစားဓလေ့ဟာ မရှိတော့သလောက် ပျောက်ကွယ်သွားခဲ့ပါတယ်။

(၃) ODESSA

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှာတော့ ဂျာမနီနိုင်ငံအတွင်းကထောင်နဲ့ချီတဲ့ စစ်ရာဇဝတ်သားတွေဟာ ကမ္ဘာနေရာအသီးသီးက ကွန်မြူနစ်ကြီးစိုးတဲ့နိုင်ငံတွေကို လျို့ဝှက် ပြောင်းရွေခဲ့ကြပါတယ်။ အဲဒီပြောင်းရွေသူတွေကို နာဇီလက်အောက်ခံ မြေအောက်အဖွဲ့အစည်းများစွာကတာဝန်ခံပြီး လျို့ဝှက်ရွေပြောင်းပေးခဲ့ကြပါတယ်။ ODESSA ကလည်း ယင်းရွေပြောင်းရေးလုပ်ငန်းတွေကို တာဝန်ယူလုပ်ကိုင်ပေးရတဲ့ နာဇီလျို့ဝှက်အဖွဲ့အ စည်းဖြစ်ပါတယ်။ (၁၉၄၆)ခုနှစ် ၊ဂျူလိုင်(၃)ရက်နေ့ရောက်ချိန်မှာသာ အမေရိကန်တန် ပြန်ထောက်လှမ်းရေးအဖွဲ့ (CIC)ရဲ့ ဖော်ထုတ်မှုကြောင့်သာ နာဇီရာဇဝတ်ကောင်တွေ ကိုဂျာမနီနိုင်ငံအတွင်းကနေ ထွက်ခွာရာမှာအကူအညီပေးနေတဲ့ လျို့ဝှက်အဖွဲ့ ODESSA အဖွဲ့ အကြောင်းကို ကမ္ဘာကသိရှိခွင့်ရခဲ့တာဖြစ်ပါတယ်။

ODESSA ဟာ ဂျာမနီရဲ့ပြင်ပမှာပါ ကွန်ယက်သဖွယ် လျို့ဝှက်တည်ရှိနေတာဖြစ်ပြီး Guy Walter ရဲ့ Hunting Evil အမည်ရတဲ့စာအုပ်အတွင်းမှာတော့ စစ်ပြီးကာလက နာဇီတွေရဲ့ များပြား လှတဲ့လျို့ဝှက်ချက်မှတ်တမ်းတွေကို ထုတ်ဖော်နိုင်ခဲ့ပေမဲ့ ODESSAရဲ့ ကွန်ယက်တွေ ကိုတော့ ဖော်ထုတ်ဖို့ရာမဖြစ်နိုင်ခဲ့ဘူးလို့ မဟာမိတ်ထိပ်တန်းခေါင်းဆောင်ပိုင်းက ဝန်ခံ မှုတွေထွက်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ယနေ့အချိန်မှာတော့ ODESSA ဂိုဏ်းအကြောင်း ရေးသားဖော်ပြထားတဲ့ စိတ်ကူးယဉ်ဝတ္ထုတွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ပေါ်ထွက်နေပြီလည်း ဖြစ်ပါတယ်။

(၂) Brethern of Purity

Brethern of Purity ဆိုတာကတော့ (၈)ရာစုအတွင်းကနေ (၁၀)ရာစုအတွင်း အီရတ်နိုင်ငံ ဘာဆာမြို့မှာပေါ်ထွန်းခဲ့တဲ့ မူဆလင်ဘာသာဝင်တတ်သိပညာသည်တွေ စုစည်းထားတဲ့ လျို့ဝှက်ဂိုဏ်းတစ်ခုဖြစ်ပါတယ်။ Brethern of Purity ဟာလည်း အခြားနာမည်ကျော် လျို့ဝှက်ဂိုဏ်းတွေလိုပဲ မည်သူမည်ဝါဟာဂိုဏ်းသားဖြစ်တယ် ဆိုတဲ့အချက်ကိုတော့ တရားဝင်ထုတ်ဖော်နိုင်ခြင်းမရှိပါဘူး။ ကမ္ဘာနေရာအသီးသီးက မူဆလင်ဘာသာဝင်တွေအပြင် အခြားသောပညာရှာလူပုဂ္ဂိုလ်များစွာဟာ Brethern of Purityဂိုဏ်းတည်ရှိရာအရပ်ကို လိုက်လံရှာဖွေပြီး အတွေးအခေါ်အပါအဝင် ထူးဆန်းတဲ့ လောကဓာတ်ပညာရပ်တွေကို လာရောက်သင်ကြားရတယ်လို့ အဆိုရှိပါတယ်။

Brethern of Purity ကနေပြုစုရေးသားခဲ့တယ်ဆိုတဲ့ Encyclopedia of the Brethern of Purity စွယ်စုံကျမ်းမှာတော့ နက်နဲတဲ့ပညာရပ်တွေအကြောင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ အဲဒီကျမ်းကိုပြုစုရေးသားသူကိုတော့ ယနေ့အချိန်ထိ မည်သူလဲဆိုတာကို ဖော်ထုတ်နိုင်ခြင်းတော့မရှိခဲ့ပါဘူး။ Brethern of Purity ဂိုဏ်း သားတွေဟာ သူတို့ကိုယ်သူတို့ Sleepers in the Cave တွေလို့အမည်ပေး ခေါ်ဆိုလေ့ ရှိပြီး လက်တွေ့ကျတဲ့အသုံးချသီအိုရီနဲ့ ပညာဆန်းများစွာကိုပိုင်ဆိုင်ကြပါတယ်။

Encyclopedia of the Brethern of Purity ကျမ်းရဲ့ဖော်ပြချက်တစ်ခုမှာတော့ သူတို့ ဂိုဏ်းအနေနဲ့ လျို့ဝှက်စွာနေထိုင်ရခြင်းအကြောင်းများစွာထဲကတစ်ခုကတော့ လူသား တွေရဲ့ ယိုယွင်းလာတဲ့စိတ်နေစိတ်ထားကိုကြောက်ရွံမိတာရယ်နဲ့ ဘုရားဖန်ဆင်းပေး ထားတဲ့ မြေကမ္ဘာကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။

(၁) Priory of Sion

ခရူးဆိတ်စစ်ပွဲကာလတုန်းကတော့ ဥရောပမှာ ခရစ်ယာန်ဘုန်းတော်ကြီးနဲ့ လောကဓာတ်ပညာသည်တွေနဲ့ဖွဲ့စည်းထားပြီး သခင်ယေရှုရဲ့လျို့ဝှက်ချက်တွေကိုလျို့ဝှက်ထိန်းသိမ်းထားတဲ့ Priory of Sionအမည်ရတဲ့ လျို့ဝှက်ဂိုဏ်းကြီးတစ်ခု ရှိတယ်လို့ အဆိုရှိပါတယ်။ လျို့ဝှက်ဆန်းကြယ်တဲ့ ပညာရပ်များစွာတည်ရှိနေတယ် ဆိုတဲ့ Priory of Sion အဖွဲ့ကြီးဟာနှစ်ပေါင်းများစွာ တိမ်မြုပ်နေခဲ့ရာမှ (၁၉၅၆)ခုနှစ် ရောက်ချိန်မှ ပြင်သစ်လူမျိုး Pierre Plantardရဲ့ကြံဆမှုနဲ့ ပြန်လည်ပေါ်ထွက်လာခဲ့ ပြန်ပါတယ်။ Pierre Plantard ဟာ စိတ်ကူးယဉ်သက်သက်နဲ့ Priory of Sionဂိုဏ်း အကြောင်းကို ဖော်ပြခဲ့တယ်ဆိုပေမဲ့ အဲဒီမြေအောက်လျို့ဝှက်ဂိုဏ်းကြီးရဲ့ နောက်ခံ သမိုင်းဟာ ခိုင်ခိုင်မာမာရှိနေတဲ့အပြင် ခရစ်ယာန်ယုံကြည်ကိုးကွယ်မှုတွေနဲ့ပါ ဆက်စပ် နေတာကြောင့် လူစိတ်ဝင်စားမှုအလွန်မြင့်တက်လာခဲ့ပါတယ်။

(၁၉၆၀)ပြည့်နှစ်မှာ တော့ Pierre Plantardက Priory of Sion ဂိုဏ်းကိုတည်ထောင်သူဟာ ပထမခရူးဆိတ် စစ်ပွဲအတွင်းမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ သက်ဦးဆံပိုင်ဘုရင် Godfrey of Bouillon ဖြစ်တယ်လို့ဆိုပါတယ်။ သူဟာ ယခုဂျေရုဆလင်မှာနန်းစိုက်ပြီ (၁၀၉၉)ခုနှစ်ကတည်း က Priory of Sion ဂိုဏ်းကိုထူထောင်ခဲ့တယ်လို့ အဆိုရှိပါတယ်။ ဒါအပြင် Priory of Sionဂိုဏ်းသားတွေဟာ ပြင်သစ်ထီးနန်းကိုစိုးစံခဲ့တဲ့ Merovingian မင်းဆက်နဲ့လည်း ဆတ်စပ်မှုတွေရှိနေခဲ့တယ်လို့ ဆိုပါတယ်။ သမိုင်းပညာရှင်တွေအကြားမှာလည်း Priory of Sion ဂိုဏ်းတည်ရှိနေတာနဲ့ပတ်သက်ပြီး သဘောထားမတိုက်ဆိုင်မှုများစွာရှိနေပြီး အမှန်တကယ်ရှိခဲ့တာလား ဒဏ္ဍာရီလားဆိုတဲ့ မေးခွန်းတွေပဲ ကျယ်ကျယ်လောင် လောင်ထွက်ပေါ်နေဆဲပါ။

(၂၀၀၃)ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန်စာရေးဆရာ Daniel Gerhard Brownရဲ့ လျို့ဝှက်သည်းဖိုဝတ္ထုဖြစ်တဲ့ The Da Vinci Code ထွက်ပေါ် လာချိန်မှာတော့ Priory of Sionဂိုဏ်းဟာအမှန်တကယ်ရှိနေကြောင်း လက်ခံသူများလာပါတော့တယ်။ အဲဒီစာအုပ်ဟာအုပ်ရေသန်း(၆၀)လောက်ရောင်းချခဲ့ရပြီး ဘာသာပေါင်း(၄၀)အထိပြန်ဆိုရေးသားခြင်းခံခဲ့ရပါတယ်။ ဒီစာအုပ်အတွင်းမှာ တော့ ကမ္ဘာသမိုင်းမှာထင်ရှားခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီဟာလည်း Priory of Sionဂိုဏ်း သားတစ်ယောက်ဖြစ်ပြီး သူရဲ့နာမည်ကျော်ပန်းချီကားတွေဖြစ်တဲ့ မိုနာလီဇာ(Monalisa) နဲ့ နောက်ဆုံးညစာစားပွဲည(the last supper) မှာသခင်ယေရှုရဲ့လျို့ဝှက်ချက်တွေကို ထည့်သွင်းရေးဆွဲခဲ့တယ်လို့ဖော်ပြထားပါတယ်။

စာရေးသူကတော့ သူစာအုပ်အတွင်း ကမှတ်တမ်းတွေဟာ (၉၉)ရာခိုင်နှုန်းလောက်အထိ မှန်ကန်တယ်လို့ ဝန်ခံမှုတွေရှိပြီး (၂၀၀၆)ခုနှစ်မှာတော့ Tom Hanks ပါဝင်သရုပ်ဆောင်ထားတဲ့ The Da Vinci Code အမည်ရတဲ့ရုပ်ရှင်ထွက်ပေါ်လာခဲ့ပါတယ်။ အနောက်တိုင်းမီဒီယာတွေကတော့ Priory of Sionဂိုဏ်းရဲ့ အကြောင်းအရာတွေဟာ အမှန်တစ်ကယ်မဟုတ်ခဲ့ရင်တောင် (၂၀) ရာစုအတွင်းမှာတော့ အကောင်းဆုံးသောလှည့်ဖျားမှုအကြောင်းအရာတွေအဖြစ် ချီးကျူးခဲ့ကြပါတယ်။

Ref :
Listamaze : Top 10 Mysterious Secret Communities

သုတဇုန်

Tags: kaung htetworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!