ကမ္ဘာပေါ်မှာ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းဟာ စဉ်ဆက်မပြတ် တိုးတက်လာနေတာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေကိုရှာဖွေရာမှာ အဓိကအ ခန်း ကဏ္ဍတွေကနေ ပါဝင်လာပြီဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာမြို့တော်ကြီးတွေအ ဖြစ် စံထားတိုင်းတာရာမှာလည်း ယင်းမြို့မှာတည်ရှိနေတဲ့ ဟိုတယ်ကြီးတွေရဲ့ အဆင့်အတန်းကလည်း အဓိကထား ရေတွက်ရမယ့် အရာဖြစ်လာနေပါပြီ။ ဒီဟိုတယ်တွေထဲကမှ တချို့ဟာအံ့သြစရာ ကောင်းပြီး အချို့ကလည်းရယ်ရွှင် စရာကို့ယိုးကားယား အနေအထား ရှိတဲ့ဟိုတယ်တွေလည်း ရှိနေပါတယ်။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား ဟိုတယ်တွေရဲ့ အကြောင်း ပဲဖြစ်ပါတယ်။
(၉) Dog Bark Park Inn
အမေရိကန်ပြည်ထောင်စု၊ Idahoပြည်နယ် Cottonwood မြို့မှာတည်ရှိနေတဲ့ ဒီဟိုတယ် ကိုရောက်ရှိခဲ့မယ်ဆိုရင်တော့ တစ်ခါမှမတွေ့ကြုံဖူးတဲ့ အတွေ့အကြုံအသစ်ကို ကြုံတွေ့ရပါမယ်။ ဟိုတယ်ရဲ့ပုံစံဟာ Beagleလို့ခေါ်တဲ့ အမဲလိုက်ခွေးပုလေး သဏ္ဍာန်ကိုအလွန်ကြီးမားအောင် ဒီဇိုင်းဖော်ထားပါတယ်။ အဲဒီ Giant Beagle ဟိုတယ်ဟာ ဟာ(၁၅)ပေအထိ ကျယ်ပြန့်ပြီးပေ(၃၀)အထိ အမြင့်ရှိပါ တယ်။
Sweet Willy လို့လည်း အမည်ရတဲ့အဲဒီဟိုတယ်ရဲ့ အတွင်းပိုင်းမှာတော့ နှစ်ခန်း တွဲ ဟိုတယ်ခန်းတွေကို မြင်တွေ့ရမှာဖြစ်ပြီး Giant Beagle ရဲ့ မေးစေ့ပိုင်းကတော့ ဒီအဆောက်အအုံရဲ့ လေသာခန်းတည်ရှိပါတယ်။ ဟိုတယ်ရဲ့အတွင်းပိုင်းမှာလည်း ချစ်စရာကောင်းတဲ့ ခွေးရုပ်ပုံတွေ၊ ခွေးသဏ္ဍန်ခြေသုတ်ခုံတွေ၊ ခွေးရုပ်အသေးလေးတွေ များစွာကို လှပစွာတန်ဆာဆင်ထားပါသေးတယ်။ လာရောက်တည်းခိုတဲ့ ခရီးသည်တွေ အတွက်တော့ အနည်းငယ်ကသိကအောက် ဖြစ်ရပေမယ့် ခွေးချစ်တတ်သူတွေအတွက် တော့ အလွန်အဆင်ပြေပါတယ်။
(၈) Propeller Island City Lodge
ဂျာမနီနိုင်ငံ၊ဘာလင်မြို့မှာတည်ရှိတဲ့ ဒီဟိုတယ်ဟာ အတော်ကိုထူးဆန်းတဲ့ အသွင်အပြင်နဲ့ အခန်းဖွဲ့စည်းမှုတွေရှိနေပါတယ်။ ဒီဟိုတယ်မှာ အခန်းပေါင်း(၂၇)ခန်းရှိ ပြီး အခန်းတစ်ခုချင်းစီဟာ ကွဲပြားတဲ့ဖွဲ့စည်းပုံတွေရှိနေပါတယ်။ Propeller Island City Lodge မှာတည်ရှိတဲ့ အခန်းတွေအနက်မှာ ထောင်တွင်းက အခန်းကျဉ်းလေးပမာ တည်ဆောက်ထား တဲ့အခန်းကျဉ်းတွေတည်ရှိနေပြီး အချို့အခန်းတွေကတော့ ကြေးမုံ မှန်တွေချည်းပဲ အတိပြီးတဲ့အခန်းတွေတည်ရှိနေပါတယ်။ ထူးထူးဆန်းဆန်းအနေနဲ့ တွေ့မြင်ရမှာကတော့ သချိုင်းပုံစံ တန်ဆာဆင်ထားတဲ့ အခန်းတွေဖြစ်ပြီး ကုတင်တွေ နေရာမှာတော့ ခေါင်းတလားတွေကို အစားထိုးချထားပေးပါတယ်။
(၇) Kokopelli’s Cave bed and Breakfast
New Mexico က Farmington မှာတည်ရှိတဲ့ ဒီဟိုတယ်ဟာ လိုဏ်ဂူတွေအတွင်းမှာပဲ သီးသန့်အိပ်ခန်းတစ်ခုဖန်တီးထားခြင်း ဖြစ်ပြီး Kokopelli တောင်ခြေမှာ ၁၉၈၀ပြည့်နှစ်လောက်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဟိုတယ်ခန်း တစ်ခု အတွင်းမှာပဲ လိုဏ်ခေါင်း(၃)ခုကို ရေပိုက်တွေကို ဆက်ထားသကဲ့ သို့ ဆိုင်လျက်အနေအထားနဲ့ဖောက်လုပ်ထားတာဖြစ်ပြီး လိုဏ်ခေါင်းတစ်ခုချင်းစီအလိုက် အိပ်ခန်း၊ လျှပ်စစ်ဓာက်အား အသုံးပြုရတဲ့အခန်း၊ ပတ်ဝန်းကျင်ရှုခင်းကို ရှုမြင်နိုင်တဲ့ လေသာခန်းဆိုပြီး ခွဲခြားပါရှိပါတယ်။
Kokopelli’s Cave bed and Breakfastဟာ မြေပြင်ထက်ကနေ ပေ(၁၀၀)လောက်အမြင့်မှာတည်ရှိနေတာကြောင့် ဟိုတယ်ဆီကို သွားရောက်တဲ့သူတွေဟာ လှေကားနဲ့(သို့)တွယ်ကပ်ပြီး သွားရတာပါ။ ဒါပေမဲ့ မြေပြင် ပေါ်ကနေ ဟိုတယ်ဆီကိုမသွားခင်မှာတော့ မိမိအသက်အန ္တရာယ်နဲ့ပတ်သက်ပြီး၊ မိမိ ဆန္ဒအရသာ ဟိုတယ်ပေါ်ကိုတက်ရောက်တာဖြစ်ကြောင်း သဘောတူစာချုပ်ကိုချုပ်ဆို ကြရပါတယ်။
(၆) Plane Hotel
ကော်စတာရီကာ တောအုပ်အတွင်းမှာတော့ Boeing 727 လေယာဉ်တစ်စီး ပျက်ကျ နေတဲ့ပုံသဏ္ဍာန်ဖန်တီးထားတဲ့ Plane ဟိုတယ်ကိုမြင်တွေ့ရပါမယ်။ အမှန်တကယ်တော့ ဒါဟာ ပျက်ကျတဲ့ လေယာဉ်တစ်စီးမဟုတ်ပဲ San Jose လေဆိပ်က သက်တမ်းလွန် ခရီးသည် တင်လေယာဉ်ကြီးကို ဒီနေရာကိုရောက်အောင် သယ်ဆောင်လာတာဖြစ်ပြီး ဟိုတယ် တစ်ခုအဖြစ် အသွင်ပြောင်းခဲ့တာလည်း ဖြစ်ပါတယ်။
Plane Hotel ရဲ့ အတွင်းပိုင်းမှာ တော့ ကျွန်းသစ်ကိုအဓိကအသုံးပြုပြီး ပြုပြင်မွမ်းမံထားတဲ့ အသုံးအဆောင်တွေကို တွေ့ရှိရမှာပါ။ ဒီဟိုတယ်ဟာ မြေပြင်အမြင့်ကနေ (၄၅) ပေအထက်မှာတည်ရှိနေတဲ့ အချက်ကြောင့် Plane Hotelရဲ့ ညာဘက်လေယာဉ်အတောင်ပံကနေ လှပတဲ့ သဘာဝ ပတ်ဝန်းကျင်ရှုခင်းတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ မြောက်အမေရိကတိုက်ရဲ့ ထင်ရှားတဲ့ ဟိုတယ်တွေအနက် တစ်ခုအပါအဝင်ဖြစ်တဲ့ Plane Hotel ဟာ အနားယူ အပန်းဖြေဖို့ အလွန်သင့်တော်တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။
(၅) Palacio Del Sal
တောင်အမေရိကတိုက်၊ ဘိုလစ်ဗီးယားနိုင်ငံမှာတည်ရှိတဲ့ Palacio Del Sal ဟိုတယ်ကတော့ ဟိုတယ်တစ်ခုလုံးကို ဆားတွေကို အသုံးပြုတည်ဆောက်ထားတာဖြစ်ပါတယ်။ ဟိုတယ် ရဲ့မျက်နှာကျက်၊ ဝင်းနံရံ၊ အောက်ခြေကြမ်းခင်းတွေအထိ ဆားကိုအသုံးပြု တည်ဆောက် ထားတာပါ။ ဟိုတယ်တစ်ခုလုံး တည်ဆောက်ဖို့အတွက် ဆားခဲတုံးများစွာကို အသုံးပြုခဲ့ ရပါတယ်။
ကမ္ဘာပေါ်မှာ ဆားအထွက်ဆုံးဒေသဖြစ်တဲ့ Salar de Uyuni ဒေသမှာ တည်ဆောက်ထားတဲ့ Palacio Del Salဟိုတယ်မှာ နေဖို့ရွေးချယ်မိရင်တော့ ဟိုတယ် နံရံတွေက ဆားတွေကိုအသုံးပြုဖို့ပဲဖြစ်ဖြစ်၊ တမင်ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ် ပျက်ဆီး စေတာမျိုးမဖြစ်အောင် နေထိုင်ဖို့ ဟိုတယ်ကချမှတ်ထားတဲ့ စည်းမျဉ်းကိုလိုက်နာ ဖို့လို အပ်ပါတယ်။
(၄) Marmara Antalya
တူရကီနိုင်ငံ၊ Antalya မြို့ရဲ့ Taurus တောင်မှာတည်ဆောက်ထားတဲ့ ဒီဟိုတယ်ဟာ မြေထဲပင်လယ်ကိုလည်းကောင်းကောင်းမြင်နိုင်တာကြောင့် လာရောက်တည်းခိုသူတွေအတွက် ပင်လယ်ရဲ့အငွေ့အသက်ကိုခံစားရမှာပါ။ Marmara Antalya ဟိုတယ်မှာတော့ အခန်းပေါင်း(၂၁၄) ခန်း လောက်ပါဝင်ပြီး တစ်နေရာတည်း ကနေ အရပ်မျက်နှာအားလုံးရဲ့ ရှုခင်းကိုကြည့်နိုင်တာကြောင့် ဥရောပတစ်ခွင်မှာ ကျော် ကြားတဲ့ ဟိုတယ်တစ်ခုလည်းဖြစ်ပါတယ်။ ဟိုတယ်နဲ့အတူပါရှိတဲ့ ရေတန်ချိန် ၄၇၈ တန်လောက်ပါဝင်တဲ့ ရေကန်ကြီးအတွင်းမှာတော့ အခန်းပေါင်း(၂၄)ခန်းပါတဲ့ ရေပေါ် အဆောက်အအုံတစ်ခုကိုတွဲဖက်တည်ဆောက်ထားပြီး အဲဒီအဆောက်အအုံကနေပဲ အရပ်မျက်နှာအားလုံးက ပတ်ဝန်းကျင်ရှုခင်းတွေကိုကြည့်မြင်နိုင်တာလည်း ဖြစ်ပါတယ်။
ဒီလိုလည်ပတ်နိုင်ဖို့အတွက် ရေကန်အတွင်းမှာ လျှပ်စစ်မော်တာ(၆)လုံးကိုတပ်ဆင်ပြီး တစ်နေ့ကို အဆောက်အအုံရဲ့ (၃၆၀)ဒီဂရီ အထိ လှည့်ပတ်နိုင်တာလည်းဖြစ်ပါတယ်။ ဒီဟိုတယ်ကိုနေထိုင်တည်းခိုဖို့ ရွေးချယ်သူတွေကတော့ ဘဝတစ်လျောက်မှာ မမေ့နိုင်စရာအမှတ်တရကို ပိုင်ဆိုင်နိုင်မယ်လို့ ဟိုတယ်တာဝန်ရှိသူတွေက ညွှန်းဆိုကြပါတယ်။ ဒါအပြင် Marmara Antalya ဟိုတယ်ရဲ့ ဒီရွေလျားနိုင်တဲ့ရေပေါ်ဟိုတယ်ခန်းတွေနဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေကြောင့် ကမ္ဘာဇိမ်ခံဟိုတယ်တွေအနက် (၂၀၀၇)ခုနှစ်ရဲ့ နှစ်ခြိုက်စရာအကောင်းဆုံးသော ဟိုတယ်အဖြစ်ရွေးချယ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။
(၃) ICEHOTEL
ဆွီဒင်နိုင်ငံ Jukkasjarvi အရပ်မှာတည်ရှိတဲ့ ICEHOTEL ကတော့ဟိုတယ်တစ်ခုလုံး နီးပါးကိုရေခဲတွေသုံးပြီး တည်ဆောက်ထားတဲ့အပြင် အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ကုတင်တွေကအစ ရေခဲနဲ့နှင်တွေကို အသုံးပြုပြီးတည်ဆောက်ထားပါတယ်။ ဒီဟိုတယ် ရဲ့ပျှမ်းမျှ အပူချိန်ဟာ သုညအောက် (-၅)ဒီဂရီ ဆဲစီးရပ် အတွင်းအမြဲတည်ရှိနေတဲ့ အတွက်ကြောင့် သာမန်ဟိုတယ်တွေနဲ့တော့ အတော်ကွဲပြားလှပါတယ်။ အဲဒီကွဲပြားတဲ့ အချက်ကပဲ ICEHOTELကို ဒီထူးခြားတဲ့ဟိုတယ်စာရင်းထဲ ပါဝင်စေခဲ့တာဖြစ်ပြီး အခြေအနေအရ တစ်နှစ်ပြီးတစ်နှစ် အသစ်ပြန်ဆောက်ရတဲ့ ဟိုတယ်လည်းဖြစ်နေပြန်ပါတယ်။
နှစ်စဉ်နိုဝင်ဘာလရောက်ချိန်တွင်း ဗိသုကာပညာရှင် တွေပါဝင်တဲ့ ဟိုတယ်တည်ဆောက်ရေးအဖွဲ့ဟာ ရေခဲတန်များစွာကိုအသုံးပြုပြီး ICEHOTEL အခန်းတွေနဲ့ အတွင်းပိုင်းအသုံးအဆောင်တွေကို လာရောက်တည် ဆောက်ရလေ့ရှိပါတယ်။ ဆွီဒင်နိုင်ငံရဲ့ ဆောင်းရာသီပွဲတော် ပြပွဲ/ပြိုင်ပွဲ အခမ်းအနား တွေကိုအဓိကထား ကျင်းပလေ့ရှိတဲ့ ICEHOTEL မှာတစ်ညတာ အိပ်စက်နားခိုဖို့ ဆိုရင်တောင် ပြင်ဆင်မှုအတော်များများကို ပြုလုပ်ပြီးကာမှ တာဝန်ရှိသူတွေက ခွင့်ပြုလေ့ရှိကြပါတယ်။
(၂) Utter Inn
ဆွိဒင်နိုင်ငံက Malaren ရေအိုင်အတွင်းမှာတည်ရှိတဲ့ Utter Inn ဟာ အဆင့်မီဟိုတယ် တစ်ခုဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အခန်းတွေဖွဲ့လျက်တည်ရှိနေတဲ့ ဟိုတယ် မဟုတ်ပဲ သီးသန့်အခန်းတစ်ခုကို အိုင်ရဲ့အလည်မှာတည်ဆောက်ထားတဲ့ အနေအထား နဲ့လာရောက်တည်းခိုကြရမှာပါ။ ရေလည်မှာတည်ရှိတဲ့ ဟိုတယ်အခန်းငယ်လေးရဲ့ အောက်ထပ်မှာလည်း ရေအောက်ကိုနစ်မြုပ်နေတဲ့ပုံဖြစ်နေတဲ့ ရေလုံဖန်သားပြင် အိပ်ခန်း တစ်ခု ထပ်ဆင့်ပါဝင်တာကြောင့် ရေအောက်က ရှုခင်းတွေကိုလည်း ကြည့်ရှုနိုင်မှာပါ။
အချို့ခရီးသွားတွေကတော့ Utter Inn ရဲ့ အဲဒီဝန်ဆောင်မှုဟာ ငါးပြတိုက်ထဲကို ရောက် ရှိသလိုခံစားရတယ်လို့ဆိုပါတယ်။ Utter Innရဲ့ အဲဒီဟိုတယ် ခန်းတွေကိုတော့ စက်တပ်သင်္ဘော၊ ကနူးလှေတွေကို အသုံးပြုပြီး ဟိုတယ်တာဝန်ရှိသူ တွေက ပို့ဆောင်ပေးမှာပါ။
(၁) The Mirrorcube
ဆွီဒင်နိုင်ငံ Harads ကျေးရွာနယ်နိမိတ်အတွင်းတည်ရှိနေတဲ့ Mirrorcube ဟိုတယ်က တော့ ကမ္ဘာပေါ်မှာ အထူးခြားဆုံးသော ဟိုတယ်အဖြစ်အများက သတ်မှက်ထားကြပါတယ်။ ၄မီတာစီပတ်လည် အတိုင်းအတာရှိတဲ့ Aluminum သေတ္တာပုံ အခန်းလေးဟာ သစ်ပင်ရဲ့ ပင်စည်မှာ တွဲလျက်အနေအထားနဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို သုံးပြီးတည် ဆောက်ထားတာလည်း ဖြစ်ပါတယ်။ အဲဒီဟိုတယ်ခန်းတွေကို တစ်ဖက်မြင်မှန်တွေကို အသုံးပြု ကာရံထားတာဖြစ်ပြီး ပတ်ဝန်းကျင်ပတ်ပတ်လည်ကို အတွင်းပိုင်းကနေပဲ မြင် အောင်ပြုလုပ်ထားတာပါ။
အဲဒီAluminumသေတ္တာပုံ ဟိုတယ်ခန်းထဲမှာ အိပ်စင်(၂)ခု ပါပြီး လူနှစ်ယောက်အထိ လာရောက်တည်းခိုနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါအပြင် ရေချိုး ခန်းတစ်ခုကိုလည်း တွဲဖက်တည်ဆောက်ထားပြီး အခြားသော ဟိုတယ်ခန်းတွေနဲ့ ဆက်သွယ် သွားလာနိုင်တဲ့ ကောင်းကင်လမ်းတွေကိုလည်း ဖောက်လုပ်ပေးထား ပါတယ်။ ဧည့်သည်တွေအနေနဲ့ အဲဒီဟိုတယ်ခန်းတွေကို သွားရောက်မယ်ဆိုရင်တော့ ကြိုးတံတားတွေကို အသုံးပြုပြီးသွားရမှာ ဖြစ်ပါတယ်။
Discussion about this post