• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က စစ်တပ်မရှိတဲ့ နိုင်ငံ ၁၀ နိုင်ငံ

by Thutamm
August 4, 2020
Reading Time: 1min read
0
ကမ္ဘာပေါ်က စစ်တပ်မရှိတဲ့ နိုင်ငံ ၁၀ နိုင်ငံ
Share on FacebookShare on Twitter

နိုင်ငံအများစုမှာ ဒေသလုံခြုံရေးအတွက် ကိုယ်ပိုင်စစ်တပ်တွေ ထားရှိကြပါတယ်။ နိုင်ငံတပ်မတော်တွေဟာ နိုင်ငံတော်ကာကွယ်ရေးအတွက် အချိန်ပြည့်တာဝန်ရှိပြီး ဒေသတွင်းစစ်ရေးအရ အရေးပါတဲ့နေရာတွေမှာ တပ်ဖြန့်ထားရှိကြပါတယ်။ ကမ္ဘာအင်အားကြီးနိုင်ငံတိုင်း စစ်တပ်ထားရှိကာ စစ်နည်းပညာတွေမြှင့်တင်ပြီး အဆင့်မြင့်လက်နက်တွေထုတ်လုပ်ဖို့ အမြဲတစေအားထုတ်နေကြပေမယ့် အချို့သောနိုင်ငံတွေဟာ စစ်တပ်မထားရှိကြပါဘူး။

ဒီနိုင်ငံတစ်ခုချင်းစီရဲ့ပထဝီဝင်တည်နေရာအနေအထားနဲ့ သမိုင်းကြောင်းတွေက သူတို့ဘာလို့စစ်တပ်မထားရတာလဲ ဆိုတဲ့အကြောင်းအရင်းတွေဖြစ်ပါလိမ့်မယ်။ နိုင်ငံတစ်နိုင်ငံဟာ စစ်တပ်ရှိသင့်တယ်လို့ ကျွန်ပ်တို့ယုံကြည်ရတဲ့အချက်များစွာရှိပေမဲ့ သူတို့နဲ့တော့ကွဲပြားနေပါတယ။ ဒီနိုင်ငံတွေကိုအခြားနိုင်ငံက လာရောက်တိုက်ခိုက်တာမျိုး (သို့)စစ်ကြေငြာခြင်းတွေလုပ်လာခဲ့ရင်တော့ သူတို့ရဲ့အစီအစဉ်တွေကို နောက်ဆုတ်ကောင်းနောက်ဆုတ်ပါလိမ့်မယ်။ အခုမိတ်ဆွေတို့ကိုမျှဝေပေးချင်တာကတော့ကမ္ဘာပေါ်က စစ်တပ်လုံးဝကင်းရှင်းတဲ့ နိုင်ငံ(၁၀)နိုင်ငံရဲ့ အကြောင်းပဲဖြစ်ပါတယ်။

၁၀။ Marshall Islands

မာရှယ်ကျွန်းစုသမ္မတနိုင်ငံဟာ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့(၁၁၇)ခုမြောက် သံတမန်ဆက်သွယ်ရေးစတင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ လူဦးရေ ၅သောင်းကျော်သာ ရှိပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း သန္တာကျွန်းများ နှင့် ကျွန်းများဖြင့် ဖွဲ့စည်းထားတဲ့ ကျွန်းနိုင်ငံငယ်လေးဖြစ်ပါတယ်။ ဒီနိုင်ငံကိုစတင်တည်ထောင်တည်းက နိုင်ငံဧရိယာတွင်းစစ်လက်နက်ကိုင်များ ထည့်သွင်းဖွဲ့စည်းခဲ့ခြင်းမရှိပါဘူး။

ပြည်တွငိးလုံခြုံရေးအတွက် ရေကြောင်းရဲတွေသာထားရှိပါတယ်။ ဒီရေကြောင်းအန္တရာယ်ကာကွယ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ လက်နက်ငယ်တွေကိုင်ဆောင်ပြီး ပစိဖိတ်သမုဒ္ဒရာသွား ကင်းလှည့်ရေယာဉ် Lomorတွေနဲ့ လုံခြုံရေးအတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်ပါတယ်။ နိုင်ငံရဲ့လုံခြုံရေးကို လွတ်လပ်အဖွဲ့အစည်းများရဲ့အလွတ်သဘောတူညီချက်အရ အမေရိကန်နိုင်ငံကတာဝန်ယူပေးထားပါတယ်။

၉။ Palau

ပလောင်းသမ္မတနိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာ အတွင်းတွင် ရှိသော ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၏ အရှေ့ဘက် ၅၀၀မိုင် အကွာ နဲ့ တိုကျိုမြို့ တောင်ဘက် ၂၀၀၀မိုင် အကွာမှာ တည်ရှိပါတယ်။ လူဦးရေကတော့ ၂၁၅၀၀ခန့် ပဲရှိပါတယ်။ ဒီနိုင်ငံကိုစတင်တည်ထောင်ကတည်းက ရေကြောင်းစောင့်ကြည့်ထိန်းသိမ်းရေးရဲတပ်ဖွဲ့ဝင်တွေပဲ ထားရှိခဲ့တာပါ။

ဒီရေကြောင်းစောင့်ကြည့်ရေးရဲတပ်ဖွဲ့ဝင် အယောက် ၃၀ခန့် ကိုလက်နက်ငယ်များနဲ့ ပစိဖိတ်သမုဒ္ဒရာသွားကင်းလှည့်ရေယာဉ်တစ်စီးသာတပ်ဆင်ပေးထားပါတယ်။ နိုင်ငံတွင်းလုံခြုံရေးနဲ့ သမ္မတ ရဲ့လုံခြုံရေးကိုလည်း ရဲတပ်ဖွဲ့ကသာ တာဝန်ယူပါတယ်။ နိုင်ငံတော်လုံခြုံရေးကိုတော့ အမေရိကန်ပြည်ထောင်စုက အလွတ်သဘောတူညီချက်နဲ့ ကာကွယ်ပေးထားပါတယ်။

၈။ Samoa

ဆာမိုအာဟာ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေးဖြစ်ပြီး နယူးဇီလန်လက်ထဲက လွတ်လပ်ရေးရခဲ့တဲ့ ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်မရှိတာ ဖြစ်ပါတယ်။ နိုင်ငံထူထောင်ကတည်းက စစ်တပ်ကို ပုံဖော်တည်ဆောက်ခဲ့ခြင်း မရှိပါဘူး။ နိုင်ငံလုံခြုံရေးအတွက် ရေကြောင်းရန်စောင့်ကြည့်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်အနည်းငယ်တော့ရှိပါတယ်။ ဒီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ငယ်များနဲ့ ပစိဖိတ်သမုဒ္ဒရာသွားရေယာဉ် Nafanuaကို အသုံးပြုပြီး နိုင်ငံတွင်းလုံခြုံရေးလုပ်ငန်းတွေဆောင်ရွက်ကြပါတယ်။၁၉၆၂ခုနှစ် သဘောတူညီချက်အရ ဆာမိုအာနိုင်ငံရဲ့လုံခြုံရေးကို နယူးဇီလန်နိုင်ငံက တာဝန်ယူပေးထားပါတယ်။

၇။ Tuvalu

တူဗာလူဟာ ပစိဖိတ်သမုဒ္ဒရာထဲက ဗြိတိန်အစောင့်ရှောက်ခံနိုင်ငံတစ်ခုပါ။ လူဦးရေ တစ်သောင်းစွန်းစွန်းပဲရှိတဲ့ ဒီတိုင်းပြည်မှာ ရဲတပ်ဖွဲ့က ပြည်တွင်းလုခြုံရေးကို တာဝန်ယူထားပါတယ်။ စစ်တပ်မရှိတဲ့နိုင်ငံဖြစ်ပြီး ကျွန်းစုနိုင်ငံဖြစ်တဲ့အတွက် ပင်လယ်ရေလမ်းကြောင်းစောင့်ကြည့်ထိန်းသိမ်းတဲ့ ရဲတပ်ဖွဲ့ဝင် အနည်းငယ်တော့ရှိပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ လက်နက်ငယ်များသာကိုင်ဆောင်ပြီး ပစိဖိတ်သမုဒ္ဒရာသွားရေယာဉ် Te Mataili ကို အသုံးပြုကာပြည်တွင်းလုံခြုံရေးလုပ်ငန်းတွေကိုဆောင်ရွက်ပါတယ်။

၆။ Vatican City

ဗာတီကန်ဟာ ကမ္ဘာ့အသေးဆုံးနိုင်ငံဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးအုပ်ချုပ်တဲ့ နိုင်ငံငယ်လေးဖြစ်ပါတယ်။ ဒီနိုင်ငံလေးမှာ ပြည်တွင်း လုံခြုံရေးအတွက် Gendarmerie Corps အဖွဲ့ကတာဝန်ယူထားပြီး ဆွစ်ဇာလန် အစောင့်တပ်ဖွဲ့ကလည်း ကာကွယ်မှုတွေ ပေးလျှက်ရှိပါတယ်။ တိုင်းပြည်လုံခြုံရေးအတွက်တော့ အီတလီက တာဝန်ယူထားပါတယ်။ အီတလီနိုင်ငံရဲ့အာမခံသဘောတူညီချက်ကြောင့်စစ်တပ်ထားရှိခြင်းမရှိပါဘူး။တချိန်ကတော့ Palatine Guard နဲ့ Noble Guard လို့ခေါ်တဲ့ တပ်ဖွဲ့အချို့ ရှိခဲ့ပေမယ့် ၁၉၇၀ မှာ ဖျက်သိမ်းခဲ့ပါတယ်။

၅။ Naura

နာအူရူးသမ္မတနိုင်ငံ ဟာ ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်း မိုက်ခရိုနီးရှားတွင် ရှိသော ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးသော ကျွန်းနိုင်ငံဖြစ်ပြီး ၂၁ စတုရန်းကီလိုမီတာ (၈.၁ စတုရန်းမိုင်) မျှသာ ရှိပါတယ်။ စစ်တပ်မရှိတဲ့ဒီနိုင်ငံရဲ့ လုံခြုံရေးကို သြစတေးလျနိုင်ငံက တာဝန်ယူထားပါတယ်။ နိုင်ငံတွင်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့တစ်ခုသာရှိပြီး တခြားစစ်တပ်မရှိတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆို နာအူရူးနိုင်ငံရဲ့ လက်နက်ကိုင်ရဲအင်အားနဲ့ အရန်ရဲတပ်ဖွဲ့ဝင်အင်အားဟာ အလွန်များပြားနေတာပဲဖြစ်ပါတယ်။

၄။ Solomon Islands

ကျွန်းရာပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ဆော်လမွန်ကျွန်းစုနိုင်ငံမှာ အရင်ကစစ်တပ်ကဲ့သို့သော လက်နက်ကိုင်တွေထားရှိပေမယ့် ဒေသခံတိုင်းရင်းသားတွေရဲ့ပြင်းထန်တဲ့ ပဋိပက္ခတွေကြောင့် သြစတေးလျ နယူးဇီလန်အပါအဝင် အခြားပစိဖိတ်နိုင်ငံတွေက ကြားဝင်ဖြန်ဖြေပြီး နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ပြန်လည်ထိန်းသိမ်းပေးခဲ့တာပါ။

အဲဒီနောက်တော့ လက်နက်ကိုင်အဖွဲ့ကိုဖျက်သိမ်းခဲ့ပါတယ်။ နိုင်ငံလုံခြုံရေးအတွက်တော့ လက်နက်ငယ်များတပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရေကြောင်းစောင့်ကြည့်ရေးအဖွဲ့ဝင်တွေရှိပါတယ်။ လက်နက်ငယ်တပ်ဆင်ထားတဲ့ ရေကြောင်းရန်ထိန်းသိမ်းစောင့်ကြည့်ရေး ရဲတပ်ဖွဲ့ဝင်တွေဟာ ပစိဖိတ်သမုဒ္ဒရာသွားရေယာဉ်နှစ်စီးဖြစ်တဲ့ Auki နဲ့ Lata ကို အသုံးပြုပြီး လုံခြုံရေးဆောင်ရွက်နေကြတာပါ။ ဆော်လမွန်ကျွန်းစုနိုင်ငံကို ကာကွယ်ရေးတာဝန်ယူထားတဲ့အဖွဲ့ဝင်နိုင်ငံတွေဟာ RAMSI လို့ အတိုကောတ်ခေါ်တဲ့ ဆော်လမွန်ဒေသဖွံဖြိုးရေးအစီစဉ်တွေကို လိုက်နာဆောင်ရွက်ကြပါတယ်။

၃။ Liechtenstein

ယခင်က စစ်တပ်ထားရှိခဲ့ပေမယ့် ၁၈၆၈ခုနှစ်မှာတော့ စစ်တပ်ရဲ့ကုန်ကျစရိတ်ဟာများလွန်းပြီး နိုင်ငံအတွတ်မလိုအပ်ဘူးလို့ ယူဆပြီးဖျတ်သိမ်းခဲ့တာပါ။ စစ်ဖြစ်မယ့် အရေးပေါ်ကာလရောက်မှ စစ်တပ်ကိုပြန်လည်ဖွဲ့စည်းခွင့်ရှိတဲ့ လက်ချင်စတိန်းနိုင်ငံဟာ ပထဝီဝင်အနေအထားအရ အခုချိန်ထိ အရေးပေါ်ကာလမရှိသေးပါဘူး။ လက်ချင်စတိန်းနိုင်ငံရဲ့လုံခြုံရေးကိုခေတ်မီလက်နက်တွေပိုင်ဆိုင်ပြီး စစ်ရေးကျွမ်းကျင်သူတွေနဲ့ လက်နက်ငယ်ကိုင်ရဲတပ်ဖွဲ့ဝင်တွေက တာဝန်ယူထားပါတယ်

၂။ Grenada

ဂရီနေဒါနိုင်ငံဟာ အတ္တလန္တိတ် သမုဒ္ဒရာ နဲ့ ကာရစ်ဘီယံ ပင်လယ်အကြားရှိ အနောက်အိန္ဒိယ ကျွန်းစုထဲက လူဦးရေ ၁သိန်းခန့်သာရှိတဲ့ ကျွန်းနိုင်ငံလေးဖြစ်ပါတယ်။ ကျွန်း ၇ ကျွန်းနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံငယ်လေးဖြစ်ပြီး အမေရိကန်တွေကျူးကျော်သိမ်းပိုက်ပြီးနောက်ပိုင်း ၁၉၈၃ကနေစပြီး စစ်တပ်မရှိတော့ပါဘူး နိုင်ငံလုံခြုံရေးကို ခေတ်မီလက်နက်တွေတပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ကတာဝန်ယူထားပါတယ်။ ဂရီနေဒါ ဆိုတဲ့နာမည်ကို သူတို့ကိုကျွန်ပြုခဲ့တဲ့စပိန်တွေက စပိန်နိုင်ငံက ဂရီနေဒါဒေသနဲ့တူလို့ ဒီအမည်ပေးခဲ့တာပါ ဂရန်နာဒါဟာ ကာရစ်ဘီယံဒေသလုံခြုံရေးစနစ်မှာပါဝင်ပါတယ်။

၁။ Andora

အန်ဒိုရာဟာ ဥရောပအနောက်တောင်ပိုင်းမှ နိုင်ငံငယ်လေးတစ်ခုဖြစ်ပြီး စပိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံ တို့ကြား ပီးရနီးစ်တောင်တန်းပေါ်မှာတည်ရှိပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်တဲ့ အန်ဒိုရာဟာ စစ်တပ်မရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်လုံခြုံရေးအတွက် နယ်မြေချင်းထိစပ်နေတဲ့ စပိန်နိုင်ငံ ၊ ပြင်သစ်နိုင်ငံတို့နဲ့ စစ်ရေးသဘောတူညီမှုစာချုပ်တွေချုပ်ဆိုထားရပါတယ်။ အန်ဒိုရာဟာ စစ်တပ်မရှိပေမဲ့ အခမ်းအနားတွေမှာ စစ်ရေးပြဖို့ စေတနာဝန်ထမ်းသရုပ်ပြစစ်တပ်တော့ရှိပါတယ်။ စစ်တပ်ကဲ့သို့ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့GIPA(အထူးလေးကျင့်ပေးထားတဲ့အကြမ်းဖက်တန်ပြန်နှိမ်နှင်းရေးနဲ့အကျဉ်းသားထိန်းသိမ်းရေး)ဆိုင်ရာ အဖွဲ့ဝင်တွေဟာ နိုင်ငံရဲတပ်ဖွဲ့ရဲ့အစိတ်အပိုင်းတွေဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတာဟာ စစ်တပ်မရှိတဲ့ ၁၀နိုင်ငံ အကြောင်းပဲရှိပါသေးတယ်။ ဒီနိုင်ငံတွေအပြင် ကျန်ရှိနေသေးတဲ့ စစ်တပ်မရှိတဲ့နိုင်ငံတွေကတော့ ဒိုမီနီကာ ၊ ကီရီဘတ်စ် ၊ မိုက်ခရိုနီးရှား ၊ စိန့်လူစီယာ ၊ စိန့်ဗင်းဆင့် စတဲ့နိုင်ငံငယ်လေးတွေဖြစ်ပါတယ်။ နိုင်ငံစစ်တပ်မရှိပေမယ့် အကန့်အသတ်နဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံအချို့ကတော့ ကော်စတာရီကာ ၊ အိုက်စလန် ၊ မောရစ်သျှ ၊ မိုနာကို ၊ ပနားမား နဲ့ ဗန်နွားတူ နိုင်ငံတွေပဲဖြစ်ကြပါတယ်။

——- —- ———–

(Zawgyi)

ကမာၻေပၚက စစ္တပ္မရွိတဲ့ ႏိုင္ငံ ၁၀ ႏိုင္ငံ

ႏိုင္ငံအမ်ားစုမွာ ေဒသလုံၿခဳံေရးအတြက္ ကိုယ္ပိုင္စစ္တပ္ေတြ ထားရွိၾကပါတယ္။ ႏိုင္ငံတပ္မေတာ္ေတြဟာ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ အခ်ိန္ျပည့္တာဝန္ရွိၿပီး ေဒသတြင္းစစ္ေရးအရ အေရးပါတဲ့ေနရာေတြမွာ တပ္ျဖန႔္ထားရွိၾကပါတယ္။ ကမာၻအင္အားႀကီးႏိုင္ငံတိုင္း စစ္တပ္ထားရွိကာ စစ္နည္းပညာေတြျမႇင့္တင္ၿပီး အဆင့္ျမင့္လက္နက္ေတြထုတ္လုပ္ဖို႔ အၿမဲတေစအားထုတ္ေနၾကေပမယ့္ အခ်ိဳ႕ေသာႏိုင္ငံေတြဟာ စစ္တပ္မထားရွိၾကပါဘူး။

ဒီႏိုင္ငံတစ္ခုခ်င္းစီရဲ႕ပထဝီဝင္တည္ေနရာအေနအထားနဲ႔ သမိုင္းေၾကာင္းေတြက သူတို႔ဘာလို႔စစ္တပ္မထားရတာလဲ ဆိုတဲ့အေၾကာင္းအရင္းေတြျဖစ္ပါလိမ့္မယ္။ ႏိုင္ငံတစ္ႏိုင္ငံဟာ စစ္တပ္ရွိသင့္တယ္လို႔ ကြၽန္ပ္တို႔ယုံၾကည္ရတဲ့အခ်က္မ်ားစြာရွိေပမဲ့ သူတို႔နဲ႔ေတာ့ကြဲျပားေနပါတယ။ ဒီႏိုင္ငံေတြကိုအျခားႏိုင္ငံက လာေရာက္တိုက္ခိုက္တာမ်ိဳး (သို႔)စစ္ေၾကျငာျခင္းေတြလုပ္လာခဲ့ရင္ေတာ့ သူတို႔ရဲ႕အစီအစဥ္ေတြကို ေနာက္ဆုတ္ေကာင္းေနာက္ဆုတ္ပါလိမ့္မယ္။ အခုမိတ္ေဆြတို႔ကိုမွ်ေဝေပးခ်င္တာကေတာ့ကမာၻေပၚက စစ္တပ္လုံးဝကင္းရွင္းတဲ့ ႏိုင္ငံ(၁၀)ႏိုင္ငံရဲ႕ အေၾကာင္းပဲျဖစ္ပါတယ္။

၁၀။ Marshall Islands

မာရွယ္ကြၽန္းစုသမၼတႏိုင္ငံဟာ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံရဲ႕(၁၁၇)ခုေျမာက္ သံတမန္ဆက္သြယ္ေရးစတင္ခဲ့တဲ့ ႏိုင္ငံျဖစ္ပါတယ္။ လူဦးေရ ၅ေသာင္းေက်ာ္သာ ရွိၿပီး ပစိဖိတ္သမုဒၵရာအတြင္း သႏၲာကြၽန္းမ်ား ႏွင့္ ကြၽန္းမ်ားျဖင့္ ဖြဲ႕စည္းထားတဲ့ ကြၽန္းႏိုင္ငံငယ္ေလးျဖစ္ပါတယ္။ ဒီႏိုင္ငံကိုစတင္တည္ေထာင္တည္းက ႏိုင္ငံဧရိယာတြင္းစစ္လက္နက္ကိုင္မ်ား ထည့္သြင္းဖြဲ႕စည္းခဲ့ျခင္းမရွိပါဘူး။

ျပည္တြငိးလုံၿခဳံေရးအတြက္ ေရေၾကာင္းရဲေတြသာထားရွိပါတယ္။ ဒီေရေၾကာင္းအႏၲရာယ္ကာကြယ္ထိန္းသိမ္းေရး ရဲတပ္ဖြဲ႕ဝင္ေတြဟာ လက္နက္ငယ္ေတြကိုင္ေဆာင္ၿပီး ပစိဖိတ္သမုဒၵရာသြား ကင္းလွည့္ေရယာဥ္ Lomorေတြနဲ႔ လုံၿခဳံေရးအတြက္ စုံစမ္းစစ္ေဆးမႈေတြလုပ္ပါတယ္။ ႏိုင္ငံရဲ႕လုံၿခဳံေရးကို လြတ္လပ္အဖြဲ႕အစည္းမ်ားရဲ႕အလြတ္သေဘာတူညီခ်က္အရ အေမရိကန္ႏိုင္ငံကတာဝန္ယူေပးထားပါတယ္။

၉။ Palau

ပေလာင္းသမၼတႏိုင္ငံဟာ ပစိဖိတ္သမုဒၵရာ အတြင္းတြင္ ရွိေသာ ကြၽန္းႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္ပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံ၏ အေရွ႕ဘက္ ၅၀၀မိုင္ အကြာ နဲ႔ တိုက်ိဳၿမိဳ႕ ေတာင္ဘက္ ၂၀၀၀မိုင္ အကြာမွာ တည္ရွိပါတယ္။ လူဦးေရကေတာ့ ၂၁၅၀၀ခန႔္ ပဲရွိပါတယ္။ ဒီႏိုင္ငံကိုစတင္တည္ေထာင္ကတည္းက ေရေၾကာင္းေစာင့္ၾကည့္ထိန္းသိမ္းေရးရဲတပ္ဖြဲ႕ဝင္ေတြပဲ ထားရွိခဲ့တာပါ။

ဒီေရေၾကာင္းေစာင့္ၾကည့္ေရးရဲတပ္ဖြဲ႕ဝင္ အေယာက္ ၃၀ခန႔္ ကိုလက္နက္ငယ္မ်ားနဲ႔ ပစိဖိတ္သမုဒၵရာသြားကင္းလွည့္ေရယာဥ္တစ္စီးသာတပ္ဆင္ေပးထားပါတယ္။ ႏိုင္ငံတြင္းလုံၿခဳံေရးနဲ႔ သမၼတ ရဲ႕လုံၿခဳံေရးကိုလည္း ရဲတပ္ဖြဲ႕ကသာ တာဝန္ယူပါတယ္။ ႏိုင္ငံေတာ္လုံၿခဳံေရးကိုေတာ့ အေမရိကန္ျပည္ေထာင္စုက အလြတ္သေဘာတူညီခ်က္နဲ႔ ကာကြယ္ေပးထားပါတယ္။

၈။ Samoa

ဆာမိုအာဟာ ပစိဖိတ္သမုဒၵရာထဲက ကြၽန္းႏိုင္ငံေလးျဖစ္ၿပီး နယူးဇီလန္လက္ထဲက လြတ္လပ္ေရးရခဲ့တဲ့ ၁၉၆၂ ခုႏွစ္ကတည္းက စစ္တပ္မရွိတာ ျဖစ္ပါတယ္။ ႏိုင္ငံထူေထာင္ကတည္းက စစ္တပ္ကို ပုံေဖာ္တည္ေဆာက္ခဲ့ျခင္း မရွိပါဘူး။ ႏိုင္ငံလုံၿခဳံေရးအတြက္ ေရေၾကာင္းရန္ေစာင့္ၾကည့္ထိန္းသိမ္းေရး ရဲတပ္ဖြဲ႕ဝင္အနည္းငယ္ေတာ့ရွိပါတယ္။ ဒီတပ္ဖြဲ႕ဝင္ေတြဟာ လက္နက္ငယ္မ်ားနဲ႔ ပစိဖိတ္သမုဒၵရာသြားေရယာဥ္ Nafanuaကို အသုံးျပဳၿပီး ႏိုင္ငံတြင္းလုံၿခဳံေရးလုပ္ငန္းေတြေဆာင္႐ြက္ၾကပါတယ္။၁၉၆၂ခုႏွစ္ သေဘာတူညီခ်က္အရ ဆာမိုအာႏိုင္ငံရဲ႕လုံၿခဳံေရးကို နယူးဇီလန္ႏိုင္ငံက တာဝန္ယူေပးထားပါတယ္။

၇။ Tuvalu

တူဗာလူဟာ ပစိဖိတ္သမုဒၵရာထဲက ၿဗိတိန္အေစာင့္ေရွာက္ခံႏိုင္ငံတစ္ခုပါ။ လူဦးေရ တစ္ေသာင္းစြန္းစြန္းပဲရွိတဲ့ ဒီတိုင္းျပည္မွာ ရဲတပ္ဖြဲ႕က ျပည္တြင္းလုၿခဳံေရးကို တာဝန္ယူထားပါတယ္။ စစ္တပ္မရွိတဲ့ႏိုင္ငံျဖစ္ၿပီး ကြၽန္းစုႏိုင္ငံျဖစ္တဲ့အတြက္ ပင္လယ္ေရလမ္းေၾကာင္းေစာင့္ၾကည့္ထိန္းသိမ္းတဲ့ ရဲတပ္ဖြဲ႕ဝင္ အနည္းငယ္ေတာ့ရွိပါတယ္။ ရဲတပ္ဖြဲ႕ဝင္ေတြဟာ လက္နက္ငယ္မ်ားသာကိုင္ေဆာင္ၿပီး ပစိဖိတ္သမုဒၵရာသြားေရယာဥ္ Te Mataili ကို အသုံးျပဳကာျပည္တြင္းလုံၿခဳံေရးလုပ္ငန္းေတြကိုေဆာင္႐ြက္ပါတယ္။

၆။ Vatican City

ဗာတီကန္ဟာ ကမာၻ႔အေသးဆုံးႏိုင္ငံျဖစ္ၿပီး ပုပ္ရဟန္းမင္းႀကီးအုပ္ခ်ဳပ္တဲ့ ႏိုင္ငံငယ္ေလးျဖစ္ပါတယ္။ ဒီႏိုင္ငံေလးမွာ ျပည္တြင္း လုံၿခဳံေရးအတြက္ Gendarmerie Corps အဖြဲ႕ကတာဝန္ယူထားၿပီး ဆြစ္ဇာလန္ အေစာင့္တပ္ဖြဲ႕ကလည္း ကာကြယ္မႈေတြ ေပးလွ်က္ရွိပါတယ္။ တိုင္းျပည္လုံၿခဳံေရးအတြက္ေတာ့ အီတလီက တာဝန္ယူထားပါတယ္။ အီတလီႏိုင္ငံရဲ႕အာမခံသေဘာတူညီခ်က္ေၾကာင့္စစ္တပ္ထားရွိျခင္းမရွိပါဘူး။တခ်ိန္ကေတာ့ Palatine Guard နဲ႔ Noble Guard လို႔ေခၚတဲ့ တပ္ဖြဲ႕အခ်ိဳ႕ ရွိခဲ့ေပမယ့္ ၁၉၇၀ မွာ ဖ်က္သိမ္းခဲ့ပါတယ္။

၅။ Naura

နာအူ႐ူးသမၼတႏိုင္ငံ ဟာ ပစိဖိတ္သမုဒၵရာ ေတာင္ပိုင္း မိုက္ခ႐ိုနီးရွားတြင္ ရွိေသာ ကြၽန္းႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္ပါတယ္။ ကမာၻေပၚတြင္ အေသးငယ္ဆုံးေသာ ကြၽန္းႏိုင္ငံျဖစ္ၿပီး ၂၁ စတုရန္းကီလိုမီတာ (၈.၁ စတုရန္းမိုင္) မွ်သာ ရွိပါတယ္။ စစ္တပ္မရွိတဲ့ဒီႏိုင္ငံရဲ႕ လုံၿခဳံေရးကို ၾသစေတးလ်ႏိုင္ငံက တာဝန္ယူထားပါတယ္။ ႏိုင္ငံတြင္းလုံၿခဳံေရးအတြက္ ရဲတပ္ဖြဲ႕တစ္ခုသာရွိၿပီး တျခားစစ္တပ္မရွိတဲ့ ႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္မယ္ဆို နာအူ႐ူးႏိုင္ငံရဲ႕ လက္နက္ကိုင္ရဲအင္အားနဲ႔ အရန္ရဲတပ္ဖြဲ႕ဝင္အင္အားဟာ အလြန္မ်ားျပားေနတာပဲျဖစ္ပါတယ္။

၄။ Solomon Islands

ကြၽန္းရာေပါင္းမ်ားစြာနဲ႔ ဖြဲ႕စည္းထားတဲ့ေဆာ္လမြန္ကြၽန္းစုႏိုင္ငံမွာ အရင္ကစစ္တပ္ကဲ့သို႔ေသာ လက္နက္ကိုင္ေတြထားရွိေပမယ့္ ေဒသခံတိုင္းရင္းသားေတြရဲ႕ျပင္းထန္တဲ့ ပဋိပကၡေတြေၾကာင့္ ၾသစေတးလ် နယူးဇီလန္အပါအဝင္ အျခားပစိဖိတ္ႏိုင္ငံေတြက ၾကားဝင္ျဖန္ေျဖၿပီး ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာနဲ႔ တရားဥပေဒစိုးမိုးေရးလုပ္ငန္းေတြကို ျပန္လည္ထိန္းသိမ္းေပးခဲ့တာပါ။

အဲဒီေနာက္ေတာ့ လက္နက္ကိုင္အဖြဲ႕ကိုဖ်က္သိမ္းခဲ့ပါတယ္။ ႏိုင္ငံလုံၿခဳံေရးအတြက္ေတာ့ လက္နက္ငယ္မ်ားတပ္ဆင္ထားတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ေရေၾကာင္းေစာင့္ၾကည့္ေရးအဖြဲ႕ဝင္ေတြရွိပါတယ္။ လက္နက္ငယ္တပ္ဆင္ထားတဲ့ ေရေၾကာင္းရန္ထိန္းသိမ္းေစာင့္ၾကည့္ေရး ရဲတပ္ဖြဲ႕ဝင္ေတြဟာ ပစိဖိတ္သမုဒၵရာသြားေရယာဥ္ႏွစ္စီးျဖစ္တဲ့ Auki နဲ႔ Lata ကို အသုံးျပဳၿပီး လုံၿခဳံေရးေဆာင္႐ြက္ေနၾကတာပါ။ ေဆာ္လမြန္ကြၽန္းစုႏိုင္ငံကို ကာကြယ္ေရးတာဝန္ယူထားတဲ့အဖြဲ႕ဝင္ႏိုင္ငံေတြဟာ RAMSI လို႔ အတိုေကာတ္ေခၚတဲ့ ေဆာ္လမြန္ေဒသဖြံၿဖိဳးေရးအစီစဥ္ေတြကို လိုက္နာေဆာင္႐ြက္ၾကပါတယ္။

၃။ Liechtenstein

ယခင္က စစ္တပ္ထားရွိခဲ့ေပမယ့္ ၁၈၆၈ခုႏွစ္မွာေတာ့ စစ္တပ္ရဲ႕ကုန္က်စရိတ္ဟာမ်ားလြန္းၿပီး ႏိုင္ငံအတြတ္မလိုအပ္ဘူးလို႔ ယူဆၿပီးဖ်တ္သိမ္းခဲ့တာပါ။ စစ္ျဖစ္မယ့္ အေရးေပၚကာလေရာက္မွ စစ္တပ္ကိုျပန္လည္ဖြဲ႕စည္းခြင့္ရွိတဲ့ လက္ခ်င္စတိန္းႏိုင္ငံဟာ ပထဝီဝင္အေနအထားအရ အခုခ်ိန္ထိ အေရးေပၚကာလမရွိေသးပါဘူး။ လက္ခ်င္စတိန္းႏိုင္ငံရဲ႕လုံၿခဳံေရးကိုေခတ္မီလက္နက္ေတြပိုင္ဆိုင္ၿပီး စစ္ေရးကြၽမ္းက်င္သူေတြနဲ႔ လက္နက္ငယ္ကိုင္ရဲတပ္ဖြဲ႕ဝင္ေတြက တာဝန္ယူထားပါတယ္

၂။ Grenada

ဂရီေနဒါႏိုင္ငံဟာ အတၱလႏၲိတ္ သမုဒၵရာ နဲ႔ ကာရစ္ဘီယံ ပင္လယ္အၾကားရွိ အေနာက္အိႏၵိယ ကြၽန္းစုထဲက လူဦးေရ ၁သိန္းခန႔္သာရွိတဲ့ ကြၽန္းႏိုင္ငံေလးျဖစ္ပါတယ္။ ကြၽန္း ၇ ကြၽန္းနဲ႔ ဖြဲ႕စည္းထားတဲ့ ႏိုင္ငံငယ္ေလးျဖစ္ၿပီး အေမရိကန္ေတြက်ဴးေက်ာ္သိမ္းပိုက္ၿပီးေနာက္ပိုင္း ၁၉၈၃ကေနစၿပီး စစ္တပ္မရွိေတာ့ပါဘူး ႏိုင္ငံလုံၿခဳံေရးကို ေခတ္မီလက္နက္ေတြတပ္ဆင္ထားတဲ့ ရဲတပ္ဖြဲ႕ကတာဝန္ယူထားပါတယ္။ ဂရီေနဒါ ဆိုတဲ့နာမည္ကို သူတို႔ကိုကြၽန္ျပဳခဲ့တဲ့စပိန္ေတြက စပိန္ႏိုင္ငံက ဂရီေနဒါေဒသနဲ႔တူလို႔ ဒီအမည္ေပးခဲ့တာပါ ဂရန္နာဒါဟာ ကာရစ္ဘီယံေဒသလုံၿခဳံေရးစနစ္မွာပါဝင္ပါတယ္။

၁။ Andora

အန္ဒိုရာဟာ ဥေရာပအေနာက္ေတာင္ပိုင္းမွ ႏိုင္ငံငယ္ေလးတစ္ခုျဖစ္ၿပီး စပိန္ႏိုင္ငံႏွင့္ ျပင္သစ္ႏိုင္ငံ တို႔ၾကား ပီးရနီးစ္ေတာင္တန္းေပၚမွာတည္ရွိပါတယ္။ ကုန္းတြင္းပိတ္ႏိုင္ငံတစ္ခုျဖစ္တဲ့ အန္ဒိုရာဟာ စစ္တပ္မရွိတဲ့ ႏိုင္ငံျဖစ္ပါတယ္။ ဒါေၾကာင့္လုံၿခဳံေရးအတြက္ နယ္ေျမခ်င္းထိစပ္ေနတဲ့ စပိန္ႏိုင္ငံ ၊ ျပင္သစ္ႏိုင္ငံတို႔နဲ႔ စစ္ေရးသေဘာတူညီမႈစာခ်ဳပ္ေတြခ်ဳပ္ဆိုထားရပါတယ္။ အန္ဒိုရာဟာ စစ္တပ္မရွိေပမဲ့ အခမ္းအနားေတြမွာ စစ္ေရးျပဖို႔ ေစတနာဝန္ထမ္းသ႐ုပ္ျပစစ္တပ္ေတာ့ရွိပါတယ္။ စစ္တပ္ကဲ့သို႔ေခတ္မီလက္နက္ေတြ တပ္ဆင္ထားတဲ့GIPA(အထူးေလးက်င့္ေပးထားတဲ့အၾကမ္းဖက္တန္ျပန္ႏွိမ္ႏွင္းေရးနဲ႔အက်ဥ္းသားထိန္းသိမ္းေရး)ဆိုင္ရာ အဖြဲ႕ဝင္ေတြဟာ ႏိုင္ငံရဲတပ္ဖြဲ႕ရဲ႕အစိတ္အပိုင္းေတြျဖစ္ပါတယ္။

အထက္မွာေဖာ္ျပထားတာဟာ စစ္တပ္မရွိတဲ့ ၁၀ႏိုင္ငံ အေၾကာင္းပဲရွိပါေသးတယ္။ ဒီႏိုင္ငံေတြအျပင္ က်န္ရွိေနေသးတဲ့ စစ္တပ္မရွိတဲ့ႏိုင္ငံေတြကေတာ့ ဒိုမီနီကာ ၊ ကီရီဘတ္စ္ ၊ မိုက္ခ႐ိုနီးရွား ၊ စိန႔္လူစီယာ ၊ စိန႔္ဗင္းဆင့္ စတဲ့ႏိုင္ငံငယ္ေလးေတြျဖစ္ပါတယ္။ ႏိုင္ငံစစ္တပ္မရွိေပမယ့္ အကန႔္အသတ္နဲ႔ ဖြဲ႕စည္းထားတဲ့ႏိုင္ငံအခ်ိဳ႕ကေတာ့ ေကာ္စတာရီကာ ၊ အိုက္စလန္ ၊ ေမာရစ္သွ် ၊ မိုနာကို ၊ ပနားမား နဲ႔ ဗန္ႏြားတူ ႏိုင္ငံေတြပဲျဖစ္ၾကပါတယ္။

 

Tags: countriesmilitary
Next Post
သတင်းစာပို့သမားဘဝမှသည် သိပ္ပံပညာရှင်၊ သမ္မတအဖြစ်သို့

သတင်းစာပို့သမားဘဝမှသည် သိပ္ပံပညာရှင်၊ သမ္မတအဖြစ်သို့

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!