Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်ကတစ်ဦးတည်းသော အပ်ချုပ်စက်ပန်းချီဆရာ

by Thutamm
August 10, 2019
Reading Time: 1min read
0
ကမ္ဘာပေါ်ကတစ်ဦးတည်းသော အပ်ချုပ်စက်ပန်းချီဆရာ
Share on FacebookShare on Twitter

အနုပညာရှင်များရှင်များသည် ပန်းချီကို နည်းလမ်းပေါင်းစုံဖြင့်ဆွဲကြသည်။ အရာဝထ္ထုများစွာဖြင့်ပုံဖော်ကြသည်။ သို့သော် Arun Kumar Bajaj လိုသောပန်းချီဆရာကတော့ ကမ္ဘာမှာတစ်ယောက်ပဲ ရှိမည်ထင်သည်။ သူသည်အများတကာထက် ပို၍ဆန်းပြားသောနည်းဖြင့် ပန်းချီဆွဲခြင်းကြောင့်ဖြစ်သည်။

အဝတ်အထည်များပေါ်တွင် အပ်ချုပ်စက်ဖြင့် ပန်းချီဆွဲသောနည်းကို အထူးကျွမ်းကျင်သူဖြစ်သည်။ အဝေးကကြည့်မည်ဆိုလျှင် အဝတ်အထည်ပေါ်တွင် အပ်ချုပ်စက်ဖြင့်သူဖန်တီးထားသောအရာကို ဆေးဖြင့် ပန်းချီဆွဲထားသည်ဟု ထင်ရလောက်အောင် သူ၏ လက်ရာက ကောင်းမွန်လှသည်။

တကယ်တော့ Arun ဖြစ်လိုသည်မှာ ပန်းချီဆရာဖြစ်သည်။ တစ်နေ့ကျော်ကြားသော ပန်းချီဆရာဖြစ်ချင်သည်မှာ သူ၏အိပ်မက်ဖြစ်သည်။ သို့သော်မမျှော်လင့်ပဲ သူ့ဖခင်ရုတ်တရက်သေဆုံးသွားသည့်အခါ အသက် ၁၆နှစ်သာ ရှိသေးသည့် Arun သည် ကျောင်းမှထွက်ကာ မိသားစုစားဝတ်နေရေးအတွက် ဖခင်အစား စက်ချုပ်ခဲ့ရတော့သည်။ အဝတ်ချုပ်သည့်လုပ်ငန်းကို သူစိတ်မဝင်စားသော်လည်း ဖခင်ဖြစ်သူက အဝတ်ချုပ်သမားဖြစ်ပြီး ငယ်စဉ်ကတည်းက သင်ပေးထားသဖြင့် တတ်ကျွမ်းထားသည်။

စက်ဖြင့် အဝတ်အထည်များကို ချုပ်နေရသော်လည်း ပန်းချီဆွဲချင်သည့် သူ၏အိပ်မက်က ပျောက်မသွားခဲ့။ တစ်နေ့သူ အကြံတစ်ခုရလာသည်။ ဒါကတော့ ပန်းချီကားပေါ်တွင် လက်ဖြင့်ပန်းချီမဆွဲရလျှင် အဝတ်ပေါ်တွင် အပ်ချုပ်စက် ၊ အပ် ၊ အပ်ချည်တို့ကို သုံးကာ ပန်းချီဆွဲမည်ဆိုသည့် အကြံဖြစ်သည်။ အပ်ချုပ်ရာမှ အပိုထွက်လာသော အဝတ်စများပေါ်တွင် နည်းအမျိုးမျိုးဖြင့် သူစမ်းသပ်ရင်း အပ်ချုပ်စက်ဖြင့် ပန်းချီဆွဲခဲ့သည်။

အပ်ချုပ်စက်ဖြင့် ပန်းချီဆွဲဖို့ဆိုသည်မှာ ပုံမှန်ပန်းချီကားပေါ်တွင် ပန်းချီဆွဲခြင်းထက် ပို၍ ခက်သည့်အလုပ်ဟု ဆိုနိုင်သည်။ အစပိုင်း ဘယ်လိုမှ အဆင်မပြေခဲ့ ၊ သို့သော် သူဇွဲမလျှော့ခဲ့ ..ယနေ့ သူသည် အဝတ်များပေါ်တွင် အပ်ချုပ်စက်ဖြင့် အသေးစိတ်ဆွဲနိုင်သည့် တစ်ဦးတည်းသော ပန်းချီဆရာဖြစ်လာသည်။ ဒီလိုဖြစ်လာဖို့အတွက် သူကြိုးစားခဲ့ရသည့် အချိန်က ၁နှစ် ၂နှစ် မဟုတ်။ နှစ်ပေါင်း ၂၀ ဖြစ်သည်။

“အဖေကသင်ပေးထားလို့ စက်ချုပ်တဲ့ပညာကို ၁၂နှစ်သားလောက်ကတည်း ကျွန်တော်တတ်နေပြီ။ ကျောင်းကသင်တန်းမှာလည်း ကျွန်တော်ပန်းချီကောင်းကောင်းဆွဲနိုင်တဲ့ အဆင့်ရောက်ခဲ့တယ်။ ဒါပေမယ့် ရုတ်တရက် အဖေဆုံးသွားတော့ ကျောင်းကထွက်ပြီး ဒီစက်ချုပ်တဲ့အလုပ်ထဲ ရောက်လတော့တာပဲ ၊ ဒါကြောင့် ပန်းချီမဆွဲရတော့မယ့်အတူတူ အလုပ်နှစ်ခုကိုပေါင်းစပ်ပြီး အနုပညာကို ဖန်တီးဖို့အကြံရခဲ့တာပါ” လို့ Arun က ပြောသည်။

“ကျွန်တော့်ဘဝကို စက်ချုပ်သမားတစ်ယောက်အဖြစ်နဲ့ မကုန်ဆုံးသွားစေချင်ဘူး။ ဒါပေမယ့် မိသားစုစားဝတ်နေရေးက ရှိနေတော့ မလုပ်လို့လည်းမဖြစ်ပြန်ဘူးလေ။ ဒါကြောင့် စက်ချုပ်ရင်းနဲ့ပဲ ကျွန်တော့်ဝါသနာကိုပုံဖော်နိုင်ဖို့ ကြိုးစားခဲ့တာပါ” လို့ Arun က ထပ်ပြောသည်။

ကမ္ဘာ့နိုင်ငံအချို့မှ အဝတ်ပေါ်တွင် အပ်ချုပ်ပညာဖြင့်ပုံဖော်ထားသော ပန်းချီများတွေ့ကောင်းတွေ့နိုင်သည်။ သို့သော် Arun ၏ အဝတ်စများလိုတော့ အသေးစိတ်ကျလွန်းသည့် လက်ရာကို မြင်ဖို့မဖြစ်နိုင်သလောက် ခက်ခဲသည်။ Arun ၏ လက်ရာများသည် ပြောင်မြောက်လှသဖြင့် အဝေးမှကြည့်မည်ဆိုလျှင် ဆေးဖြင့်ဆွဲထားသော ပန်းချီဟုသာ ထင်မှတ်ရလိမ့်မည်။ အနီးကပ်ကြည့်မှသာ အပ်ချုပ်စက်ဖြင့် ချုပ်ထားသည့် လက်ရာဖြစ်သည်ကို တွေ့ရပေလိမ့်မည်။

Arun ၏ ပြောင်မြောက်သောလက်ရာများတွင် ၄ပေ ၆ပေ ပိတ်စပေါ်တွင်ဆွဲထားသည့် Lord Krishna ၏ပုံလည်း အပါအဝင်ဖြစ်သည်။ ဒီပုံကို ဆွဲနိုင်ဖို့ ၃နှစ်ခန့်အချိန်ယူရသလို အပ်ချည်ကြိုးပေါင်းမြောက်များစွာကို သုံးခဲ့ရသည်။ ပုံမှန်အားဖြင့်တော့ ၄ပေ ၂ပေ ပိတ်စများပေါ်တွင် နာမည်ကျော်ပုဂ္ဂိုလ်များကို သူဆွဲလေ့ရှိသည်။ ယခုဆိုလျှင် သူဆွဲခဲ့သည့် ပုဂ္ဂိုလ်ပေါင်း ၂၀၀၀ ခန့်ရှိပြီဖြစ်သည်။

Arun သည် ကျော်ကြားသောပန်းချီဆရာဖြစ်မလာခဲ့သော်လည်း ကျော်ကြားသော အပ်ချုပ်စက်ပန်းချီဆရာ ဖြစ်လာခဲ့သည်။

VIDEOS

 

Tags: amazingworld people
Next Post
အာရပ်နိုင်ငံများကြားက အစ္စရေးနိုင်ငံငယ်လေး အကြောင်း သိကောင်းစရာ

အာရပ်နိုင်ငံများကြားက အစ္စရေးနိုင်ငံငယ်လေး အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!