• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဟောလိဝုဒ်ဆိုတဲ့ ရုပ်ရှင်မြို့တော်အကြောင်း

by Thutamm
July 25, 2019
Reading Time: 1min read
0
ဟောလိဝုဒ်ဆိုတဲ့ ရုပ်ရှင်မြို့တော်အကြောင်း
Share on FacebookShare on Twitter

ဟောလိဝုဒ် (Hollywood) သည် အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့ မြို့လယ်ခေါင်မှ အနောက်မြောက်အရပ်တွင် တည်ရှိသည့် အနီးဝန်ကျင်ရှိ လူနေရပ်ကွက် တစ်ခုဖြစ်ပါတယ်။

အမေရိကန် ရုပ်ရှင်စတူဒီယိုများနှင့် နာမည်ကျော် မင်းသား၊ မင်းသမီး အများစု နေထိုင်ရာ ရပ်ကွက်ဖြစ်သောကြောင့် ဟောလိဝုဒ်ဟူသည့် ဝေါဟာရဟာ ရုပ်ရှင်လောကကို ကိုယ်စားပြုနေတယ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့်လည်း ကမ္ဘာမှာ နာမည်အကြီးဆုံး ရုပ်ရှင်မြို့တော်အဖြစ် ထင်ရှားရတာဖြစ်ပါတယ်။

တချိန်ကတော့ အဲဒီနေရာဟာ သာမန်စိုက်ပျိုးမြေတစ်ခုသာဖြစ်ခဲ့ပြီး ၁၈၈၆ခုနှစ်မှာတော့ H.J.Whitley ဆိုသူ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက် က ဝယ်ယူခဲ့ပါတယ်။ တစ်နေ့သူဟာ အဲဒီနေရာက တောင်ကုန်းပေါ်မှာရပ်ရင်းပတ်ဝန်းကျင်ကို ကြည့်နေပါတယ်။ အဲဒီအချိန်မှာ တရုတ်လူမျိုးတစ်ယောက်ဟာ တွန်းလှည်းတစ်စီးကို တွန်းလာပါတယ်။

Whitley က အဲဒီလူကို ဘာတွေသယ်လာတာလဲလို့ လှမ်းမေးတဲ့အခါ တရုတ်လူမျိုးက သစ်သားတွေတင်ပြီးယူလာတာလို့ ပြန်ဖြေပါတယ်။ ဒီလိုဖြေတဲ့အခါမှာ Hualing wood လို့ဖြေရမှာကို တရုတ်ကလူမျိုးက အသံမပီတာကြောင့် Holly-wood ဆိုပြီး ထွက်ပါတယ်။ ဒီမှာတင် Whitely ဟာ အဲဒီနေရာရဲ့အမည်ကို Hollywood ဆိုပြီးပေးလိုက်ပါတယ်။ ဒါကြောင့်လည်း H. J. Whitley ကို ဟောလိဝုဒ်ရဲ့ဖခင်ကြီးလို့ ခေါ်ကြတာဖြစ်ပါတယ်။

တောင်ကုန်းတောင်တန်း တွေနဲ့ လမ်းကြားလေးတွေဖြစ်နေတဲ့ ဒီနေရာမှာ တဖြည်းဖြည်းလူတွေနေလာကြပြီး ၁၉၀၀ ဝန်းကျင်မှာတော့ စာတိုက် ၊ သတင်းစာ ၊ ဟိုတယ် ၊ ဈေး စတာတွေရှိလာခဲ့ပါတယ်။ ဟောလိဝုဒ်ဟိုတယ်ကိုတော့ H. J. Whitley က ၁၉၀၂ခုနှစ်မှာ ဖွင့်ခဲ့တာဖြစ်ပါတယ်။

ဒီဟိုတယ်ဟာ ယခုအခါမှာတော့ ကမ္ဘာကျော်ဟိုတယ်ဖြစ်နေပါပြီ။ ဒီဟိုတယ်မှာ ဟောလိဝုဒ်အကျော်အမော်တွေကို အဓိကမြင်တွေ့ရပြီး ဟောလိဝုဒ်သွားလည်ကြသူတိုင်းမဖြစ်မနေသွားရောက်လည်ပတ်လေ့ရှိတဲ့ဟိုတယ်လည်းဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်ကူးသူတွေဟာ ဟောလိဝုဒ်ကို တဖြည်းဖြည်းပြောင်းလာရတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ ဒါကတော့ ရုပ်ရှှု်ရိုက်ကူးမှု မူပိုင်ခွင့်ကို နယူးဂျာစီမှာနေထိုင်တဲ့ သောမတ်အဲဒီဆင်က ချုပ်ကိုင်ထားတာကြောင့် ဒါကိုရှောင်ချင်တဲ့အတွက် ဟောလိဝုဒ်ကိုပြောင်းလာကြတာပဲဖြစ်ပါတယ်။

ပထမဆုံး ဟောလိဝုဒ်က ရိုက်ကူးတဲ့ဇာတ်လမ်းတိုလေးကတော့ In Old California ဖြစ်ပြီး ၁၉၁၀ က ရိုက်ခဲ့တာဖြစ်ပါတယ်။ ကြာချိန် ၁၇မိနစ်ပဲ ရှိပြီး ဒါရိုက်တာ D. W. Griffith က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်က ရုပ်ရှင်စတူရီယိုမရှိသေးပါဘူး။ ၁၉၁၀ မတိုင်ခင်ကတော့ ဟောလိဝုဒ်မှာ ရုပ်ရှင်ဇာတ်ရုံတွေကိုပိတ်ပင်ခဲ့ပြီး ၁၉၁၀နောက်ပိုင်း ဟောလိဝုဒ်ကို လော့အင်ဂျလိထဲသွင်းလိုက်တဲ့အခါမှသာ ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

ဟောလိဝုဒ်ရဲ့ ပထမဆုံး ရုပ်ရှင်စတူရီယိုကတော့ ၁၉၁၁ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ Nestor စတူရီယိုဖြစ်ပါတယ်။ ရုပ်ရှင်စတူရီယိုတစ်ခုတည်းမှာပဲ သီးသန့်ရိုက်ကူးခဲ့တဲ့ ပထမဆုံးဇာတ်ကားကတော့ ၁၉၁၄ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ The Squaw Man ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

နာမည်ကျော် Warner Brothers စတူရီယိုကိုတော့ ၁၉၁၈ခုနှစ်မှာ အိုဟိုင်းယိုးက ညီအစ်ကို ၄ယောက်က ဖွင့်လှစ်ခဲ့ပါတယ်။

၁၉၂၃ ခုနှစ်မှာ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်က ဟောလိဝုဒ်က အိမ်ခြံမြေကြော်ငြာလုပ်ငန်းအတွက် ဟောလိဝုဒ်ကို HollywoodLand အဖြစ်ပြောင်းခေါ်ဖို့ ၁၈လကြာ စာချုပ်ချုပ်ခဲ့ပါတယ်။

အဲဒီကစလို့ Hollywoodland လို့ခေါ်လာခဲ့တာ ၁၉၄၉ အထိပါပဲ။ ၁၉၄၉ခုနှစ်ရောက်မှသာ Land ကို ပြန်ဖြုတ်ပြီး မူလအတိုင်း Hollywood လို့ပဲ ခေါ်ခဲ့ပါတယ်။ မကြာခဏမြင်နေရတဲ့ တောင်ကုန်းပေါ်က Hollywood ဆိုတဲ့စာလုံးဟာ မူလက HollywoodLand လို့ရေးထားတာဖြစ်ပါတယ်။

ရုပ်ရှင်စတူရီယိုရှိတဲ့ ဒီနေရာကို ရုပ်ရှင်သရုပ်ဆောင် မင်းသား မင်းသမီးတွေက တဖြည်းဖြည်းဝယ်ယူနေထိုင်လာကြရင်း ရုပ်ရှင်လောကသားများရဲ့ သီးသန့်ကမ္ဘာလိုဖြစ်လာခဲ့ပါတယ်။

ပထမဆုံး အော်စကာဆုပေးပွဲကို ၁၉၂၉ခုနှစ်က ဟောလိဝုဒ်က ရူစဗဲ့ဟိုတယ်မှာ ကျင်းပနိုင်ခဲ့ပြီး ဆု ၁၅ဆု သာပေးနိုင်ခဲ့ပါတယ်။ ပထမဆုံး အော်စကာပွဲကို တက်ရောက်ခဲ့တဲ့လူအရေအတွက်ကတော့ ၂၇၀ သာရှိပါတယ်။ အခုအချိန်မှာတော့ သရုပ်ဆောင် ၊ ဒါရိုက်တာ ၊ ထုတ်လုပ်သူ စတဲ့ရုပ်ရှင်လောကသားချည်းပဲ ၃၀၀၀ ဝန်းကျင်တက်ရောက်ပြီး ပရိသတ်နဲ့ပေါင်းရင် သောင်းဂဏန်းအထိရှိနေပြီဖြစ်ပါတယ်။

ဟောလိဝုဒ်မှာ ရှိတဲ့ သင်္ချိုင်းကိုတော့ Forever သင်္ချိုင်းလို့ခေါ်ပါတယ်။ ဒီနေရာမှာ သေဆုံးသွားတဲ့ ရုပ်ရှင်လောကထဲက ကျော်ကြားသူတွေကို မြုပ်နှံထားပါတယ်။

ဟောလိဝုဒ်ကို လာရောက်လည်ပတ်သူတွေ အများဆုံးသွားလေ့ရှိတဲ့နေရာတွေကတော့ Hollywood Walk of Fame, Universal Studios, the Chinese Theatre, Charlie Chaplin Studios, Madame Tussauds Hollywood, and Roosevelt Hotel တို့ဖြစ်ပါတယ်။

ဟောလိဝုဒ်မှာ အကယ်ဒမီပေးပွဲတွေ ၊ ခရစ်စမတ်ပွဲတော်တွေ ၊ မာရသွန်-တစ်ဝက် ပြေးပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။

ကိုယ်ပိုင်ရုပ်ရှင်စတူရီယိုတွေကိုယ်စီရှိတဲ့ ဟောလိဝုဒ်ရဲ့ နာမည်အကြီးဆုံး ကုမ္ပဏီခြောက်ခုကတော့ Disney , Universal , Warner Brothers ,Fox ,Paramount ,Columbia တို့ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဟောလိဝုဒ်ကို အတုယူထားတဲ့ အခြားရုပ်ရှင်မြို့တွေလည်းရှိပါသေးတယ်။ ဘောလိဝုဒ်ဆိုရင် အိန္ဒိယဗားရှင်းပြောင်းထားတဲ့ ဟောလိဝုဒ်လို့ ဆိုနိုင်ပါတယ်။ ကနေဒါမှာရှိတဲ့ ရုပ်ရှင်မြို့ကိုတော့ Hollywood North လို့ခေါ်ပြီး တရုတ်ကလည်း သူရဲ့အကြီးဆုံးရုပ်ရှင် စတူရီယိုကို Chinawood လို့ အမည်ပေးထားကြပါတယ်။

Tags: citiesworld places
Next Post
မှော်ဆန်တဲ့ အလှနဲ့ ထူးခြားတဲ့ကျောက်သစ်တော

မှော်ဆန်တဲ့ အလှနဲ့ ထူးခြားတဲ့ကျောက်သစ်တော

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!