• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာကျော် ဖောက်ကလန်စစ်ပွဲ

by Thutamm
July 25, 2020
Reading Time: 2min read
0
ကမ္ဘာကျော် ဖောက်ကလန်စစ်ပွဲ
Share on FacebookShare on Twitter

Falklands War, Malvinas War,တောင်ပစိဖိတ်ပဋိပက္ခလို့လည်း သိကြတဲ့ ဖောက်ကလန် စစ်ပွဲဟာ ၁၉၈၂ခုနှစ်ကာလက ဥရောပတိုက် ဗြိတိန်နိုင်ငံနဲ့ တောင်အမေရိကတိုက် အာဂျင်တီးနားနိုင်ငံ တို့အကြား ရက်သတတ္တပတ်(၁၀)ပတ်ကြာ ဖြစ်ပွားခဲ့တာပါ။ စစ်ဖြစ်ရတဲ့အကြောင်းရင်းကတော့ တောင်အတ္တလန္တိတ် သမုဒ္ဒရာအတွင်းမှာရှိတဲ့ ဖောက်ကလန်ကျွန်းပိုင်ဆိုင်မှုနဲ့ပတ်သတ်ပြီး ဖြစ်ပွားခဲ့တာပါ။ ဖောက်ကလန်ကျွန်းဟာ တောင်ဂျော်ဂျီယာနဲ့တောင်ဆင်း ဝစ်ကျွန်းများပေါင်းစည်းထားတဲ့ ကျွန်းစုတစ်ခုဖြစ်ကာ (၁၉)ရာစုကာလတည်း က ဗြိတိသျှအင်ပါယာရဲ့ လက်အောက်မှာတည်ရှိနေတဲ့ကျွန်းဖြစ်ပါတယ်။ အဲဒီအချိန်က အင်္ဂလန်ဝန်ကြီးချုပ်က နောက် Iron Lady လို့ နာမည်ကြီးလာမယ့် မာဂရက်သက်ချာဖြစ်ပါတယ်။

အာဂျင်တီးနားတို့ ကတော့ ဒီကျွန်းဟာ မိမိတို့နယ်မြေအတွင်းသာပါဝင်ပြီး မတရားသိမ်းပိုက်ခြင်းကို ခံထားရတာဖြစ်တယ်လို့ယူဆပြီး ယနေ့အချိန်ထိ အငြင်းပွားမှုတွေဖြစ်ပွားနေရဆဲပါ။ ၁၉၈၂ခုနှစ် မတ်လ ၁၉ရက်နေ့ကတည်းက သတ္တုကုန်သည်ဟန်ဆောင်ထားတဲ့ အာဂျင်တီးနားမရိန်းတပ်သားတွေဟာ ဂျော်ဂျီယာကျွန်းမှာ အင်ဂျင်တီးနားအလံလွှင့်တင်ပြီးတော့ စစ်ပွဲကိုစတင်ခဲ့ပါတယ်။ ၁၉၈၂ခုနှစ် ဧပြီလ(၂)ရက်၊သောကြာနေ့ မှာတော့ အာဂျင်တီးနားတပ်တွေဟာ ဖောက်ကလန်ကျွန်းများကိုရုတ်တရက်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အာဂျင်တီးနားနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် ဒေသဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ ဖောက်ကလန်ကျွန်းမှာဗြိတိသျှတို့ခန့်အပ်ထားတဲ့ ဘုရင်ခံနဲ့ ကမ်းခြေစောင့်တပ်တွေကခုခံခဲ့ပေမယ့် နောက်ဆုံးမှာ အာဂျင်တီးနား တပ်တွေဆီမှာ လက်နက်ချအညံ့ခံခဲ့ရပါတယ်။

အင်္ဂလန်ကယင်းကိစ္စနှင့် ပတ်သတ်ပြီး ဧပြီလ(၃)ရက်နေ့မှာ ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်ပြခဲ့ရာ လုံခြုံရေးကောင်စီရဲ့အစည်းဝေးဆုံးဖြတ်ချက်အရ ဖောက်ကလန်ကျွန်းမှ အာဂျင်တီးနားတပ်တွေပြန်လည်ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ပါတယ်။ အာဂျင်တီးနားတို့ဘက်မှ ယင်းဆုံးဖြတ်ချက်မှာ တရားမျှတမှုမရှိပဲ ဖောက်ကလန်ကျွန်းမှာ မိမိတို့ပိုင်သာဖြစ်ကြောင်း ပြန်ကြားခဲ့ပြီး စစ်ပွဲကိုစတင်ခဲ့ပါတယ်။

ဧပြီလ(၅) ရက်နေ့မှာတော့ အထူးလေ့ကျင့်ထားတဲ့ ဗြိတိန်ရေတပ်ဟာ အာဂျင်တီးနား ရေတပ်နဲ့လေတပ်ကို တစ်ချိန်တည်းစတင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်ဖို့အတွက် နျူကလီးယားရေငုပ်သင်္ဘော HMS Conqueror အပါအဝင် လေယာဉ်တင်သင်္ဘောနှစ်စီး ၊ တပ်မဟာ ၄ခုအား တင်ဆောင်ခဲ့သော Canberra နဲ့ Queen Elizabeth II သင်္ဘောတွေကို ၃ရက်အတွင်း ဆက်တိုက်လွှတ်ခဲ့တာပါ။ ဒါအပြင် သင်္ဘောအစီး ၁၀၀ကျော်ပါဝင်တဲ့ရေတပ် ၊ တိုက်လေယာဉ် ၄၂စီးလည်း ပါဝင်ပါသေးတယ်။

ဆက်တိုက် ဆိုသလိုပဲ လေကြာင်းကိုအသုံးပြုကာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြပါတယ်။ ဗြိတိသျှတွေဟာ ဖောက်ကလန်ကျွန်းနဲ့ ရေမိုင် ၃၈၀၀ ခန့်ဝေးတဲ့ အဆန်းရှင်းကျွန်းမှာ အခြေချပြီး စစ်ပွဲဆိုင်ရာ ထောက်ပံ့မှုများစွာပြုလုပ်ပြီး တိုက်ပွဲဝင်စေခဲ့ပါတယ်။ ဒါအပြင် အင်္ဂလန်ပြည်တွင်းမှာလည်း ဒီတိုက်ပွဲကို ပြည်သူတွေကတစ်ခဲနက် ဝိုင်းဝန်းထောက်ခံခဲ့ကြပါတယ်။ အင်္ဂလန်ရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကလည်း လိုအပ်တဲ့လက် နက်သာမက စက်သုံးဆီဂါလန် သောင်းနဲ့ချီထောက်ပံံံ့မှုတွေ ပြုလုပ်ပေးခဲ့ပါ တယ်။

အာဂျင်တီးနား နိုင်ငံအနေနဲ့ကတော့ ယင်းကာလက နိုင်ငံရေးအခြေနေရှုပ်ထွေးနေပြီး နိုင်ငံတော်အာဏာကို စစ်တပ်ကရယူထားတဲ့အချိန်ဖြစ်ပါတယ်။ နိုင်ငံတွင်းကြုံတွေ့နေရတဲ့ လူမူရေး၊စီးပွားရေးအခြေနေတွေကို အာရုံ ပြောင်းပြီး အာဂျင်တီးနားတွေရဲ့ အမျိုးသားရေးစိတ်ဓာက်ကို လှုံဆော်တဲ့ ပုံစံ မျိုးနဲ့ စစ်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး လီယိုပိုလ်ဒိုဂယ်တီရီဟာ သူတို့ထက်လက်နက်အင်အား သာလွန်တဲ့အပြင် နိုင်ငံတကာက ထောက်ခံမှုတွေရရှိနေတဲ့ ဗြိတိသျှတွေကိုတော့ အရှုံးပေးခဲ့ရတာပါ။ ဖောက်ကလန်ကျွန်းတိုက်ပွဲဟာ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးတဲ့နောက် အခြားမဟာမိတ်တွေမပါပဲ အင်္ဂလန် နိုင်ငံတစ်နိုင်ငံတည်းက အခြားနိုင်ငံတစ်ခုကိုတိုက်ခိုက်တဲ့ ပထမဆုံးတိုက်ခိုက်ခဲ့တဲ့ စစ်ပွဲဖြစ်ပါတယ်။

အာဂျင်တီးနားဘက်ကတော့ တိုက်လေယာဉ် ၁၂၂စီးအသင့်ရှိနေပြီး အာဂျင်ဘိုးရင်း 707 Recon လေယာဉ်ကလည်း ဗြိတိန်ရေတပ်ကို တောက်လျှောက်နောက်ယောင်ခံလိုက်နိုင်ခဲ့ပါတယ်။ ဗြိတိသျှတို့က ဧပြီ ၂၁ရက်တွင် စတင်တိုက်ခိုက်ရန်စီစဉ်ထားခဲ့သော်လည်း ရာသီဥတုဆိုးရွားကာ ရဟတ်ယာဉ်နှစ်စင်းပျက်ကျမှုကြောင့် ၂၅ရက်နေ့မှ စစ်ဆင်ရေးကို ပြန်စနိုင်ခဲ့ပါတယ်။

အဲဒီနေ့မှာတော့ ဗြိတိန်တို့ရဲ့ ရဟတ်ယာဉ်များမှ တော်ပီဒိုများ ၊ ရေငုပ်သင်္ဘောဖျက်ဒုံးများဖြင့်တိုက်ခိုက်မှုကြောင့် အာဂျင်ရေငုပ်သင်္ဘော ARA Santa Fe ဟာ ဆိုးရွားစွာပျက်စီးခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဖရီးဂိတ်စစ်သင်္ဘောတွေဖြစ်တဲ့ Antrim နဲ့ Plymount တို့ကနေ တောင်ဂျော်ဂျီယာကျွန်းမှ အာဂျင်အစောင့်တပ်များကို စတင်တိုက်ခိုက်ကာ ကမ်းတက်တိုက်ပွဲကိုစတင်ပါတယ်။ ကွန်မန်ဒို ၇၆ဦး ရဲ့အားနဲ့ ၁နာရီအတွင်းမှာ အဲဒီကျွန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မေလ ၁ရက်နေ့မှာတော့ အဆန်းရှင်းကျွန်းမှာတပ်စွဲထားတဲ့ ဗြိတိသျ ဗုံးကြဲလေယာဉ် ၈စီးဟာ ဖောက်ကလန်ကျွန်း  Stanley မှာရှိတဲ့ အာဂျင်လေတပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြန်ပါတယ်။ အာဂျင်တီးနားမှလည်း တိုက်လေယာဉ် ၃၆စီးကို ဖောက်ကလန်ကျွန်းကို ချက်ချင်းစေလွှတ်ခဲ့ပြီး ဗြိတိသျှတို့ရဲ့စစ်ရေယာဉ်တစ်စင်းကို စတင်ပစ်ခတ်ခဲ့တဲ့အတွက် အဲဒီသင်္ဘောဟာ ဆိုးရွားစွာပျက်စီးသွားခဲ့ရပါတယ်။ ဗြိတိသျှ BAE Sea Harrier လေယာဉ်တွေက အာဂျင်ဘက်ကိုကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် အာဂျင်လေယာဉ် ၂စီးပျက်ကျခဲ့ရပါတယ်။ အဲဒီနောက် လေယာဉ်တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပြီး အာဂျင်လေယာဉ်နောက်ထပ် ၂စီး ပျက်ကျခဲ့ရပြန်ပါတယ်။

မေလ ၂ရက်နေ့မှာတော့ ပထမဆုံးရေတပ်ချင်းတိုက်တဲ့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ ဗြိတိန် နျူးကလီးယားရေငုပ်သင်္ဘော HMS Conqurer နဲ့ အာဂျင်ကရူဇာစစ်သင်္ဘော ARA General Belgrano တို့တွေ့ဆုံတိုက်ခိုက်ခဲ့ရာမှာ ဗြိတိန်ရေငုပ်သင်္ဘောဘက်မှ ပစ်လိုက်တဲ့ တော်ပီဒို ၃လုံးဟာ အာဂျင်သင်္ဘောကို ထိမှန်ခဲ့တဲ့အတွက် Belgrano သင်္ဘောနစ်မြုပ်သွားတဲ့အပြင် စစ်သည် ၃၂၃ဦးလည်း ကျဆုံးခဲ့ရပါတယ်။ ဒီအကျအဆုံးကြောင့် အာဂျင်လေယာဉ်တင်သင်္ဘော ARA Veinticinco de Mayo ဦးဆောင်တဲ့ရေတပ်ဟာ နောက်ဆုတ်သွားခဲ့ရပါတယ်။ Belgrano သင်္ဘောဖြစ်ရပ်ဟာ အာဂျင်တီးနားစစ်တပ်အတွက် အလွန်အထိနာခဲ့ရပြီး အာဂျင်တီးနားရေတပ် တစ်ခုလုံး တိုက်ပွဲဆက်လက်မဝင်နိုင်လောက်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ဖောက်ကလန် စစ်ပွဲတစ်လျောက်ကျဆုံးခဲ့ရတဲ့ အာဂျင်တီးနားစစ်သည် တစ်ဝက်လောက် ဟာအဲဒီ ခရူဇာသင်္ဘောနစ်မြုပ်ရာမှာ ကျဆုံးခဲ့ရတာပါ။ မေလ ၄ရက်နေ့မှာတော့ အာဂျင်တိုက်လေယာဉ်တွေက တိုက်ခိုက်ခဲ့တဲ့အတွက် တော်ဝင်ရေတပ်သင်္ဘော  HMS Sheffield ပျက်စီးနစ်မြုပ်ခဲ့ပြီး ရေတပ်သား ၂၀ခန့်ကျဆုံးခဲ့ပါတယ်။ Sheffield သင်္ဘောဟာ ချက်ချင်းမနစ်မြုပ်သေးပဲ ၆ရက်တိုင် မီးတောက်လောင်ပြီးမှ နစ်မြုပ်သွားခဲ့တာပဲဖြစ်ပါတယ်။

မေလ ၁၇ ရက်နေ့မှာတော့ ဗြိတိန်အထူးတပ်ဖွဲ့ SAS ကွန်မန်ဒိုများဟာ အာဂျင်တို့ရဲ့အရေးပါတဲ့ ပြင်သစ်ထုတ် Super Etendard လေယာဉ် ၅စီးထားရှိရာ စခန်းကို စစ်ဆင်ရေးတစ်ခုနဲ့ ဝင်ရောက်တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဆိုးရွားတဲ့ရာသီဥတုကြောင့် စစ်ဆင်ရေးစတင်တဲ့ရဟတ်ယာဉ်ဟာ အာဂျင်တီးနားကိုမရောက်ပဲ ချီလီနိုင်ငံအတွင်းကိုရောက်ရှိခဲ့တဲ့အပြင် အာဂျင်ဘက်ကလည်း သတင်းကြိုရခဲ့တာကြောင့် မီကာဒိုစစ်ဆင်ရေးမအောင်မြင်ခဲ့ပါဘူး။

ဒီစစ်ဆင်ရေးမအောင်မြင်ခဲ့ပေမယ့် Pebble ကျွန်းက အာဂျင်လေယာဉ်ကွင်းကို လျှပ်တပြက်တိုက်ခိုက်ခဲ့မှုမှာတော့ အာဂျင်လေယာဉ် ၂၂စီးကို ဖျက်စီးပစ်နိုင်ခဲ့ပါတယ်။ ဗိုလ်မှူးကြီး Michael Clapp ဦးဆောင်တဲ့ စစ်သည် ၄၀၀၀ ကလည်း ပထမဆုံးမြေပြင်စစ်ဆင်ရေး Sutton ကိုအောင်မြင်စွာ စတင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဗြိတိန်ရေတပ်ရဲ့ ဖရီးဂိတ်စစ်သင်္ဘော HMS Ardent ကတော့ အာဂျင်တို့ရဲ့တိုက်ခိုက်နစ်မြုပ်ခြင်းကိုခံလိုက်ရကာ ရဟတ်ယာဉ်တစ်စီးပျက်စီးပြီး စစ်သည် ၂၂ဦးကျဆုံးသွားခဲ့ရပါတယ်။

အာဂျင်တို့ရဲ့လေကြောင်းတိုးမြှင့်တိုက်ခိုက်မှုကြောင့် ဗြိတိန်သင်္ဘောများဖြစ်သော HMS Antelope ,MV Atlantic Conveyor, HMS Brilliant, HMS Argonaut နှင့် HMS Conventry တို့မှာ မြုပ်သည့်သင်္ဘောကမြုပ် ပျက်စီးသည့်သင်္ဘောများမှာလည်း ဆိုးရွားစွာပျက်စီးခဲ့ရပါတယ်။ နောက်ထပ်အာဂျင်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဗြိတိန်ရေတပ်ကို သိသာစွာမတိုက်ခိုက်နိုင်တော့ပါဘူး။ ဒီလေကြောင်းစစ်ဆင်ရေးတွေမှာ အာဂျင်တို့ဘက်က လေယာဉ်နှစ်စီးပြတ်ကျခဲ့ပါတယ်။

မေလ ၂၇ ရက်နေ့မှာဖြစ်ခဲ့တဲ့ Goose Green တိုက်ပွဲမှာတော့ ဗြိတိန်လေထီးတပ်မှ တပ်သား ၅၀၀ ခန့်ဟာ အာဂျင်တပ်တွေရယူထားတဲ့ Goose Green နဲ့ Darwin နယ်မြေတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဗြိတိန်တို့ဘက်မှ အမြောက်တပ်ရင်းကလည်း တောက်လျှောက်ပစ်ပေးနေခဲ့တာကြောင့် ၂၈ရက်နေ့မှာတော့ အာဂျင်တပ်တွေလက်နက်ချခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ ဗြိတိန်ဒုဗိုလ်မှူးကြီး Herbert Jones အပါအဝင် ဗြိတိသျှတို့ဘက်မှ ၁၇ဦးကျဆုံးပြီး အာဂျင်တို့ဘက်မှ စစ်သည် ၄၇ဦးကျဆုံးကာ ၉၆၁ဦး သုံ့ပန်းအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

ဗြိတိန်တို့ဘက်မှ ကျွန်းတစ်ခုလုံးကို သိမ်းပိုက်ရန် အစီအစဉ်တွေ တစ်ခုပြီး တစ်ခုလုပ်နေသည့်အချိန်မှာပဲ အာဂျင်လေတပ်ဟာလည်း ဗြိတိန်ရေတပ်ကို အရှိန်တိုးမြှင့်တိုက်ခိုက်နေခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဗြိတိသျှသင်္ဘောများဖြစ်တဲ့  RFA Sir Tristram နဲ့ RFA Sir Galahad  ပေါ်မှ စစ်သည် ၅၆ဦးသေဆုံးခဲ့ရပါတယ်။ ဇွန်လ ၇ရက်နေ့  Port Pleasant ကမ်းခြေကို ဗြိတိန်တပ်ဟာ ကမ်းတက်နေစဉ်မှာ အာဂျင်လေယာဉ်များရဲ့တိုက်ခိုက်မှုကိုခံရကာ စစ်သည် ၅၀ခန့်ကျဆုံးပြီး ရာနဲ့ချီဒါဏ်ရာရရှိခဲ့ပြန်ပါတယ်။

နောက်ဆုံးတိုက်ပွဲတွေကတော့ ဇွန်လ ၁၁ရက်နေ့ကနေ စတန်လေဒေသမှာ စတိုက်ခဲ့တဲ့တိုက်ပွဲတွေဖြစ်ပါတယ်။ အာဂျင်တွေဟာ စတန်လေကုန်းမြင့်များမှာ အခိုင်အမာတပ်စွဲပြီး ဗြိတိန်တို့ရဲ့ထိုးစစ်ကို ခုခံခဲ့ပါတယ်။ နှစ်ဘက်စလုံး အမြှောက် ၊ စနိုက်ဘာများကို သုံးစွဲခဲ့ကြပါတယ်။

ဒါပေမယ့် အင်အားကြီးမားတဲ့ ဗြိတိန်တပ်တွေရဲ့ထိုးစစ်ကို အာဂျင်တို့ မခုခံနိုင်ပဲ တောင်ကုန်းတစ်ခုပြီးတစ်ခု ဗြိတိန်တို့လက်အောက်သို့ ကျခဲ့ရပါတယ်။ တညလုံးအပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီး အကျအဆုံးလည်းများခဲ့ပါတယ်။ ၁၃ရက်နေ့မှာတော့ ဗြိတိန်တပ်တွေဟာ Wireless Ridge နဲ့ Tumbledown တောင်ကုန်းဒေသတွေကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Tumbledown တောင်ကုန်းတိုက်ပွဲပြီးဆုံးပြီးတဲ့နောက်မှာတော့ အာဂျင်တီးနားတပ်မတော်အနေနဲ့ ဆက်လက်တိုက်ပွဲဝင်ခြင်းငှာ မစွမ်းဆောင်နိုင်တော့ပါဘူး။ ဒါကြောင့် ၁၉၈၂ဇွန်လ (၁၄) ရက်နေ့ မနက်ပိုင်းတော့ အာဂျင်တီးနားတပ်မှူး ဗိုလ်ချုပ်ကြီး မာရီယိုမန်ဒက်က ဗြိတိသျှ ဗိုလ်မှူးချုပ် ဂျယ်ရီမိုးထံ လက်နက်ချခဲ့ကာ တိုက်ပွဲကိုအဆုံးသတ်ခဲ့ရပါတယ်။ ဖောက်ကလန်ကျွန်းဟာလည်း ဗြိတိန်နိုင်ငံရဲ့ထိန်းချုပ်မှုအောက်ကို  ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ဖောက်ကလန်ကျွန်းတိုက်ပွၤဲဟာ ရက်ပေါင်း (၇၃)ရက်ကြာခဲ့ပြီး တိုက်ပွဲအတွင်း ဗြိတိန်စစ်သည် ၂၅၅ ဦး၊ အာဂျင်တီးနားစစ်သည် ၆၄၉ဦး၊ ဖော်ကလန်ကျွန်းဒေသခံ(၃)ဦး အသီးသီး ကျဆုံးခဲ့ရပါတယ်။ပျက်စီးမှုများအနေနှင့်မှု အာဂျင်ဘက်မှ စစ်သင်္ဘော ၉စီး ၊ လေယာဉ် ၇၅စီး နဲ့ ရဟတ်ယာဉ် ၂၅စီး ပျက်စီးခဲ့ကာ ဗြိတိန်တို့ဘက်မှ စစ်သင်္ဘော ၈စီး ၊ လေယာဉ် ၁၁စီး နှင့် ရဟတ်ယာဉ် ၂၄စီး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဖောက်ကလန်စစ်ပွဲက ဒီမှာတင်ပြီးခဲ့ပေမယ့် အင်္ဂလန်တို့အပေါ် အာဂျင်တို့ရဲ့အငြိုးကမပြီးခဲ့ပါဘူး။ စစ်ပွဲဖြစ်ပွားပြီး နောက် ၄နှစ်အကြာ ၁၉၈၆ ကမ္ဘာ့ဖလားပွဲမှာတော့ အင်္ဂလန်အသင်း နဲ့ အာဂျင်တီးနားအသင်းတို့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ ဒီကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ အာဂျင်တီးနားက အင်္ဂလန်ကို (၂-၁)ဂိုး နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒုတိယဖောက်ကလန်တိုက်ပွဲလို့ ကမ္ဘာမီဒီယာတွေရည်ညွှန်းခဲ့တဲ့ ဒီပွဲမှာ အင်္ဂလန်အသင်းဘက်ကို အာဂျင်တီးနားတိုက်စစ်မှူး မာရာဒိုနာက အနိုင်ဂိုးတစ်ဂိုး ကိုလက်နဲ့ပုတ်သွင်းခဲ့တာပဲဖြစ်ပါတယ်။

လူမျိုးရေးအမုန်းတရားတွေ မပျယ်သေးတဲ့ ကာလမှာ ဘုရားပေးတဲ့လက်လို့ ကမ္ဘာကျော်ခဲ့တဲ့ မာရာဒိုနာရဲ့ ဒီဂိုးဟာ အင်္ဂလန်နဲ့ အာဂျင်တီးနားတို့ကြား အမုန်းတရားတွေကို ဆက်လက်ရှင်သန်စေခဲ့သလိုပါပဲ။ အာဂျင်တီးနားဟာ အဲဒီကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနောက်ဂျာမဏီကိုနိုင်ပြီး ဗိုလ်စွဲခဲ့ပါတယ်။ အင်္ဂလန်ကို စစ်ရှုံးခဲ့ပေမယ့် ဘောလုံးပွဲမှာပြန်လည်အနိုင်ယူနိုင်ခဲ့တဲ့အတွက် မာရာဒိုနာဟာ အာဂျင်တီးနားရဲ့ ဂန္တဝင်သူရဲကောင်းဖြစ်ခဲ့ပါတော့တယ်။

——— ———- ———-

(Zawgyi)

ကမာၻေက်ာ္ ေဖာက္ကလန္စစ္ပြဲ

Falklands War, Malvinas War,ေတာင္ပစိဖိတ္ပဋိပကၡလို႔လည္း သိၾကတဲ့ ေဖာက္ကလန္ စစ္ပြဲဟာ ၁၉၈၂ခုႏွစ္ကာလက ဥေရာပတိုက္ ၿဗိတိန္ႏိုင္ငံနဲ႔ ေတာင္အေမရိကတိုက္ အာဂ်င္တီးနားႏိုင္ငံ တို႔အၾကား ရက္သတတၱပတ္(၁၀)ပတ္ၾကာ ျဖစ္ပြားခဲ့တာပါ။ စစ္ျဖစ္ရတဲ့အေၾကာင္းရင္းကေတာ့ ေတာင္အတၱလႏၲိတ္ သမုဒၵရာအတြင္းမွာရွိတဲ့ ေဖာက္ကလန္ကြၽန္းပိုင္ဆိုင္မႈနဲ႔ပတ္သတ္ၿပီး ျဖစ္ပြားခဲ့တာပါ။ ေဖာက္ကလန္ကြၽန္းဟာ ေတာင္ေဂ်ာ္ဂ်ီယာနဲ႔ေတာင္ဆင္း ဝစ္ကြၽန္းမ်ားေပါင္းစည္းထားတဲ့ ကြၽန္းစုတစ္ခုျဖစ္ကာ (၁၉)ရာစုကာလတည္း က ၿဗိတိသွ်အင္ပါယာရဲ႕ လက္ေအာက္မွာတည္ရွိေနတဲ့ကြၽန္းျဖစ္ပါတယ္။ အဲဒီအခ်ိန္က အဂၤလန္ဝန္ႀကီးခ်ဳပ္က ေနာက္ Iron Lady လို႔ နာမည္ႀကီးလာမယ့္ မာဂရက္သက္ခ်ာျဖစ္ပါတယ္။

အာဂ်င္တီးနားတို႔ ကေတာ့ ဒီကြၽန္းဟာ မိမိတို႔နယ္ေျမအတြင္းသာပါဝင္ၿပီး မတရားသိမ္းပိုက္ျခင္းကို ခံထားရတာျဖစ္တယ္လို႔ယူဆၿပီး ယေန႔အခ်ိန္ထိ အျငင္းပြားမႈေတြျဖစ္ပြားေနရဆဲပါ။ ၁၉၈၂ခုႏွစ္ မတ္လ ၁၉ရက္ေန႔ကတည္းက သတၱဳကုန္သည္ဟန္ေဆာင္ထားတဲ့ အာဂ်င္တီးနားမရိန္းတပ္သားေတြဟာ ေဂ်ာ္ဂ်ီယာကြၽန္းမွာ အင္ဂ်င္တီးနားအလံလႊင့္တင္ၿပီးေတာ့ စစ္ပြဲကိုစတင္ခဲ့ပါတယ္။ ၁၉၈၂ခုႏွစ္ ဧၿပီလ(၂)ရက္၊ေသာၾကာေန႔ မွာေတာ့ အာဂ်င္တီးနားတပ္ေတြဟာ ေဖာက္ကလန္ကြၽန္းမ်ားကို႐ုတ္တရက္ဝင္ေရာက္တိုက္ခိုက္သိမ္းပိုက္ခဲ့ၿပီး အာဂ်င္တီးနားႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာပိုင္ ေဒသျဖစ္ေၾကာင္းေၾကျငာခဲ့ပါတယ္။ ေဖာက္ကလန္ကြၽန္းမွာၿဗိတိသွ်တို႔ခန႔္အပ္ထားတဲ့ ဘုရင္ခံနဲ႔ ကမ္းေျခေစာင့္တပ္ေတြကခုခံခဲ့ေပမယ့္ ေနာက္ဆုံးမွာ အာဂ်င္တီးနား တပ္ေတြဆီမွာ လက္နက္ခ်အညံ့ခံခဲ့ရပါတယ္။

အဂၤလန္ကယင္းကိစၥႏွင့္ ပတ္သတ္ၿပီး ဧၿပီလ(၃)ရက္ေန႔မွာ ကမာၻကုလသမဂၢလုံၿခဳံေရးေကာင္စီကို တင္ျပခဲ့ရာ လုံၿခဳံေရးေကာင္စီရဲ႕အစည္းေဝးဆုံးျဖတ္ခ်က္အရ ေဖာက္ကလန္ကြၽန္းမွ အာဂ်င္တီးနားတပ္ေတြျပန္လည္ဆုတ္ခြာရန္ ဆုံးျဖတ္ခဲ့ပါတယ္။ အာဂ်င္တီးနားတို႔ဘက္မွ ယင္းဆုံးျဖတ္ခ်က္မွာ တရားမွ်တမႈမရွိပဲ ေဖာက္ကလန္ကြၽန္းမွာ မိမိတို႔ပိုင္သာျဖစ္ေၾကာင္း ျပန္ၾကားခဲ့ၿပီး စစ္ပြဲကိုစတင္ခဲ့ပါတယ္။

ဧၿပီလ(၅) ရက္ေန႔မွာေတာ့ အထူးေလ့က်င့္ထားတဲ့ ၿဗိတိန္ေရတပ္ဟာ အာဂ်င္တီးနား ေရတပ္နဲ႔ေလတပ္ကို တစ္ခ်ိန္တည္းစတင္တိုက္ခိုက္ခဲ့ပါတယ္။ ဒီလိုတိုက္ခိုက္ဖို႔အတြက္ န်ဴကလီးယားေရငုပ္သေဘၤာ HMS Conqueror အပါအဝင္ ေလယာဥ္တင္သေဘၤာႏွစ္စီး ၊ တပ္မဟာ ၄ခုအား တင္ေဆာင္ခဲ့ေသာ Canberra နဲ႔ Queen Elizabeth II သေဘၤာေတြကို ၃ရက္အတြင္း ဆက္တိုက္လႊတ္ခဲ့တာပါ။ ဒါအျပင္ သေဘၤာအစီး ၁၀၀ေက်ာ္ပါဝင္တဲ့ေရတပ္ ၊ တိုက္ေလယာဥ္ ၄၂စီးလည္း ပါဝင္ပါေသးတယ္။

ဆက္တိုက္ ဆိုသလိုပဲ ေလၾကာင္းကိုအသုံးျပဳကာ အျပင္းအထန္တိုက္ခိုက္ခဲ့ၾကပါတယ္။ ၿဗိတိသွ်ေတြဟာ ေဖာက္ကလန္ကြၽန္းနဲ႔ ေရမိုင္ ၃၈၀၀ ခန႔္ေဝးတဲ့ အဆန္းရွင္းကြၽန္းမွာ အေျခခ်ၿပီး စစ္ပြဲဆိုင္ရာ ေထာက္ပံ့မႈမ်ားစြာျပဳလုပ္ၿပီး တိုက္ပြဲဝင္ေစခဲ့ပါတယ္။ ဒါအျပင္ အဂၤလန္ျပည္တြင္းမွာလည္း ဒီတိုက္ပြဲကို ျပည္သူေတြကတစ္ခဲနက္ ဝိုင္းဝန္းေထာက္ခံခဲ့ၾကပါတယ္။ အဂၤလန္ရဲ႕ အဓိကမဟာမိတ္ျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စုကလည္း လိုအပ္တဲ့လက္ နက္သာမက စက္သုံးဆီဂါလန္ ေသာင္းနဲ႔ခ်ီေထာက္ပံံံ့မႈေတြ ျပဳလုပ္ေပးခဲ့ပါ တယ္။

အာဂ်င္တီးနား ႏိုင္ငံအေနနဲ႔ကေတာ့ ယင္းကာလက ႏိုင္ငံေရးအေျခေနရႈပ္ေထြးေနၿပီး ႏိုင္ငံေတာ္အာဏာကို စစ္တပ္ကရယူထားတဲ့အခ်ိန္ျဖစ္ပါတယ္။ ႏိုင္ငံတြင္းႀကဳံေတြ႕ေနရတဲ့ လူမူေရး၊စီးပြားေရးအေျခေနေတြကို အာ႐ုံ ေျပာင္းၿပီး အာဂ်င္တီးနားေတြရဲ႕ အမ်ိဳးသားေရးစိတ္ဓာက္ကို လႈံေဆာ္တဲ့ ပုံစံ မ်ိဳးနဲ႔ စစ္ပြဲဝင္ဖို႔ဆုံးျဖတ္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီး လီယိုပိုလ္ဒိုဂယ္တီရီဟာ သူတို႔ထက္လက္နက္အင္အား သာလြန္တဲ့အျပင္ ႏိုင္ငံတကာက ေထာက္ခံမႈေတြရရွိေနတဲ့ ၿဗိတိသွ်ေတြကိုေတာ့ အရႈံးေပးခဲ့ရတာပါ။ ေဖာက္ကလန္ကြၽန္းတိုက္ပြဲဟာ ဒုတိယကမာၻစစ္ၿပီးဆုံးၿပီးတဲ့ေနာက္ အျခားမဟာမိတ္ေတြမပါပဲ အဂၤလန္ ႏိုင္ငံတစ္ႏိုင္ငံတည္းက အျခားႏိုင္ငံတစ္ခုကိုတိုက္ခိုက္တဲ့ ပထမဆုံးတိုက္ခိုက္ခဲ့တဲ့ စစ္ပြဲျဖစ္ပါတယ္။

အာဂ်င္တီးနားဘက္ကေတာ့ တိုက္ေလယာဥ္ ၁၂၂စီးအသင့္ရွိေနၿပီး အာဂ်င္ဘိုးရင္း 707 Recon ေလယာဥ္ကလည္း ၿဗိတိန္ေရတပ္ကို ေတာက္ေလွ်ာက္ေနာက္ေယာင္ခံလိုက္ႏိုင္ခဲ့ပါတယ္။ ၿဗိတိသွ်တို႔က ဧၿပီ ၂၁ရက္တြင္ စတင္တိုက္ခိုက္ရန္စီစဥ္ထားခဲ့ေသာ္လည္း ရာသီဥတုဆိုး႐ြားကာ ရဟတ္ယာဥ္ႏွစ္စင္းပ်က္က်မႈေၾကာင့္ ၂၅ရက္ေန႔မွ စစ္ဆင္ေရးကို ျပန္စႏိုင္ခဲ့ပါတယ္။

အဲဒီေန႔မွာေတာ့ ၿဗိတိန္တို႔ရဲ႕ ရဟတ္ယာဥ္မ်ားမွ ေတာ္ပီဒိုမ်ား ၊ ေရငုပ္သေဘၤာဖ်က္ဒုံးမ်ားျဖင့္တိုက္ခိုက္မႈေၾကာင့္ အာဂ်င္ေရငုပ္သေဘၤာ ARA Santa Fe ဟာ ဆိုး႐ြားစြာပ်က္စီးခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ ဖရီးဂိတ္စစ္သေဘၤာေတြျဖစ္တဲ့ Antrim နဲ႔ Plymount တို႔ကေန ေတာင္ေဂ်ာ္ဂ်ီယာကြၽန္းမွ အာဂ်င္အေစာင့္တပ္မ်ားကို စတင္တိုက္ခိုက္ကာ ကမ္းတက္တိုက္ပြဲကိုစတင္ပါတယ္။ ကြန္မန္ဒို ၇၆ဦး ရဲ႕အားနဲ႔ ၁နာရီအတြင္းမွာ အဲဒီကြၽန္းကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

ေမလ ၁ရက္ေန႔မွာေတာ့ အဆန္းရွင္းကြၽန္းမွာတပ္စြဲထားတဲ့ ၿဗိတိသ် ဗုံးႀကဲေလယာဥ္ ၈စီးဟာ ေဖာက္ကလန္ကြၽန္း  Stanley မွာရွိတဲ့ အာဂ်င္ေလတပ္ကို ဗုံးႀကဲတိုက္ခိုက္ခဲ့ျပန္ပါတယ္။ အာဂ်င္တီးနားမွလည္း တိုက္ေလယာဥ္ ၃၆စီးကို ေဖာက္ကလန္ကြၽန္းကို ခ်က္ခ်င္းေစလႊတ္ခဲ့ၿပီး ၿဗိတိသွ်တို႔ရဲ႕စစ္ေရယာဥ္တစ္စင္းကို စတင္ပစ္ခတ္ခဲ့တဲ့အတြက္ အဲဒီသေဘၤာဟာ ဆိုး႐ြားစြာပ်က္စီးသြားခဲ့ရပါတယ္။ ၿဗိတိသွ် BAE Sea Harrier ေလယာဥ္ေတြက အာဂ်င္ဘက္ကိုၾကားျဖတ္တိုက္ခိုက္ခဲ့တဲ့အတြက္ အာဂ်င္ေလယာဥ္ ၂စီးပ်က္က်ခဲ့ရပါတယ္။ အဲဒီေနာက္ ေလယာဥ္တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားခဲ့ၿပီး အာဂ်င္ေလယာဥ္ေနာက္ထပ္ ၂စီး ပ်က္က်ခဲ့ရျပန္ပါတယ္။

ေမလ ၂ရက္ေန႔မွာေတာ့ ပထမဆုံးေရတပ္ခ်င္းတိုက္တဲ့တိုက္ပြဲ ျဖစ္ခဲ့ပါတယ္။ ၿဗိတိန္ န်ဴးကလီးယားေရငုပ္သေဘၤာ HMS Conqurer နဲ႔ အာဂ်င္က႐ူဇာစစ္သေဘၤာ ARA General Belgrano တို႔ေတြ႕ဆုံတိုက္ခိုက္ခဲ့ရာမွာ ၿဗိတိန္ေရငုပ္သေဘၤာဘက္မွ ပစ္လိုက္တဲ့ ေတာ္ပီဒို ၃လုံးဟာ အာဂ်င္သေဘၤာကို ထိမွန္ခဲ့တဲ့အတြက္ Belgrano သေဘၤာနစ္ျမဳပ္သြားတဲ့အျပင္ စစ္သည္ ၃၂၃ဦးလည္း က်ဆုံးခဲ့ရပါတယ္။ ဒီအက်အဆုံးေၾကာင့္ အာဂ်င္ေလယာဥ္တင္သေဘၤာ ARA Veinticinco de Mayo ဦးေဆာင္တဲ့ေရတပ္ဟာ ေနာက္ဆုတ္သြားခဲ့ရပါတယ္။ Belgrano သေဘၤာျဖစ္ရပ္ဟာ အာဂ်င္တီးနားစစ္တပ္အတြက္ အလြန္အထိနာခဲ့ရၿပီး အာဂ်င္တီးနားေရတပ္ တစ္ခုလုံး တိုက္ပြဲဆက္လက္မဝင္ႏိုင္ေလာက္တဲ့အထိ ျဖစ္ခဲ့ရပါတယ္။

ေဖာက္ကလန္ စစ္ပြဲတစ္ေလ်ာက္က်ဆုံးခဲ့ရတဲ့ အာဂ်င္တီးနားစစ္သည္ တစ္ဝက္ေလာက္ ဟာအဲဒီ ခ႐ူဇာသေဘၤာနစ္ျမဳပ္ရာမွာ က်ဆုံးခဲ့ရတာပါ။ ေမလ ၄ရက္ေန႔မွာေတာ့ အာဂ်င္တိုက္ေလယာဥ္ေတြက တိုက္ခိုက္ခဲ့တဲ့အတြက္ ေတာ္ဝင္ေရတပ္သေဘၤာ  HMS Sheffield ပ်က္စီးနစ္ျမဳပ္ခဲ့ၿပီး ေရတပ္သား ၂၀ခန႔္က်ဆုံးခဲ့ပါတယ္။ Sheffield သေဘၤာဟာ ခ်က္ခ်င္းမနစ္ျမဳပ္ေသးပဲ ၆ရက္တိုင္ မီးေတာက္ေလာင္ၿပီးမွ နစ္ျမဳပ္သြားခဲ့တာပဲျဖစ္ပါတယ္။

ေမလ ၁၇ ရက္ေန႔မွာေတာ့ ၿဗိတိန္အထူးတပ္ဖြဲ႕ SAS ကြန္မန္ဒိုမ်ားဟာ အာဂ်င္တို႔ရဲ႕အေရးပါတဲ့ ျပင္သစ္ထုတ္ Super Etendard ေလယာဥ္ ၅စီးထားရွိရာ စခန္းကို စစ္ဆင္ေရးတစ္ခုနဲ႔ ဝင္ေရာက္တိုက္ခိုက္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ ဆိုး႐ြားတဲ့ရာသီဥတုေၾကာင့္ စစ္ဆင္ေရးစတင္တဲ့ရဟတ္ယာဥ္ဟာ အာဂ်င္တီးနားကိုမေရာက္ပဲ ခ်ီလီႏိုင္ငံအတြင္းကိုေရာက္ရွိခဲ့တဲ့အျပင္ အာဂ်င္ဘက္ကလည္း သတင္းႀကိဳရခဲ့တာေၾကာင့္ မီကာဒိုစစ္ဆင္ေရးမေအာင္ျမင္ခဲ့ပါဘူး။

ဒီစစ္ဆင္ေရးမေအာင္ျမင္ခဲ့ေပမယ့္ Pebble ကြၽန္းက အာဂ်င္ေလယာဥ္ကြင္းကို လွ်ပ္တျပက္တိုက္ခိုက္ခဲ့မႈမွာေတာ့ အာဂ်င္ေလယာဥ္ ၂၂စီးကို ဖ်က္စီးပစ္ႏိုင္ခဲ့ပါတယ္။ ဗိုလ္မႉးႀကီး Michael Clapp ဦးေဆာင္တဲ့ စစ္သည္ ၄၀၀၀ ကလည္း ပထမဆုံးေျမျပင္စစ္ဆင္ေရး Sutton ကိုေအာင္ျမင္စြာ စတင္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ၿဗိတိန္ေရတပ္ရဲ႕ ဖရီးဂိတ္စစ္သေဘၤာ HMS Ardent ကေတာ့ အာဂ်င္တို႔ရဲ႕တိုက္ခိုက္နစ္ျမဳပ္ျခင္းကိုခံလိုက္ရကာ ရဟတ္ယာဥ္တစ္စီးပ်က္စီးၿပီး စစ္သည္ ၂၂ဦးက်ဆုံးသြားခဲ့ရပါတယ္။

အာဂ်င္တို႔ရဲ႕ေလေၾကာင္းတိုးျမႇင့္တိုက္ခိုက္မႈေၾကာင့္ ၿဗိတိန္သေဘၤာမ်ားျဖစ္ေသာ HMS Antelope ,MV Atlantic Conveyor, HMS Brilliant, HMS Argonaut ႏွင့္ HMS Conventry တို႔မွာ ျမဳပ္သည့္သေဘၤာကျမဳပ္ ပ်က္စီးသည့္သေဘၤာမ်ားမွာလည္း ဆိုး႐ြားစြာပ်က္စီးခဲ့ရပါတယ္။ ေနာက္ထပ္အာဂ်င္တို႔ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြဟာ ၿဗိတိန္ေရတပ္ကို သိသာစြာမတိုက္ခိုက္ႏိုင္ေတာ့ပါဘူး။ ဒီေလေၾကာင္းစစ္ဆင္ေရးေတြမွာ အာဂ်င္တို႔ဘက္က ေလယာဥ္ႏွစ္စီးျပတ္က်ခဲ့ပါတယ္။

ေမလ ၂၇ ရက္ေန႔မွာျဖစ္ခဲ့တဲ့ Goose Green တိုက္ပြဲမွာေတာ့ ၿဗိတိန္ေလထီးတပ္မွ တပ္သား ၅၀၀ ခန႔္ဟာ အာဂ်င္တပ္ေတြရယူထားတဲ့ Goose Green နဲ႔ Darwin နယ္ေျမေတြကို ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ ၿဗိတိန္တို႔ဘက္မွ အေျမာက္တပ္ရင္းကလည္း ေတာက္ေလွ်ာက္ပစ္ေပးေနခဲ့တာေၾကာင့္ ၂၈ရက္ေန႔မွာေတာ့ အာဂ်င္တပ္ေတြလက္နက္ခ်ခဲ့ပါတယ္။ ဒီတိုက္ပြဲမွာ ၿဗိတိန္ဒုဗိုလ္မႉးႀကီး Herbert Jones အပါအဝင္ ၿဗိတိသွ်တို႔ဘက္မွ ၁၇ဦးက်ဆုံးၿပီး အာဂ်င္တို႔ဘက္မွ စစ္သည္ ၄၇ဦးက်ဆုံးကာ ၉၆၁ဦး သုံ႔ပန္းအျဖစ္ ဖမ္းဆီးျခင္းခံခဲ့ရပါတယ္။

ၿဗိတိန္တို႔ဘက္မွ ကြၽန္းတစ္ခုလုံးကို သိမ္းပိုက္ရန္ အစီအစဥ္ေတြ တစ္ခုၿပီး တစ္ခုလုပ္ေနသည့္အခ်ိန္မွာပဲ အာဂ်င္ေလတပ္ဟာလည္း ၿဗိတိန္ေရတပ္ကို အရွိန္တိုးျမႇင့္တိုက္ခိုက္ေနခဲ့ပါတယ္။ ဒီတိုက္ခိုက္မႈေၾကာင့္ ၿဗိတိသွ်သေဘၤာမ်ားျဖစ္တဲ့  RFA Sir Tristram နဲ႔ RFA Sir Galahad  ေပၚမွ စစ္သည္ ၅၆ဦးေသဆုံးခဲ့ရပါတယ္။ ဇြန္လ ၇ရက္ေန႔  Port Pleasant ကမ္းေျခကို ၿဗိတိန္တပ္ဟာ ကမ္းတက္ေနစဥ္မွာ အာဂ်င္ေလယာဥ္မ်ားရဲ႕တိုက္ခိုက္မႈကိုခံရကာ စစ္သည္ ၅၀ခန႔္က်ဆုံးၿပီး ရာနဲ႔ခ်ီဒါဏ္ရာရရွိခဲ့ျပန္ပါတယ္။

ေနာက္ဆုံးတိုက္ပြဲေတြကေတာ့ ဇြန္လ ၁၁ရက္ေန႔ကေန စတန္ေလေဒသမွာ စတိုက္ခဲ့တဲ့တိုက္ပြဲေတြျဖစ္ပါတယ္။ အာဂ်င္ေတြဟာ စတန္ေလကုန္းျမင့္မ်ားမွာ အခိုင္အမာတပ္စြဲၿပီး ၿဗိတိန္တို႔ရဲ႕ထိုးစစ္ကို ခုခံခဲ့ပါတယ္။ ႏွစ္ဘက္စလုံး အေျမႇာက္ ၊ စႏိုက္ဘာမ်ားကို သုံးစြဲခဲ့ၾကပါတယ္။

ဒါေပမယ့္ အင္အားႀကီးမားတဲ့ ၿဗိတိန္တပ္ေတြရဲ႕ထိုးစစ္ကို အာဂ်င္တို႔ မခုခံႏိုင္ပဲ ေတာင္ကုန္းတစ္ခုၿပီးတစ္ခု ၿဗိတိန္တို႔လက္ေအာက္သို႔ က်ခဲ့ရပါတယ္။ တညလုံးအျပန္အလွန္တိုက္ခိုက္ခဲ့ၾကၿပီး အက်အဆုံးလည္းမ်ားခဲ့ပါတယ္။ ၁၃ရက္ေန႔မွာေတာ့ ၿဗိတိန္တပ္ေတြဟာ Wireless Ridge နဲ႔ Tumbledown ေတာင္ကုန္းေဒသေတြကို ဆက္လက္သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

Tumbledown ေတာင္ကုန္းတိုက္ပြဲၿပီးဆုံးၿပီးတဲ့ေနာက္မွာေတာ့ အာဂ်င္တီးနားတပ္မေတာ္အေနနဲ႔ ဆက္လက္တိုက္ပြဲဝင္ျခင္းငွာ မစြမ္းေဆာင္ႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ၁၉၈၂ဇြန္လ (၁၄) ရက္ေန႔ မနက္ပိုင္းေတာ့ အာဂ်င္တီးနားတပ္မႉး ဗိုလ္ခ်ဳပ္ႀကီး မာရီယိုမန္ဒက္က ၿဗိတိသွ် ဗိုလ္မႉးခ်ဳပ္ ဂ်ယ္ရီမိုးထံ လက္နက္ခ်ခဲ့ကာ တိုက္ပြဲကိုအဆုံးသတ္ခဲ့ရပါတယ္။ ေဖာက္ကလန္ကြၽန္းဟာလည္း ၿဗိတိန္ႏိုင္ငံရဲ႕ထိန္းခ်ဳပ္မႈေအာက္ကို  ျပန္လည္ေရာက္ရွိခဲ့ပါတယ္။

ေဖာက္ကလန္ကြၽန္းတိုက္ပြၤဲဟာ ရက္ေပါင္း (၇၃)ရက္ၾကာခဲ့ၿပီး တိုက္ပြဲအတြင္း ၿဗိတိန္စစ္သည္ ၂၅၅ ဦး၊ အာဂ်င္တီးနားစစ္သည္ ၆၄၉ဦး၊ ေဖာ္ကလန္ကြၽန္းေဒသခံ(၃)ဦး အသီးသီး က်ဆုံးခဲ့ရပါတယ္။ပ်က္စီးမႈမ်ားအေနႏွင့္မႈ အာဂ်င္ဘက္မွ စစ္သေဘၤာ ၉စီး ၊ ေလယာဥ္ ၇၅စီး နဲ႔ ရဟတ္ယာဥ္ ၂၅စီး ပ်က္စီးခဲ့ကာ ၿဗိတိန္တို႔ဘက္မွ စစ္သေဘၤာ ၈စီး ၊ ေလယာဥ္ ၁၁စီး ႏွင့္ ရဟတ္ယာဥ္ ၂၄စီး ပ်က္စီးဆုံးရႈံးခဲ့ရပါတယ္။

ေဖာက္ကလန္စစ္ပြဲက ဒီမွာတင္ၿပီးခဲ့ေပမယ့္ အဂၤလန္တို႔အေပၚ အာဂ်င္တို႔ရဲ႕အၿငိဳးကမၿပီးခဲ့ပါဘူး။ စစ္ပြဲျဖစ္ပြားၿပီး ေနာက္ ၄ႏွစ္အၾကာ ၁၉၈၆ ကမာၻ႔ဖလားပြဲမွာေတာ့ အဂၤလန္အသင္း နဲ႔ အာဂ်င္တီးနားအသင္းတို႔ ျပန္လည္ေတြ႕ဆုံခဲ့ပါတယ္။ ဒီကမာၻ႔ဖလား ကြာတားဖိုင္နယ္ပြဲစဥ္မွာေတာ့ အာဂ်င္တီးနားက အဂၤလန္ကို (၂-၁)ဂိုး နဲ႔ အႏိုင္ရသြားခဲ့ပါတယ္။ ဒုတိယေဖာက္ကလန္တိုက္ပြဲလို႔ ကမာၻမီဒီယာေတြရည္ၫႊန္းခဲ့တဲ့ ဒီပြဲမွာ အဂၤလန္အသင္းဘက္ကို အာဂ်င္တီးနားတိုက္စစ္မႉး မာရာဒိုနာက အႏိုင္ဂိုးတစ္ဂိုး ကိုလက္နဲ႔ပုတ္သြင္းခဲ့တာပဲျဖစ္ပါတယ္။

လူမ်ိဳးေရးအမုန္းတရားေတြ မပ်ယ္ေသးတဲ့ ကာလမွာ ဘုရားေပးတဲ့လက္လို႔ ကမာၻေက်ာ္ခဲ့တဲ့ မာရာဒိုနာရဲ႕ ဒီဂိုးဟာ အဂၤလန္နဲ႔ အာဂ်င္တီးနားတို႔ၾကား အမုန္းတရားေတြကို ဆက္လက္ရွင္သန္ေစခဲ့သလိုပါပဲ။ အာဂ်င္တီးနားဟာ အဲဒီကမာၻ႔ဖလားဗိုလ္လုပြဲမွာ အေနာက္ဂ်ာမဏီကိုႏိုင္ၿပီး ဗိုလ္စြဲခဲ့ပါတယ္။ အဂၤလန္ကို စစ္ရႈံးခဲ့ေပမယ့္ ေဘာလုံးပြဲမွာျပန္လည္အႏိုင္ယူႏိုင္ခဲ့တဲ့အတြက္ မာရာဒိုနာဟာ အာဂ်င္တီးနားရဲ႕ ဂႏၲဝင္သူရဲေကာင္းျဖစ္ခဲ့ပါေတာ့တယ္။

 

Tags: historykaung htetknowledgemilitary
Next Post
မပြီးဆုံးသေးသော ကမ္ဘာကျော်နေရာများ

မပြီးဆုံးသေးသော ကမ္ဘာကျော်နေရာများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!