Wednesday, February 24, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာကျော် နေရာ ၆ ခု ကို အပေါ်တည့်တည့်က ကြည့်တဲ့အခါ

by Thutamm
November 6, 2020
Reading Time: 3min read
0
ကမ္ဘာကျော် နေရာ ၆ ခု ကို အပေါ်တည့်တည့်က ကြည့်တဲ့အခါ
Share on FacebookShare on Twitter

ဒီတခါတော့ ကမ္ဘာကျော် အဆောက်အအုံတွေကို အပေါ်တည့်တည့်ကနေ ကြည့်ပါမယ်။ ပုံမှန်မြင်တွေ့နေကြမြင်ကွင်းမဟုတ်ပဲ အပေါ်တည့်တည့်က ကြည့်တဲ့အခါ ဘယ်လိုပုံစံရှိမလဲဆိုတာကို Budget Direct ဝဘ်ဆိုဒ်က ရိုက်ကူးဖန်တီးထားတာဖြစ်ပါတယ်။ ကမ္ဘာတလွှားက လူသိများထင်ရှားတဲ့ နေရာ ၆ ခု ကို ရိုက်ကူးတဲ့အထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက ရွှေတိဂုံဘုရားလည်း ပါဝင်လာခဲ့ပါတယ်။

၁။ Sydney Opera House

ရွက်လှေတွေထောင်ထားတဲ့ပုံသဏ္ဍာန်နဲ့ ဒီအဆောက်အဦးကြီးဟာ သြစတြေးလျနိုင်ငံရဲ့ လူသိအများဆုံး အမှတ်အသားနေရာတခုဖြစ်ပါတယ်။ ဆစ်ဒနီအော်ပရာကဇာတ်ရုံကြီးဟာ သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ် ဆစ်ဒနီမြို့မှာတည်ရှိတဲ့ အနုပညာဆိုင်ရာ အဆောက်အအုံကြီးဖြစ်ပါတယ်။ ၁၉၇၃ခုနှစ် အောက်တိုဘာ ၂၀ရက်နေ့မှာ ဒုတိယအဲလီဇဘက်ဘုရင်မကြီးကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ အဆောက်အဦးကြီးပါ။ ဒီအဆောက်အဦးကြီးကို ဒတ်ချ်လူမျိုးဗိသုကာပညာရှင် Jørn Utzon က ဒီဇိုင်းရေးဆွဲပြီး စုစုပေါင်း တည်ဆောက်မှုကုန်ကျစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၁၀၂ သန်းအထိ ကုန်ကျခဲ့တာပါ။

ဆစ်ဒနီကဇာတ်ရုံကြီးကို အကျယ် ၄.၄ဧက ရှိတဲ့မြေပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီး အမြင့် ၂၁၃ပေ ၊ အလျား ၆၀၀ပေ နဲ့ အနံ ၃၉၄ပေ ဖြစ်ပါတယ်။ အဆောက်အဦးထဲမှာတော့ ဇာတ်ရုံနဲ့ ခန်းမကြီး ၇ ခုထက်မနည်းရှိနေပြီး အခန်းပေါင်းကလည်း ၁၀၀၀ ခန့် ရှိနေပါသေးတယ်။ ဒီအဆောက်အဦးကြီးမှာ နှစ်စဉ် ပြဇာတ် ၊ တေးဂီတဖျော်ဖြေပွဲနဲ့ အခြားအခမ်းအနားပွဲများစုစုပေါင်း ၃၀၀၀ခန့်ကို ကျင်းပလျှက်ရှိပြီး နှစ်စဉ်လာရောက်လည်ပတ်သူ ပေါင်းကလည်း ရှစ်သန်းခန့်ရှိနေပါတယ်။ ဒီအဆောက်အဦးကြီးကို အပေါ်တည့်တည့်က ကြည့်တဲ့အခါမှာတော့ အောက်ပါအတိုင်း မြင်ရမှာဖြစ်ပါတယ်။

၂။ 30 St Mary Axe

30 St Mary Axe ကိုတော့ The Gherkin လို့လည်း လူသိများပါတယ်။ လန်ဒန်မြို့ ငွေကြေးအဖွဲ့အစည်းတွေရုံးစိုက်ရာ ရပ်ကွက်မှာတည်ရှိတဲ့ စီးပွားရေးဆိုင်ရာ မိုးမျှော်တိုက်ကြီးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ကမှ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အမြင့်ပေ ၅၉၁ပေ ရှိကာ အထပ်ပေါင်း ၄၁ထပ် ပါဝင်ပါတယ်။ အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၅၁၆,၁၀၀ ရှိတဲ့ ဒီအဆောက်အဦးကြီးရဲ့ အဲဒီ အချိန်က ကုန်ကျစရိတ်စုစုပေါင်းဟာ စတာလင်ပေါင် ၁၃၈သန်း အထိ ရှိခဲ့ပါတယ်။

ဗြိတိသျှဗိသုကာ ကုမ္ပဏီ Foster and Partners ရဲ့ ဒီဇိုင်းဖြစ်ပြီး ဆွီဒင်ဆောက်လုပ်ရေး ကုမ္ပဏီ Skanska AB က တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ငွေကြေးအဖွဲ့အစည်းများ ၊ အာမခံကုမ္ပဏီများ ၊ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီများ ၊ ဥပဒေအကြံပေးကုမ္ပဏီ ရုံးတွေကို ဒီအဆောက်အဦးကြီးမှာ ဖွင့်လှစ်ထားပြီး လန်ဒန်မြို့ရဲ့ စီးပွားရေးအမှတ်အသား တခုဖြစ်နေပါပြီ။ ဧရာမ ဒုံးကျည်ကြီး ထောင်ထားတဲ့ပုံသဏ္ဍာန် နဲ့ ဒီအဆောက်အဦးကြီးကို အပေါ်ဘက်တည့်တည့်က ကြည့်ရင်တော့ ဒီလို မြင်ရမှာဖြစ်ပါတယ်။

၃။ Eiffel Tower

ကမ္ဘာကျော် အီဖယ်တာဝါကတော့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာတည်ရှိနေတဲ့ ပြင်သစ်နိုင်ငံရဲ့ အထင်ကရ အမှတ်အသားတခုဖြစ်ပါတယ်။ တာဝါကို တည်ဆောက်ခဲ့သူ Gustave Eiffel ကို အစွဲပြုပြီး အီဖယ်တာဝါ ဆိုတဲ့ အမည် ရခဲ့တာဖြစ်ပါတယ်။ တာဝါရဲ့ ဒီဇိုင်းကိုဆွဲခဲ့သူကတော့ ပြင်သစ်ဗိသုကာပညာရှင် Stephen Sauvestre ဖြစ်ပါတယ်။ မျှော်စင်ရဲ့အမြင့်က ၉၈၆ပေ ရှိပြီး အသံလွှင့် အင်တန်နာတိုင်ထိပ်အထိ အတိုင်းအတာကိုယူမယ်ဆိုရင်တော့ ၁၀၆၃ ပေ အထိ ရှိနေပါတယ်။

ဒီအဆောက်အအုံကြီးကို ၁၈၈၉ ခုနှစ်ကတည်းက တည်ဆောက်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၁၉၃၀ ဝန်းကျင်အထိ ကမ္ဘာပေါ်မှာ အမြင့်ဆုံး အဆောက်အဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။ ပြင်သစ်ကို အလည်အပတ်လာသူတိုင်းဟာ အီဖယ်တာဝါကိုတော့ မရောက်ရောက်အောင် သွားလေ့ရှိကြပါတယ်။ တာဝါပေါ်မှာတော့ အထပ် ၃ထပ်ရှိနေပြီး စားသောက်ဆိုင်အပါအဝင် ရှုခင်းကြည့်ရှု့တဲ့နေရာတွေရှိနေပါတယ်။ ရိုးရိုးလှေကား ၊ ဓာတ်လှေကားတွေနဲ့ တာဝါပေါ်ကို တက်ရောက်နိုင်ပြီး ပါရီတမြို့လုံးရဲ့ မြင်ကွင်းတွေကို ကြည့်ရှု့နိုင်ပါတယ်။ အီဖယ်တာဝါကို အပေါ်တည့်တည့်က ကြည့်ရင်တော့ ဒီလို မြင်ရမှာဖြစ်ပါတယ်။

၄။ Statue of Liberty

လေဘာတီရုပ်တုကတော့ အမေရိကန်ရဲ့ အမှတ်အသားအဖြစ် လူသိများပြီး နယူးယောက်စီးတီးက လေဘာတီကျွန်းပေါ်မှာ တည်ရှိပါတယ်။ လေဘာတီရုပ်ထုကို ဒီဇိုင်းထုတ်သူမှာ ပြင်သစ် ဗိသုကာပညာရှင် Frédéric Auguste Bartholdi ဖြစ်ပြီး တည်ဆောက်သူကတော့ အီဖယ်တာဝါတည်ဆောက်သူ Gustave Eiffel ပဲ ဖြစ်ပါတယ်။ ဒီရုပ်ထုကြီးကို အမေရိကန်လွတ်လပ်ရေးကြေညာ စာတမ်း နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် ပြင်သစ်ပြည်သူတွေကနေ လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

မြေပြင်ကနေ လေဘာတီရုပ်ထုမီးတောက်အထိ(အောက်ခံအပါအဝင်) အမြင့်ပေ ၃၀၅ ပေနဲ့ ၆လက်မ ရှိပြီး ဒါဟာ အထပ်မြင့် ၂၂ ထပ်အဆောက်အဦးနဲ့ အမြင့်ညီပါတယ်။ ရုပ်ထုချည်းပဲ ဆိုရင်တော့ ၁၁၁ ပေ မြင့်ပါတယ်။ တစ်ဖက်က မီးတုတ်ကိုကိုင်ထားပြီး ကျန်တစ်ဖက်ကတော့ ၂၃ပေကျော်ရှည်တဲ့ အပြားမှာ JULY IV MDCCLXXVI (July 4, 1776) လို့ရေးထိုးထားပါတယ်။ ဒါဟာ အမေရိကန်ရဲ့ လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ ဒီရုပ်တုကြီးကို အပေါ်တည့်တည့်ကနေ ကြည့်မယ်ဆိုရင်တော့ ဒီလို မြင်ရမှာဖြစ်ပါတယ်။

၅။ The Colosseum

အီတလီနိုင်ငံရဲ့ အမှတ်အသားတခုဖြစ်တဲ့ ဒီ ကော်လိုစီယမ် အမိုးပွင့်ဇာတ်ရုံကြီးကတော့ ရောမမြို့လယ်မှာ တည်ရှိနေပါတယ်။ နီရိုဘုရင်ကြီးရဲ့ကြေးရုပ်တု(Colossus of Nero) အနီးမှာဆောက်ခဲ့တဲ့ဇာတ်ရုံဖြစ်တာကြောင့် ကော်လိုစီယမ် ဆိုတဲ့နာမည်ဖြစ်လာပါတယ်။ ဒီဇာတ်ရုံကြီးကို အေဒီ ၇၂ခုနှစ် ဘုရင် ဗတ်စ်ပါစီယန် လက်ထက်မှာ တည်ဆောက်ခဲ့ပြီး သူ့ရဲ့သား ထိုက်တပ်စ် လက်ထက် အေဒီ ၈၁ခုနှစ်(၉နှစ်အကြာ) မှာ ပြီစီးခဲ့ပါတယ်။

မြေဧက ၆ဧကပေါ်မှာဆောက်လုပ်ထားတဲ့ ဇာတ်ရုံကြီးရဲ့ပုံစံဟာ ဘဲဥပုံသဏ္ဍာန်ရှိပြီး အမိုးမပါပဲ ထိုင်ခုံတန်းများကို အဝိုင်းအဆင့်ဆင့်နဲ့ တည်ဆောက်ထားခဲ့ပါတယ်။ လူပေါင်း ၅သောင်းကနေ ၈သောင်းအထိဆန့်တဲ့ ဇာတ်ရုံကြီးဖြစ်ပါတယ်။ ဇာတ်ရုံဟု ဆိုပေမယ့် ဇာတ်ပွဲတွေပြတာမဟုတ်ပဲ တိုက်ခိုက်ပွဲတွေ ပြုလုပ်တဲ့နေရာဖြစ်ပါတယ်။ ရှေးရောမခေတ် နာမည်ကျော် ဂလက်ဒီရေတာ ခေါ် ကျွန်သူရဲကောင်း တိုက်ပွဲတွေ အဓိက ကျင်းပရာ နေရာလည်းဖြစ်ပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်း သန်းချီပြီးလာရောက်လေ့ရှိတဲ့ ဒီနေရာကို အပေါ်တည့်တည့်ကနေ ကြည့်ရင်တော့ ဒီလိုမြင်ရမှာ ဖြစ်ပါတယ်။

၆။ Shwedagon Pagoda

ရန်ကုန်မြို့မှာတည်ရှိတဲ့ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ဟာ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ အမှတ်အသားနေရာ တခုဖြစ်ပါတယ်။ ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိပြီး ဉာဏ်တော် ၃၂၆ပေ မြင့်ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ဝန်းကျင်က မဇ္ဈိမ ဒေသကို သွားခဲ့တဲ့ ကုန်သည်ညီနောင် တဖုဿ နဲ့ ဘလ္လိက တို့ ယူဆောင်လာတဲ့ ဆံတော်မြတ် ၈ ဆူကို ဌာပနာပြီး ဥက္ကလာပမင်းကြီး ဦးဆောင်တဲ့ ပြည်သူတို့ကို တည်ထားခဲ့တယ်လို့ သိရပါတယ်။ ဘုရားလေးဆူရဲ့ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားတဲ့အတွက် လေးဆူဓာတ်ပုံ ရွှေတိဂုံ လို့ ခေါ်ကြခြင်းဖြစ်ပါတယ်။

စေတီတော် တည်စဉ်က အမြင့်ဟာ ၄၄တောင် ရှိပြီး တိဂုမ္ဗစေတီတော် ဆိုတဲ့ဘွဲ့အမည်နဲ့ တည်ထားခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။ ဘုရင်အဆက်ဆက် မွမ်းမံပြုပြင်ရာကနေ ယနေ့ ဉာဏ်တော်အမြင့်အထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ စေတီတော် သမိုင်းတလျှောက်မှာ ငလျှင်ရဲ့ ဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရပြီး အကြိမ်ကြိမ်ပြုပြင်မွမ်းမံခဲ့ကြရပါတယ်။ ရွှေတိဂုံ စေတီတော်ကို အပေါ်တည့်တည့်ကနေ ကြည့်မယ်ဆိုရင်တော့ ဒီလို မြင်ရမှာဖြစ်ပါတယ်။

Tags: world places
Next Post
အိန္ဒိယမှာ တွေ့ရှိခဲ့တဲ့ ရှားပါး အဝါရောင် လိပ်ကလေး

အိန္ဒိယမှာ တွေ့ရှိခဲ့တဲ့ ရှားပါး အဝါရောင် လိပ်ကလေး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!