Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တခေတ်တခါက ကမ္ဘာ့အအောင်မြင်ဆုံး တေးဂီတအဖွဲ့ Westlife 

by Thutamm
February 13, 2020
Reading Time: 1min read
0
တခေတ်တခါက ကမ္ဘာ့အအောင်မြင်ဆုံး တေးဂီတအဖွဲ့ Westlife 
Share on FacebookShare on Twitter

My love, I have a Dream ဆိုတဲ့သီချင်းစာသားတွေဟာ ကမ္ဘာတစ်ဝှမ်းကတေးချစ် သူတွေရဲ့အကြားမှာအလွန်ခေတ်စားခဲ့ဖူးပြီး ယင်းသီချင်းတွေရဲ့ အဆိုရှင် Westlife တေးဂီတအဖွဲ့ဟာလည်း ကမ္ဘာဂီတလောကမှာလျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြား ခဲ့ပါတယ်။

Westlife လို့ဆိုလိုက်တာနဲ့ ရှုပါအလန်းစား၊စတိုင်အလန်းစား လူငယ်ငါးယောက်ကို တန်းမြင်မိမှာဖြစ်ပြီး ဒီအဖွဲ့ဟာ အိုင်းရစ်လူမျိုးတွေ နဲ့ဖွဲ့စည်းထားတဲ့ပေါ့တေးဂီတအဖွဲ့ဖြစ်ပါတယ်။ Westlifeအဖွဲ့ကို (၁၉၉၈)ခုနှစ်က အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မှာနာမည်ကျေ်ာ X – factor ဒိုင်သူကြီ်း Simon Cowell က အိုင်းရစ်လူငယ်တွေဖြစ်တဲ့ Nicky Byrne,Kian Egan,Markus Feehily, Shane Filan နဲ့ Brian McFadden တို့နဲ့ စတင်ဖွဲ့စည်းခဲ့ပြီးမန်နေဂျာကတော့ Louis Walshဖြစ်ပါတယ်။ စတင်ဖွဲ့ချိန်က အမည်ကတော့ Westside ဆိုတဲ့အမည်နဲ့ဖြစ်ပြီး အိုင်းရစ်ဂီတလောကမှာ သူတို့နဲ့ နာမည်တူဂီတအဖွဲ့ရှိနေပြန်တာကြောင့် Westlife ဆိုပြီးအမည်ပြောင်းခဲ့ရပါတယ်။

(၁၉၉၉)ခုနှစ်နိုဝင်ဘာမှာတော့Westlife အဖွဲ့ရဲ့ပထမဆုံးအယ်ဘမ်လို့ဆိုရမဲ့ Westlife အယ်ဘမ်ထွက်ရှိလာခဲ့ပြီး ယင်းအယ်ဘမ်ထဲက Swear it Again,if I Let You Go, Flying Without Wings, I have a dream, Fools Againစတဲ့စီချင်းတွေဟာ ဗြိတိန်နိုင်ငံရဲ့လူကြိုက်အများဆုံးသီချင်းများစာရင်းမှာ ထိပ်တန်းနေရာကနေပါဝင်လာ ခဲ့ပါတယ်။ ဒါအပြင်ဗြိတိန်နိုင်ငံရဲ့တေးဂီတသမိုင်းမှာ မျက်နှာသစ်အဆိုတော်အဖွဲ့အနေနဲ့ တစ်ပတ်အတွင်းတေးစီးရီးအရောင်းရဆုံးစံချိန်ကိုပိုင်ဆိုင်ခဲ့ပြီး ဥရောပရဲ့အကောင်းဆုံး လူငယ်ပေါ့ဂီတအဖွဲ့အဖြစ်အချိန်တိုလည်း ရပ်တည်နိုင်ခဲ့ပါတယ်။

ဆက်တိုက်ဆိုသလို သူတို့ရဲ့အနုပညာဖန်တီးလှုပ်ရှားမှုပုံရိပ်တွေဟာ ကမ္ဘာ မီဒီယာထက်နေရာယူလာပြီး ကမ္ဘာတစ်ဝှမ်းကဆယ်ကျော်သက်တွေရဲ့ အရှုးအမူးအား ပေးခြင်းကို ခံလာရပါတယ်။ ဆက်တိုက်ဆိုသလိုပဲ (၂၀၀၀)ပြည့်နှစ်မှာတော့ Coast to Coast အယ်ဘမ်၊ (၂၀၀၁)ခုနှစ်မှာ World of Our Own အယ်ဘမ်၊ (၂၀၀၂)ခုနှစ်မှာ unbreakable- the Greatest Hits Vol-1၊(၂၀၀၃)ခုနှစ်မှာ Turnaround စတဲ့အယ် ဘမ်တွေထွက်ပေါ်လာခြင်းနဲ့ အတူ Westlifeအဖွဲ့ရဲ့အောင်မြင်တဲ့ ရွှေရတုကာလတွေ ကိုဖြတ်သန်းနိုင်ခဲ့ပါတယ်။

(၂၀၀၄)ခုနှစ် Westlifeအဖွဲ့ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်မစတင်မီမှာတော့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Brian McFaddenဟာ မိသားစုကိုအချိန်ပေးလို တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အဖွဲ့ကနေနှုက်ထွက်သွားခဲ့ပါတယ်။ ယင်းနောက် ကျန်အဖွဲ့ဝင်(၄)ယောက်နဲ့အတူဂီတလောကကိုလျှောက်လှမ်းရင်းနောက်ထပ်အယ်ဘမ် (၆)ခုကိုပြန်လည်ထုတ်ဝေခဲ့ပါတယ်။ ဒီအယ်ဘမ်တွေကတော့ Allow Us to Be Frank (၂၀၀၄)၊ Face to Face(၂၀၀၅)၊ The Love Alblum (၂၀၀၆)၊ Back Home(၂၀၀၇)၊ where We Are (၂၀၀၉) နဲ့ Gravity (၂၀၁၀) တို့ဖြစ်ကြပါတယ်။

ယင်းနောက်အဖွဲ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကျဲပါးလာခဲ့ပြီး (၂၀၁၂)ခုနှစ်မှာတော့ အဖွဲ့ကို တရားဝင်ဖျက်သိမ်းခဲ့ပါတယ်။ Westlifeအဖွဲ့ရဲ့ အအောင်မြင်ဆုံးအယ်ဘမ်တွေက တော့ (၁၉၉၉)ခုနှစ်ကနေ (၂၀၀၄)ခုနှစ်အထိ ဆက်တိုက်ထုတ်ဝေခဲ့တဲ့အယ်ဘမ်တွေ ပဲဖြစ်ပါတယ်။ ထူးခြားချက်ကတော့ Westlifeအဖွဲ့ရဲ့သီချင်တွေဟာ အမေရိကန် Billboard Charts တွေမှာအောင်မြင်ခဲ့ခြင်းမရှိပဲ ရှားရှားပါးပါး (၂၀၀၀)ပြည့်နှစ်ကတော့ Swear It Again အမည်ရတဲ့သီချင်းတစ်ပုဒ်သာထိုးဖောက်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ဗြိတိန်မှာတော့ Westlifeအဖွဲ့ရဲ့သီချင်းတွေဟာ Uk Top 1 အထိချိတ်နိုင်ပြီး အယ်ဘမ်တွေဟာလည်း Top list စာရင်းမှာအမြဲတမ်းလိုလိုပါဝင်နေခဲ့ပါတယ်။

Westlifeကိုဖျက်သိမ်းပြီး(၆)နှစ်အကြာ (၂၀၁၈)ခုနှစ်ရောက်ချိန်မှာတော့ မူလကျန်ရှိတဲ့အဖွဲ့ဝင်(၄) ယောက်နဲ့ Westlife အဖွဲ့ကို ပြန်လည်တည်ထောင်ခဲ့ပါတယ်။ (၂၀၁၉)ခုနှစ်၊ဇန်နဝါရီ(၁၀) ရက်နေ့မှာတော့ Hello My Love ဆိုတဲ့ Single song တစ်ပုဒ်ပေါ်ထွက်လာခဲ့ပြီး မတ်(၂၉)ရက်နေ့မှာတော့ Better Man လို့အမည်ရတဲ့ Westlife အဖွဲ့ရဲ့ ဒုတိယမြောက် single song ထွက်ပေါ်လာခဲ့ပါတယ်။

Hello My Love Song Video

နောက်ပိုင်းထွက်ပေါ်နေတဲ့သတင်းတွေအရ တော့ Westlife အဖွဲ့ရဲ့ကျန်ရှိနေတဲ့အဖွဲ့ဝင် Brian McFadden ဟာ မကြာခင်ပြန်လည် ပူးပေါင်းနိုင်တယ်ဆိုတဲ့ အခြေအနေတောင်ရှိနေပါတယ်။ စတင်ဖွဲ့စည်းချိန်ကတော့ လူလွတ်လူငယ်အဆိုတော်တွေဖြစ်ပေမယ့် ယခုအချိန်မှာတော့ Westlife အဖွဲ့သားတိုင်းဟာ အောင်မြင်တဲ့အသိုက်အမြုံကိုယ်စီနဲ့ရှိနေပြီး ရင့်ကျက်တဲ့သဏ္ဍာန်ကိုဆောင်နေတာ ကြောင့်အရင်လို ပျိုမြစ်တဲ့အနုပညာလှုပ်ရှားဟန်တွေကိုတော့ မြင်တွေ့ရဖို့ရှိမနေ တော့ပါဘူး။

ယခုအချိန်ထိ Westlifeအဖွဲ့ဟာကမ္ဘာတစ်ဝှမ်းမှာ အယ်ဘမ်အခွေပေါင်း သန်း(၅၅) လောက်ရောင်းချခဲ့ရပြီး You Tube ကနေကြည့်ရှုသူပေါင်းသန်း(၁၀၀၀)လောက်ကို ရှိပါတယ်။ အောင်မြင်မှုမှတ်တိုင်တွေအနေနဲ့တော့ Westlife အဖွဲ့ဟာ World Music Award ဆိုကို (၃)ကြိမ်တိုင် စကာတင်စာရင်းမှာရွေးချယ်ခံခဲ့ရပြီး (၁)ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါအပြင် MTV Europe Music Award (၁)ကြိမ်၊ Brit Award (၂)ကြိမ်၊ Meteor Award (၁၄)ကြိမ်ဆုအပါအဝင် ဂီတထူးချွန်ဆုပေါင်း(၉၂)ဆုထိရရှိခဲ့ပြီး တစ်ဦးချင်းဆိုင်ရာထူးချွန်ဆုများစွာကိုလည်း ပိုင်ဆိုင်ခဲ့တဲ့ ပေါ့ဂီတအဖွဲပဲ ဖြစ်ပါတော့တယ်။

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
ကိုယ့်ခြံထဲက သက်တမ်းရင့်သစ်ပင်ကိုသေစေမှုနဲ့ အမေရိကန်ဒေါ်လာ ၆သိန်း ဒဏ်ရိုက်ခံခဲ့ရတဲ့ စုံတွဲ

ကိုယ့်ခြံထဲက သက်တမ်းရင့်သစ်ပင်ကိုသေစေမှုနဲ့ အမေရိကန်ဒေါ်လာ ၆သိန်း ဒဏ်ရိုက်ခံခဲ့ရတဲ့ စုံတွဲ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!