Tuesday, March 2, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာကျော် လတ်စ်ဗီးဂတ် အကြောင်း

by Thutamm
October 13, 2020
Reading Time: 2min read
0
ကမ္ဘာကျော် လတ်စ်ဗီးဂတ် အကြောင်း
Share on FacebookShare on Twitter

Las Vegas မြို့ဟာ အမေရိကန်ပြည်ထောင်စု နာဗားဒါးပြည်နယ်ရဲ့ လူဦးရေအထူထပ် ဆုံးမြို့ဖြစ်ပါတယ်။ Clark County(ကလပ်ကောင်တီ) ရဲ့အုပ်ချုပ်ရေးမြို့ဖြစ်ပြီး Mojave သဲကန္တာရတွင်းမှာတည်ရှိကာ မြို့ရဲ့ပတ်လည်ကိုတောင်တန်းတွေနဲ့ ကာရံထားပါတယ်။

၂၀၁၈ခုနှစ် သြဂုတ်လအတွင်းကောက်ယူခဲ့တဲ့ စာရင်းတွေအရတော့ Las Vegas မြို့ရဲ့ လူဦးရေဟာ (၆၅၀၀၀၀)ရှိပြီး မြို့ရဲ့ဝန်းကျင်ဧရိယာမှာ နေထိုင်သူ အရေအတွက် ၂၂၂၀၀၀၀ ခန့််ရှိပါတယ်။ Las Vegas မြိုံဟာ ၃၅၂ စတုရန်းကီလိုမီတာ (၁၃၆ စတုရန်းမိုင်) ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၇၅)ပေအထိမြင့်ပါတယ်။

Las Vegasဒေသကို အစောဆုံးရောက်ရှိခဲ့သူတွေကတော့ Paleo-indians တွေဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀၀၀)လောက်ကတည်းက စားကျက်မြေနေရာရှာဖွေရင်း ရောက်ရှိခဲ့ကြတာပါ။ ယင်းနောက် Paleo-indians တွေထွက်ခွာသွားကြပြီး နှစ်ပေါင်း (၈၀၀၀)လောက်အကြာမှ Anasazi နဲ့ Paiute မျိုးနွယ်စုတွေ ဝင်ရောက်နေထိုင် ခဲ့ကြပါတယ်။

Las Vegas ဆိုတဲ့အမည်ကိုတော့ ၁၈၂၁ခုနှစ်ပတ်ဝန်းကျင်က မက္ကဆီကန်လေ့လာရေး ကင်းထောက်တစ်ဦးဖြစ်တဲ့Rafael Riveraဆိုသူကပေးခဲ့တာပါ။ သူဟာလော့အိန်ဂျလိ နဲ့ ကယ်လီယိုဖိုးနီးယားဒေသတွေဆီ အရောင်းအဝယ်လုပ်ဖို့ ရောက်ရှိလာတဲ့ စပိန်ကုန်သည် Antonio Armijo ရဲ့ ကုန်သည်(၆၀)ဦးပါဝင်တဲ့ယာဉ်တန်းနဲ့ အတူ ဒီလက် ဗီးဂက်တောင်ကြားကိုရောက်ရှိလာခဲ့တာပါ။

Las Vegas ကို စပိန်ဘာသာစကားနဲ့ ကောက်ရိုးမြက်ခြောက်အတွက် သုံးရတဲ့ မြက်မခင်း (meadow)လို့ခေါ်ပါတယ်။ ဒါကလည်း Las Vegas ဒေသဟာ မြက်များစွာပေါက်ရောက်တဲ့ ကန္တာရဒေသတစ်ခုလိုဖြစ်နေလို့ပါ။ အရှေတိုင်းက ကန္တာရခရီးသွားတွေရဲ့ အယူအဆအရ Las Vegas ဒေသဟာ မြက်များစွာပေါက်ရောက်နေတာမို့ ရေထွက်တဲ့အရပ်ဖြစ်မယ်လို့ဆိုကြပါတယ်။

Las Vegas မြို့တော်ကိုတည်ဆောက်ခဲ့ကြသူတွေကတော့ လူချမ်းသာတွေနဲ့ မီးရထား အလုပ်သမားတွေဖြစ်ပါတယ်။ Las Vegas ကိုမြို့အဖြစ် စတင်တည်ထောင်ခဲ့တာကတော့ ၁၉၀၅ခုနှစ်မှာဖြစ်ပါတယ်။ မြို့ကိုစတင်တည်ထောင်ခဲ့ကတည်းက လောင်းကစားရုံ တွေဟာ တစ်ပါတည်းပါဝင်လာခဲ့တာပါ။

၁၉၃၀ မှာတော့ လောင်းကစားခြင်းကိုတရားဝင် ခွင့်ပြုပြီးတဲ့နောက် မြို့ဟာပိုမိုကြီးမားလာခဲ့ပါတယ်။ ဒီလိုကြီးမားလာအောင် ပြုလုပ်ပေးသူတွေကတော့ Hoover ဆည်ဆောက်လုပ်ရေးလုပ်သား နဲ့ မိသားစုတွေဖြစ်ပါတယ်။ ဒိုတယ ကမ္ဘာစစ်အပြီးမှာတော့ Las Vegas ဟာ လောင်းကစားခြင်း နဲ့ အပန်းဖြေခြင်းရဲ့ သင်္ကေတအဖြစ် ပိုပြီးလူသိများလာခဲ့ပါတယ်။

ယနေ့အချိန်မှာတော့ Las Vegasဟာ ကမ္ဘာ ထိပ်တန်းအပန်းဖြေမြို့တော်အဖြစ် ရပ်တည်နေပါတယ်။ လောင်းကစားခြင်း၊ ဈေးဝယ် ထွက်ခြင်း၊ကမ္ဘာအကောင်းဆုံးသော စားသောက်ဆိုင်၊ ဖျော်ဖြေရေးအခမ်းအနား၊ နိုက်ကလပ်ပါတီတွေပေါများစွာရှိနေခြင်းက Las Vegasရဲ့ အမှတ်အသားတွေ ဖြစ်ပါတယ်။

LasVegasရဲ့(Casino)ရုံတွေကိုတော့မြို့ရဲ့ တောင်ဘက်တစ်လျောက်မှာရှည်လျားစွာတွေ့ရှိရပါတယ်။ Las Vegasရဲ့ တောင်ပိုင်းမှာရှိတဲ့အဓိကလမ်းမကြီးတွေရဲ့ တစ်ဖက် တစ်ချက်စီမှာတော့ကြီးမားတဲ့ အပန်း ဖြေဟိုတယ်ကြီးတွေ၊လောင်းကစားရုံ(Casino) တွေရှိပါတယ်။ Las Vegas ရဲ့လောင်းကစားရုံတွေဟာ (၄.၂)မိုင်လောက်ရှည်လျားပြီး ကပ်လျက်တည်ရှိတဲ့မြို့တွေဖြစ်တဲ့ Paradise နဲ့ Winchester မြို့ဧရိယာတွေအထိတောင် ပါဝင်နေပါတယ်။

ဒီလောင်းကစားရုံတန်းကြီးကပဲ Las Vegasရဲ့ပုံရိပ်ကို ကိုယ်စားပြုနေ တာပါ။ Bellagio အပန်းဖြေစခန်းဟာ ဇိမ်ခံဟိုတယ်တစ်ခုဖြစ်ပြီး Casino လောင်းကစားရုံ လည်းဖြစ်ပါတယ်။ ဒီဟိုတယ်မှာတော့ အီတလီနိုင်ငံ Bellagioမြို့က Lake Como ပုံစံအတိုင်းရေကန်တစ်ခုကို တည်ဆောက်ထားပါတယ်။

ဟိုတယ်အဆောက်အအုံနဲ့ Casino ရုံအကြားမှာတည်ရှိတဲ့ ၈ဧက အကျယ် ရှိ တဲ့ဒီရေကန်ရဲ့ အထူးခြားဆုံးသောလက်ရာကတော့ Bellagioရေပန်း ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ တေးဂီတသံစဉ်အနိမ့်အမြင့်ကို လိုက်ပြီး ရေတွေကိုကနေတဲ့သဏ္ဍာန်ဖြစ်အောင် ဖန်တီး ထားတဲ့ Bellagio ရေပန်းဟာ Las Vegas ရဲ့အထင်ကရ နေရာတစ်ခုဖြစ်ပါတယ်။

နောက်ထပ်ဇိမ်ခံဟိုတယ်နဲ့လောင်းကစားရုံတစ်ခုဖြစ်တဲ့ Venetian Resort ဟာသူရဲ့ တည်ဆောက်ပုံဒီဇိုင်းကြောင့်ထင်ရှားပါတယ်။ နာမည်ကျော်အမေရိကန်ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Kling Stubbins ရဲ့လက်ရာဖြစ်တဲ့ ဒီမျှော်စင်ဟိုတယ်ဟာ (၄၇၅)ပေမြင့်ပြီး (၃၆)ထပ်ပါရှိပါတယ်။ ဒီဟိုတယ်ကိုတော့ အမေရိကန်အခြေစိုက် Casino and Resort ကုမ္ပဏီတစ်ခုဖြစ်တဲ့ Las Vegas Sands Corporation ကပိုင်ဆိုင်ပါတယ်။

ဒီ Venetian Resortဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက်အကြီးဆုံး ဟိုတယ်ဖြစ်ပြီး အခန်းပေါင်း (၄၀၄၉) အခန်းပါရှိပါတယ်။ ဒီဟိုတယ်မှာတည်းခိုရင်တော့ အခန်းခအနေနဲ့ တစ်ညကို အမေရိကန်ဒေါ်လာ (၁၆၉)ဒေါ်လာကနေဒေါ်လာ(၁၀၀၀၀) အထိကုန်ကျနိုင်ပြီး တစ်ညတည်းနဲ့သူဌေးဖြစ်သွားနိုင်သလို ဘဝပျက်သွားနိုင်တဲ့ (၁၁၀၀၀)square meter (၁၂၀၀၀၀ square foot)အကျယ်ရှိတဲ့ Casino လောင်းကစားရုံတွေလည်း ရှိပါတယ်။

ယနေ့ကမ္ဘာပေါ်မှာအကြီးဆုံးသောလောင်းကစားရုံကတော့ မကာအိုနိုင်ငံမှာ တည်ရှိတဲ့ Venetian Macao Casinoရုံဖြစ်ပါတယ်။ The Fremont Street Experience (FSE)ဟာ လမ်းလျောက်ဈေးဝယ်ထွက်ရတဲ့ shopping Mallတစ်ခုဖြစ်ပြီး Las Vegas မြို့တွင်းမှာရှိတဲ့ အထင်ကရနေရာတစ်ခု ဖြစ်ပါတယ်။ Fremont Streetရဲ့ အနောက်ဘက်အစွန်ဆုံးမှာရှိတဲ့ အဆောက်အအုံ(၅)ခုလောက်ဟာ FSE ကုန်တိုက်ရဲ့ ဧရိယာအတွင်းမှာပါဝင်နေပြီး Glitter Gulch လို့လည်းခေါ်ကြပါတယ်။

ကုန်တိုက်အဆောက် အအုံတွေဟာ တစ်ခုနဲ့ တစ်ခုထိကပ်လျက်တည်ရှိနေတာပါ။ အဲဒီအဆောက်အအုံတွေရဲ့ ဝင်ပေါက်အလယ် တည့်တည့်မှာရှိနေတဲ့ Barrel vault Canopy ဟာအထူးထင်ရှားပြီး အမြင့်ပေ(၉၀)နဲ့ အလျား(၁၅၀၀)ပေရှိပါတယ်။

Paradise မြို့ဧရိယာထဲမှာပါနေတဲ့ Las Vegas Strip မှာတော့ ၅၀၀ပေ  ရှည်ပြီး၊ အချင်း ၅၂၀ပေရှိတဲ့ ကြီးမားတဲ့ Ferris wheel တည်ရှိ နေပါတယ်။ ဒီ Ferris wheel ကိုတော့ ၂၀၁၄ ခုနှစ်၊မတ်လ(၃၁)ရက်နေ့က ဖွင့်လှစ် ခဲ့ပြီး ယနေ့အချိန်မှာတော့ ဒီချားရဟတ်ကြီးဟာ(၂၀၀၈)ခုနှစ်က စင်ကာပူနိုင်ငံမှာရှိတဲ့ ၁၆၅မီတာ (၅၄၁ Foot)ရှိတဲ့ Singapore Flyer ကိုကျော်တက်ပြီး ကမ္ဘာ့အကြီးဆုံး ချားရဟတ်ကြီးအဖြစ်ရပ်တည်နေပါတယ်။

ယခင်က Las Vegas world လို့အမည်တွင်ပြီး ယခုအခါ Stratosphere Las Vegas လို့လူသိများတဲ့ ဟိုတယ် ကတော့ Las Vegas Strip(မြို့ရဲ့လောင်းကစားတန်းများ) ရဲ့ မြောက်ပိုင်းမှာတည်ရှိပါတယ်။ ဒီနေရာဟာ ဟိုတယ်နဲ့ လောင်းကစားရုံတစ်ဆက်တည်း ဖွင့်ထားတာဖြစ်ပြီး အထင်ရှားဆုံးသောအပိုင်းကတော့ ၁၁၄၉ပေ အမြင့်ရှိတဲ့ Stratosphere မျှော်စင်ဖြစ်ပါတယ်။ ဒီမျှော်စင်ဟာ အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံးမျှော်စင်ဖြစ်ပြီး မြောက်အမေရိကတိုက်မှာတော့ ကနေဒါနိုင်ငံ Ontario ပြည်နယ်၊ Toronto မြို့က CN Tower ပြီးရင်တော့ ဒုတိယမြောက်အရှည်ဆုံးဖြစ်ပါတယ်။

Las Vegasမှာ ဟိုတယ် အခန်းပေါင်း (၁၅၀၀၀၀)လောက်ရှိပြီး ကမ္ဘာပေါ်မှာရှိတဲ့ မည်သည့်မြို့က ဟိုတယ်တွေ ထက်မဆို များပြားတဲ့ ပမာဏဖြစ်ပါတယ်။ Las Vegas ဟာလောင်းကစား မြို့အဖြစ် ကမ္ဘာကျော်တာနဲ့အညီ တစ်မြို့တည်းမှာပဲ Casino လောင်းကစားရုံ(၁၀၀) ကျော် လောက်ရှိပါတယ်။ ဒါအပြင် နာမည်ကျော် ဟောလီးဝုဒ်မင်းသမီး ဂျက်ဆီကာအယ်ဘာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော် Sin City ဇာက်ကားကို Las Vegas မြို့ရဲ့အငွေ့ အသက်တွေကိုဗဟိုပြုရိုက်ကူးခဲ့တာပါ။

နောက်ထပ်ထူးခြားတာကတော့ Luxor Las Vegas ဆိုတဲ့ လောင်းကစားဟိုတယ်ပါ။ အထပ်ပေါင်း ၃၀ ရှိတဲ့ ဒီဟိုတယ်ရဲ့ထူးခြားချက်ကတော့ အီဂျစ်က ဂိုင်ဇာပိရမစ်ကြီးပုံစံဆောက်လုပ်ထားတာဖြစ်ပြီး အရှေ့ဘက်မှာလည်း  အမြင့် ၁၀၁ပေမြင့်တဲ့ စဖင့်ရုပ်ကြီးကို တွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် Las Vegas ဟာများစွာသော ဆယ်ကျော်သက်အနုပညာဖန်တီးသူတွေရဲ့ အခြေချရာနေရာဖြစ်ပြီး ကမ္ဘာကျော် စာပေ၊ဂီတ၊အနုပညာ၊ရုပ်ရှင်အစီအစဉ်များစွာကို ထုတ်လုပ်ပေးတဲ့ Studio များစွာရှိတဲ့ ဒေသဖြစ်ပါတယ်။ Las Vegas မြို့မှာပန်းခြံ(၆၈) ခုလောက်ရှိပြီး အစိုးရက စီမံခန့်ခွဲမှုပြုပါတယ်။ ဒါပေမဲ့ နတ်သမီးပန်းခြံဂေါက်ကလပ် ၊ သဲကန္တာရဂေါက်ကလပ် ၊ လတ်စ်ဗီးဂတ်မြူနီစီပယ်ဂေါက်ကလပ် စတာ တွေကို တော့ ပုဂ္ဂလိကပိုင်တွေဖြစ်တဲ့အတွက် စီမံခန့်ခွဲမှုမပြုနိုင်ပါဘူး။

Las Vegasမြို့ရဲ့ ရာသီဥတုကတော့ ပူပြင်းပြီးခြောက်သွေ့တဲ့ဒေသဖြစ်ပြီး မြောက်အမေရိကတိုက်မှာ တော့စိုစွတ်မှု အနည်းဆုံးသောဒေသဖြစ်ပါတယ်။တစ်နှစ်မှာ ရက်ပေါင်း(၃၁၀)လောက် နေသာပြီး တစ်နေ့တာလုံးရဲ့ (၈၆)ရာခိုင်နှုန်းလောက်အထိ နေပူပြင်းပါတယ်။

Nevada ပြည်နယ်ဟာ ၁၉၁၀ ခုနှစ်လောက်ကတည်းက လောင်းကစားမှုကိုတရားဝင်ခွင့်ပြု လိုင်စင်ချထားပေးခဲ့တာပါ။ ဒါပေမဲ့ တရားမဝင်လောင်းကစားဝိုင်းတွေ အများအပြား ပေါ်ပေါက်လာခဲ့တာကြောင့် ၁၉၃၁ ခုနှစ်မှာတော့ Casino ရုံတွေကိုပြန်လည်စိစစ်ခဲ့ပြီး တရားဝင်ပြန်လည်ခွင့်ပြုခဲ့ပါတယ်။ Las Vegas မှာတရားမဝင်လောင်းကစားဝိုင်း (လိုင်စင်မရှိတဲ့ရုံ)တွေနဲ့ အခြားသောဒုစရိုက်မှုတွေကို ဥပဒေအရ တားမြစ်ထားပါတယ်။

အမေရိကန်သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ FedEx(Federal Express) Coporationရဲ့ CEO ဖြစ်တဲ့ Fred Smith ဟာ (၁၉၇၀)ခုနှစ်လောက်က သူရဲ့ကုမ္ပဏီ ဒေဝါလီခံရမဲ့အရေးကို Las Vegas မှာလောင်းကစားလုပ်ပြီး ကယ်တင်နိုင်ခဲ့ပါတယ်။ Smith ဟာသူတို့ကုမ္ပဏီရဲ့ ငွေစာရင်းမှာကျန်တဲ့ ဒေါ်လာ(၅၀၀၀)ကိုအရင်းပြုပြီး Blackjack ဖဲကစားနည်းကို အရဲစွန့်ကစားခဲ့ရာ တစ်ညတည်းနဲ့ ဒေါ်လာ(၃၂၀၀၀) အနိုင်ရခဲ့ပါတယ်။

ဒီငွေဟာ FedEx Coporation အတွက် လုပ်ငန်းတွေဆက်လက် လည်ပတ်ရန်လုံလောက်ခဲ့ပြီး မကြာမီမှာပဲ ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ (၁၁)သန်းအထိ ဖြစ်လာခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာတော့ FedEx Coporation ရဲ့ပိုင်ဆိုင် မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၃.၆)သန်းအထိဖြစ်ခဲ့ရပါတယ်။

Las Vegas ဟာ ကန္တာရပိုင်းကိုကျရောက်နေတဲ့ အတွက် တစ်နှစ်မှာ ရက်ပေါင်း ၃၁၀ခန့် နေသာလျှက်ရှိပါတယ်။ Las Vegas မြို့ဟာအမေရိကန်နိုင်ငံရဲ့ အထင်ကရမြို့ တွေအနက်ကတစ်ခုအပါအဝင် ဖြစ်ပြီး ထိပ်သီးအစည်းအဝေးပွဲတက်ရောက်လာကြတဲ့ နိုင်ငံတကာကခေါင်းတောင်တွေကို ဧည့်ဝတ်ပြုတဲ့နေရာအဖြစ်လည်းကောင်း၊ ကမ္ဘာစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပတဲ့နေရာအဖြစ်လည်ကောင်း အသုံးပြုကြပါတယ်။

ဒီလိုအခမ်းအနား တွေကို Las Vegas မြို့မှာရှိတဲ့ AAA ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေမှာ ကျင်းပလေ့ရှိပါတယ်။ ယခုလက်ရှိစာရင်းတွေအရ Las Vegas မြို့ဟာ ကမ္ဘာပေါ် နိုင်ငံခြားခရီးသွား လာရောက်လည်ပတ်မှုအများဆုံးသော နေရာအဖြစ်ရပ်တည်နေပြီး နှစ်စဉ် ကမ္ဘာလည့် ခရီးသွား (၄၃)သန်းလောက်လာရောက်လည်ပတ်ကြပါတယ်။

သုတဇုန်

Tags: citieskaung htet

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ကမ္ဘာတလွှား အမြင့်ဆုံး အဆောက်အအုံကြီးများ

ကမ္ဘာတလွှား အမြင့်ဆုံး အဆောက်အအုံကြီးများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!