၁၀။ တိုင်ပေ ၁၀၁ မျှော်စင်အဆောက်အအုံ (၁၆၇၀ပေ)
ထိုင်ဝမ်၏မြို့တော် တိုင်ပေတွင် တည်ရှိပြီး ၂၀၀၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။ အဆောက်အအုံ၏ (၁၀၁)ထပ် မြင့်မားမှုကို အစွဲပြုပြီး ၁၀၁ ဆိုသော မျှော်စင်အမည်ကို သတ်မှတ်ထားခြင်း ဖြစ်သည်။ စတုရန်းပေ ၄.၄သန်းကျယ်ဝန်းသည့်မြေပေါ်တွင် တည်ဆောက်ထားကာ ပေပေါင်း ၁,၆၇၀ မြင့်မားသည်။ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၉၃ဘီလျံဖြစ်သည်။
၉။ China Zun အဆောက်အအုံ (၁၇၃၂ပေ)
တရုတ်နိုင်ငံ ဘေဂျင်းမြို့အလယ်ပိုင်းတွင်တည်ရှိသည့် မိုးမျှော်အဆောက်အအုံဖြစ်ပြီး ၂၀၁၁ခုနှစ်တွင် တည်ဆောက်ကာ ၂၀၁၈ခုနှစ်မှ ပြီးဆုံးခဲ့သည်။ စတုရန်းပေ ၄.၆သန်းရှိမြေပေါ်တွင်တည်ဆောက်ထားပြီး အထပ်ပေါင်း ၁၀၃ထပ်ရှိကာ အမြင့်ပေ ၁၇၃၂ပေ ရှိသည်။ အထပ်ပေါင်း ၆၀တွင် ရုံးခန်းများရှိပြီး ၊ အထပ်ပေါင်း ၂၀တွင် လူနေတိုက်ခန်းများ နှင့် အခန်းပေါင်း ၃၀၀ ရှိသည့် ဟိုတယ်ပါရှိသည့်အပြင် ခေါင်မိုးပေါ်တွင်လည်း မိုးမျှော်ဥယျာဉ်တစ်ခုကို ထည့်သွင်းထားသည်။
၈။ ထျန်ကျင်း CTF ငွေကြေးစင်တာ (၁၇၃၉ပေ)
တရုတ်နိုင်ငံ ထျန်ကျင်းမြို့တွင်တည်ရှိပြီး ၂၀၁၃ခုနှစ်က စတင်တည်ဆောက်ကာ ယခုအချိန်တွင်ပြီးလုနီးဖြစ်သည်။ စတုရန်းပေ ၂.၇ သန်းအကျယ်ရှိမြေပေါ်တွင်တည်ဆောက်ထားပြီး အထပ်ပေါင်း ၁၀၁ထပ်(မြေကြီးအောက် ၄ထပ်အပါအဝင်) ရှိကာ အမြင့် ၁၇၃၉ပေ ရှိသည်။
၇။ ကွမ်ကျိုး CTF ငွေကြေးစင်တာ (၁၇၃၉ပေ)
တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင်ရှိပြီး ၂၀၁၆ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။ ဧရိယာ စတုရန်းပေ ၅.၄ သန်း မြေပေါ်တွင်တည်ဆောက်ထားပြီး အထပ်ပေါင်း ၁၁၁ထပ်(မြေအောက် ၅ထပ်အပါအဝင်) ရှိကာ အမြင့်ပေ ၁၇၃၉ပေ မြင့်သည်။ ကုန်ကျစရိတ်နေနှင့် အမေရိကန်ဒေါ်လာ ၁.၅ဘီလျံကျော်ကုန်ကျခဲ့ပြီး ၁နာရီလျင် ၄၅မိုင်အမြန်နှုန်းရှိသည့် ဓာတ်လှေကားပေါင်း ၉၅စင်းကို ထပ်ဆင်ထားသည်။
၆။ လွတ်လပ်ရေးမျှော်စင် (One World Trade Center) (၁၇၇၆ပေ)
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် ကမ္ဘာကျော် အကြမ်းဖက် တိုက်ခိုက်မှုကြီးအတွင်း ပြိုကျသွားသော ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မျှော်စင်အဆောက်အအုံများအတွက် အမှတ်တရအနေဖြင့် ဆောက်လုပ်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး အထပ်ပေါင်း (၁၀၄)ထပ် ပါဝင်သည်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ယခင်ကမ္ဘာ့ကုန်သွယ်မှု မျှော်စင်အဆောက်အအုံ နေရာဟောင်း၏ အနောက်မြောက်ဘက်တွင် တည်ဆောက်ထားပြီး ၁,၇၇၆ ပေ အမြင့်ရှိသည်။
၅။ Lotte World Tower (၁၈၁၉ပေ)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင်တည်ရှိပြီး ၂၀၁၇ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။ စတုရန်းပေ ၃.၂၇သန်း ကျယ်ဝန်းသည့်မြေပေါ်တွင်တည်ဆောက်ထားကာ အထပ်ပေါင်း ၁၂၉ထပ်(မြေကြီးအောက် ၆ထပ် အပါအဝင်) ပါရှိသည်။ အမြင့်ပေ ၁၈၁၉ပေ ရှိသည်။
၄။ Ping An ငွေကြေးစင်တာ (၁၈၂၁ပေ)
တရုတ်နိုင်ငံ ရှိန်းကျိန်မြို့တွင်ရှိပြီး ၂၀၁၇ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။ စတုရန်းပေ ၄.၁သန်းကျယ်ဝန်းသည့် မြေပေါ်တွင် တည်ဆောက်ထားကာ အမြင့်ပေ ၁၈၂၁ ပေရှိပြီး အထပ်ပေါင်း ၁၁၅ထပ် ရှိသည်။ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၅ဘီလျံ ဖြစ်သည်။
၃။ မက္ကာတော်ဝင်နာရီ မျှော်စင်ဟိုတယ် (၁၉၁၇ပေ)
ကမ္ဘာပေါ်တွင် တတိယအမြင့်ဆုံးဖြစ်သည့် အဆောက်အအုံကြီးကို ၂၀၁၂ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ ဆော်ဒီအာရေဗျ၏ အထင်ကရ ဘာသာရေးမြို့တော်ဖြစ်သော မက္ကာတွင် တည်ရှိသည်။ အထပ်ပေါင်း(၁၂၀)ပါဝင်ပြီး စုစုပေါင်း ၁,၉၇၁ ပေထိ မြင့်မားသည်။
၂။ ရှန်ဟိုင်းမျှော်စင် အဆောက်အအုံ (၂၀၇၃ပေ)
ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးနှင့် တရုတ်နိုင်ငံတွင် အမြင့်မားဆုံး အဆောက်အအုံကြီး ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်ခဲ့သည့် မျှော်စင်ကြီးသည် ၂,၀၇၃ ပေ မြင့်မားပြီး (၁၂၁)ထပ် ပါဝင်ဖွဲ့စည်းထားသည်။
၁။ ဘာ့ဂျ်ကာလီဖာမျှော်စင် အဆောက်အအုံ (၂၇၂၂ပေ)
အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် တည်ရှိပြီး လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ အမြင့်ဆုံး အဆောက်အအုံအဖြစ် သတ်မှတ်ခံထားရသည်။ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလက စတင်ဖွင့်လှစ်ခဲ့သည့် မျှော်စင်ကြီးသည် ဒူဘိုင်းမြို့၏ ဂုဏ်ဆောင်ပုံရိပ်တစ်ခုလည်း ဖြစ်လာသည်။ ၂,၇၂၂ ပေ မြင့်မားပြီး အထပ်ပေါင်း (၁၆၃)ထပ် ပါဝင်သဖြင့် ကမ္ဘာပေါ်တွင် အထပ်အရေအတွက် အများဆုံး အဆောက်အအုံအဖြစ်လည်း မှတ်တမ်းဝင်ထားသည်။
Discussion about this post