၁၀။ သွေးထွက်မှို (Hydnellum Peckii)
မှိုမျိုးစိတ်တစ်ခု ဖြစ်ပြီး အပင်ရဲ့သေးငယ်တဲ့အပေါက်ကလေးများထဲမှ သွေးပုံသဏ္ဍာန်ရှိ အနီရောင်အရည်များစိမ့်ထွက်နေပါတယ်။ ဒီအပင်ကို တောထဲမှာအမှတ်တမှတ်မြင်လိုက်ရသူအဖို့တော့ သွေးပျက်သွားနိုင်လောက်ပါတယ်။ သူတို့ဟာ ထင်းရှုးပင်တွေရဲ့အောက်မှာပေါက်ရောက်ကြပြီး တခါတရံ ရေညှိများတွင်လည်းတွေ့ရတတ်ပါတယ်။ မြောက်အမေရိက ၊ ဥရောပ တို့အပြင် အီရန် နဲ့ ကိုရီးယားတို့မှာ တွေ့ရလေ့ရှိပါတယ်။
၉။ Giant Hogweed (Heracleum Mantegazzianum)
အပင်အမြင့် ၄ မီတာလောက်သာရှိပြီး မြင်ရသူအဖို့လှပေမယ့် အလွန်အန္တရာယ်ရှိတဲ့ အပင်မျိုးအစားဖြစ်ပါတယ်။ သူ့ရဲ့အစေးဟာ ယားယံပြီးအသားအရေကိုပျက်စီးစေတဲ့ Phytophotodermatitis ဆိုတဲ့ရောဂါကို ဖြစ်စေပါတယ်။ Giant Hogweed အပင်များကို အများအားဖြင့် ဥရောပအနောက်ပိုင်း ၊ အမေရိကန် နဲ့ ကနေဒါနိုင်ငံတွေမှာ အများဆုံးတွေ့ရလေ့ရှိပြီး အထူးသဖြင့် လမ်းဘေးများ ၊ ပန်းခြံများ ၊ မြစ်ကမ်းစပ်များနဲ့ တောစပ်တွေမှာ ပေါက်ရောက်ကြပါတယ်။
၈။ ဒီရေနီပင် (Algal Bloom)
ရေနီများဟာ algae လို့ခေါ်တဲ့အလွန်သေးငယ်တဲ့ ရေညှိများ သဘာဝအလျောက်စုရုံး ရာကနေ ရေကိုအရောင်ပြောင်းသွားစေတာပဲဖြစ်ပါတယ်။ ရေနီပင်တွေကို ကမ္ဘာအနှံ့အပြားမှာတွေ့ရတတ်ပြီး အဆိပ်ဖြစ်စေတဲ့ဓာတုဗေဒဓာတ်တွေပါဝင်တဲ့အတွက် သူတို့ဟာလူနဲ့ရေသတ္တဝါတွေကိုသေစေနိုင်ပါတယ်။
၇။ Death Camas (Toxicoscordion Venenosum)
Death Camas အပင်တွေဟာ မြက်နဲ့တူတဲ့အပင်များဖြစ်ပြီး အဆိပ်ရှိတဲ့အပင်များဖြစ်ပါတယ်။ သူရဲ့အစိတ်အပိုင်းအားလုံးဟာ အဆိပ်ရှိပြီး အဖူးဟာကြက်သွန်ဥနဲ့ဆင်ပါတယ်။ တစ်ပင်လုံးမှာ အဆိပ်ရှိနေတာကြောင့် ၎င်းအပင်ရဲ့ ၂% မှ ၆% စားမိရင်တောင် လူကိုသေစေနိုင်တဲ့အစွမ်းရှိပါတယ်။ အကယ်၍ကံကောင်းခဲ့ရင်တောင် အော့အန်ခြင်း ၊ သွေးဖိအားကျဆင်းခြင်း ၊ ဝမ်းလျောခြင်း နှင့် မေ့မြောခြင်းများကိုဖြစ်စေနိုင်ပါတယ်။
၆။ နတ်သမီးထောင်ခြောက်ပင် (Dionaea Muscipula)
ဒီအသားစားပင်တွေဟာ ပိုးမွှားအများစုကိုစားသော်လည်း အဓိကအားဖြင့် ယင်ကောင်များကို ဖမ်းယူစားလေ့ရှိတာကြောင့် ယင်ကောင်စားပင်ဟုလည်းခေါ်ကြပါတယ်။ ၎င်းအပင်တွေမှာ ပါရှိတဲ့ပါးစပ်ပုံသဏ္ဍာန်အရွက် ၂ ခုဟာ သားကောင်ကိုအာရုံခံနိုင်ပါတယ်။ ထို့အပြင် သွားပုံသဏ္ဍာန်အစိတ်အပိုင်းများပါရှိပြီး သားကောင်ကိုပြန်မထွက်နိုင်အောင် တားဆီးပေးပါတယ်။ ၎င်းအပင်တွေဟာ သားကောင်ကိုမိတဲ့ အခါမှာတော့ အရွက် ၂ ခုဟာအစာချက်ခြင်းကိုလုပ်ဆောင်ပါတယ်။ အစာချေခြင်း လုပ်ငန်းဟာ အများအားဖြင့် ၁၀ရက် ခန့်ကြာပါတယ်။ သူ့အမြစ်များသည် မြေကြီးမှအာဟာရကို လုံလောက်အောင်မစုပ်ယူနိုင်သောကြောင့် သူ့အသက်ရှင် ရပ်တည်ရေးအတွက် အင်းဆက်များကို စားသောက်ခြင်းဖြစ်ပါတယ်။ ဒီအပင်တွေကိုအမေရိကန်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်း စွတ်စိုတဲ့မြေ ဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။
၅။ ရွှေနွယ်ပင် (Dodder Vine)
ရွှေနွယ်ပင်များဟာ နွယ်ပင်အမျိုးအစားများဖြစ်ကြပြီး အခြားအပင်များမှာတွယ်ကပ်ပြီး ပေါက်ကြပါတယ်။ သူတို့ရဲ့အရောင်ဟာ သက်တမ်းကိုလိုက်ပြီး အဖြူရောင်မှ ပန်းရောင် ၊ ပန်းရောင်မှ အဝါရောင် ထိုမှတဆင့် နို့နှစ်ရောင်သို့ပြောင်းလဲကြပါတယ်။ ၎င်းအပင်တွေဟာ အစပိုင်းမှာ အမြစ်ရှိပြီး အခြားအပင်ကို မှီခိုလိုက်တဲ့အခါမှာတော့ အမြစ်ဟာပျောက်ကွယ်သွားပါတယ်။ ကိုယ်တိုင်အနည်းငယ်ဟာစာချက်နိုင်တဲ့အတွက် လိုအပ်တဲ့အာဟာရကို လက်ခံပင်မှရယူပါတယ်။ ဒီအပင်တွေရဲ့မူရင်းဒေသကတော့ ဥရောပမြောက်ပိုင်းဖြစ်ပါတယ်။
၄။ ဦးနှောက်ပုံသျှားစောင်းပင် (Mammillaria Elongata Cristata)
ဤရှားစောင်းပင်အမျိုးအစားဟာ မက္ကစီကိုနိုင်ငံမှ မျိုးစိတ်ဖြစ်ပြီး အရှည် ၆ လက်မ နှင့် အကျယ်၁၂ လက်မရစ်ခွေထားတဲ့ပင်စည်များဖြင့်ဖွဲ့စည်းထားပါတယ်။ ထူးခြားချက်ကတော့ လူဦးနှောက်နဲ့ဆင်နေတာဖြစ်ပြီး အခြားကွဲပြားတဲ့မျိုးစိတ်များစွာလည်းရှိကြပါတယ်။
၃။ Gympie Gympie Tree (Dendrocnide Excelsa)
Gympie Gympie အပင်တွေရဲ့ထူးခြားချက်ဟာ သူတို့ထင်ရှားလှတဲ့ဆူးများဖြစ်ပြီး လူကိုသေစေနိုင်လောက်တဲ့အထိ အဆိပ်ပြင်းပါတယ်။ သူ့ရဲ့အဆိပ်ဟာ ဆူးကိုလက်နဲ့ဖြည်းဖြည်းထိမိရင်တောင် ရောင်ရမ်းခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဒီအပင်တွေကိုတော့ သြစတြေးလျတိုက်အရှေ့ပိုင်းက မိုးသစ်တောတွေထဲမှာ တွေ့ရလေ့ရှိပါတယ်။
၂။ အရုပ်မျက်လုံးပင် (Actaea Pachypoda)
၎င်းအပင်ကိုသူရဲ့အရုပ်မျက်လုံးနဲ့ဆင်တဲ့ အသီးများရှိတဲ့အတွက် အရုပ်မျက်လုံးပင် ဟုခေါ်ကြခြင်းဖြစ်ပြီး အသီးများတွင် အဆိပ်ဓာတ်မြင့်မားစွာပါဝင်ပါတယ်။ ဒီအပင်တွေကိုတော့ ကနေဒါအရှေ့ပိုင်း ၊ အမေရိကန် အလယ်ပိုင်း နဲ့ အနောက်ပိုင်းဒေသတွေမှာ တွေ့ရတတ်ပါတယ်။
၁။ နဂါးသွေးပင် (Dracaena Cinnabari)
အပင်တွေကို အိန္ဒိယ သမုဒ္ဒရာထဲက socotra နယ်မြေအတွင်းမှာတွေ့ရတဲ့အတွက်ကြောင့် Socotra Dragon Tree သို့ Dragon’s Blood Tree လို့ခေါ်ကြပါတယ်။မော်ရိုကို နိုင်ငံအနောက်ပိုင်းက ကျွန်းတွေမှာလည်းတွေ့ရပါတယ်။ ၎င်းအပင်ကထွက်တဲ့ သွေးနဲ့ဆင်တဲ့ အနီရောင်အစေးများကြောင့် နဂါးသွေးပင်ဟုခေါ်ကြခြင်းဖြစ်ပါတယ်။ ၎င်းအပင်ရဲ့အစေးကို ဆေးဖော်စပ်ခြင်း ၊ ဆိုးဆေးများနှင့် နှုတ်ခမ်းနီထုတ်လုပ်ခြင်းများမှာ အသုံးပြုပါတယ်။
Discussion about this post