Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာတလွှား ထင်ပေါ်ကျော်ကြား ဗုဒ္ဓဘာသာ အဆောက်အဦး ၁၀ခု

by Thutamm
August 10, 2019
Reading Time: 1min read
0
ကမ္ဘာတလွှား ထင်ပေါ်ကျော်ကြား ဗုဒ္ဓဘာသာ အဆောက်အဦး ၁၀ခု
Share on FacebookShare on Twitter

ရေးသားသူ – ကောင်းစည်သူ (သုတစွယ်စုံ)

ကမ္ဘာ့နိုင်ငံအသီးသီး၌ ပြည်သူများ အဓိက ယုံကြည်ကိုးကွယ်ကြသည့် ဘာသာတရားများတွင် ဗုဒ္ဓဘာသာသည် တစ်ခုအပါအဝင်ဖြစ်သည်။ ဗုဒ္ဓဘာသာဆိုင်ရာ အတွေးအခေါ် အယူအဆများသည် ခရစ်တော်မပေါ်မီ ငါးရာစုက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် စတင်ထွန်းကားခဲ့သည်။

ဂေါတမမြတ်စွာဘုရား၏ ပိဋကတ်တော်များကို အခြေတည်သည့် ဗုဒ္ဓဘာသာကို ထူထောင်ခဲ့သည့် သိဒ္ဓတ္ထမင်းသားကို ခရစ်တော်မပေါ်မီ ၅၆၃ ခုနှစ်က နီပေါနိုင်ငံတွင် ဖွားမြင်ခဲ့သည်။ ဗုဒ္ဓဝါဒ၏ ပန်းတိုင်သည် ဒုက္ခ အပေါင်းနှင့် အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်းမှ လွတ်မြောက်သည့် နိဗ္ဗာန် ဖြစ်သည်။ ယနေ့ကမ္ဘာတွင် ဗုဒ္ဓဘာသာကို ကိုးကွယ်သူ သန်း ၅၂၀ ခန့်ရှိကာ ဗုဒ္ဓဘာသာဝင်တို့ ခေတ်အဆက်ဆက် တည်ထောင်ခဲ့ သည့် အဆောက်အအုံများသည် ကမ္ဘာတစ်ဝန်း ထင်ရှားကျော်ကြားလျက်ရှိနေပေသည်။

၁၀။ Haeinsa Temple

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း Gyeongsang ပြည်နယ်ရှိ ဟိန်းဆာ ဗုဒ္ဓဘာသာဘုရားကျောင်းသည် တောင်ကိုရီးယားနိုင်ငံ၏ အရေးအပါဆုံး ဘာသာရေး အဆောက်အအုံတစ်ခုဖြစ်သည်။ ဟိန်းဆာကို ချောမွေ့နေသည့် ပင်လယ်ရေမျက်နှာပြင်တွင် အရိပ်ထင်နေသည့်ကျောင်းဟု ဆိုကြသည်။

ဟိန်းဆာကို ၈၀၂ ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး ၁၈၁၇ ခုနှစ်တွင် မီးလောင်ကျွမ်းပျက်စီးခဲ့သဖြင့် ၁၉ ရာစုတွင် ပြန်လည် တည်ဆောက်ခဲ့သည်။ ဗုဒ္ဓ၏ တရားတော်များဖြစ်သည့် တိပိဋကတ်များ(Tripitaka Koreana) ကို သစ်သားတုံး ၈၁၂၅၈ တုံးပေါ်တွင် ရေးသားထားခဲ့ရာ ကျောင်းကြီး မီးလောင်ခဲ့စဉ်က ယင်းပိဋကတ်တော်ကို မီးလောင်ကျွမ်းခြင်းမခံရစေရန်ကာကွယ်နိုင်ခဲ့သည်။

၉။ Wat Arun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ဖြတ်သန်းစီးဆင်းနေသည့် ကျောက်ဖရားမြစ်၏ သွန်ဘူရီဘက်တွင်တည်ထားသည် ဝက်အာရန် ဗုဒ္ဓဘာသာကျောင်းသည် အရုဏ်ဦးကျောင်းတော်ဟု ထင်ရှားသည်။ ဝက်အာရန်သည် ဘန်ကောက်မြို့၏သက်တမ်း အရှည်ကြာဆုံး အဆောက်အအုံတစ်ခုဖြစ်ကာ မြို့တော်၏ လူသိအများဆုံး အမှတ်လက္ခဏာတစ်ခုလည်းဖြစ်သည်။

ယင်းအဆောက်အအုံကို ဗုဒ္ဓ၏ စကြာဝဠာ အယူအဆအရ စကြာဝဠာ အလယ်တွင်တည်ရှိသည့် မေရုတောင်ကို ကိုယ်စားပြုသော ဗိသုကာပုံစံ တည်ဆောက်ခဲ့သည်။အရုဏ်ဦးကျောင်းတော်ဟု ထင်ရှားသော်လည်း ဝက်အာရန် ၏ အကောင်း ဆုံး မြင်ကွင်းသည် နေဝင်ချိန်ရှုမျှော်ခင်းဖြစ်ပေသည်။

၈။ Pha That Luang

လာအိုနိုင်ငံ၏ပုထိုးတော်ကြီးဟုထင်ရှားသည့် ဖာသက်လူယန်သည် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင်တည်ရှိကာ လာအို နိုင်ငံ၏ အထင်ကရ အဆောက်အအုံတစ်ခုဖြစ်သည်။ ပုထိုးတော်ကြီး၏ မျက်နှာလေးဘက်တွင် လှေကားဆင့်များပြုလုပ်ထားကာ လှေကားတစ်ဆင့်စီကို ဗုဒ္ဓ ဘုရားရှင် ပွင့်ထွန်းလာမှုအဖြစ် ကိုယ်စားပြုတည်ဆောက်ခဲ့သည်။

ပုထိုးတော်၏ အောက်ဆုံးအဆင့်သည် ရုပဘုံများကို ရည်ညွှန်းလျက် အမြင့်ဆုံးအဆင့်သည် အရူပဘုံများကိုရည်ညွှန်းသည်။ ဖာသက်လူယန်ကို ၁၆ ရာစုတွင် ယင်းနေရာ၌ အစောပိုင်းက တည်ရှိခဲ့သည့် ခမာအဆောက်အအုံပျက်များပေါ်တွင်တည် ဆောက်ခဲ့သည်။ လာအိုနိုင်ငံသို့ ထိုင်းတို့ကျူးကျော်ဝင်ရောက်ခဲ့စဉ် ဖာသက်လူယန်သည် ၁၈၂၈ ခုနှစ်တွင် ဖျက်ဆီးခြင်းခံခဲ့ရ ပြီး ၁၉၃၁ ခုနှစ်တွင် ပြင်သစ်တို့က ပြန်လည်တည်ဆောက်ခဲ့သည်။

၇။ Jokhang

တိဗက်နိုင်ငံရှိ အရေးအပါဆုံး ဘာသာရေးကျောင်းတော် ဂျိုခန်ကို တိဗက်ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်နေရာ တစ်ခုဟု ယူဆကြကာ နှစ်စဉ် ဘုရားဖူးများ ထောင်နှင့် ချီ၍ လာရောက်လေ့ရှိသည်။ ဂျိုခန်ကို ခုနစ်ရာစုတွင် ဘုရင်ဆောင်ဆမ်ဂမ်ပိုက တည်ဆောက်ခဲ့သည်။ မွန်ဂိုတို့က ဂျိုခန်ကို အကြိမ်များစွာ ဖျက်ဆီးခဲ့ကြသော်လည်း ဂျိုခန်သည် မပျက်မစီးပဲ ကျန်ရှိနေခဲ့သည်။ လက်ရှိ အချိန်တွင် ဂျိုခန်၏ အကျာ်အဝန်းသည် စတုရန်းမီတာ ၂၅၀၀၀ ဖြစ်ပေသည်။

၆။ Todaiji Temple

ဂျပန်နိုင်ငံ၊ နာရာမြို့ရှိ ကြီးမားသော အရှေ့ဘက်ကျောင်းတော်ဟု ထင်ရှားသော ဗုဒ္ဒဘာသာဆိုင်ရာ အဆောက်အဦ တိုဒိုင်ဂျီသည် ဂျပန်နိုင်ငံ၊ ဗုဒ္ဓဘာသာသမိုင်းတွင် အထူးခြား အထင်ရှားဆုံး ဖြစ်ခဲ့သည်။ တိုဒိုင်ဂျီကို ဧကရာဇ် ရှိုမူလက်ထက်၊ ရှစ်ရာစုတွင် တည်ဆောက်ခဲ့ရာ ဂျပန်နိုင်ငံ ပြည်နယ်များရှိ ဗုဒ္ဓဘာသာကျောင်းတော်များအနက် ထိပ်ဆုံးနေရာတွင် ရှိခဲ့သည်။ ယခုအခါ မူလလက်ရာ အဆောက်အအုံ၏ အကြွင်းအကျန်များ ရှိနေသည်။

အဆောက်အအုံအတွင်းရှိ ဘုရားကျောင်းဆောင် Daibutsuden သည် ၁၇၀၉ ခုနှစ်တွင်တည်ဆောက်ခဲ့သည့် မူလအဆောက်အအုံ၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ ယင်းကျောင်းဆောင်တွင် ဂျပန်နိုင်ငံတွင် အကြီးဆုံးသောဗုဒ္ဓရုပ်ပွားတော်ကြီး သီတင်းသုံးလျက်ရှိသည်။ တိုဒိုင်ဂျီသည် သစ်သား အဆောက်အအုံဖြစ်ကာ မူလလက်ရာ၏ သုံးပုံ နှစ်ပုံ ကျန်ရှိနေသည်။

၅။ Boudhanath

နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူ ၏ ဆင်ခြေဖုံးတွင်တည်ရှိသည့် ဘိုဒန်နက်သည် ကမ္ဘာပေါ်တွင်ရှိသည့် ဗုဒ္ဓဘာသာ အဆောက်အအုံများအနက် အကြီးဆုံး စေတီတစ်ဆူဖြစ်သည်။ ယင်းစေတီကြီးသည် နီပေါနိုင်ငံတွင် တိဗက်ဗုဒ္ဓဘာသာ ဗဟိုဌာန တစ်ခုဖြစ်ကာ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းက တိဗက်မှ ဒုက္ခသည်များသည် တိုဒိုင်ဂျီတွင် ခိုလှုံခဲ့ကြသည်။

မျှော်စင်ပုံစေတီတော်ကြီး၏ လေးဘက်လေးတန်မှ မြင်ကြရသည့် ဗုဒ္ဓမျက်လုံးတော်များသည် စေတီတော်၏အထင်ရှားဆုံး လက္ခဏာများဖြစ် ဟန်ရှိသည်။လက်ရှိ မြင်တွေ့နေရသည့် ဘိုဒန်နက် စေတီတော်ကို ၁၄ ရာစုတွင် တည်ဆောက်ခဲ့သည်ဟုဆိုပြီး ယခင်က တည်ရှိခဲ့သည့် သေတီတော်ကို Mugal ကျူးကျော်သူများက ဖျက်ဆီးခဲ့ကြသည်။

၄။ Mahabodhi Temple

ဗုဒ္ဓဘုရားရှင်ပွင့်တော်မူခဲ့သည့် မဟာဗောဓိပင်တည်ရှိရာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာတွင် တည်ဆောက်ထားသည့် မဟာဗောဓိ အဆောက်အအုံကို ဘုရားရှင်ပရိနိဗ္ဗာန် စံဝင်တော်မူပြီး နှစ်၂၀၀ကျော် အကြာ ဘီစီ ၂၆၀ ဝန်းကျင်တွင် အာသောက မင်းကြီး က သဲကျောက်တုံးများဖြင့်တည်ထားခဲ့သည်။ ဗုဒ္ဓဘုရားရှင်သည် ဘီစီ ၅၆၃ ခုနှစ်တွင် လုမ္ဗိနီ၌ ဖွားတော်မူခဲ့ပြီး ဘီစီ ၄၈၃ တွင် ပရိနိဗ္ဗာန်ပြုခဲ့သည်။

မဟာဗောဓိစတီတော်သည် စတုဂံပုံ နှစ်ထပ်စေတီတော်ကြီးဖြစ်ပြီး အာသောကမင်းကြီး တည်ခဲ့စဉ်က စေတီငယ်လေးသာ ဖြစ်ခဲ့ပြီး အေဒီ နှစ်ရာစုတွင် မာဂဓတိုင်းမှ ဘုရင်တစ်ပါးက လက်ရှိ ဖူးမြင်ရသည့် စေတီတော်ကို တည်ထားကိုးကွယ်ခဲ့သည်။ အေဒီ ခုနစ် ရာစုတွင် ပါလမင်းက စေတီတော်ကြီးအား ပြန်လည် မွမ်းမံ တည်ဆောက်ခဲ့သော်လည်း အေဒီ ၁၂ ရာစုတွင် ဖျက် ဆီးခြင်းခံခဲ့ရကာ အေဒီ ၁၃ ရာစုတွင် ပြန်လည်တည်ထားခဲ့သည်။

၃။ Shwedagon Pagoda

မြန်မာနိုင်ငံ၊ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သည် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်အထားဆုံး စေတီတော်ဖြစ်သည်။ မူလတည်ခဲ့သည့် စေတီတော်ကို ခေတ်အဆက်ဆက်ပြုပြင်ခဲ့မှုများကြောင့် မမြင်တွေ့ရတော့ချေ။ လက်ရှိစေတီတော်ကို မွန်များက ခြောက်ရာစု နှင့် ၁၀ ရာစုအကြားတွင် ပထမဆုံးတည်ခဲ့သည်ဟု ယူဆကြသည်။ စေတီတော်တစ်ခုလုံးကို ရွှေများချထားသဖြင့် ဝင်းလက်နေကာ ဉာဏ်တော် ၉၉ မီတာ(၃၂၆ ပေ) မြင့်သည်။

၂။ Bagan

မြန်မာနိုင်ငံအလယ်ပိုင်း၊ ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိသည့် ပုဂံမြို့ဟောင်းသည် ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာဆိုင်ရာ စေတီပုထိုးများ အများဆုံးစုစည်း တည်ရှိနေသည့် နေရာဖြစ်သည်။ ပုဂံတွင် မြန်မာနိုင်ငံ ရှေးဟောင်းဘုရင်များ နန်းစိုက်ခဲ့ပြီး အေဒီ ၁၀၀၀ မှ ၁၂၆၇ ခုနှစ် အတွင်း စေတီပုထိုး ၄၄၀၀ ကျော် တည်ဆောက်ခဲ့ကြကာ ပုဂံမင်းဆက်သည် ၁၃၆၈ ခုနှစ်တွင် ပျက်သုဉ်းခဲ့သည်။ မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှုမြို့တော်အဖြစ် ထင်ရှားသည့် ပုဂံရှိ စေတီပုထိုးများသည် ကမ္ဘာလှည့်ခရီးသွားများအထူး စိတ်ဝင်စားသည့် ဘာသာရေးအဆောက်အအုံများဖြစ်ကြပေသည်။

၁။ Borobudur

အင်ဒိုနီးရှားနိုင်ငံ၊ ယိုဂျာကာတာမှ အနောက်မြောက်ဘက် ၂၅ မိုင်ရှိ ဂျာဗားကျွန်းတွင်ရှိသည့် ဗောရောဗုဓ သည် ကမ္ဘာ့ အကြီးဆုံး ဗုဒ္ဓဘာသာကျောင်းတော်ကြီးတစ်ခုဖြစ်သည်။ ဗောရောဗုဓကို ရှစ်ရာစုနှင့် ကိုးရာစုအကြားတွင် ဆေးလင်ဒြာမင်းဆက်များက ၇၅ နှစ်ကြာ တည်ဆောက်ခဲ့သည်ဟုဆိုသည်။ ဗောရောဗုဓကို ကျောက်တုံးပေါင်းနှစ်သန်း အသုံးပြုတည်ဆောက်ခဲ့ပြီး ၁၄ ရာစုတွင် ယနေ့တိုင် မသိရှိကြသေးသည့် အကြောင်းများကြောင့် စွန့်ပယ်ခဲ့ကြသဖြင့် နှစ်ပေါင်းများစွာ မီးတောင်ပြာများအောက်တွင် နစ်မြုပ်နေခဲ့သည်။ တစ်ဘက်လျှင် ၃၈၆ ပေစီရှိသည့် လေးထောင့်ပန္နက်ပေါ်တွင် တည်ထားသည့် ဗောရောဗုဓတွင် စတုရန်းပုံ အဆင့် ခြောက်ဆင့်နှင့် အဝိုင်းပုံအဆင့်သုံးဆင့်ပြုလုပ်ထားကာ အဆာက်အအုံ၏ ထိပ်အလယ်ပိုင်းကို အမိုးခုံးတစ်ခုဖြင့် အုပ်မိုး ထားသည်။

အဆောက်အအုံကြီးကို ရုပ်ကြွ များရှိသည့် အကွက်ပေါင်း ၂၆၇၂ ခုနှင့် ဗုဒ္ဓဆင်းတု ၅၀၄ ခု ဖြင့် အလှဆင်ထားသည်။ အဆောက်အအုံအလယ်ရှိ အမိုးခုံးပတ်လည်ရှိ အပေါက်များတွင် ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော် ၇၂ ဆူရှိသည်။ ဗောရောဗုဓကို အေဒီ ကိုးရာစုတွင် ဂျာဗာဗုဒ္ဓဘာသာ ဗိသုကာပုံစံအတိုင်း တည်ဆောက်ခဲ့ရာ အင်ဒိုနီးရှားဒေသခံများ ဘိုးဘွားစဉ်ဆက် ရှိခိုးပူဇော်ခဲ့သည့် ယုံကြည်ကိုးကွယ်မှုများနှင့် ဗုဒ္ဓဘုရားရှင်၏ နိဗ္ဗာန်စံဝင်မှုတို့ကို ရောယှက် ပုံဖော်ခဲ့ကြသည်။ ဗောရောဗုဓ၏ ဗိသုကာပုံစံများတွင် ဂုပ္တ(Gupta) ခေတ် အနုလက်ရာများ၏ သြဇာသက်ရောက်မှုများ ပေါ်လွင်နေကာ အိန္ဒိယ ယဉ်ကျေးမှု လွှမ်းမိုးနေပုံကို မြင်နိုင်ကြပေသည်။

အထူးသဖြင့် အာရှတစ်လွှားတွင် ထင်ရှားစွာတည်ရှိနေသည့် ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံများသည် ဆန်းပြား သော ဗိသုကာ လက်ရာများ၊ ဘာသာရေးဆိုင်ရာ အတိတ်သမိုင်းများ၊ ယဉ်ကျေးမှု အထောက်အထားများကြောင့် သုတေသီများ အပါအဝင် ခရီးသွားများ သွားရောက်လေ့လာကြသဖြင့် ယင်းတို့ တည်ရှိသည့် နေရာများသည် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးသည့် ဒေသများဖြစ်လာခဲ့ကြပေသည်။

10 Famous Buddhist Temples

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် ဧပြီလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ

Tags: buddhismworld places
Next Post
ကမ္ဘာ့သမိုင်းထဲက မှတ်မှတ်ရရ စစ်သူရဲကောင်း ၅ယောက်

ကမ္ဘာ့သမိုင်းထဲက မှတ်မှတ်ရရ စစ်သူရဲကောင်း ၅ယောက်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!