• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာတလွှား ထင်ရှားကျော်ကြား ရုပ်တုများ

by Thutamm
August 12, 2019
Reading Time: 1min read
0
ကမ္ဘာတလွှား ထင်ရှားကျော်ကြား ရုပ်တုများ
Share on FacebookShare on Twitter

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

လူသားများသည် ပန်းချီ၊ပန်းပု၊ အဆို ၊အက အစရှိသည့် အနုပညာကို ခံစားတတ်သည့် ဗီဇစိတ်ကြောင့် သမိုင်းမတင်မီ ကာလများကတည်းကပင် ရည်ရွယ်ချက်မျိုးစုံဖြင့် အရွယ်မျိုးစုံ ရုပ်ထုများကို ဖန်တီး ထုလုပ်ခဲ့ကြသည်။လွန်ခဲ့သည့် နှစ်ပေါင်း ၃၂၀၀၀ ခန့်က ထုလုပ်ခဲ့သော ခြင်္သေ့ လူသားဟု အမည်ပေးထားသည့် အမြင့် ၂၉ ဒသမ ၆ စင်တီမီတာ (၁၁ ဒသမ ခုနစ် လက်မ) ရှိသော ရုပ်ထုအား လူသားတို့၏ ပထမဆုံး လက်ရာ ပန်းပုရုပ်ထု ဟု ယူဆ ကြသည်။ကမ္ဘာ့ အံ့ဖွယ် ခုနစ်သွယ် စာရင်း တွင် ရုပ်ထု နှစ်ခုပါဝင်သည်။မျက်မှောက်ခေတ်တွင် ရုပ်ထုများကို ဘာသာရေး ဆိုင်ရာ နတ်ဘုရားများ၊သမိုင်းဝင် မှတ်တမ်းများ၊ လူသားတို့ အပေါ် လွှမ်းမိုးခဲ့သော ပုဂ္ဂိုလ်များ၊ အထိမ်းအမှတ်၊ သင်္ကေတများ စသည်ဖြင့် အသွင် မျိုးစုံ ထုလုပ်ကြ ကာ ကမ္ဘာ့ နေရာ အနှံ့တွင် စိုက်ထူထားကြပေသည်။

၁၀။ ကမ္ဘာကျော် ရေသူမ

ဒိန်းမတ် နိုင်ငံမြို့တော် ကိုပင်ဟေဂင် ဆိပ်ကမ်းမှ ကျောက်ဆောင်တစ်ခုပေါ်တွင် ရေသူမ ရုပ်ထု တစ်ခုက လှပစွာ ထိုင်လျက်ရှိနေသည်။ထိုနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာကြသူတိုင်း ထို ရေသူမ ရုပ်ထု ကို ကြည့်ကာ အံ့အား သင့်ကြ ရသည်။ ရေသူမ ရုပ်ထုသည် ၁ ဒသမ ၂၅ မီတာ ခန့်မြင့် လျက် ၁၇၅ ကီလို ဂရမ်အလေးချိန်ရှိသည်။ ယင်းရေသူမ ရုပ်ထုငယ်အား အက်ဒ်ဗတ် အာရစ်ဆန် ဆိုသူက ဒီဇိုင်းရေးဆွဲ ထုလုပ်ခဲ့ပြီး ၁၉၁၃ ခုနှစ်တွင် ရေသူမ လေး ပြဇာတ်တစ်ပုဒ်ကို အမှတ်ရစိမ့်သောငှာ ယခုနေရာတွင် စိုက်ထူထားခဲ့သည်။

ရေသူမရုပ်ထုလေး၏ ဦးခေါင်းသည် အကြိမ် များစွာ ပျောက်ဆုံးခဲ့သော်လည်း ပျောက်ဆုံးခဲ့သည့် အကြိမ်တိုင်းတွင် သူမ၏ ဦးခေါင်းကို ပြန်လည် ရရှိ တပ်ဆင်ပေး နိုင်ခဲ့ သည်။ ကိုပင်ဟေဂင် အာဏာပိုင်များက ထို ရေသူမ ရုပ်ထုအား လက်သရမ်းသူများ၏ ဖျက်ဆီးမှုမှ ကာကွယ်ရန် နှင့် ကမ္ဘာ လှည့် ခရီး သည်များ ရုပ်ထုအပေါ်သို့ တက်ရောက်ကြခြင်းကို ကာကွယ်ရန် ဆိပ်ကမ်းနယ်မြေမှ အခြားတစ်နေရာသို့ ရွှေ့ ပြောင်းမည် ဟု ကြေညာခဲ့သည်။

၉။ ဒီလို့စ် ခြင်္သေ့များ (Lions of Delos)

ဂရိနိုင်ငံ၏ အရေးကြီးသော ရှေးဟောင်းသုတေသန နယ်မြေ တစ်ခုဖြစ်သည့် ဒီလို့စ်ကျွန်း၊ မိုင်ကိုနော့စ် အနီးတွင် ခြင်္သေ့ ရုပ်ထုများရှိသည်။ယင်းနေရာသည် ဂရိတို့၏ ဒဏ္ဍာရီ သမိုင်းတွင် အရေးအကြီးဆုံး နေရာတစ်ခုလည်းဖြစ်သည်။ ဒီလို့စ် ကျွန်းသည် ဂရိ ဒဏ္ဍာရီ ထဲမှ အပိုလို နှင့် အာတီမီးစ် တို့ မွေးရာနေရာ ဖြစ်မလာမီကပင် အိုလံပီယာ ဂရိလူမျိုး များ၏ မြင့်မြတ်သော အထွတ် အထိပ်နေရာတစ်ခုဟု ထောင်စုနှစ် များစွာကပင် ယူဆ ထားခဲ့သည်။

အတန်းလိုက် ထုထား သည့် ဒီလို့စ် ခြင်္သေ့ များသည် အပိုလို အားရည်စူးကာ ဘီစီ ခြောက်ရာစု မတိုင်မီ က နာဆော့စ် ပြည်သူများက ထုလုပ်ခဲ့ခြင်းဖြစ် သည်။ သလင်း ကျောက်ဖြူဖြင့် ထုလုပ်ထားသော ခြင်္သေ့များသည် မူလက ၉ ကောင်မှ ၁၂ ကောင်အထိရှိခဲ့သော်လည်း ယခုအခါတွင် ၅ ကောင်သာ အကောင်းနီးပါးကျန်ရှိပြီး သုံးကောင်က ကျိုးပဲ့နေသည်။ ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေသည့် မူလ ခြင်္သေ့ရုပ်ထုများကိုလည်း ဒီလို့စ် ရှေးဟောင်းသုတေသန ပြတိုက်သို့ ၁၉၉၉ ခုနှစ်တွင် ပြောင်းရွှေ့ထားခဲ့သည်။

၈။ မိခင်ရုရှား ရုပ်ထု (Mother Russia Statue)

ထင်ရှား ကြော်ကြားသည့် အမိမြေ ခေါ်သံ ဟု အများသိကြသော မိခင်ရုရှ ရုပ်ထု သည် ရုရှ နိုင်ငံ၊ ဗိုဂိုဂရက် ဒေသမှ မာမာယက်ဗ်ကာဂန် တွင် တည်ရှိသည်။ထိုရုပ်ထုသည် စတာလင်ဂရက် တိုက်ပွဲ အထိမ်းအမှတ် ရုပ်ထုလည်းဖြစ်သည်။၁၉၆၇ ခုနှစ် တွင် မိခင်ရုရှ ရုပ်ထုကို ဖွင့်လှစ်ခဲ့စဉ်က ကမ္ဘာပေါ်တွင် အမြင့်ဆုံးရုပ်ထု ဖြစ်ခဲ့သည်။ရုပ်ထု၏ လှံထိပ်ဖျားမှ ရုပ်ထု အောက် ခံ ခုံ ထိပ်အထိ အမြင့် ၈၅ မီတာ(၂၇၉ ပေ) ရှိသည်။ရုပ်ထုသည် ၅၂ မီတာ(၁၇၀ ပေ) မြင့်၍ ဓားက ၃၃ မီတာ(၁၀၈ ပေ) ရှည် သည်။

စတာလင်ဂရက် တိုက်ပွဲသည် ရက်ပေါင်း ၂၀၀ ကြာရှည်ခဲ့သဖြင့် တိုက်ပွဲဖြစ်ခဲ့သည့် ရက်အထိမ်းအမှတ်အဖြစ် ရုပ်ထု စိုက်ထူထားသည့် တောင်ခြေမှ ရုပ်ထု အထိ လှေကားထစ်ပေါင်း၂၀၀ တိတိ ပြုလုပ်ထားသည်။ယခုအခါတွင် အောက်ခြေ ပန္နက် ရွေ့လျားမှုများကြောင့် မြေအောက်ရေလွှာ ပြောင်းလဲလာသဖြင့် မိခင်ရုရှ ရုပ်ထုသည် အနည်းငယ် တိမ်းစောင်းနေပေသည်။

၇။ အော်လမက် ရုပ်ထု (The Olmec)

အော်လ်မက်ခေတ် သည် မက္ကဆီကိုနိုင်ငံ တောင်ဘက် အလယ်ပိုင်း အပူပိုင်း မြေနိမ့်ဒေသများတွင် နေထိုင်ခဲ့ သည့် ရှေးဟောင်း ကိုလံဘီယာ အကြို ယဉ်ကျေးမှု ကာလဖြစ်သည်။ယခု လက်ရှိခေတ်တွင် ဗာရာခရုစ် နှင့် တာဘက်စ်ကို ပြည်နယ် နေရာများ ဖြစ်သည်။အော်လ်မက် ယဉ်ကျေးမှုသည် ဘီစီ ၁၄၀၀ မှ ဘီစီ ၄၀၀ အတွင်း တိုးတက် ဖြစ်ထွန်းခဲ့ရာ အော်လ်မက် ယဉ်ကျေးမှု၏ အများအသိအမှတ်အပြုဆုံးသော သွင်ပြင်လက္ခဏာသည် ခေါင်းဆောင်း ခမောက်ဆောင်းထားသည့် အလွန် ကြီးမားသော ဦးခေါင်း ရုပ်ထုများဖြစ်သည်။

ထိုဦးခေါင်းများအား အောလ်မက် ယဉ်ကျေးမှု ကာလအတွင်း စိုးစံခဲ့သော အုပ်ချုပ်သူများ၏ ရုပ်ထု များဟု ယူဆကြ သည်။ရုပ်ထုများသည် ယခုခေတ် ဘောလုံးအားကစားသမားများ ဝတ်ဆင်ထားသည့် ပုံသွင်ရှိနေကြသည်။သို့သော် မည်သည့် ဦးခေါင်း နှစ်ခုမှ တစ်ခုနှင့် တစ်ခု တူညီမှု မရှိဘဲ ခမောက်နှင့်တူသော ခေါင်းဆောင်းများကို သိသာကွဲပြားသော ပစ္စည်း များဖြင့် ပြုလုပ် ထားသည်။ထိုနေရာတွင် ဦးခေါင်း ၁၇ ခုကို တူးဖော် တွေ့ရှိထားပြီးဖြစ်သည်။ဦးခေါင်းရုပ်ထုများသည် အရွယ်အစား မျိုးစုံဖြစ်ပြီး ၁ ဒသမ ၄၇ မီတာ နှင့် ၃ ဒသမ ၄ မီတာ အကြားရှိကြပေသည်။

၆။ နမ်ရပ်တောင် (Mount Nemrut)

တူရကီ နိုင်ငံ အရှေ့တောင်ပိုင်း တွင် တည်ရှိသော ၂၁၃၄ မီတာ(ပေ ၇၀၀၀) မြင့်သည့် နမ်ရပ်တောင်သည် အဒီရာ မန် မြို့တော် အနီးတွင် တည်ရှိသည်။ဘီစီ ၆၂ ခုနှစ်တွင် ပထမမြောက် ဘုရင် အန်တီယိုချပ်စ် က တောင်ကုန်းတစ်ခု၏ ထိပ် တွင် ဂူသင်္ခ ျိုင်း ဗိမာန် တစ်ခုကို ကြီးမားသော ရုပ်ထုများခြံရံလျက် တည်ဆောက်ခဲ့သည်။ယင်းရုပ်ထုများသည် ဘုရင် အန်တီယို ချပ်စ် ပုံကို ထုထား သည့် အမြင့် ၈ မီတာ မှ ၉ မီတာ ( ၂၆ ပေ မှ ပေ ၃၀ အထိ) မြင့်သော ရုပ်ထုများဖြစ်ကြသည်။ခြင်္သေ့ နှစ် ကောင်၊လင်းယုန် နှစ်ကောင် နှင့် ဂရိ နှင့် ပါရှန် နတ်ဘုရား ရုပ်ထုများလည်း ပါဝင်သည်။

ရုပ်ထုများကို ထုလုပ်ပြီး နေရာချထားစဉ်ကပင် ဦးခေါင်းများကို ကိုယ်လုံးများမှ ဖြုတ်ကာ အနီးဝန်းကျင်တွင် ပြန့်ကြဲ ချထားခဲ့သည်။နမ်ရပ် တောင်ထိပ်သည် အနီးဝန်းကျင်ရှိ အခြားတောင်စွယ် တောင်တန်းများအား မြင်နိုင်သည့် ရှုခင်းကောင်း မွန် သော နေရာဖြစ်သည်။အရှေ့ဘက် တောင်တန်းများကြားမှ နေထွက်လာချိန်တွင် ကိုယ်လုံးမဲ့နေသော ဦးခေါင်းများအား လှပ သော လိမ်မော်ရောင် အသွေးများဖြင့် မြင်ရသည်မှာ အထူးစိတ်ဝင်စားဖွယ် ကောင်းသကဲ့သို့ မြင်ရသည့် မြင်ကွင်းများ သည် လည်း ထူးခြား အံ့သြဖွယ် ကောင်းလှပေသည်။

၅။ ဒေးဗစ် ရုပ်ထု

ဒေးဗစ် ရုပ်ထုသည် ၁၅၀၁ ခုနှစ်မှ ၁၅၀၄ ခုနှစ်အတွင်း ပန်းပုကျော် မိုက်ကယ် အိန်ဂျယ်လို ထုဆစ်ခဲ့သော သူ၏ အကောင်းဆုံး လက်ရာတစ်ခုဖြစ်သည်။ကျောက်ဖြူ ဖြင့် ထုဆစ်ထားသော ဒေးဗစ်ရုပ်ထုသည် ၅ ဒသမ ၁၇ မီတာ(၁၇ ပေ) ခန့်မြင့်ကာ သမ္မာကျမ်းစာထဲမှ ဘုရင် ဒေးဗစ်၏ ကိုယ်လုံးတီးပုံဖြစ်သည်။ မိုက်ကယ် အိန်ဂျလိုသည် ဒေးဗစ်ရုပ်ထုကို အခြား ပုံများ နှင့် မတူဘဲ ထူးခြားစွာ ထုဆစ်ခဲ့ရာ ယခုအခါတွင် လူပေါင်းများစွာ လာရောက်ကြည့်ရှုကြရသည့် လက်ရာ တစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။

မိုက်ကယ် အိန်ဂျလို၏ မူလလက်ရာ ဒေးဗစ်ရုပ်ထုအား ပျက်စီး ယိုယွင်းခြင်းမှ ကာကွယ်နိုင်ရန် ၁၈၇၃ ခုနှစ်တွင် အီတလီ နိုင်ငံ အကယ်ဒမီယာ ပြတိုက်သို့ ပြောင်းရွေ့ခဲ့သည်။ဒေးဗစ်ရုပ်ထုသည် မူလက ပြင်သစ်နိုင်ငံ ပီယာဇာ ဒယ်လ်လာ ဆစ်ဂနိုရီယာ(Piazza della Signoria) တွင်ရှိခဲ့သည်။ဒေးဇစ်ရုပ်ထုအား အီတလီသို့ ပြောင်းရွေ့ပြီးနောက် မူလနေရာတွင် ဒေးဗစ ်နှင့် ပုံစံတူ ရုပ်ထု တစ်ခုကို ထုလုပ်ပြသထားသည်။

၄။ စဖင့် ရုပ်ထု

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရို အနီး ဂီဇာ ကုန်းပြင်မြင့်တွင်ယခုတိုင် မြင်တွေ့နေကြရသည့် စဖင့် ရုပ်ထုကြီးသည် ကမ္ဘာ ပေါ်တွင် အကြီးဆုံးနှင့် သက်တမ်းအရှည်ကြာဆုံး ရုပ်ထုကြီး တစ်ခုဖြစ်သည်။စဖင့် ရုပ်ထုကြီးအား ထုဆစ်ခဲ့စဉ်က စဖင့်၏ မျက်နှာ အား မည်သူ၏ မျက်နှာအသွင်ကို ယူခဲ့သည် ဆိုသည့် အချက်နှင့် မည်သည့် အချိန်က ထုလုပ်ခဲ့သည် ၊ မည်သူ့ အတွက် ထုလုပ်ခဲ့သည် ဆိုသည့် အချက် များကို ယနေ့တိုင်အငြင်းပွားနေရဆဲပင်ဖြစ်သည်။ စဖင့် ရုပ်ထုသည် အနီးဝန်းကျင်ရှိ ပစ်ရမစ်များထက် များစွာ သေးငယ်သော်လည်း ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ကျောက်ထွင်း ရုပ်ထု ဖြစ်သည်။

စဖင့် ရုပ်ထုနှင့် ပတ်သက်၍ အထောက်အထားများ၊ အမြင်ရှုထောင့်များ သည် နှစ်ပေါင်းကြာ ရှည်စွာ ငြင်းခုန်နေကြရသော်လည်း ခေတ်သစ် အီဂျစ်ဗေဒ ပညာရှင်အများစုက ရှေးက ယူဆခဲ့ကြသည့်အတိုင်း စဖင့်ရုပ်ထုကို ဘီစီ ၂၅၀၀ ပြည့်နှစ် ၊ ဖာရိုခါဖရီ လက်ထက်တွင် တွင် ထုဆစ်ခဲ့သည်ဟု လက်ခံထားကြသည်။ ဖာရို ခါဖရီသည် ဂီဇာတွင် ဒုတိယ မြောက်ပစ်ရမစ်ကို ဆောက်လုပ်ခဲ့သူတစ်ဦးဟုလည်း ယူဆကြပေသည်။

၃။ လေဘာတီ ရုပ်ထု (The Statue of Liberty)

ပြင်သစ်ပြည်သူများက အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းရေး လက်မှတ်ရေးထိုးခြင်း နှစ် ၁၀၀ ပြည့် အထိမ်း အမှတ် အဖြစ်လက်ဆောင်ပေးခဲ့သော လေဘာတီ ရုပ်ထုသည် ကမ္ဘာ အနှံ့ မသိသူ ရှားလှသည်။လေဘာတီကျွန်းပေါ် တွင် ထားရှိသည့် အဆိုပါ ရုပ်ထုသည် အမေရိကန် နိုင်ငံ၏ ထင်ရှားသော အမှတ် လက္ခဏာ တစ်ခုလည်း ဖြစ်ပေသည်။ လေဘာတီ ရုပ်ထုသည် စတိုလာ ဝတ်ရုံကို ဝတ်ဆင်လျက်၊သရဖူ နှင့် ဖိနပ်ကို ဆင်မြန်းထားသော အလွန်လှပသည့် အမျိုးသမီးတစ်ဦး ၏ ပုံသွင်ဖြစ်သည်။

ပြတ်တောက်နေသည့် သံကြိုးများကို နင်းချေကာ ညာလက်ကို မြှောက်လျက် မီးတုတ်တစ်ခုကို ကိုင် ဆောင် သယ်သူနေသည့် အမျိုးသမီး ပုံ ဖြစ်သည်။ လေဘာတီရုပ်ထုအား ၁၈၈၄ ခုနှစ် ၊ ဇူလိုင်လတွင် ပြင်သစ်နိုင်ငံတွင်ပြုလုပ်ပြီးစီးခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု သို့ရောက်ရှိခဲ့သည်။၁၈၈၆ ခုနှစ်မှသည် ယနေ့ထိတိုင်အောင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ ရောက်ရှိလာကြသူ သန်း ပေါင်းများစွာ တို့၏ ပထမဆုံး ဖျတ်ကနဲ မြင်တွေ့ကြရသည့် အမေရိကန် ရုပ်ပုံလွှာ အဖြစ် ထင်ရှားစွာ ရပ်တည်နေပေ သည်။

၂။ ရက်ဒီမာ ခရစ်တော် ရုပ်ထု (Christ the Redeemer)

ဘရာဇီးလ် နိုင်ငံ မြို့တော် ရီယို ဒီ ဂျာနီယို မြို့ရှိ မီတာ ခုနစ်ရာ(ပေ ၂၃၀၀) မြင့်သည့် ကော်ကိုဗာဒို တောင်ထိပ်တွင် ရက်ဒီမာ ခရစ်တော် ရုပ်ထုရှိသည်။တောင်ထိပ်ပေါ်မှ ဂွန်နာဘာရာ ပင်လယ်အော် အတွင်းပိုင်း ၏ မြောက်မှ တောင်သို့ လှပ သော မြင်ကွင်းကို မြင်ကြရသည်။ရက်ဒီမာ ရုပ်ထုသည် ၃၉ ဒသမ ၆ မီတာ (ပေ ၁၃၀) မြင့်ကာ မီတာ ၃၀ (၉၈ ပေ) ကျယ်ဝန်း လျက် ၉ ဒသမ ၅ မီတာ( ၃၁ ပေ) မြင့်သော အောက်ခံ ခုံလုံးရှိသည်။

ရက်ဒီမာသည် လူရုပ်များကို ထုလုပ်ထားသော ရုပ်ထုများအနက် အမြင့်ဆုံးသော ရုပ်ထုများ အနက် တစ်ခုဖြစ်သည်။ ဘိုလီဘီးယား နိုင်ငံရှိ ခရစ္စတိုဒီ ကွန်ကော်ဒီယာ ရုပ်ထု သည် ရက်ဒီမာထက် အနည်းငယ် ပိုမြင့်သည်။ရက်ဒီမာသည် ခရစ် ယာန် ဘာသာ ဝင်တို့၏ အထိမ်းအမှတ် လက္ခဏာ တစ်ခု နှင့် ဘရာဇီးလ် နိုင်ငံနှင့် မြို့တော် ရီယို မှခရစ်ယာန် သူတော်စင် တစ်ဦး ၏ ရုပ်ထု ဖြစ်လာခဲ့ပေသည်။

၁။ မွိုင် ရုပ်ထုများ (Moai)

ထင်ရှားကျော်ကြားသည့် မွိုင် သည် ကြီးမားသော ကျောက်တုံးကို ထုဆစ်ထားသော ရုပ်ထုများဖြစ်ပြီး အီစတာ ကျွန်း ပေါ်တွင် တည်ရှိသည်။အီစတာကျွန်းသည် ကမ္ဘာပေါ်တွင် သီးခြားအဖြစ်ဆုံးကျွန်းများအနက် တစ်ခုဖြစ်သည်။ အေဒီ ၁၂၅၀ နှင့် ၁၅၀၀ အကြားတွင် ထိုကျွန်း ပေါ်သို့ ကိုလိုနီပြုရန် ရောက်ရှိလာခဲ့ကြသည့် ပိုနီရှားများက ထင်ရှားသည့် မွိုင် ရုပ်ထု များကို ထု ဆစ်ခဲ့ကြသည်။

မွိုင်များသည် ကွယ်လွန်ခဲ့ကြသည့် ဘိုးဘွားစဉ်ဆက်တို့ကို ကိုယ်စားပြုကြသည့်အပြင် ရှေးခေတ်က အကြီးအကဲများ သို့မဟုတ် ရှေးခေတ်ကာလများတွင် အင်အားကြီးမားစွာ နေထိုင်ရပ်တည်ခဲ့မှုများ၏ ပြယုဂ်လည်းဖြစ်သည်။အမြင့် ဆုံး စိုက်ထူ ထားသော မွိုင် ရုပ်ထု သည် ပါရို ဟု အမည်တွင်ကာ ၁၀ မီတာ(၃၃ ပေ) မြင့်ကာ အလေးချိန် ၇၅ တန် ရှိသည်။အလေးချိန် ် ၈၆ တန်ရှိ ပြီး အပြီး မသတ်ခဲ့သည့် ရုပ်ထုသည် ပါရိုထက် အနည်းငယ်နိမ့်ကာယင်းရုပ်ထုသာ ပြီးစီးသည် အထိ ထုဆစ်ခဲ့မည် ဆိုပါ က ၂၁ မီတာ( ၆၉ ပေ) မြင့်ကာ တန် ၂၇၀ လေးမည်ဟု ခန့်မှန်းကြ သည်။

ဥရောပတိုက်သားများ အီစတာကျွန်းသို့ ပထမဆုံးရောက်ရှိခဲ့စဉ် မွိုင်ရုပ်ထုများသည် တွေ့ရှိခဲ့သည်။သို့သော်လည်း ရုပ်ထု အများစုအား လူမျိုးစုများ အချင်းချင်း ပဋိပက္ခများ ဖြစ်ပြီးကြချိန်တွင် ပုံသွန်းခဲ့သည်ဟု လည်း ယူဆကြသည်။ ယခုအခါ တွင် မွိုင် ရုပ်ထုပေါင်း ငါးဆယ်ကျော်ကို အီစတာကျွန်းပေါ် နှင့် ပြတိုက်များတွင် ပြန်လည် စိုက်ထူ ပြသ ထားပေသည်။

ကိုးကား
10 Statues of the world

မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၇ ခုနှစ် ဇွန်လထုတ် သုတအလင်းမဂ္ဂဇင်းမှ

Tags: amazingworld knowledge
Next Post
အထူးခြားဆုံး ကမ္ဘာကျော်ပန်းချီကား ၁၀ ကား

အထူးခြားဆုံး ကမ္ဘာကျော်ပန်းချီကား ၁၀ ကား

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!