Tuesday, March 2, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာတလွှား ဆန်းဆန်းပြားပြား သေဆုံးသူ ၉ ယောက်

by Thutamm
August 18, 2019
Reading Time: 2min read
0
ကမ္ဘာတလွှား ဆန်းဆန်းပြားပြား သေဆုံးသူ ၉ ယောက်
Share on FacebookShare on Twitter

သေဆုံးခြင်းဆိုတာကတော့ လူသားတိုင်းအနှေးနဲ့အမြန် ကြုံတွေ့ရမယ့်အရာဖြစ်ပါတယ်။ ဘယ်နေရာမှာဘယ်လိုအချိန်၊ဘယ်လိုပုံစံနဲ့ သေဆုံးရမယ်ဆိုတာ ကိုအတတ် မပြောနိုင်ပေမဲ့ သက်ရှိ အားလုံးဟာ သေဆုံးခြင်းမှတ်တိုင်ကိုပဲ အချိန်နဲ့အမျှ နီသထက် နီးကပ်လာနေကြရတာပါ။ လူတစ်ယောက်သေဆုံးခြင်းပုံစံတွေများစွာရှိတဲ့အနက်ကဒီ နေရာမှာမျှဝေ ပေးချင် တာကတော့ကမ္ဘာတစ်ဝှမ်းက ဆန်းဆန်းပြားပြား သေဆုံးခဲ့သူတွေ ရဲ့အကြောင်းအရာ (၁၀) ခုရဲ့အကြောင်းဖြစ်ပါတယ်။

(၉) Christine Chubbuck

သူမတော့ အမေရိကန်နာမည်ကျော် ရုပ်သံသတင်းထောက်တစ်ဦးဖြစ်ပြီး ဖလော်ရီဒါအခြေစိုက် WTOG နဲ့ WXLT-TV တွေရဲ့ပင်တိုင်သတင်းကြေငြာသူဖြစ်ပါတယ်။ (၁၉၇၄)ခုနှစ်ဇူလိုင်လ(၁၅)ရက်နေ့မှာတော့ Christine Chubbuckဟာ နိုင်ငံတ ကာသတင်းတွေကို (၈)မိနစ်လောက်ကြေငြာပြီးချင်း ရုပ်သံကနေပဲ ရုပ်သံကြည့်ပရိတ် သတ်များရှင့် မကြာခင်မှာပဲ Channel (40) ကနေသွေးစွန်းတဲ့ဖြစ်စဉ်တစ်ခုကို ဖော်ပြဖို့ရာ ရှိနေပါတယ်ဆိုပြီး သူမသတင်းကြေငြာတဲ့ခုံအောက်ကနေ ခြောက်လုံးပြူးသေနတ် ကိုရုတ်တရက်ဆွဲထုတ်ပြီး ရုပ်သံလွှင့်တဲ့ အနေအထားနဲ့ ကိုယ့်ကိုကိုယ် သက်သေသွားခဲ့ပါတယ်။

ရုပ်သံကြည့်ပရိသတ်အချိုကလည်း (911)ကိုဖုန်းဆက် အကူအညီတောင်းခဲ့ပါတယ်။ ရိုက်ကူးနေတဲ့ ကင်မရာမန်းအမျိုးသမီး Jean Reed ကလည်း ဒီဖြစ်စဉ်ကိုကြောင်ကြည့်နေခဲ့ပြီး Christine Chubbuckရဲ့အသက်မဲ့ခန္ဓာကိုယ် ခုံအောက်ကိုကျသွားတဲ့အထိ ရိုက်ပြခဲ့ပါတယ်။ ဒါကြောင့် Christine Chubbuck ဟာ ကမ္ဘာပထမဆုံး ရုပ်သံလွှင့်တဲ့အနေအထားနဲ့ မိမိကိုယ်ကိုသတ်သေခဲ့တဲ့ သတင်းကြေငြာသူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ကြည့်ချင်သူများအတွက် VIDEO Link – https://archive.org/details/youtube-ph7oHWONq0c

(၈) King Adolf Frederick of Sweden

(၁၇၅၁)ခုနှစ်ကနေ(၁၇၇၁)ခုနှစ်အထိ ဆွီဒင်ထီးနန်းကို စိုးစံခဲ့တဲ့ Adolf Frederick ရဲ့သေဆုံးပုံကလည်း အတော်ကို ကို့ယို့ကားယားနိုင်လွန်းပါတယ်။ Adolf Frederick ဟာ ဆီးနိတ်လို့ခေါ်တဲ့ အထက် လွှတ်တော်အမတ်တွေချုပ်ကိုင်ထားတဲ့အာဏာကို အကောင်းဆုံးပုံစံနဲ့ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့သူဟာ စားပိုးနင်ပြီးနတ်ရွာစံသွားတာကြောင့် ဆွိဒင်နိုင်ငံရဲ့ကလေးငယ်တွေရဲ့ ပုံပြင်တွေထဲမှာတော့ အစားအသောက်ကြောင့် ဒုက္ခရောက်သူရယ်လို့အမည်တွင်နေဆဲပါ။

(၁၇၇၁)ခုနှစ်၊ဖေဖော်ဝါရီ(၁၂)ရက်နေ့မှာတော့ Adolf Frederickဟာ ပုစွန်တုတ်ဟင်း၊ ငါးဥဆားနယ်၊ဂေါ်ဖီထုတ်ချဉ်၊ငါးသလောက်ပေါင်းတို့ကို သာမန်ထက်လွန်ကဲစွာစားသုံး ခဲ့တဲ့အပြင် အချိုပွဲအနေနဲ့ ဆွီဒင်ရိုးရာအစားအစာဖြစ်တဲ့ဂျုံနဲ့ပြုလုပ်ထားတဲ့ Semla မုန့်ကိုနွားနို့တစ်ဇလုံနဲ့အတူစားသောက်ခဲ့ပြီးချိန်မှာတော့ သူဟာစားပိုးနင်ပြီးသေဆုံး သွားခဲ့ရပါတယ်။

(၇) Attila the Hun

ရောမအင်ပါယာကတောင်ကြောက်ရွံခဲ့ရတဲ့ စစ်ဘုရင် Attila the Hunဟာ အလယ်အာရှက Hun မျိုးနွယ်စုတွေရဲ့ဘုရင်ဖြစ်ပြီး ဥရောပအရှေ့နဲ့အလယ်ပိုင်းဒေသ တွေအထိ အာဏာစက်ဖြန့်ကျက်နိုင်ခဲ့သူဖြစ်ပါတယ်။ သမိုင်းမှာရက်စက်လွန်းအားကြီး တဲ့စစ်ဘုရင်ရယ်လို့နာမည်ကျော်ခဲ့တဲ့ Attila the Hunနဲ့သူရဲ့စစ်တပ်ဟာ သွေးချောင်း စီးတဲ့လူသတ်ပွဲများစွာအတွက်လည်း တိုက်ရိုက်ပတ်သတ်ခဲ့ပြီး ရောမကို သုံးကြိမ်အောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ထူးခြားချက်ကသူဟာ အခြားစစ်ဘုရင်တွေလို သောက်သောက်စာစားနေထိုင်တဲ့ဓလေ့ မရှိပဲ ရိုးရိုးကုတ်ကုတ်ပဲနေထိုင်တတ်သူဖြစ်ပြီး ကပ်စေးလည်းအလွန်နည်းပါတယ်။ သူ ဟာသန်မာတဲ့စစ်ဘုရင်ဆိုပေမဲ့ ညနေစောင်းအချိန်တွေမှာ နှာခေါင်းသွေးလျှံတတ်လေ့ရှိပါတယ်။ ဒါပေမယ့် မိန်းမတွေတော့အလွန်များပြီး အယောက် ၃၀၀လောက်တောင်ရှိပါသတဲ့။

ကံကုန်တယ်လို့ပဲပြောရလား၊သူအကုသိုလ်ကပြန်အကျိုးပေးတယ်လို့ပဲပြောရမလား သူရဲ့နောက်ဆုံးနေ့ရက်ဟာ သူမင်္ဂလာဆောင်တဲ့နေ့ရက်မှာမှကျရောက်လာခဲ့ပါတယ်။ အေဒီ(၄၅၃)မှာ Iidico အမည်ရတဲ့မိန်းမလှလေးနဲ့မင်္ဂလာပွဲဆင်နွှဲချိန်မှာတော့ Attila the Hunဟာ ထူးထူးခြားခြားပဲ အစားအသောက်နဲ့အရက်ယာမကာများစွာကို အလွန် အကျွံသောက်သုံးခဲ့ရပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် သူအိပ်ဆောင်အတွင်းကို တောင် မှူးမက်တွေကလိုက်ပါပို့ဆောင်ခဲ့ရတဲ့အထိကိုဖြစ်ခဲ့ပါတယ်။

မနက်ရောက်ချိန် မှာတော့ Attila the Hun ကို သူ့အိပ်ယာပေါ်က သွေးအိုင်ထဲမှာသေဆုံးနေခဲ့တာကို တွေ့ခဲ့ရပါတယ်။ လုပ်ကြံမှုတွေ ၊ အရက်အဆိပ်သင့်တာတွေကြောင့်လို့ထင်ရပေမယ့် တကယ်တမ်းကတော့ နှာခေါင်းသွေးအလွန်အကျွံကျဆင်းတဲ့ဒဏ်နဲ့ သေပွဲဝင် ခဲ့ရတာလို့ အဖြေထွက်ခဲ့ပါတယ်။

(၆) Isadora Duncan

ယနေ့ခေတ်ပေါ် အနောက်တိုင်းကကွက်တော်တော်များများကိုဆန်းစစ်တီထွင်ခဲ့တဲ့ Mother of modern dance အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ Isadora Duncan ကို ဒေဝါလီခံခဲ့ရတဲ့ဘဏ်လုပ်ငန်းရှင်ဖခင်နဲ့ ဂီတဆရာ မမိခင်ဖြစ်သူတို့က  (၁၉၇၇)ခုနှစ်မေလ(၂၇)ရက်နေ့မှာ ကယ်လီယိုဖိုးနီးယားပြည်နယ်အတွင်းက ဆာဖရန်စစ်စကိုမြို့မှာ ဖွားမြင်ပါတယ်။ ငယ်စဉ်တည်းက အကပညာနဲ့ပတ်သက်ပြီး ပါရမီပါတဲ့ Isadora Duncanရဲ့ ဖရီးစတိုင်အကတွေဟာ အမေရိကန်ပြည်ထောင်စုတစ်ခုလုံးကျော်ကြားခဲ့ပြီး နောက်ပိုင်းမှာတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကိုပြောင်ေးရွအေခြချခဲ့ပါတယ်။

ပဲရစ်မှာ အကပညာကျောင်း(၃)ခုအထိတည်ထောင်နိင်ခဲ့ပြီး နာမည်ကျော် des Champs- Elysees ပြဇာတ်ရုံမှာသူမရဲပုံတူကိုထားရှိဂုဏ်ြ့ပုရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ သူမသေဆုံးခဲ့ပုံကတော့အဆန်းပါပဲ။ သူမဟာပဲရစ်မြို့ရဲ့လမ်းမတစ်ခုမှာ လမ်းလျှောက် နေတုန်း အရှိန်ပြင်းစွာမောင်းနှင်လာတဲ့ကားဟာ သူမရဲ့တစ်လူလူလွှင့်နေတဲ့ လည်စည်းကို ချိတ်သွားခဲ့ရပါတယ်။ ကားအရှိန်ကြောင့် Isadora Duncan ဟာ ကားနဲ့အတူ အကွအဝေး ကိုက်အနည်းငယ်အထိ တစ်ရွတ်ဆွဲပါသွားခဲ့ပြီး လည်ပင်ရိုးကျိုးပြီး သေပွဲဝင်ခဲ့ရပါတယ်။

(၅) Tycho Brahe

ဒိန်းမတ်လူမျိုးနက္ခတ္တပညာရှင် Tycho Brahe တော်ဝင်မျိုးရိုးကနေဆင်းသက်လာ သူဖြစ်တဲ့အပြင် သူ့ခေတ်အခါကနက္ခတ်တာယာနဲ့ဂြိုလ်တွေအကြောင်းကိုတိတိကျကျ နဲ့ လေ့လာမှုအားကောင်းကောင်းပြုလုပ်နိုင်ခဲ့တဲ့ ဥရောပရဲ့ရှားပါးတဲ့ပညာရှင်တစ် ယောက်ဆိုရင်လည်းမမှားပါဘူး။ ဒါအပြင်သူဟာ နယူတန်ရဲ့ကမ္ဘာဆွဲအားသီအိုရီကို လေ့လာသူတွေအကြား ပိုမိုကျယ်ပြန့်အောင်သက်သေပြနိုင်သလို နေစကြဝဠာအတွင်း ကဂြိုဟ်ကြီးတွေရဲ့ လည်ပတ်မှုသဘောတရားစာအုပ်များစွာကိုရေးသားထုတ်ဝေခဲ့သူ စာရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီလိုပုဂ္ဂိုလ်တစ်ယောက်ရဲ့သေဆုံးရတဲ့အကြောင်းအရင်းဟာ အတော်ကိုအံ့သြသင့်စရာ ကောင်းသလို ကိုယိုးကားယားလည်းနိုင်လွန်းလှတာကြောင့် ဒီစာရင်းထဲပါဝင်လာတာ လည်းဖြစ်ပါတယ်။ သူဟာ ဆီးမကြာခဏသွားလေ့ရှိသူဖြစ်တာကြောင့် ဆီးသွားချိန်ကို ကာလကြာထိန်းထားရနိုင်တဲ့ အစည်းအဝေး၊ အခမ်းအနားတွေဆိုမတက်ရောက်သင့် ကြောင်း ဆရာဝန်တွေက ယခင်ကတည်းကသတိပေးထားခြင်းခံရသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ နက္ခတ်ဗေဒဆိုင်ရာပညာ၇ှင်တွေရဲ့ ညစာစားပွဲတစ်ခုမှာ Tycho Brahe အနေနဲ့အရက်အလွန်အကျွံသောက်သုံးခြင်းအပါအဝင် ဆီးသွားချိန်အတော်များများကို လျစ်လျူပြုခဲ့ပါတယ်။ သတင်းတွေအရတော့ Tycho Brahe ဟာ ဆီးရောဂါကြောင့် (၁၁)ရက်လောက်ဆီးမသွားခဲ့ဘူးလို့သိရပါတယ်။ ယင်းဧည့်ခံပွဲမှာပဲ အမူးလွန်နေတဲ့ Tycho Brahe ဟာ ဆီးဝေဒနာရော၊အရက်မူးလွန်ခြင်းတွေပါရောပြီး မေ့မျောသွားရာက နေကွယ်လွန်သွားခဲ့ပါတယ်။ ေ

ဆးဘက်ဆိုင်ရာစစ်ဆေးချက်တွေအရတော့ Tycho Braheဟာဆီးအိမ်ပေါက်ကွဲထွက်သွားလို့ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။ အချို့က လည်း ဒါဟာ Tycho Braheကိုတမင် အပုပ်ချတာဖြစ်ပြီး အမှန်ကHyponatremia လို့သိကြတဲ့ သူရဲ့သွေးထဲမှာ ဆိုဒီ ယမ်ပမာဏလျော့နည်းလာတာကြောင့်၊ မာကျူရီအဆိပ်ကိုသောက်သုံးမိတာကြောင့်သေဆုံးရတယ်စသည်ဖြင့် ငြင်းခုန်မှုတွေ ကတော့ ယနေ့တိုင်ရှိနေခဲ့ပါတယ်။ ဒီလိုအလားတူဖြစ်ရပ်ကတော့ အမေရိကန်ပြည်ထောင်စုမှာကျင်းပတဲ့ Hold Your Wee for a Wii အမည်ရရေသောက်ပြိုင်ပွဲဖြစ်ပွားခဲ့ပြီး အသက်(၂၈)နှစ်အရွယ် Ms Strange ဆိုသအမျိုးသမီးလည်းယင်းနည်းအတိုင်း ဆီးအိမ်ပေါက်ကွဲပြီးသေဆုံးခဲ့ရပါတယ်။

(၄) Horace Wells

Horace Wells ကိုတော့(၁၈၁၅)ခုနှစ်က အမေရိကန်ပြည်ထောင်စု Vermont မှာမွေးဖွားပြီး ဘော်စတွန်တက္ကသိုလ်ကနေ သွားဘက်ပညာဆိုင်ရာဆရာဝန်ဘွဲ့ကို ရယူခဲ့ပါတယ်။ သူဟာ နိုက်ထရစ်အောက်ဆိုဒ်(သို့) laughing gas တွေကနေ ထုံဆေးထုတ်လုပ်ဖို့လမ်းစကိုရှာဖွေတွေ့ရှိခဲ့တဲ့ ဆေးပညာရပ်ဆိုင်ရာပညာရှင်တွေအနက်က တစ်ဦးလည်းဖြစ်ပါတယ်။

အစောပိုင်းကာလကတော့ Horace Wells ရဲ့မေ့ဆေးဆိုင်ရာစမ်းသပ်ချက်တွေ ကျဆုံးပြီး ဝေဖန်ပြစ်တင်မှုများစွာကြောင့် Horace Wells ကိုယ်တိုင်သွားဆရာဝန်ဘဝကနေ ခတ္တအနားယူခဲ့ရပါသေးတယ်။ ယင်းနောက် မှာတော့ သူနဲ့ယခင်တည်းကသိကျွမ်းဖူးတဲ့ ဆေးပညာပါရဂှုတစ်ယောက်ဖြစ်တဲ့ Gardner Quincy Colton နဲ့ပူးပေါင်းပြီး Chloroform မေ့ဆေးကိုဖန်တီးရာကနေ ယင်း မေ့ဆေးရဲ့အာနိသင်ကိုစွဲသွားတဲ့အထိဖြစ်ခဲ့ပါတယ်။

(၁၈၄၈)ခုနှစ်ကမေ့ဆေးဆိုင်ရာ စမ်းသပ်ချက်တစ်ပတ်ကြာပြုလုပ်ပြီးချိန်မှာတော့ Horace Wellsဟာ စိတ်ဖောက်ပြန်ပြီး ကယောင်ကတမ်းတွေပြောလာတဲ့အထိဖြစ်သွား ခဲ့ရပါတယ်။ သူဟာညအချိန်လမ်းမပေါ်မှာရှိနေတဲ့ ပြည့်တန်ဆာ(၂)ဦးကို ဆာလဖျူရစ် အက်ဆစ်နဲ့ပတ်ခဲ့တာကြောင့် နယူးယောက်က Tombs အကျဉ်းထောင်မှာအပြစ်ပေး ခြင်းခံခဲ့ရပါတယ်။ ပြစ်ဒဏ်ကျခံပြီးချိန်မှာတော့ Horace Wellsဟာ စိတ်ကျရောဂါ ဝေဒနာသည်တစ်ယောက်ပမာဖြစ်သွားပြီး သူပြုလုပ်ခဲ့တဲ့ပြစ်မှုတွေအတွက် အိမ်ထဲက အပြင် ကိုမထွက်နိုင်လောက်အောင် စိတ်ဒဏ်ရာရခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒေါက်တာ Wellsဟာ သူဖော်စပ်ခဲ့တဲ့ chloroform အငွေ့များစွာကိုရှူသွင်းပြီး သူရဲ့ပေါင်မှာရှိတဲ့ သွေးလွှတ်ကြောမကြီးကိုထိုးခွဲပြီး ကိုယ့်ကိုကိုယ်သတ်သေခဲ့ပါတယ်။

(၃) Rasputin

မှော်ဆရာကြီး Rasputin ကိုတော့ ရုရှားနိင်ငံတွင်းက ဆိုက်ဘေးရီးယားဒေသက တောရွာလေးတစ်နေရာမှာ (၁၈၆၉)ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ မွေးရာပါလို့ပြောရမဲ့ မှော်စွမ်းအင်အချို့ဟာသူကိုယ်တွင်းရှိနေပြီးဒါတွေကိုအသုံးချပြီး ရုရှားတော်ဝင် မိသားစုကိုတောင် နည်းမျိုးစုံနဲ့ ချုပ်ကိုင်နိုင်ခဲ့သူပါ။ Rasputinဟာ သူကိုယုံကြည်စွာ ဆည်းကပ်သူမိန်းမသားတွေရဲ့ကာမတဏှာကိုသွေးဆောင်ဖျားယောင်မှုတွေ လုပ်လေ့ ရှိခြင်းအပါအဝင် ယုတ်ညံ့တဲ့အပြုအမှုများစွာကြောင့်တစ်ဖြည်းဖြည်းရန်သူတွေများ လာချိန်မှာတော့ သူရဲ့နောက်ဆုံးနေ့ရက်တွေကိုရောက်ရှိလာခဲ့ပါတယ်။

အစောပိုင်းမှာ တော့ Rasputin ကို လုပ်ကြံသူတွေပဲ မအောင်မမြင်ဖြစ်ကာ ထောင်ကျခြင်း၊အသတ်ခံ ရခြင်းတို့သာဖြစ်ခဲ့လို့ သူကိုလုပ်ကြံဖို့အရေးဟာ အတော်ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့တော်ဝင်မင်းသား Yusupov ဟာလုပ်ကြံသူတွေနဲ့ပူးပေါင်းလိုက်ချိန်မှာတော့ တစ်ခုသောညစာစားပွဲမှာ ရက်ပြုတင်ကိုဖိတ်ခေါ်ပြီး ဆိုက်ရာနိုက်အဆိပ်နဲ့(၃)ကြိမ် တိုင်လုပ်ကြံခဲ့ပေမဲ့ ရပ်ပြုတင်ကတော့ ပုံမှန်အတိုင်းသာအံ့ဖွယ်ရှိနေခဲ့ပါတယ်။ ယင်းနောက်မှာတော့ ရပ်ပြုတင်ကိုလုပ်ကြံသူတွေဟာ သေနတ်နဲ့  သေကွင်းသေကွက်နေရာတွေကိုပဲ ပစ်ခတ်ပြီးတဲ့နောက် ဆရာဝန်က စမ်းသပ်ပြီး သေပြီလို့သတ်မှတ်ခဲ့ပါတယ်။

သူတို့အလောင်းကို ဖျောက်ဖို့ကြံစည်နေစဉ်အတွင်း နာရီဝက်အကြာမှာတော့ ရပ်ပြူတင်ဟာ ရုတ်တရက်ထလာပြီး မင်းသားရဲ့လည်ပင်းကိုညှစ်ပါတယ်။ မင်းသားက အတင်းရုန်းကာ အပေါ်ထပ်ကိုတက်ပြေးသလို ရပ်ပြူတင်ကလည်း အိမ်အပြင်ဘက်ကို ထွက်ပြေးခဲ့တယ်။ အခြားသူတစ်ဦးက အနောက်ကနေ ခေါင်းကိုသေနတ်နဲ့ပစ်တယ် ၊ ပြီးတော့ လဲကျသွားတဲ့ ရပ်ပြူတင်ရဲ့ဦးခေါင်းကို ဝိုင်းရိုက်ကြတယ်။

အဲဒီနောက်တော့ ကြိုးနဲ့ အထပ်ထပ်တုပ်ကာ နီဗာမြစ်အတွင်းကိုပစ်ချလိုက်ကြပါတယ်။ရပ်ပြုတင်သေပြီလို့မယုံတဲ့သူတွေကတော့ သေဆုံးနေတဲ့အလောင်းကောင်ကိုတောင် လက်ပြန်ကြိုးချည်ပေးလိုက်ကြပါသေး တယ်။ နောက်(၃)ရက်အကြာ သူရဲ့အလောင်းကိုပြန်လည်ဖော်ထုတ်စစ်ဆေးလိုက် ချိန်မှာတော့ လုပ်ကြံသူအားလုံးဟာ မင်သက်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ရပ်ပြူတင်ဟာ အဆိပ်ဒဏ်၊သေနတ်ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တာမဟုတ်ပဲ အဆုတ်အတွင်းကိုရေဝင်ပြီး ရေနစ်သေဆုံခဲ့တာကိုတွေ့လိုက် ရတဲ့အတွက်ဖြစ်ပါတယ် ။ ရပ်ပြူတင်ဟာ သူကိုနောက်ပြန်ချည်နှောင်ထားတဲ့ ကြိုးကိုတောင် ရအောင်ဖြည်ထာတာကိုတွေ့ရလို့ အတော်ကိုမေးခွန်းထုတ်စရာသေဆုံးမှု စာရင်းဝင်သွားခဲ့ပါတယ်။

(၂) Aeschylus

ဂရိလူမျိုးနာမည်ကျော် အလွမ်းပြဇာတ်ဆရာကြီး (၃)ဦးအနက်ကတစ်ဦးဖြစ်တဲ့ Aeschylus ကိုတော့ ဘီစီ(၅၂၅)မှာ အေသင်မြို့အနီးက အီလျူးဆစ်မြို့လေးမှာမွေးဖွားခဲ့ပါတယ်။ တော်ဝင်မျိုးရိုးကဆင်းသက်လာခဲ့တဲ့ Aeschylus ဟာ ပြဇာတ်မှာပါဝင်သရုပ် ဆောင်သူတွေနဲ့ဟန်ပန်ကိုနောက်ခံတီးလုံးတွေနဲ့လိုက်ဖက်အောင် စနစ်တကျပြုပြင်ခဲ့ပြီး Sophocles နဲ့ Euripides အပါအဝင် ပြဇာတ်ပေါင်း(၇၀)ကျော်ရေးသားခဲ့သူဖြစ်ပါတယ်။

(၄၅၆)ဘီစီအရောက်မှာတော့ Aeschylus ဟာ Sicily ကျွန်းပေါ်က Gela မြို့ကိုသွား ရောက်လည်ပတ်ခဲ့ချိန်မှာတော့ မထင်မှတ်တဲ့ဖြစ်ရပ်တစ်ခုနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သိန်းငှက်တစ်ကောင်ဟာ ကုန်းလိပ်တစ်ကောင်ကို ဝေဟင်ကနေ သယ်ဆောင်ခဲ့ ရာကနေပြန်လွှတ်လိုက်ချိန်မှာတော့ ယင်းကုန်းလိပ်ဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ Aeschylusရဲ့ ငယ်ထိပ်တည့်တည့်ကိုကျရောက်ခဲ့ပါတယ်။ အဲဒီဒဏ်ရာကြောင့်ပဲ Aeschylusဟာ ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။ ဂရိသမိုင်းယဉ်ကျေးမှုမှာ အတော်ကို အရေးပါတဲ့နေရာကနေ ဖော်ကျူးခဲ့တဲ့ Aeschylus ရဲ့ကွယ်လွန်ပုံကလည်းအတော်ကို အံ့သြသင့်စရာဖြစ်ခဲ့ပါတယ်။

(၁) Francis Bacon

အင်္ဂလိပ်လူမျိုးနိုင်ငံရေးသမားတစ်ဦးလည်းဖြစ်၊ရှေနေတစ်ယောက်လည်းဖြစ်၊ အတွေး အခေါ်ပညာရှင်တစ်ယောက်လည်းဖြစ်၊ စာရေးဆရာတစ်ယောက်လည်း ဖြစ်တဲ့ Francis Bacon ရဲ့သေဆုံးမှုဟာ အများနဲ့မတူပဲထူးထူးဆန်းဆန်းသေဆုံးနည်း တွေအနက်က တစ်ခုအဖြစ်ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် ရှေးရိုးစွဲများမှ ခွဲထွက်ကာ သိပ္ပံခေတ်သစ်ကိုဖွင့်လှစ်ပေးခဲ့သူဟု ဆိုနိုင်တဲ့ Francis Bacon လို ပညာရှင်တစ်ယောက်အတွက် တော့ သူသေဆုံးတဲ့ဖြစ်ရပ်ဟာအတော်ကို အံ့သြသင့်စရာဖြစ်သွားခဲ့ပါတယ်။

(၁၆၂၆)ခုနှစ်၊ဆောင်းရာသီကာလရဲ့ နှင်းတွေကျဆင်းနေတဲ့ နေ့တစ်ရက်မှာတော့ Epiphany လို့သိကြတဲ့ခရစ်ယာန်ဘာသာရေးပွဲတော်တစ်ခုကို ရောက်ရှိနေတဲ့ Francis Bacon ဟာ ဘုရားကျောင်းပြတင်းပေါက်ကနေ တစ်ဖွဲဖွဲကျဆင်းနေတဲ့ နှင်းတွေကို ကြည့်ရင်းအတွေးတစ်ခုဝင်လာခဲ့ပါတယ်။ သူအတွေးက သား၊ငါးတွေကိုဆားကိုအသုံး ပြုပြီး မပုပ်မသိုးအောင်ထားနိုင်ပါလျက်နဲ့ အေးခဲစွာကျဆင်းနေတဲ့နှင်းခဲတွေကတော့ ဒီနေရာမှာ ဘာလို့အသုံးမတည့်တာလဲဆိုတာကိုဖြစ်ပါတယ်။ Francis Bacon ရဲ့စဉ်းစား ခန်းဟာ တစ်ဖြည်းဖြည်းမြှင့်တက်လာချိန်မှာတော့ ပြင်းထန်စွာကျရောက်နေတဲ့ ဆီးနှင်း ထဲကိုတစ်ဟုန်ထိုးဖြတ်ပြီး သူနေအိမ်ကိုပြန်ပါတော့တယ်။

အိမ်ကိုပြန်ရောက်ချိန်မှာ တော့ သူမှာအရင်တည်းကရှိခဲ့တဲ့ အဆုတ်ရောင်ရောဂါဟာသူကိုဖိစီးနေပါပြီ။ သူက တော့ဒါကိုဂရုမထားပဲ ကြက်တစ်ကောင်ကိုသတ်ဖြတ်ပြီး နှင်းတွေနဲ့အစာသွတ်ခဲ့ပါ တယ်။ သူဟာအေးခဲနေတဲ့နှင်းတောထဲမှာပဲ သူအစာသွတ်ထားတဲ့ ကြက်အသေ အေးခဲသွားမဲ့အချိန်ကိုစောင့်ကြည့်ခဲ့ပါတယ်။ အမှန်တစ်ကယ်ကတော့ အသားတွေအေးခဲသွားဖို့ဆိုရင် ရာသီဥတုအအေးဒဏ်ထက် ပမာဏအလွန်ပြင်းတဲ့ အအေးလှိုင်းလိုအပ် တာကိုသူမတွေးခဲ့မိပါဘူး။ Francis Baconရဲ့စမ်းသပ်ချက်ဟာ ကျဆုံးခဲ့ပြီး သူကိုယ်တိုင် လည်းအဆုတ်ရောင်ရောဂါနဲ့ သေဆုံးခဲ့ရပါတယ်။

သုတဇုန်

Tags: amazingkaung htetworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Next Post
တောင်အာဖရိက က စိန်ပန်းပြာမြို့တော်

တောင်အာဖရိက က စိန်ပန်းပြာမြို့တော်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!