ရေးသားသူ – Academy Page
၁။ Uluru-Kata Tjuta
၁၉၅၈ – ခုနှစ် တွင် တည်ထောင်ခဲ့သည့် သြစတြေလျှတိုက် အလယ်ပိုင်းရှိအမျိုးသား ဥယျာဉ်ဖြစ်သည် ။ ဤနေရာများအား ၁၉၈၇ ခုနှစ်တွင် UNESCO က ကမ္ဘာ့အမွေအနှစ်နေရာတစ်ခု အဖြစ်သတ်မှတ်ခဲ့သည် ။ ထိုဥယျာဉ်အား ၁၉၉၃ – ခုနှစ်တွင် Uluru-Kata Tjuta အမျိုးသားဥယျာဉ်ဟု အမည်ပေးခဲ့သည် ။
ထိုနေရာဒေသ တွင် ရှေးအချိန်မှစ၍ သြစတြေလျှတိုက်၏ဒေသခံလူမျိုးများဖြစ်သည့် Aboriginal လူမျိုးများနေထိုင်လာခဲ့ကြသည် ။ လွန်ခဲ့သည့် နှစ်ပေါင်း များစွာအချိန်က Aboriginal လူမျိုးများ၏ကျောက်တောင်နံရံပေါ်မှပန်းချီကားများကိုလဲဤဥယျာဉ်ထဲတွင်မြင်တွေ့ နိင်သည် ။
ယနေ့အချိန်ထိလဲ သြစတြေးလျှလူဦးရေ၏ ၂.၂% မှာ Aboriginal လူမျိုးများဖြစ်သည် ။ ဤဥယျာဉ်ထဲတွင် ထူးရှားသည့်ဘူမိပုံရိပ်နှစ်ခုရှိသည် ။ ၎င်းတို့မှာ–
ကမ ္ဘာ့အကြီးဆုံးကျောက်တလုံး Uluru နှင် အုပ်စု လိုက်တည်ရှိနေတဲ့အလုံးပုံကျောက်တုံး ဖြစ်သည့် Kata Tjuta တို့ဖြစ်ကြသည် ။ ထိုဥယျာဉ်သို့ နှစ်စဉ်နှစ်တိုင်းကမ ္ဘာလှည့် ခရီးသွားများစွာလာရောက်ကြည့်ရှုကြသည် ။
Uluru
ကမ ္ဘာပေါ်ရှိ အကြီးဆုံးသောကျောက်တလုံးဖြစ်သည် ။ လွန်ခဲ့သည့် နှစ်သန်း ၇၀ – အချိန်က ထိုကျောက်တုံးသည်ကြီးမားသည့်ရေကန်ထဲမှ ကျွန်းဟုဘူမိဗေဒပညာရှင်များမှဆိုသည် ။ ထိုကျောက်တလုံးသည် ၂.၂ မိုင်ရှည်ပြီး ၁၁၄၂ ပေ မြင့် သည် ။ နေဝင်ချိန်တွင်ဤကျောက်တုံးသည် အနီရောင်မှ ခရမ်းနုရောင်သို့ပြောင်းသွားတတ်သည် ။
Kata Tjuta
Uluru-Kata Tjuta အမျိုးသားဥယျာဉ်ထဲရှိ အုပ်စုလိုက်တည်ရှိနေတဲ့အလုံးပုံကျောက်တုံးဖြစ်သည် ။ ထိုကျောက်တုံးများသည် မျိုးတူများပေါင်းစုထားသည့် ကျောက်တုံးများဖြစ်သည် ။ အကြီးဆုံးကျောက်လုံးမှာအမြင့် ၁၇၉၁ – ပေအထိရှိသည်ဟုဆိုသည် ။
အရေအတွက်- ၃၀ ခန့်ရှိပြီး သည်ဒေသတွင် Olgas ဟုအမည်ကျော်သည် ။ ဤ ကျောက်တုံးများသည်လည်း နေဝင်ချိန်တွင် အနီရောင်မှ ခရမ်းနုရောင်သို့ပြောင်းလဲ သွားတတ်သည်။
၂။ Grand Canyon
အမေရိကန်ပြည်ထောင်စု အာရီဇိုးနားပြည်နယ်မြောက်ပိုင်းရှိ Grand Canyon ( ကမ ္ဘာကျော် ချောက်ကမ်းပါး ) သည်ထူးခြားသည့် သဘာ၀ ဘူမိပုံရိပ်တခုဖြစ်သည် ။ ဒီနေရာကို အမျိုးသားဥယာဉ် အဖြစ် ၁၉၁၉ ခုနှစ်တွင်တည်ထောင်ခဲ့ကြပြီး ဥယျာဉ်တခုလုံးသည် ၁၂၁၇၄၀၃ ဧက ကျယ်ဝန်းသည် ။
ဤဒေသကို Colorado မြစ်မှဖြတ်ကျော် စီးဆင်းသွားခဲ့သည် ။ ထို Colorado မြစ်ပေါ်တွင် Glen Canyon ဆည်တည်ဆောက်ပြီး ရေစီးဆင်မှုကိုထိန်းချုပ်ကာ Grand Canyon ၏ သဘာ၀ အီကိုစနစ် မပျက်စီးစေရန်ကာကွယ်ထားသည်ဟုဆိုသည် ။ ထိုအထဲမှ အကြီးဆုံး တောင်ကြားချောက်ကမ်းပါးသည် အကျယ် ၁၈ မိုင် အနက် ၅၀၀၀ ပေ ကျော်ရှိသည် ။
၁၉၈၇ ခုနှစ် တွင် World Heritage Sites အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ်ခရီးသွားသန်းချီ လာရောက်လည်ပတ်တဲ့နေရာဖြစ်သည် ။
ထိုဥယျာဉ်၏အထင်ရှားဆုံးနေရာမှာToroweap Point ဖြစ်သည် ။ Toroweap Point ရှိချောက်ကမ်းပါး ကျောက်လွှာမျက်နှာပြင်သည်နေ့အချိန်တွင် မျက်လှည့်ပြသလို အရောင်ပြောင်းလဲတတ်သည်။ နေဝင်ဆည်းဆာညနေချမ်းတွင် အနီရောင် မှ အညိုရောင် သို့ပြောင်းလဲသွားတတ်သည်။
၃။ Devils Tower
အမေရိကန်ပြည်ထောင်စု မီချီကန်ပြည်နယ် Wyoming ဒေသတွင်တည်ရှိပြီး Devils Tower ဟုအမည်ကျော်သည် ။ မီးတောင်ချော်ရည်ကြောင့်ဖြစ်ပေါ်လာသည့် ကျောက်တောင်ဖြစ်ပြီး ကမ ္ဘာကျော်ထူးခြားသည့် ဘူမိပုံရိပ်တခုဖြစ်သည် ။
ထိုရွှံတောင်သဏ္ဍာန် Devils Tower သည် အမြင့် ၁၂၈၀ ပေ အထိရှိပြီး ၁.၅ ဧကအကျယ်ရှိသည် ။ ဤဒေသအား ၁၉၀၆ – ခုနှစ်မှစတင်ကာ Devils Tower အမျိုးသားဥယျာဉ်အဖြစ်တည်ထောင်ခဲ့ကြပြီး ထိုဥယျာဉ်မှာ ၁၃၄၇ ဧက ကျယ်ဝန်းသည် ။ ထိုတောင်၏အစင်းရာများသည်ဝက်ဝံဘီလူးများ၏ လက်သည်းရာဖြစ်သည်ဟု အမေရိကန်ပုံပြင်များတွင် ပြောဆိုရေးသားခဲ့ကြသည် ။
၄။ Normandy Cliffs
ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေတနေရာမှ အဖြူရောင် ကမ်းပါးစောက်ဖြစ်သည် ။ အင်္ဂလန်နိင်ငံ Dover အနီးရှိ အဖြူရောင်ထုံးကျောက် ကမ်းပါးစောက် နှင့် အလားသဏ္ဍာန်တူသည် ။ အင်္ဂလန်ကျွန်း နှင့် ပြင်သစ်ကမ်းခြေဒေသအား အင်္ဂလိပ်ရေလက်ကြားမှပိုင်းခြားထားသည် ။
ရှေးခေတ် Cretaceous Era အချိန်က အင်္ဂလန်ကျွန်း နှင့် ပြင်သစ်ဒေသကို တံတားကဲ့သို့ ထုံးကျောက်များမှဆက်သွယ်ထားသည်ဟု ဘူမိပညာရှင်များမှဆိုသည် ။ နှစ်သန်းပေါင်းများစွာကြာလာသည် နှင့်အမျှ ရေခဲများအရည်ပျော်ခြင်း ၊ ရေတိုက်စားခြင်းကြောင့် ထိုကဲ့သို့ ကမ်းပါးစောက်များဖြစ်ပေါ်နေသည်ဟုဆိုသည် ။ ထို ထူးခြားသည့်အဖြူရောင် ကမ်းပါးစောက်များသည် နော်မန်ဒီကမ်းခြေဒေသ၏ ထင်ရှားသည့် landmark လည်းဖြစ်သည် ။
၅။ Giant’s Causeway,
မြောက်အိုင်ယာလန် နှင့် စကော့တလန်ကို ဖြတ်သွားသည့် ရေစီးလမ်းကြောင်း တနေရာမှ ထူးခြားသည့် ဘူမိပုံရိပ်တခုဖြစ်သည် ။ မီးတောင်ချော်ရည် ကြောင့်ဖြစ်ပေါ်လာသည့် ကျောက်ဖြစ်သည် ။ ချော်ရည်စီးကြောင်းများအေးခဲပြီးနောက် ထောက်တိုင်ပုံဖြစ်နေသည်ဟု ပညာရှင်များမှယုံကြည်ကြသည် ။ ရှေးပုံပြင်အရ ထိုဒေသ နှစ်ခုကို ခြေနင်းဖြတ်ကျော်ရာ လှေကားကျောက်တုံးများဟုဆိုသည် ။
၆။ Wolfberg Arch,
တောင်အာဖရိကနိုင်ငံ Cape Town ဒေသ မြောက်ဖက်တွင်ရှိသည် ။ ဤဒေသသည်လှိုင်းလေပြင်းထန်ရာဒေသ ဖြစ်သည် ။ နှစ်သန်းပေါင်းများစွာရေလေတိုက်စားခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဲကျောက်တောင်ဖြစ်သည် ။
၇။ Sognafjord
ရေလမ်းကြောင်း မိုင် ၁၂၀ အထိရှိသည့် နော်ဝေဒေသမှ အရှည်ဆုံး fjord ခေါ် တောင်စောင်း လျှောက်ကမ်းပါးရှိရာဒေသဖြစ်သည် ။ ထူးခြားသည့် ဘူမိပုံရိပ်တခုဖြစ်သည့် Fjord များကို အများဆုံးတွေ့နိင်သည့်ဒေသ မှာ နော်ေ၀ ဒေသဖြစ်သည် ။
Fjord ဆိုသည်မှာ ပင်လယ်ကမ်းခြေအနီး တောင်တန်းများကြားတွင် မတ်စောက်သည့် ခြောက်ကမ်းပါး နှင့်အတူ ရေလမ်းကြောင်း ဖြစ်ပေါ် နေသည့်နေရာဖြစ်သည် ။ ကမ ္ဘာကြီး ပူနွေးလာမှုကြောင့် ပင်လယ်ကမ်းခြေအနီး တောင်စောင်းများရှိ Glaciers ခေါ် ရေခဲချပ်များ အရည်ပျော်ရာမှ Fjord များဖြစ်ပေါ် လာခြင်းဟု ဆိုသည် ။
၈။ Glacier
တောင်စောင်းပေါ်တွင် Gravity ကြောင့်တရွေ့ရွေ့လျောကျနေသည့် ရေခဲပြင်ကို Glaciers ဟုခေါ်သည် ။ တောင်ဝင်ရိုးစွန်း၊မြောက်ဝင်ရိုးစွန်း ၊ အလာစကာ ၊ Greenland စသော အအေးပိုင်းဒေသများတွင် ဆီးနှင်းများ ၊ ရေငွေ့များစုဖွဲ့ပြီး တောင်စောင်းများပေါ်တွင်ရေခဲချပ်များဖြစ်ပေါ်နေ ခြင်းဖြစ်သည် ။
အပူပိုင်းဒေသရှိအလွန်မြင့်မားသောတောင်များတွင်လည်း Glaciers များကိုတွေ့မြင်နိုင်သည် ။ ယနေ့အချိန်တွင် ကမ ္ဘာ့ကုန်းမြေ၏ ၁၀% ကို Glaciers များကဖုန်းလွှမ်းထားဆဲဖြစ်ပြီး ကမ ္ဘာ့ ရေချိုပမာဏ ၈၀% ရှိ သည်ဟုပညာရှင်များမှဆိုသည် ။ ပုံမှာပြိုင်ဖက်ကင်းတဲ့သဘာဝအလှတရားများစုစည်းရာ အလာစကာဒေသမှ Glaciers များဖြစ်သည် ။
Academy Page
Discussion about this post