• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာတလွှားက ပန်းရောင် ရေကန် ၅ ခု

by Thutamm
October 8, 2020
Reading Time: 3min read
0
ကမ္ဘာတလွှားက ပန်းရောင် ရေကန် ၅ ခု
Share on FacebookShare on Twitter

ပုံမှန်အားဖြင့်တော့ ရေကန်တွေဟာ အပြာရောင် ၊ အကြည်ရောင် နဲ့ အစိမ်းရောင် စသည်ဖြင့် ရှိတတ်ပေမယ့် ပန်းရောင် ဒါမှမဟုတ် နီစွေးစွေးအရောင်ရှိတဲ့ သဘာဝရေကန်တွေကလည်း ဒီကမ္ဘာပေါ်မှာ ရှားရှားပါးပါး ရှိနေပါသေးတယ်။ ရေကန်တွေ ဒီလို ပန်းရောင်သန်း နေရခြင်းအကြောင်းရင်းကတော့ ဒီရေကန်တွေမှာ Dunaliella salina အမည်ရှိ အလွန်သေးငယ်တဲ့ ပန်းရောင်ရေညှိပါဝင်မှုနှုန်း များပြားနေလို့ဖြစ်ပါတယ်။ ပန်းရောင်ရေကန် Pink Lake လို့ခေါ်တဲ့ ဒီရေကန်တွေဟာ ကမ္ဘာအနှံ့မှာ ရှိနေတတ်ပြီး အများဆုံးတွေ့နိုင်တာကတော့ သြစတြေးလျမှာ ဖြစ်ပါတယ်။ ဒီတခါတော့ ကမ္ဘာတလွှားက ပန်းရောင် ရေကန် ၅ ခု အကြောင်းကို ဝေမျှလိုက်ပါတယ်။

၁။ Laguna Colorada ၊ ဘိုလီးဗီးယား

ဒီရေကန်ကတော့ တောင်အမေရိကတိုက် အင်ဒီးစ်တောင်တန်း altiplano ဒေသမှာ တည်ရှိနေပါတယ်။ ဆားရေကန်တကန်ဖြစ်ပြီး ရေမျက်နှာပြင်အကျယ်အဝန်း ၂၃ စတုရန်းမိုင်တောင် ရှိတဲ့ ရေကန်ကြီးတခုဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၁၄၀၀၀ ခန့်မှာ တည်ရှိပြီး ရေကန်ရဲ့ ပျမ်းမျှအနက်ကတော့ ၁ပေ စွန်းစွန်းသာရှိကာ အနက်ဆုံးနေရာမှာတော့ ၅ပေ ခန့်အထိ ရှိနိုင်ပါတယ်။ အင်ဒီးစ်တောင်တန်း နောက်ခံနဲ့အတူ ရှားပါးစာရင်းဝင်နေပြီဖြစ်တဲ့ ဂျိမ်းစ်ကြိုးကြာတွေ James’ flamingos ကို ဒီနေရာမှာ အများဆုံးတွေ့နိုင်ပါတယ်။ ရေကန်ရဲ့ ပတ်ပတ်လည်မှာတော့ ကျေးရွာငယ်လေးတွေ ရှိနေတာကြောင့် လာရောက်လည်ပတ်သူတွေအနေနဲ့ ညအထိ လည်ပတ်နေထိုင်နိုင်ပါတယ်။

၂။ Lake Hillier ၊ သြစတြေးလျ

ပန်းရောင် ရေကန်လို့ ဆိုလိုက်တာနဲ့ ကမ္ဘာပေါ်မှာ လူသိအများဆုံးက သြစတြေးလျမှာ ရှိတဲ့ ဒီ ဟေလီယာ ရေကန်ပဲ ဖြစ်ပါတယ်။ ဒီရေကန်ကို ၁၈၀၂ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သြစတြေးလျနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းအနီးက အလယ်ကျွန်းမှာ တည်ရှိပါတယ်။ အလျား ၂၀၀၀ ပေ နဲ့ အနံ ၈၂၀ပေ ခန့်ရှိပြီး ရေပြင်ဧရိယာ ၃၇ဧက လောက်ရှိတဲ့ ဆားရေကန် တခုဖြစ်ပါတယ်။ ရေကန်ရဲ့ ပတ်ပတ်လည်မှာတော့ သဲသောင်ပြင်ရှိနေပြီး paperbark နဲ့ eucalyptus အစရှိတဲ့ အပင်တွေက ဝန်းရံထားပါတယ်။ ကန်ထဲက ရေတွေက ပန်းရောင်အရင့်ဖြစ်ပြီး ထည့်စရာတခုခုနဲ့ ထည့်လိုက်မယ်ဆိုရင်တောင် ပန်းရောင်သန်းတဲ့ ရေတွေကို ရရှိမှာဖြစ်ပါတယ်။ လည်ပတ်ချင်သူတွေအတွက် ဒီနေရာကို သင်္ဘောတွေ ၊ လေယာဉ်တွေနဲ့ တဆင့်သွားရောက်နိုင်ပြီး ကန်ရဲ့အပေါ်ကနေပျံသန်းပြသတဲ့ ဟယ်ရီကော်ပတာ ဝန်ဆောင်မှုတွေလည်း ရှိနေပါတယ်။

၃။ Hutt Lagoon ၊ သြစတြေးလျ

ဒီရေကန်ကတော့ သြစတြေးလျ အနောက်ပိုင်း Hutt မြစ်ရဲ့ မြောက်ဘက် ၊ အိန္ဒိယသမုဒ္ဒရာနဲ့ဆိုရင် ၁မိုင်ကျော် အကွာအဝေးမှာ တည်ရှိနေတဲ့ ရေကန်တခုဖြစ်ပါတယ်။ ဒီရေကန်ဟာ အလျား ၈.၇မိုင်ခန့် ၊ အနံ ၁.၄မိုင်ခန့် ရှိတဲ့ ရှည်မျောမျော ပုံသဏ္ဍာန်ဖြစ်ပါတယ်။ အနက်ဆုံးနေရာမှာမှ ၂ပေခန့်အထိပဲ ရှိတာကြောင့် လာရောက်လည်ပတ်သူတွေဟာ ရေကန်အနှံ့လမ်းပတ်လျှောက်နိုင်ပါတယ်။ ပုံမှန်ဆိုရင်တော့ ပန်းရောင်ဖြစ်ပေမယ့် ရာသီဥတုကိုလိုက်ကာ အနီရောင် နဲ့ ခရမ်းရောင်တွေ သန်းသွားတတ်တဲ့အခါလည်းရှိပါတယ်။ သွားရောက်ဖူးသူတွေကတော့ ဒီနေရာရဲ့ အလှဆုံးအချိန်ဟာ မနက် ၁၀ နာရီဝန်းကျင် နဲ့ ညနေ နေဝင်ချိန်တွေဖြစ်တယ်လို့ ဆိုကြပါတယ်။

၄။ Las Salinas de Torrevieja ၊ စပိန်

ထူးထူးခြားခြားပဲ ဥရောပတိုက်က စပိန်နိုင်ငံမှာလည်း ပန်းရောင်ရေကန် တကန်ရှိနေပါတယ်။ ရေကန်ရဲ့တည်နေရာကတော့ စပိန်နိုင်ငံ Torrevieja မြို့က Calle Múnera ဆိုတဲ့ နေရာမှာ ဖြစ်ပါတယ်။ ဒီပန်းရောင်ရေကန်ရဲ့ မနီးမဝေးမှာတော့ La Mata လို့ခေါ်တဲ့ အစိမ်းရောင်ရေကန်ကြီး တကန်ရှိနေပြီး ကောင်းကင်ဓာတ်ပုံတွေကနေ ဆိုရင် ဒီအရောင်မတူတဲ့ ရေကန် ၂ ခုကို ယှဉ်တွဲမြင်ရမှာ ဖြစ်ပါတယ်။ ဧက ၃၅၀၀ နီးပါး ကျယ်ဝန်းတဲ့ Las Salinas ရေကန်ဟာ ဥရောပသားတွေ မကြာခဏလာရောက်လေ့ရှိတဲ့ သဘာဝအပန်းဖြေစခန်း တခုလည်းဖြစ်ပါတယ်။ ငှက်တွေသားပေါက်တဲ့ ရာသီကို ရောက်ရင်တော့ ဒီပန်းရောင်ရေပြင်ထဲမှာ ကောင်ရေထောင်ချီတဲ့ ဗျိုင်းတွေကိုသာမက အခြား ရေမှာကျက်စားတဲ့ ငှက်အမျိုးအစား များစွာကိုလည်း မြင်တွေ့နိုင်ပါတယ်။

၅။ Lake Retba ၊ ဆီနီဂေါ

နှင်းဆီကန်လို့လည်း ခေါ်ကြတဲ့ ဒီရေကန်ကတော့ တောင်အာဖရိကတိုက် ဆီနီဂေါနိုင်ငံရဲ့ Cap Vert ကျွန်းဆွယ်မြောက်ပိုင်းမှာ တည်ရှိနေပါတယ်။ ဆီနီဂေါရဲ့မြို့တော် ဒါကာ Dakar နဲ့ ဆိုရင် ၁၈ မိုင်ခန့် အကွာအဝေးမှာ ရှိနေတာဖြစ်ပါတယ်။ ရေကန်ရဲ့ အကျယ်က ၁စတုရန်းမိုင်ခန့်ရှိပြီး အနက်ဆုံးနေရာမှာတော့ ၁၀ပေ နီးပါးခန့် ရှိပါတယ်။ ဒီရေကန်မှာ ဆားပါဝင်မှု အလွန်များတာကြောင့် ပင်လယ်သေလိုပဲ ရေပေါ်မှာ ပေါ်နေနိုင်စွမ်းရှိပါတယ်။ ဒီကန်မှာ ဆားထုတ်လုပ်ရေးလုပ်ငန်းလည်း ရှိနေပြီး ဆီနီဂေါရဲ့ ကမ္ဘာလှည့်ခရီးသွား လာရောက်မှု များပြားတဲ့ နေရာတခုလည်းဖြစ်ပါတယ်။ ခြောက်သွေ့ပြီး မိုးနည်းပါးတဲ့ ရာသီတွေမှာတော့ ပန်းရောင်ဖြစ်နေပေမယ့် မိုးရာသီမှာတော့ ပန်းရောင်ဟာ လျော့နည်းသွားတတ်လေ့ရှိပါတယ်။

——– ——- ——–

(Zawgyi)

ကမာၻတလႊားက ပန္းေရာင္ ေရကန္ ၅ ခု

ပုံမွန္အားျဖင့္ေတာ့ ေရကန္ေတြဟာ အျပာေရာင္ ၊ အၾကည္ေရာင္ နဲ႔ အစိမ္းေရာင္ စသည္ျဖင့္ ရွိတတ္ေပမယ့္ ပန္းေရာင္ ဒါမွမဟုတ္ နီေစြးေစြးအေရာင္ရွိတဲ့ သဘာဝေရကန္ေတြကလည္း ဒီကမာၻေပၚမွာ ရွားရွားပါးပါး ရွိေနပါေသးတယ္။ ေရကန္ေတြ ဒီလို ပန္းေရာင္သန္း ေနရျခင္းအေၾကာင္းရင္းကေတာ့ ဒီေရကန္ေတြမွာ Dunaliella salina အမည္ရွိ အလြန္ေသးငယ္တဲ့ ပန္းေရာင္ေရညႇိပါဝင္မႈႏႈန္း မ်ားျပားေနလို႔ျဖစ္ပါတယ္။ ပန္းေရာင္ေရကန္ Pink Lake လို႔ေခၚတဲ့ ဒီေရကန္ေတြဟာ ကမာၻအႏွံ႔မွာ ရွိေနတတ္ၿပီး အမ်ားဆုံးေတြ႕ႏိုင္တာကေတာ့ ၾသစေၾတးလ်မွာ ျဖစ္ပါတယ္။ ဒီတခါေတာ့ ကမာၻတလႊားက ပန္းေရာင္ ေရကန္ ၅ ခု အေၾကာင္းကို ေဝမွ်လိုက္ပါတယ္။

၁။ Laguna Colorada ၊ ဘိုလီးဗီးယား

ဒီေရကန္ကေတာ့ ေတာင္အေမရိကတိုက္ အင္ဒီးစ္ေတာင္တန္း altiplano ေဒသမွာ တည္ရွိေနပါတယ္။ ဆားေရကန္တကန္ျဖစ္ၿပီး ေရမ်က္ႏွာျပင္အက်ယ္အဝန္း ၂၃ စတုရန္းမိုင္ေတာင္ ရွိတဲ့ ေရကန္ႀကီးတခုျဖစ္ပါတယ္။ ပင္လယ္ေရမ်က္ႏွာျပင္ထက္ အျမင့္ေပ ၁၄၀၀၀ ခန႔္မွာ တည္ရွိၿပီး ေရကန္ရဲ႕ ပ်မ္းမွ်အနက္ကေတာ့ ၁ေပ စြန္းစြန္းသာရွိကာ အနက္ဆုံးေနရာမွာေတာ့ ၅ေပ ခန႔္အထိ ရွိႏိုင္ပါတယ္။ အင္ဒီးစ္ေတာင္တန္း ေနာက္ခံနဲ႔အတူ ရွားပါးစာရင္းဝင္ေနၿပီျဖစ္တဲ့ ဂ်ိမ္းစ္ႀကိဳးၾကာေတြ James’ flamingos ကို ဒီေနရာမွာ အမ်ားဆုံးေတြ႕ႏိုင္ပါတယ္။ ေရကန္ရဲ႕ ပတ္ပတ္လည္မွာေတာ့ ေက်း႐ြာငယ္ေလးေတြ ရွိေနတာေၾကာင့္ လာေရာက္လည္ပတ္သူေတြအေနနဲ႔ ညအထိ လည္ပတ္ေနထိုင္ႏိုင္ပါတယ္။

၂။ Lake Hillier ၊ ၾသစေၾတးလ်

ပန္းေရာင္ ေရကန္လို႔ ဆိုလိုက္တာနဲ႔ ကမာၻေပၚမွာ လူသိအမ်ားဆုံးက ၾသစေၾတးလ်မွာ ရွိတဲ့ ဒီ ေဟလီယာ ေရကန္ပဲ ျဖစ္ပါတယ္။ ဒီေရကန္ကို ၁၈၀၂ ခုႏွစ္မွာ စတင္ေတြ႕ရွိခဲ့တာျဖစ္ၿပီး ၾသစေၾတးလ်ႏိုင္ငံ ေတာင္ပိုင္းကမ္း႐ိုးတန္းအနီးက အလယ္ကြၽန္းမွာ တည္ရွိပါတယ္။ အလ်ား ၂၀၀၀ ေပ နဲ႔ အနံ ၈၂၀ေပ ခန႔္ရွိၿပီး ေရျပင္ဧရိယာ ၃၇ဧက ေလာက္ရွိတဲ့ ဆားေရကန္ တခုျဖစ္ပါတယ္။ ေရကန္ရဲ႕ ပတ္ပတ္လည္မွာေတာ့ သဲေသာင္ျပင္ရွိေနၿပီး paperbark နဲ႔ eucalyptus အစရွိတဲ့ အပင္ေတြက ဝန္းရံထားပါတယ္။ ကန္ထဲက ေရေတြက ပန္းေရာင္အရင့္ျဖစ္ၿပီး ထည့္စရာတခုခုနဲ႔ ထည့္လိုက္မယ္ဆိုရင္ေတာင္ ပန္းေရာင္သန္းတဲ့ ေရေတြကို ရရွိမွာျဖစ္ပါတယ္။ လည္ပတ္ခ်င္သူေတြအတြက္ ဒီေနရာကို သေဘၤာေတြ ၊ ေလယာဥ္ေတြနဲ႔ တဆင့္သြားေရာက္ႏိုင္ၿပီး ကန္ရဲ႕အေပၚကေနပ်ံသန္းျပသတဲ့ ဟယ္ရီေကာ္ပတာ ဝန္ေဆာင္မႈေတြလည္း ရွိေနပါတယ္။

၃။ Hutt Lagoon ၊ ၾသစေၾတးလ်

ဒီေရကန္ကေတာ့ ၾသစေၾတးလ် အေနာက္ပိုင္း Hutt ျမစ္ရဲ႕ ေျမာက္ဘက္ ၊ အိႏၵိယသမုဒၵရာနဲ႔ဆိုရင္ ၁မိုင္ေက်ာ္ အကြာအေဝးမွာ တည္ရွိေနတဲ့ ေရကန္တခုျဖစ္ပါတယ္။ ဒီေရကန္ဟာ အလ်ား ၈.၇မိုင္ခန႔္ ၊ အနံ ၁.၄မိုင္ခန႔္ ရွိတဲ့ ရွည္ေမ်ာေမ်ာ ပုံသ႑ာန္ျဖစ္ပါတယ္။ အနက္ဆုံးေနရာမွာမွ ၂ေပခန႔္အထိပဲ ရွိတာေၾကာင့္ လာေရာက္လည္ပတ္သူေတြဟာ ေရကန္အႏွံ႔လမ္းပတ္ေလွ်ာက္ႏိုင္ပါတယ္။ ပုံမွန္ဆိုရင္ေတာ့ ပန္းေရာင္ျဖစ္ေပမယ့္ ရာသီဥတုကိုလိုက္ကာ အနီေရာင္ နဲ႔ ခရမ္းေရာင္ေတြ သန္းသြားတတ္တဲ့အခါလည္းရွိပါတယ္။ သြားေရာက္ဖူးသူေတြကေတာ့ ဒီေနရာရဲ႕ အလွဆုံးအခ်ိန္ဟာ မနက္ ၁၀ နာရီဝန္းက်င္ နဲ႔ ညေန ေနဝင္ခ်ိန္ေတြျဖစ္တယ္လို႔ ဆိုၾကပါတယ္။

၄။ Las Salinas de Torrevieja ၊ စပိန္

ထူးထူးျခားျခားပဲ ဥေရာပတိုက္က စပိန္ႏိုင္ငံမွာလည္း ပန္းေရာင္ေရကန္ တကန္ရွိေနပါတယ္။ ေရကန္ရဲ႕တည္ေနရာကေတာ့ စပိန္ႏိုင္ငံTorrevieja ၿမိဳ႕က Calle Múnera ဆိုတဲ့ ေနရာမွာ ျဖစ္ပါတယ္။ ဒီပန္းေရာင္ေရကန္ရဲ႕ မနီးမေဝးမွာေတာ့ La Mata လို႔ေခၚတဲ့ အစိမ္းေရာင္ေရကန္ႀကီး တကန္ရွိေနၿပီး ေကာင္းကင္ဓာတ္ပုံေတြကေန ဆိုရင္ ဒီအေရာင္မတူတဲ့ ေရကန္ ၂ ခုကို ယွဥ္တြဲျမင္ရမွာ ျဖစ္ပါတယ္။ ဧက ၃၅၀၀ နီးပါး က်ယ္ဝန္းတဲ့ Las Salinas ေရကန္ဟာ ဥေရာပသားေတြ မၾကာခဏလာေရာက္ေလ့ရွိတဲ့ သဘာဝအပန္းေျဖစခန္း တခုလည္းျဖစ္ပါတယ္။ ငွက္ေတြသားေပါက္တဲ့ ရာသီကို ေရာက္ရင္ေတာ့ ဒီပန္းေရာင္ေရျပင္ထဲမွာ ေကာင္ေရေထာင္ခ်ီတဲ့ ဗ်ိဳင္းေတြကိုသာမက အျခား ေရမွာက်က္စားတဲ့ ငွက္အမ်ိဳးအစား မ်ားစြာကိုလည္း ျမင္ေတြ႕ႏိုင္ပါတယ္။

၅။ Lake Retba ၊ ဆီနီေဂါ

ႏွင္းဆီကန္လို႔လည္း ေခၚၾကတဲ့ ဒီေရကန္ကေတာ့ ေတာင္အာဖရိကတိုက္ ဆီနီေဂါႏိုင္ငံရဲ႕ Cap Vert ကြၽန္းဆြယ္ေျမာက္ပိုင္းမွာ တည္ရွိေနပါတယ္။ ဆီနီေဂါရဲ႕ၿမိဳ႕ေတာ္ ဒါကာ Dakar နဲ႔ ဆိုရင္ ၁၈ မိုင္ခန႔္ အကြာအေဝးမွာ ရွိေနတာျဖစ္ပါတယ္။ ေရကန္ရဲ႕ အက်ယ္က ၁စတုရန္းမိုင္ခန႔္ရွိၿပီး အနက္ဆုံးေနရာမွာေတာ့ ၁၀ေပ နီးပါးခန႔္ ရွိပါတယ္။ ဒီေရကန္မွာ ဆားပါ၀င္မႈ အလြန္မ်ားတာေၾကာင့္ ပင္လယ္ေသလုိပဲ ေရေပၚမွာ ေပၚေနႏုိင္စြမ္းရွိပါတယ္။ ဒီကန္မွာ ဆားထုတ္လုပ္ေရးလုပ္ငန္းလည္း ရွိေနၿပီး ဆီနီေဂါရဲ႕ ကမာၻလွည့္ခရီးသြား လာေရာက္မႈ မ်ားျပားတဲ့ ေနရာတခုလည္းျဖစ္ပါတယ္။ ေျခာက္ေသြ႔ၿပီး မုိးနည္းပါးတဲ့ ရာသီေတြမွာေတာ့ ပန္းေရာင္ျဖစ္ေနေပမယ့္ မုိးရာသီမွာေတာ့ ပန္းေရာင္ဟာ ေလ်ာ့နည္းသြားတတ္ေလ့ရွိပါတယ္။

Tags: world places
Next Post
မြန်မာနိုင်ငံတွင် ရှိခဲ့သော ဘုရင်ခံအိမ်တော်များ

မြန်မာနိုင်ငံတွင် ရှိခဲ့သော ဘုရင်ခံအိမ်တော်များ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!