၁။ ဒီပန်းပွင့်ကတော့ Rafflesia arnoldi လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံးပန်းပွင့်ဖြစ်ပါတယ်။ ပန်းပွင့်မျက်နှာ အကျယ် ၃ပေခန့်ရှိပြီး အင်ဒိုနီးရှားနိုင်ငံ မိုးသစ်တောတွေထဲမှာ တွေ့ရလေ့ရှိပါတယ်။
၂။ ကင်ညာနိုင်ငံက သဘာဝဥယျာဉ်ထဲမှာရှိတဲ့ ရှားပါး အဖြူရောင် သစ်ကုလားအုတ်တွေပါ။ အရေပြားရောင်ခြယ်ဓာတ် ချို့ယွင်းမှုကြောင့် အဖြူရောင်ဖြစ်နေတာဖြစ်ပြီး Albino တော့မဟုတ်ဘူးလို့ သိရပါတယ်။
Video
၃။ ယူကရိန်းနိုင်ငံမြို့တော် ကိဗ်မှာ ရှိတဲ့ Motherland အထိမ်းအမှတ်ရုပ်တုဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း Great Patriotic တိုက်ပွဲမှာကျဆုံးသွားတဲ့စစ်သည်တော်တွေကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး ၂၀၃ပေ အမြင့်ရှိပါတယ်။
၄။ အိုင်ယာလန်နေရာမှာ ရှိတဲ့ Cliffs of Mother ဆိုတဲ့ ပင်လယ်ကမ်းပါးစောက်နေရာပါ။ ဒီကမ်းပါးတလျှောက် အရှည် ၁၄ကီလိုမီတာရှိပါတယ်။
၅။ ချီကာဂိုမြို့က အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ရင်သွေးလေးယောက်ကို ရောင်းချဖို့ ဆိုင်းဘုတ်ထောင်ထားပြီး ဓာတ်ပုံရိုက်တဲ့အခါ ရှက်လို့မျက်နှာလွှဲထားပါတယ်။ ၁၉၄၈ ခုနှစ်က ဖြစ်ပါတယ်။
၆။ ဒါကတော့ ဘရာဇီးနိုင်ငံရဲ့ လက်ရှိမြို့တော် ဘရာစေးလေးယားမြို့ကိုတည်ဆောက်စဉ်က ပုံရိပ်ဖြစ်ပါတယ်။ ဘရာဇီးရဲ့မူလမြို့တော်က ရီယိုဂျနေရိုးမြို့ဖြစ်ပြီး မြို့တော်သစ်ကိုတော့ ၁၉၆၀ခုနှစ် ဧပြီလ ၂၁ရက်နေ့မှာ ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။
၇။ ဒါကတော့ ဒုတိယကမ္ဘာစစ်မှာ ဟီရိုရှီးမားပေါ် အဏုမြူဗုံးကြဲချခဲ့တဲ့ ပထမလေယာဉ်ပါ။ Bomber 29 Superfortress အမျိုးအစားဖြစ်ပြီး နာမည်ကတော့ Enola Gay လို့ခေါ်ပါတယ်။
၈။ ဒါကတော့ အမေရိကန် နဲ့ ကနေဒါနယ်စပ်မှာရှိတဲ့ ကမ္ဘာကျော် နိုင်အာဂါရာရေတံခွန်ကြီး ရေခဲသွားစဉ်အချိန် ၁၉၀၀ခုနှစ်ခန့်က ရိုက်ယူထားတဲ့ ပုံဖြစ်ပါတယ်။
၉။ အိုက်စလန်နိုင်ငံ Vatnajökull ရေခဲမြစ်ဒေသ မှာရှိတဲ့ ရေခဲဂူဖြစ်ပါတယ်။ ဂူအမြင့် ပေ ၂၀ကျော်ရှိပြီး ဒီအထဲရဲ့အပူချိန်ကလည်း အနှုတ် ၂၅ဒီဂရီဝန်းကျင်ရှိပါတယ်။ ထူးခြားလှပတဲ့ ဂူနံရံတွေကတော့ အပြာရောင်တလက်လက်တောက်ပနေပါတယ်။
၁၀။ ဒါကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၆၀ ဝန်းကျင်က မျိုးတုံးခဲ့ပြီဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံးငှက်အမျိုးအစား Quetzalcoatlus ရဲ့ပုံစံတူကို လူတစ်ယောက်ရဲ့အရပ်နဲ့ နှိုင်းယှဉ်ထားတာဖြစ်ပါတယ်။ ဒီငှက်ကြီးတွေရဲ့တောင်ပံအကျယ်ဟာ ၃၄ပေ ခန့်ရှိတယ်လို့ သိရပါတယ်။
၁၁။ အမှတ်တမဲ့ကြည့်ရင် သစ်ပင်ပေါ်ကို ပိုးကောင်တွေတက်နေတယ်လို့ ထင်ရမှာပါ။ ဒါကတော့ ဘရာဇီးလ် စပျစ်သီးဖြစ်ပြီး Jabuticaba လို့ခေါ်ပါတယ်။ ဘရာဇီးလ်စပျစ်သီးဟု ခေါ်ပေမယ့် ပါရာဂွေး၊ အာဂျင်တီးနားနဲ့ ဘရာဇီးလ်စတဲ့ တောင်အမေရိက ဒေသတစ်ဝိုက်မှာ ပေါက်ရောက်တဲ့အပင် ဖြစ်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးဖြစ်ပြီး ရင့်မှည့်ချိန်မှာ ခရမ်းရင့်ရောင် ရှိကာ အပင်ကနေ ခူးဆွတ်ပြီး အလွယ်တကူ စားသုံးနိုင်ပါတယ်။
၁၂။ အိန္ဒိယနိုင်ငံ Karnataka ပြည်နယ်မှအထပ် ၂၀ရှိတဲ့ Murudeshwar ဟိန္ဒူ ဘုရားကျောင်း။ ၂၃၇.၅ပေ အမြင့်ရှိပါတယ်။
၁၃။ ပုံတွေကြည့်ပြီးပန်းချီလို့ ထင်ကောင်းထင်မိပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ အပြင်မှာတကယ်ရှိတဲ့နေရာ တစ်ခုပါ။ တရုတ်ပြည် Zhangye Danxia Landform ဘူမိဥယျာဉ်ထဲက သက်တန့်တောင်များ လို့လူသိများတဲ့နေရာတစ်ခုပါ။ သူရဲ့မြေလွှာတွေကိုက ထူးဆန်းစွာ အရောင်မျိုးစုံ ကွဲပြားနေတာပဲဖြစ်ပါတယ်။
၁၄။ သူ့ကိုကျတော့ Fog Bow လို့ခေါ်သလို အဖြူရောင်သက်တန့်လို့လည်းခေါ်ပါတယ်။ Fog Bow ဆိုတဲ့အတိုင်း လေးကိုင်းပုံသဏ္ဍာန်မြူတွေဖြစ်ပါတယ်။ သက်တန့်ဖြစ်စဉ်နဲ့ ပုံစံတူပြီး Fog Bow ရဲ့အပြင်ဘက်ဆုံးအရောင်ဟာ အနီရောင်သန်းနေပြီး အတွင်းဘက်ဆုံးရောင်ကတော့ အပြာရောင်သန်းနေလေ့ရှိပါတယ်။
၁၅။ ဒီသစ်သားလှည်းဘီး နဲ့ ဝန်ရိုးကိုတော့ ကမ္ဘာ့ရှေးအကျဆုံးလို့ သတ်မှတ်ရပါလိမ့်မယ်။ ၂၀၁၂ခုနှစ်က စလိုဗေးနီးယားနိုင်ငံမှာတွေ့ရှိခဲ့တဲ့ ဒီလှည်းဘီးအဟောင်းရဲ့သက်တမ်းကို တွက်ချက်ကြည့်တဲ့အခါမှတော့ နှစ်ပေါင်း ၅၀၀၀ ဝန်းကျင်သက်တမ်းရှိပြီလို့ သိရပါတယ်။
၁၆။ ဒီလက်ဝါးပုံရုပ်တုကတော့ ချီလီနိုင်ငံ Atacama သဲကန္တာရထဲမှာတည်ရှိပါတယ်။ Mano del Desierto လို့ခေါ်တဲ့ ဒီရုပ်တုကို ချီလီဗိသုကာပညာရှင် Mario Irarrázabal က ဖန်တီးခဲ့တာဖြစ်ပြီး ဒီနေရာရဲ့ ကြမ်းတမ်းလုံခြုံမှုကင်းပုံ နဲ့ ကူကယ်ရာမဲ့တယ် ဆိုတဲ့ အဓိပ္ပါယ်ကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။ သံနဲ့ ကွန်ကရစ်ကိုသုံးကာတည်ဆောက်ထားတဲ့ ဒီလက်ဝါးပုံဟာ အမြင့် ၃၆ပေ ရှိပါတယ်။
၁၇။ ဂျာမနီနိုင်ငံ စတုဂတ်မြို့မှာရှိတဲ့ ကမ္ဘာကျော်ပေါ်ရှေး Porsche 911 ကားစက်ရုံကို ၁၉၇၀ခုနှစ်က ရိုက်ကူးထားတဲ့ပုံပါ။
၁၈။ အမေရိကန် အာကာသယာဉ်မှူးတွေဖြစ်တဲ့ John Young နဲ့ Charles Duke တို့ဟာ လပေါ်ကိုဆင်းသက်မယ့် အပိုလို ၁၆ ခရီးစဉ်အတွက် အကြိုလေ့ကျင့်ခန်းတွေကို နယူးမက္ကဆီကို သဲကန္တာရထဲမှာ ပြုလုပ်စဉ် ၊ ၁၉၇၁ ခုနှစ်
၁၉။ နယူးယောက်ရဲ့ ကမ္ဘာကျော်နေရာတစ်ခုဖြစ်တဲ့ Times Square ကို ၁၉၁၁ ခုနှစ်က မြင်ရတဲ့မြင်ကွင်း ဖြစ်ပါတယ်။
၂၀။ ယနေ့ ကမ္ဘာ့အအောင်မြင်ဆုံး လူကြိုက်အများဆုံး ဖျော်ဖြေရေးနေရာတစ်ခုဖြစ်တဲ့ Disnleyland ကို ၁၉၅၅ခုနှစ် ပထမဆုံးဖွင့်လှစ်ခဲ့စဉ် ပုံရိပ်
၂၂။ နယူးယောက်မှာ ၁၉၆၉ခုနှစ်က ပြုလုပ်ခဲ့တဲ့ ရော့ခ်ဂီတပွဲတော် Woodstock ကို ပရိသတ်ပေါင်း ၄သိန်းကျော် လာရောက်ကြည့်ရှု့ခဲ့ကြပါတယ်။
၂၃။ ၁၉၅၀ တဝိုက်က သီချင်းကို ကိုယ့်အိမ်မှာ နားထောင်ဖို့ဆိုတာ အလွန်ဈေးကြီးလွန်းတာကြောင့် တော်ရုံလူမလုပ်နိုင်ပါဘူး။ ဒါကြောင့် သီချင်းနားထောင်လို့ရတဲ့ Music Store တွေပေါ်လာပြီး နားထောင်ချင်သူတွေဟာ အဲဒီဆိုင်တွေမှာ အခကြေးငွေပေးပြီး နားထောင်နိုင်ပါတယ်။ ဒီပုံက ၁၉၅၅ခုနှစ်ဝန်းကျင်က လန်ဒန်မှာရှိတဲ့ Music Store တစ်ခုနဲ့ လာရောက်နားထောင်နေကြတဲ့ Customer တွေရဲ့ပုံပါ။
၂၄။ ဒါကတော့ သေဒဏ်ပေးခံရတဲ့ ပြင်သစ်တော်လှန်ရေးသမား Georges Blind ဟာ နာဇီစစ်သားတွေက သေနတ်နဲ့ပစ်သတ်ဖို့လုပ်တဲ့အခါ မကြောက်မရွံ့ ပြန်ပြီးရယ်ပြနေတဲ့ပုံပါ။
၂၅။ ခေတ်သစ်အိုလံပစ်ပြိုင်ပွဲ ရဲ့ ပထမဆုံး မာရသွန်ပြေးပွဲက အပြေးသမား သုံးဦးပုံပါ။ ဒီပွဲကိုတော့ ၁၈၉၆ခုနှစ်တုန်းက ဂရိနိုင်ငံ အေသင်မြို့မှာကျင်းပခဲ့တာဖြစ်ပါတယ်။
Discussion about this post